အသားတိုးကြက်ရုံအကျယ်အဝန်း တွက်ချက်တည်ဆောက်ခြင်း
ကြက်ရုံများကို တည်ဆောက်ရာတွင် ကြက်များ သက်သောင့်သက်သာဖြင့်နေနိုင်ရေးကို ဦးတည်စဉ်းစားရန် လိုအပ်သည်။ အထူးသဖြင့် ကြက်များသည် အပူဒဏ်ကို ခံနိုင်ရည်မရှိသည့် သတ္တဝါများ ဖြစ်သည်ကို သတိပြုကာ အပူဒဏ်မခံရရေးကို အဓိကထားစဉ်းစားရမည် ဖြစ်သည်။ မြန်မာနိုင်ငံသည် ရာသီဥတုပူပြင်းသည့်ကာလ ရှည်လျားသည့်အတွက် ထိုကိစ္စမှာ ပို၍ပင်အရေးကြီးပါသည်။
အကျယ်အဝန်း
အသားတိုးကြက်များအတွက် နေရာအကျယ်အဝန်းလိုအပ်ချက်မှာ ရာသီဥတုအခြေအနေ၊ ဈေး ကွက်သို့ ပို့ဆောင်ရောင်းချမည့်အရွယ်အစား၊ စီမံခန့်ခွဲမှုနည်းလမ်း၊ ကြက်ခြံတည်ဆောက်ပုံတို့ပေါ် မူတည်၍ များစွာကွာခြားနိုင်ပါသည်။ တိရစ္ဆာန်သက်သာချောင်ချိရေးကို ဦးစားပေးသည့် နိုင်ငံများတွင် ကြက်များအတွက်လိုအပ်သည့် အကျယ်အဝန်းကို ဥပဒေများဖြင့် သတ်မှတ်ထားပါသည်။
မြန်မာနိုင်ငံကဲ့သို့ ပတ်ဝန်းကျင်အပူချိန် မြင့်မားသည့်နေရာများတွင် တတ်နိုင်သမျှ ကြက်များကို နေရာ ကျယ်ကျယ်ဝန်းဝန်းပေးရန် လိုအပ်ပါသည်။ အထူးသဖြင့် ကြက်ရုံသည် ပတ်ဝန်းကျင်အခြေအနေကို ပြုပြင်ဖန်တီးပေးနိုင်ခြင်းမရှိသည့် အဖွင့်စနစ် (Open system) ဖြစ်ပါက ပို၍ပင် ကျယ်ကျယ်ဝန်းဝန်းရှိရန် လိုအပ်ပါသည်။
ကြက်ရုံအကျယ်အဝန်းတွက်ချက်ရာတွင် ကြက်ကောင်ရေထက် ကြက်အလေးချိန်ကို မူတည်၍ တွက်ချက်ခြင်းက ပို၍လက်တွေ့ကျပြီး မှန်ကန်နိုင်ပါသည်။ အပူချိန်မြင့်မားသည့် နိုင်ငံများတွင် အသားတိုးကြက်အတွက် လိုအပ်သည့်နေရာအကျယ်အဝန်းကို အောက်ပါအတိုင်းတွက်ချက်ရန် အကြံပြုထားကြပါသည်။
ပတ်ဝန်းကျင်ရာသီဥတုအခြေအနေကို ထိန်းချုပ်ထားနိုင်သည့် Closed house များအတွက်..
- ၁ စတုရန်းပေအတွင်း ကြက်အလေးချိန် ၆ ပေါင်ထက် ပိုမများရန် (6 lb/ft2)
ပတ်ဝန်းကျင်ရာသီဥတုအခြေအနေကို ထိန်းချုပ်မထားနိုင်သော Open house များအတွက်..
