အသားတိုးကြက်ရုံ အမျိုးအစားများ (ကြမ်းခင်းစနစ်နှင့် ဖွဲခင်းစနစ်)
မြန်မာနိုင်ငံတွင် အသားတိုးကြက်မွေးမြူရာတွင် ကြက်ရုံကို ကြမ်းခင်းစနစ်နှင့် ဖွဲခင်းစနစ် နှစ်မျိုးအသုံးပြု၍ တည်ဆောက်ကြသည်။ အအေးပေးအလုံပိတ်စနစ်တွင်ဖြစ်စေ၊ အဖွင့်စနစ်တွင်ဖြစ်စေ၊ ကြမ်းခင်းစနစ် နှင့် ဖွဲခင်းစနစ် နှစ်မျိုးစလုံးကို တွေ့ရနိုင်သည်။ သို့သော် အများဆုံးတွေ့ရသည့် စနစ်မှာ ကြမ်းခင်းစနစ်ဖြစ် သည်။
ဖွဲခင်းစနစ်

ဖွဲခင်းစနစ်ဆိုသည်မှာ ကြက်ရုံအတွင်းတွင် ကြက်များနေထိုင်ရန်အတွက် အခင်းတွင် စပါးခွံကဲ့သို့သော ခြောက်သွေ့သည့်အရာများကို ခင်းပေးထားကာ မွေးမြူသည့် စနစ်ဖြစ်သည်။ ကြက်များသည် မစင်များကို ဖွဲ ခင်းပေါ်တွင် စွန့်ချကြသည်။ လိုအပ်ပါက စပါးခွံကို ထပ်၍ ဖြည့်ပေးရသည်။ ဖွဲခင်းနှင့် မစင်များ ရောနှောသွားပြီး အလွန်ထူထဲလာသည့်အခါတွင်လည်းကောင်း၊ ကြက်များထုတ်ရောင်းသည့်အခါတွင်လည်းကောင်း ယင်း ကြက်ချေးနှင့် ဖွဲရောနေသည့်အခင်းကို ဖယ်ရှားပစ်ကာ ဖွဲခင်းကို ဖယ်ရှားပေးရသည်။ ၎င်းတို့ကို သဘာဝမြေဆွေးဖြစ်သည်အထိ ဆက်လက်ထားရှိကာ စိုက်ပျိုးရေးခြံများတွင် အသုံးပြုနိုင်သည်။
ဖွဲခင်းစနစ်၏ အားသာချက်များ
- ခြံတည်ဆောက်ရာတွင် အခင်းအတွက် ကုန်ကျစရိတ်ကို လျှော့ချနိုင်သည်။
- ရာသီဥတုအပေါ်မူတည်၍ ဖွဲခင်း၏ အထူ/အပါးကို ချိန်ညှိပေးနိုင်သည်။
- ဖွဲခင်းပေါ်တွင် ကြက်များ လွယ်ကူစွာ လမ်းလျှောက်သွားလာနိုင်သည်။
- ကြက်များသည် သဘာဝအတိုင်း ဖွဲခင်းအပေါ်တွင် ယက်နိုင်သည်။ ခန္ဓာကိုယ်အပူချိန်ကို လျှော့ချရန်အတွက် ဖွဲခင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ထိတွေ့ကာ အပူစီးကူးနိုင်သည်။
- ကြက်ချေးနှင့် ဖွဲရောနေသည့်အတွက် သဘာဝမြေသြဇာထုတ်လုပ်ရန် ပိုမိုလွယ်ကူစေသည်။ ကြက်ချေးသည် သဘာဝမြေဆွေးအတွက် နိုက်ထရိုဂျင်အရင်းအမြစ်ဖြစ်ပြီး ဖွဲခင်းသည် ကာဗွန်အရင်းအမြစ်ဖြစ်သည်။
ဖွဲခင်းစနစ်၏ အားနည်းချက်များ
- ဖွဲသည် အမှုန်အမွှားများ ပါဝင်သဖြင့် ကောင်းစွာစီမံခန့်ခွဲမှုမရှိလျှင် ယင်းအမှုန်များသည် ကြက်များ၏ အသက်ရှူလမ်းကြောင်းသို့ ရောက်ရှိကာ ကျန်းမာရေးပြဿနာများ ဖြစ်လာနိုင်သည်။
- ကြက်ချေးများသည် ကြက်ရုံအခင်းတွင် တောက်လျှောက်ရှိနေသဖြင့် အမိုးနီးယားဓာတ်ငွေ့များ ထွက်ပေါ်လာကာ ကြက်များကို ဒုက္ခပေးနိုင်သည်။ လေဝင်လေထွက် ကောင်းမွန်ရန် အထူးဂရုပြုရမည်။
