အသားတိုးကြက်ခြံတည်ဆောက်ဖို့ ဘာကြောင့် လိုတာလဲ
မည်သည့် မွေးမြူရေးလုပ်ငန်းတွင်မဆို မွေးမြူသည့် တိရစ္ဆာန်အတွက် သင့်လျော်ကောင်းမွန်သည့် မွေးမြူရေးခြံကို တည်ဆောက်ပေးရန် လိုအပ်မည်ဖြစ်ပါသည်။ အသားတိုးကြက်များသည် ရက်တိုတိုအတွင်း လျင်မြန်စွာ ထုတ်လုပ်ရသည်ဖြစ်ရာ ၄င်းတို့နှင့် သင့်လျော်သည့် ကြက်ခြံကို တည် ဆောက်ပေးထားရန် မဖြစ်မနေ လိုအပ်မည် ဖြစ်ပါသည်။

အသားတိုးကြက်ခြံကို တည်ဆောက်ရာတွင် အခြေခံအကျဆုံး စဉ်းစားရမည့်အချက်များမှာ “ကြက်ခြံကို ဘာကြောင့် ဆောက်လုပ်ရမှာလဲ” ဟူသည့် စဉ်းစားချက်ဖြစ်သည်။ ထိုမေးခွန်းကို ဖြေဆိုရာတွင် တစ်ဦးနှင့်တစ်ဦး အဖြေချင်း ကွာခြားနိုင်သော်လည်း ယေဘုယျရရှိသည့် အဖြေများမှာ အတူတူပင် ဖြစ်ပါလိမ့်မည် -
(၁) ရာသီဥတုဒဏ်မှ ကာကွယ်ရန်
ကြက်များကို ပြင်းထန်သည့် ရာသီဥတုအခြေအနေများမှ အကာအကွယ်ပေးရန်အတွက် ကြက်ခြံ ကို တည်ဆောက်ပေးရန် လိုအပ်ပါသည်။ လွယ်လွယ်ပြောရလျှင် လေဒဏ်၊ နေဒဏ်၊ မိုးဒဏ်ကို ကာကွယ်ရန်အတွက် ကြက်ခြံကို တည်ဆောက်ရခြင်း ဖြစ်ပါသည်။ ရာသီဥတုဒဏ်များ ရှိနေသမျှ ကာလပတ်လုံး ကြက်များမှာ သက်သောင့်သက်သာ ရှင်သန်နေထိုင်နိုင်မည် မဟုတ်ပါ။ ထိုအခါ ၎င်းတို့၏ ထုတ်လုပ်မှုကျဆင်းကာ ရည်မှန်းထားသည့်စီးပွားရေးအကျိုးအမြတ်များကို ရရှိစေနိုင် မည် မဟုတ်ပါ။
ပြင်းထန်ဆိုးဝါးသည့် ရာသီဥတုအခြေအနေများသည် ကြက်များကို ထုတ်လုပ်မှု ကျဆင်းစေရုံသာမက ရောဂါများဖြစ်ပွားရန်အတွက်ပါ အကြောင်းရင်းတစ်ရပ် ဖြစ်သည်ကို မမေ့လျော့သင့်ပါ။
ထို့ကြောင့် ကြက်ခြံတစ်ခြံကို တည်ဆောက်ရာတွင် နေ၊ မိုး၊ လေ၊ အပူဒဏ်၊ အအေးဒဏ်တို့မှ ကာကွယ်နိုင်သည့် အဆောက်အဦတစ်ခုဖြစ်ရန် မဖြစ်မနေ လိုအပ်ပါသည်။
(၂) ကြက်ခြံနှင့် မသက်ဆိုင်သည့် သတ္တဝါများ မဝင်ရောက်နိုင်စေရန်
အသားတိုးကြက်ခြံထဲတွင် မွေးမြူထားသည့် ကြက်များမှအပ ပြင်ပမှ (လူအပါအဝင်) အခြားသတ္တဝါများ ဝင်ရောက်နိုင်ခြင်းမရှိစေရန်အတွက် ကြက်ခြံကို တည်ဆောက်ရခြင်း ဖြစ်ပါသည်။