- ၁ စတုရန်းပေအတွင်း ကြက်အလေးချိန် ၄-၅ ပေါင်ထက် ပိုမများရန် (4-5 lb/ft2)
- ရာသီဥတု အလွန်ပူပြင်းသည့်ကာလများဆိုပါက (ဥပမာ နွေဥတု) တွင် ၁ စတုရန်းပေ အတွင်း ကြက်အလေးချိန် ၃.၂ - ၃.၇ ပေါင် အများဆုံးသာ မွေးမြူရန် (3.2 – 3.7 lb/ft2)
- ကြက်အရွယ်အစားကို ၆.၆ ပေါင်ထက် ပို၍ ကြီးအောင် မွေးမြူခြင်း မပြုရန်။
အလျားနှင့်အနံ
ကြက်ရုံတည်ဆောက်ရာတွင် ကြက်ရုံ၏အလျားကို လိုအပ်သလို ချဲ့ထွင်တည်ဆောက်နိုင်ပါသည်။ သို့သော် ကြက်ရုံ၏အနံမှာမူ ကန့်သတ်ချက်များ ရှိပါသည်။ အပူပိုင်းဒေသများတွင် ကြက်ရုံ၏ အနံ (တောင် - မြောက်) သည် ၁၂ မီတာ (၃၆ ပေခန့်) ထက် မကျော်လွန်သင့်ဟု အကြံပြုထားပါသည်။ အထူးသဖြင့် ပတ်ဝန်းကျင်အခြေအနေများကို ထိန်းချုပ်ပေးနိုင်ခြင်းမရှိသည့် Open house များတွင် ထိုအချက်မှာ ပို၍ပင် အရေးကြီးပါသည်။
ကြက်ရုံ၏အနံကို ထိုသို့ သတ်မှတ်ထားရခြင်း အကြောင်းရင်းမှာ လေဝင်လေထွက် ကောင်းမွန်စေ ရန် ဖြစ်ပါသည်။ ကြက်ရုံသည် နေရောင်ခြည်အပူဒဏ်လျှော့ချရန် အရှေ့ - အနောက် အလျားလိုက် မဖြစ်မနေ တည်ဆောက်ထားရပါသည်။ ထို့ကြောင့် Open house များတွင် ကြက်ရုံအတွင်းသို့ လေဝင်လေထွက် လုပ်နိုင်မည့် နည်းလမ်းမှာ ကြက်ခြံ၏ ဘေးတစ်ဖက်စီမှ တိုက်ခတ်လာသည့် လေများ ဝင်ရောက်ခြင်းပင် ဖြစ်ပါသည်။
ကြက်ရုံ၏အနံ မကျယ်လွန်းမှသာ ကြက်ရုံ၏ ဘေးတစ်ဖက်မှ တိုက်ခတ်လာသည့်လေသည် ကြက် ခြံကို ဖြတ်သန်းပြီးနောက် ကြက်ရုံ၏ နောက်ဘေးတစ်ဖက်မှ ပြန်ထွက်သွားနိုင်မည် ဖြစ်ပါသည်။ သို့မှသာ ထိုလေများက ကြက်များ၏ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အပူများကို သယ်ဆောင်ကာ ကြက်ရုံအပြင်သို့ ထုတ်ယူသွားမည် ဖြစ်ပါသည်။ အကယ်၍ ကြက်ရုံ၏ အနံမှာ လိုအပ်သည်ထက် ပို၍ ကျယ်နေပါက လေဝင်လေ ထွက်ကို လျော့နည်းသွားစေပြီး ကြက်များ အပူဒဏ်ကို ခံရစေနိုင်ပါသည်။
တွက်ချက်ပုံ
ဥပမာအနေဖြင့် အသားတိုးကြက် အကောင်ရေ ၃၀၀၀ မွေးမြူမည့် Open house ကြက်ရုံတစ်ရုံအတွက် လိုအပ်သည့် အကျယ်အဝန်းကို အောက်ပါအတိုင်း တွက်ချက်နိုင်ပါသည်။
- ကြက်အကောင်ရေ - ၃၀၀၀ ကောင်
- ဈေးကွက်တင်ရောင်းချမည့် အရွယ်အစား - ၁ ပိဿာ ၆၀ သား
- စုစုပေါင်း ထုတ်လုပ်မည့် ကြက်အလေးချိန်...