- မြေစိုက်ကြက်ရုံများအဖြစ် ဆောက်လုပ်ထားပါက ကြက်ရုံအတွင်း ကြွက်များ ပိုမိုခိုအောင်းနိုင် သည်။
- ကြက်များ၏ ခြေဖဝါးတွင် အနာများဖြစ်ပေါ်တတ်သည့် ပြဿနာ ရှိနိုင်သည်။
ကြမ်းခင်းစနစ်

ကြမ်းခင်းစနစ်တွင် ကြက်ရုံ၏ အခင်းကို မြေပြင်မှ ၃-၄ မှ ၅-၆ ပေအထိ ခွာကာ တည်ဆောက်လေ့ရှိကြသည်။ မိမိ၏ ရင်းနှီးမြှုပ်နှံမှုငွေကြေးပမာဏအပေါ်မူတည်၍ ဝါးကြမ်းခင်းမှသည် ပလပ်စတစ်ကြမ်းခင်းအထိ အမျိုမျိုး ကွဲပြားနိုင်သည်။ အသေးစားမွေးမြူသူများအနေဖြင့် သစ်၊ ဝါး တို့ဖြင့် ကြက်ရုံကို တည်ဆောက်လေ့ရှိရာ ဝါးကြမ်းခင်းကို အများဆုံးအသုံးပြုကြသည်။
ကြက်ရုံအခင်းအား ဗျက် ၁.၅ လက်မအရွယ်အစားရှိသည့် ဝါးခြမ်းများအား ကန့်လန့်ဖြတ်ခင်းရသည်။ ဝါးခြမ်းတစ်ခုနှင့်တစ်ခုအကြား အကွာအဝေးသည် ၀.၅ လက်မ မှ ၁ လက်မ ကြားတွင် ရှိတတ်သည်။ ယင်း ဝါးကြမ်းခင်းပေါ်တွင် ငါးဖမ်းပိုက်ကျဲများကို တင်းတင်းဆွဲ၍ ခင်းပေးထားရသည်။ ဝါးကြမ်းခင်းကို ကျဲထားပါက ငါး ဖမ်းပိုက်စိတ်စိတ်ကို ခင်းပေးရမည်။
ကြမ်းခင်းစနစ်၏ အားသာချက်များ
- ကြက်မစင်သည် ကြက်ရုံပေါ်မှ အောက်သို့ တိုက်ရိုက်ကျသွားသဖြင့် ကြက်နှင့် မစင် ထိတွေ့မှုကို လျှော့ချပေးသည်။ ထို့ကြောင့် ကြက်များ၏ သန့်ရှင်းရေးနှင့် ကျန်းမာရေးအတွက် ပိုမိုကောင်းမွန် စေသည်။
- ကြက်မစင်ကို ရေသြဇာအဖြစ် တိုက်ရိုက်အသုံးချကာ မွေးမြူသည့် ကြက်-ငါး တွဲဖက်မွေးမြူသည့် စနစ်ကို ဆောင်ရွက်လိုက ဆောင်ရွက်နိုင်သည်။
- ပူပြင်းသည့်ဒေသများတွင် ကြက်ခြံအောက်မှပါ လေဝင်လေထွက်ကို ရရှိစေသည်။
- မြေသြဇာအတွက် ကြက်ချေးအသုံးပြုသူများက ဖွဲမရောဘဲ ကြက်ချေးသီးသန့် လိုချင်ပါက ကြမ်း ခင်းစနစ်မှ ရရှိသည့် ကြက်ချေးများကို လွယ်ကူစွာ ရောင်းချနိုင်သည်။
- ကြက်ချေးဖယ်ရှားရှင်းလင်းသည့် လုပ်ငန်းကို အချိန်မရွေးဆောင်ရွက်နိုင်သည်။
- ဖွဲခင်းစနစ်ကဲ့သို့ ကြက်ခြေဖဝါးတွင် အနာများဖြစ်သည့် ပြဿနာ မရှိပါ။
ကြမ်းခင်းစနစ်၏ အားနည်းချက်များ
- ဖွဲခင်းစနစ်ထက် ကုန်ကျစရိတ် ပို၍များသည်။
- ကြက်ချေးများကို ဖယ်ရှားရှင်းလင်းသည့်အခါ ဖွဲနှင့် ရောမနေဘဲ ကြက်ချေးသီးသန့်ဖြစ်သဖြင့် ရှင်းလင်းရန် ခက်ခဲနိုင်သည်။