ဇီဝလုံခြုံရေးကို တိကျစွာ လိုက်နာခြင်းမရှိဘဲ ခြံထဲသို့ လူများဝင်ရောက်ခြင်းဖြင့် ၎င်းတို့မှတဆင့် ရော ဂါပိုးမွှားများ ကြက်များထံသို့ ရောက်ရှိလာစေသည့် လမ်းကြောင်းတစ်ခုဖြစ်ပါသည်။ ထို့ကြောင့် ကြက်ခြံထဲသို့ ဇီဝလုံခြုံရေးအစီအမံများကို တိတိကျကျလိုက်နာထားသော ခြံရှင်နှင့် ခြံအလုပ်သမားမှ လွဲ၍ မဝင်ရောက်နိုင် စေရန် ကြက်ခြံကို တည်ဆောက်ရခြင်း ဖြစ်ပါသည်။
လူသာမက ကြွက်၊ မြွေ ကဲ့သို့သော တွင်းအောင်းသတ္တဝါများ၊ အင်းဆက်ပိုးမွှားများ၊ ငှက်ရိုင်းများ အစရှိသည့် သတ္တဝါများ ဝင်ရောက်မလာစေရန်အတွက်လည်း အရေးကြီးပါသည်။ ယင်းတို့သည်လည်း ရောဂါပိုးမွှားများကို တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်ကာ ပြန့်ပွားစေသော တရားခံများ ဖြစ်ပါသည်။
ကြက်ခြံအတွင်းသို့ လူနှင့် အခြားတိရစ္ဆာန်များ ဥဒဟို ဝင်ရောက်သွားလာခြင်းဖြင့် ကြက်များ ကြောက်လန့်ကာ သေဆုံးခြင်း၊ အစာစားကျဆင်းခြင်း၊ ထုတ်လုပ်မှုကျဆင်းခြင်းများလည်း ဖြစ်ပေါ်စေနိုင်ပါသည်။
ထို့ကြောင့် ကြက်ခြံတည်ဆောက်သည့်အခါ ပြင်ပမှ သတ္တဝါများ မဝင်ရောက်နိုင်ရေး ဟူသည့် အချက်ကို မမေ့မလျော့ ထည့်သွင်းစဉ်းစားကာ ဒီဇိုင်းရေးဆွဲ တည်ဆောက်သင့်ပါသည်။
(၃) ကြက်များ ခိုးယူမခံရစေရန်
ကြက်များ ခိုးယူမခံရစေရန်အတွက် ကြက်ခြံတည်ဆောက်ထားခြင်းမှာ ရိုးရှင်းလှသည့် အဖြေတစ်ခု ဖြစ်ပါသည်။ အသားတိုးကြက်များသည် ကြက်ပေါက်ဘဝကပင် တန်ဖိုးကြီးလှပါသည်။ ထိုကြက်ပေါက်များကို တန်ဖိုးကြီးသည့် ကြက်စာများ ကျွေးမွေးကာ ကြီးထွားအောင် မွေးမြူထားရခြင်း ဖြစ်ပါသည်။ အစာကျွေးရုံမျှမက ကျန်းမာရေးစောင့်ရှောက်မှုနှင့် စီမံခန့်ခွဲမှုပေါင်းများစွာကို ငွေကြေး၊ အချိန်နှင့် လုပ်အားများ စိုက်ထုတ်ကာ မွေးမြူထားရခြင်း ဖြစ်ပါသည်။ ထိုသို့ အရင်းအနှီးကြီးမားစွာ မွေးမြူထားသည့် အသားတိုးကြက်များ ခိုးယူခံရပါက စီးပွားရေးအရ ကြီးမားစွာ ဆုံးရှုံးမည် ဖြစ်ပါသည်။