- ကြက်ကောင်ရေ x ဈေးကွက်တင်ရောင်းချမည့် အရွယ်အစား = ၃၀၀၀ ကောင် x ၁.၆ ပိဿာ = ၄၈၀၀ ပိဿာ (၁၇၂၈၀ ပေါင်)
လိုအပ်မည့် ကြက်ရုံ အကျယ်အဝန်း
- ထုတ်လုပ်မည့်ကြက်အလေးချိန် ÷ ၁ စတုရန်းပေအတွက် သတ်မှတ်ကြက်အလေးချိန် = ၁၇၂၈၀ ပေါင် ÷ ၅ ပေါင် = ၃၄၅၆ စတုရန်းပေ
ကြက်ရုံ၏ အလျား
- လိုအပ်မည့် ကြက်ရုံအကျယ်အဝန်း ÷ ကြက်ရုံ၏ အနံ = ၁၇၂၈၀ စတုရန်းပေ ÷ ကြက်ရုံ၏ အနံ
ယင်းကဲ့သို့ တွက်ချက်နည်းများအတိုင်းဆိုပါက ကြက်ရုံတစ်ရုံကို အောက်ပါပုံထဲက အလျား x အနံ နှုန်းထားများအတိုင်း တည်ဆောက်နိုင်မည်ဖြစ်ပါသည်။

ရာသီဥတုပူပြင်းချိန်တွင် အကောင်ရေလျှော့ချမွေးမြူခြင်း
အထက်ပါတွက်ချက်မှုတွင် ၁ စတုရန်းပေအတွက် သတ်မှတ်ကြက်အလေးချိန်ကို ၅ ပေါင်ဟု သတ် မှတ်ထားသည်ကို တွေ့ရမည်ဖြစ်ပါသည်။ အကယ်၍ မတ်လ၊ ဧပြီလ ကဲ့သို့သော ပူပြင်းသည့် နွေ ရာသီများတွင် မွေးမြူမည်ဆိုပါကမူ ၃.၇ ပေါင်အဖြစ်သို့လျှော့ချတွက်ချက်ရမည် ဖြစ်ပါသည်။ ထို့ကြောင့် ထိုကာလများအတွက် ကြက်အကောင် ၃၀၀၀ စာ အကျယ်အဝန်းလိုအပ်ချက်မှာ (၁၇၂၈၀ ပေါင် ÷ ၃.၇ ပေါင် = ၄၆၇၀ စတုရန်းပေ) ဖြစ်ပါသည်။
ကြက်ရုံကို နွေတွင်ချဲ့ထွင်ကာ ဆောင်းတွင်သေးကြုံ့ထားရန်ဆိုခြင်းမျိုးကတော့ လက်တွေ့ မဖြစ်နိုင်၍ ယင်းကဲ့သို့ ဆိုလိုခြင်းမျိုးလည်းမဟုတ်ပါ။ ဆိုလိုသည်မှာ မွေးမြူသူအနေဖြင့် တည်ဆောက်ပြီးကြက်ရုံတွင်ပင် ရာသီဥတုပေါ်မူတည်၍ ကြက်ကောင်ရေ အတိုးအလျှော့ ပြုလုပ်မွေးမြူခြင်းဖြင့် အသားတိုးကြက်များအတွက် သတ်မှတ်ထားသည့် လုံလောက်သော အကျယ်အဝန်းကို ဖန်တီးပေးနိုင်သည်ဆိုခြင်း ဖြစ်ပါသည်။
ဥပမာ အထက်တွင် ဖော်ပြထားသည့် ကြက်အကောင် ၃၀၀၀ စာခြံကို နွေရာသီတွင်ဆိုပါက အကောင်ရေ ၃၀၀၀ အပြည့် မမွေးဘဲ လျှော့ချမွေးမြူရန် ဖြစ်ပါသည်။