- ကြက်များ ရောင်းထုတ်ပြီးပါက နောက်တစ်သုတ်ပြန်လည်၍ မမွေးမြူခင် ကြက်ခြံကို သန့်ရှင်းရေးလုပ်ကာ ပိုးသတ်သန့်စင်ရမည်ဖြစ်ရာ ကြမ်းခင်းများအကြားတွင် ကပ်ငြိနေသည့် မစင်များ၊ အမွေး အတောင်များ၊ အခြားသြဂဲနစ်ပစ္စည်းများကို သေချာစွာ ဆေးကြောဖယ်ရှားနိုင်ရန် လိုအပ်သည်။ ဝါးကြမ်းခင်းများတွင် သြဂဲနစ်ပစ္စည်းများ လုံးဝရှင်းလင်းသွားအောင် ဆောင်ရွက်ရန်မှာ အလွန်ခက်ခဲသည်။
- ကြမ်းခင်းပေါ်တွင် ကြက်များ လမ်းလျှောက်ရသည်မှာ ဖွဲခင်းတွင် လျှောက်ရသကဲ့သို့ အဆင်မပြေလှပါ။ တခါတရံ ကြက်များ ကြမ်းခင်းကြားတွင် ညပ်မိနေတတ်ရာ၊ ခြေထောက်နာသည့်ပြဿနာ မကြာခဏ ဖြစ်ပေါ်နိုင်သည်။
ဘယ်စနစ်က ပိုကောင်းသလဲ
- ဖွဲခင်းစနစ်၊ ကြမ်းခင်းစနစ် မည်သည့်စနစ်က ပို၍ ကောင်းသည်ဟု ဆုံးဖြတ်ပေးရန်မှာ အလွန်ခက်ခဲပါသည်။
- စနစ်နှစ်မျိုးစလုံးတွင် အားသာချက်၊ အားနည်းချက်များရှိရာ မိမိ၏ ရင်းနှီးမြှုပ်နှံနိုင်မည့် ငွေကြေးပမာဏ၊ မိမိဒေသရှိ ရာသီဥတုအခြေအနေ၊ ကြက်ခြံထွက် အညစ်အကြေးများကို မိမိဒေသတွင် ပြန်လည်ရောင်းချနိုင်မည့် အခြေအနေ၊ အခြားလုပ်ငန်း (ဥပမာ ငါးမွေးမြူရေး) နှင့် တွဲဖက်ဆောင်ရွက်နိုင်မည့် အခြေအနေနှင့် အခြားအချက်အလက်များစွာပေါ်မူတည်၍ မိမိနှင့် ပိုမိုသင့်လျော်သည့် စနစ်ကို ရွေးချယ်ကြရမည် ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ကြက်အသားတိုးမွေးမြူနည်း
YanPaing
3 years agoကျနော်ဆီတော့တစ်ကောင်သေသွာပိ
Related questions
ကော်မတီများအား Livestock input အနေနဲ့ ဘယ်လိုသွင်းအားတွေ ပံ့ပိုးသင့်ပါသလဲ။ လက်ရှိတွင် ခြံထူထောင်းခြင်း၊ဝက်များနှင့်ညအစားအစာလှည်ပတ်မှုများအတွက်ပံ့ပိုးမှုများ ပေးပြီးဖြစ်ပါသည်။
ကျော်လင်းအောင် • 1 answers
နေ့စဉ်ခြံကောက်ဘဲဥဈေးကို ဘယ်မှာ ရှာကြည့်ရမှာလဲ ဒီနေ့ 20 kg ကို 310 ပဲဖွင့်နေလို့
ကိုမင်း • 2 answers
Summer Heat Stress & It's Management in Poultry
Dr. မောင်စိုးမိုး • 23 answers
ဝက် 50မွေးထားတယ် ခင်ဗျ။ ခြံက ဝက်ချေးစော် နံတာပေါ့ ခင်ဗျာ။ ယင်ကောင်တွေလည်းပေါ။ ဝက်ချေးနံ့လည်း သက်သာ၊ လောင်စာလည်းရအောင် biogas digester တစ်ခုလောက်လုပ်ချင်တယ်ခင်ဗျ။ flexible biogas digester ရောင်းတာရှိရင် လမ်းညွှန်ပေးကြပါ။ ကျေးဇူးပါခင်ဗျ
ခရမအ်းသီး • 0 answers
၀က် လှောင်မွေး စနစ်မှာအားနည်းချက်ရှိလားဗျ သိချင်လို့ပါ သိတဲ့သူဖြေပေးကြပါဗျ
မောင်ထက်မြတ်ဇော် • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025