အသားတိုးကြက်တစ်ကောင်ချင်းစီက ရရှိသော အမြတ်ပမာဏမှာလည်း နည်းပါးလွန်းလှရာ ကြက်အခိုးခံရခြင်းပြဿနာက အရှုံးဖက်သို့ ဦးတည်သွားစေနိုင်ပါသည်။
ကြက်များခိုးယူရာတွင် လူသာမက အခြားသော သားရဲတိရစ္ဆာန်များ (ဥပမာ ခွေးများ) က လာရောက် ဖမ်းယူစားသောက်ခြင်းမျိုးကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။
(၄) ဇီဝလုံခြုံရေးအစီအမံများ ချမှတ်နိုင်ရန်
ကြက်ခြံအတွင်းသို့ ရောဂါပိုးမွှားများ ရောက်ရှိကာ ကြက်များထံသို့ ကူးစက်ပြီး ရောဂါဖြစ်ပွားခြင်းမရှိရအောင် တားဆီးသည့် လုပ်ငန်းများကို ဇီဝလုံခြုံရေးဟု ခေါ်ပါသည်။ ဇီဝလုံခြုံရေးအစီအမံများကို ထိရောက်စွာ ချမှတ်နိုင်ရန်အတွက် ကြက်များကို ခြံထဲတွင် ထားရှိရန် လိုအပ်ပါသည်။ ဥပမာ ခြံမရှိဘဲ ကွင်းပြင်တွင် လွှတ်ထားသော ကြက်များသည် ငှက်ရိုင်းများ (ဥပမာ စာကလေး၊ ကျီးကန်း) နှင့် တိုက်ရိုက်ထိတွေ့နိုင်မည် ဖြစ်ပါသည်။ ထိုငှက်ရိုင်းများသည် အခြားကြက်ခြံများ၊ ကြက်သားရောင်းသည့်ဈေးများ၊ အိမ်များမှ ထမင်းဟင်းချက် ပြုတ်ရာနေရာ၊ သားငါး ဆေးကြောရာနေရာများသို့ သွားရောက်ခဲ့သည့် ငှက်များဖြစ်လျှင် ၎င်းတို့တွင် ရောဂါများ ကူးစက်လာနိုင်ပါသည်။ ထိုရောဂါများသည် မိမိတို့မွေးမြူထားသော ကြက်များထံသို့ ရောက်ရှိလာပါက ထိုကြက်များတွင်လည်း ရောဂါကျရောက်ကာ သေဆုံးကုန်မည် ဖြစ်ပါသည်။
(၅) စီမံခန့်ခွဲရလွယ်ကူစေရန်
ကြက်များအား လွှတ်ထားခြင်းထက် ခြံလှောင်မွေးမြူခြင်းဖြင့် စီမံခန့်ခွဲရ ပိုမိုလွယ်ကူစေပါသည်။ ဥပမာ ကြက်များကို ကာကွယ်ဆေးတိုက်ကျွေးမည်ဆိုပါက ခြံတွင်လှောင်ကာ တိုက်ကျွေးခြင်းဖြင့် ပိုမို ထိရောက်စေမည် ဖြစ်ပါသည်။ ကြက်များအား အစာကျွေးခြင်း၊ ရေတိုက်ခြင်း၊ ဖမ်းယူခြင်း၊ ချိန်တွယ်ခြင်း၊ ရောင်းချခြင်း အစရှိသဖြင့် ကြက်ခြံစီမံခန့်ခွဲမှုများကို ဆောင်ရွက်ရာတွင် ခြံလှောင်ထားသည့် ကြက်များကို စီမံခန့်ခွဲမှုက ပို၍ လွယ်ကူစေမည် ဖြစ်ပါသည်။
ကြက်ခြံတည်ဆောက်ရာတွင် မိမိမွေးမြူမည့် ကြက်ကောင်ရေ၊ စီမံခန့်ခွဲမှုပုံစံပေါ်မူတည်၍ သင့်လျော်သည့် ကြက်ခြံပုံစံကို ရွေးချယ်တည်ဆောက်ရန် လိုအပ်ပါသည်။