တည်ဆောက်ထားသည့်ကြက်ရုံ၏ အကျယ်အဝန်းမှာ ၃၄၅၆ စတုရန်းပေ ဖြစ်ရာ ၁ စတုရန်းပေတွင် ကြက်အလေးချိန် ၃.၇ ပေါင်နှုန်းဖြင့် မွေးမြူပါက ကြက်အလေးချိန် ၃၅၅၂ ပိဿာ (၃၄၅၆ စတုရန်းပေ x ၃.၇ ပေါင် = ၁၂၇၈၇ ပေါင် = ၃၅၅၂ ပိဿာ) မွေးမြူနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ကြက်တစ်ကောင်လျှင် ပျမ်းမျှ ၁.၆ ပိဿာနှုန်းဖြင့် ဈေးကွက်တင်ရောင်းချမည်ဆိုပါက ကြက်ကောင်ရေ ၂၂၀၀ ခန့် (၃၅၅၂ ပိဿာ ÷ ၁.၆ ပိဿာ = ၂၂၂၀ ကောင်) မွေးမြူနိုင်မည် ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ကြက်အသားတိုးမွေးမြူနည်း
ရဲမြင့်
2 years ago20'×20'= 250(ကြက်ကောင်ရေ) မွေးလို့ရလားခင်ဗျာ
ဦးမြ
2 years agoပါဝင်ဆွေးနွေးမည်
စိုးကိုလတ်
2 years agoဒေသကြက်ကို စင်နဲ့မွေးလို့ရလားခင်ဗျာ
သက်ခိုင်
3 years agoသီခြားထပ်ဆွေးနွေးပေးပါမယ်ဗျ။ အသားတိုးလား၊ ဥစားလား၊ ဒေသကြက်လားခင်ဗျ။
ULaDoi
3 years agoလွတ်ကြောင်းမွေးချင်တယ်ဆိုရင်ကောဆရာမ
Related questions
ကော်မတီများအား Livestock input အနေနဲ့ ဘယ်လိုသွင်းအားတွေ ပံ့ပိုးသင့်ပါသလဲ။ လက်ရှိတွင် ခြံထူထောင်းခြင်း၊ဝက်များနှင့်ညအစားအစာလှည်ပတ်မှုများအတွက်ပံ့ပိုးမှုများ ပေးပြီးဖြစ်ပါသည်။
ကျော်လင်းအောင် • 1 answers
နေ့စဉ်ခြံကောက်ဘဲဥဈေးကို ဘယ်မှာ ရှာကြည့်ရမှာလဲ ဒီနေ့ 20 kg ကို 310 ပဲဖွင့်နေလို့
ကိုမင်း • 2 answers
Summer Heat Stress & It's Management in Poultry
Dr. မောင်စိုးမိုး • 23 answers
ဝက် 50မွေးထားတယ် ခင်ဗျ။ ခြံက ဝက်ချေးစော် နံတာပေါ့ ခင်ဗျာ။ ယင်ကောင်တွေလည်းပေါ။ ဝက်ချေးနံ့လည်း သက်သာ၊ လောင်စာလည်းရအောင် biogas digester တစ်ခုလောက်လုပ်ချင်တယ်ခင်ဗျ။ flexible biogas digester ရောင်းတာရှိရင် လမ်းညွှန်ပေးကြပါ။ ကျေးဇူးပါခင်ဗျ
ခရမအ်းသီး • 0 answers
၀က် လှောင်မွေး စနစ်မှာအားနည်းချက်ရှိလားဗျ သိချင်လို့ပါ သိတဲ့သူဖြေပေးကြပါဗျ
မောင်ထက်မြတ်ဇော် • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025