အထက်တွင် ဖော်ပြခဲ့သည့် အချက် (၅) ချက်မှာ ကြက်ခြံတစ်ခြံတည်ဆောက်ရခြင်း၏ အခြေခံအကျဆုံး အကြောင်းအရင်းများ ဖြစ်ပါသည်။
ကြက်ခြံတစ်ခုကို တည်ဆောက်ရာတွင် တည်ဆောက်မည့် ခြံပုံစံ (ဒီဇိုင်း၊ အလုံပိတ်စနစ်/အဖွင့်စနစ် စသည်)၊ အသုံးပြုမည့်ပစ္စည်းအမျိုးအစား (သစ်၊ ဝါး၊ ကွန်ကရစ် စသည်) တို့သည် အခြားအချက်အလက်များစွာပေါ်မူတည်၍ ကွာခြားသွားနိုင်ပါသည်။ သို့သော် မည်သို့သော ခြံပုံစံကို မည်သည့်ပစ္စည်းဖြင့် တည်ဆောက်သည်ဖြစ်ပါစေ၊ ဖော်ပြပါ အချက် ၅ ချက်နှင့် ပြည့်စုံသည့် ကြက်ခြံတစ်ခြံ ဖြစ်ရန်မှာ မဖြစ်မနေ လိုအပ်ပါသည်။ အထူးသဖြင့် အသားတိုးကြက်များသည် ထုတ်လုပ်မှုမြင့်မားပြီး၊ ထိုထုတ်လုပ်မှုနှင့် အသင့်လျော်ဆုံး ပတ်ဝန်းကျင်အခြေအနေကို ဖန်တီးပေးနိုင်မည့် ကြက်ခြံတစ်ခြံ ဖြစ်ရန်အတွက် အဆိုပါ အချက် ၅ ချက်မှာ အနိမ့်ဆုံး လိုအပ်ချက်များပင် ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
ကော်မတီများအား Livestock input အနေနဲ့ ဘယ်လိုသွင်းအားတွေ ပံ့ပိုးသင့်ပါသလဲ။ လက်ရှိတွင် ခြံထူထောင်းခြင်း၊ဝက်များနှင့်ညအစားအစာလှည်ပတ်မှုများအတွက်ပံ့ပိုးမှုများ ပေးပြီးဖြစ်ပါသည်။
ကျော်လင်းအောင် • 1 answers
နေ့စဉ်ခြံကောက်ဘဲဥဈေးကို ဘယ်မှာ ရှာကြည့်ရမှာလဲ ဒီနေ့ 20 kg ကို 310 ပဲဖွင့်နေလို့
ကိုမင်း • 2 answers
Summer Heat Stress & It's Management in Poultry
Dr. မောင်စိုးမိုး • 23 answers
ဝက် 50မွေးထားတယ် ခင်ဗျ။ ခြံက ဝက်ချေးစော် နံတာပေါ့ ခင်ဗျာ။ ယင်ကောင်တွေလည်းပေါ။ ဝက်ချေးနံ့လည်း သက်သာ၊ လောင်စာလည်းရအောင် biogas digester တစ်ခုလောက်လုပ်ချင်တယ်ခင်ဗျ။ flexible biogas digester ရောင်းတာရှိရင် လမ်းညွှန်ပေးကြပါ။ ကျေးဇူးပါခင်ဗျ
ခရမအ်းသီး • 0 answers
၀က် လှောင်မွေး စနစ်မှာအားနည်းချက်ရှိလားဗျ သိချင်လို့ပါ သိတဲ့သူဖြေပေးကြပါဗျ
မောင်ထက်မြတ်ဇော် • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....