နွားနို့နှင့် အကျိုးပြု အကျိုးမပြုဘက်တီးရီးယား
ဘက်တီးရီးယား (bacteria) ဆိုသည်မှာ မျက်စိဖြင့်မမြင်နိုင်သော အဏုဇီဝပိုးမွှားများဖြစ်ပြီး အကျိုးပြုဘက်တီးရီးယားနှင့် အကျိုးမပြုဘက်တီးရီးယားဆိုပြီး (၂)မျိုးရှိပါတယ်။ နွားနို့တွင် ဘက်တီးရီးယားပိုးများသည် နို့ညှစ်စဉ်အတွင်း၊ ကိုင်တွယ်လုပ်ဆောင်စဉ်အတွင်း၊ သိုလှောင်စဉ်အတွင်း နှင့် အခြားသော ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်များတွင် ဝင်ရောက်နိုင်သည်။
(၁) အကျိုးပြုဘက်တီးရီးယား (Lactic acid bacteria - လက်တစ်အက်ဆစ် ဘက်တီးရီးယား)
- ဒီဘက်တီးရီးယားအုပ်စုသည် နို့ထဲမှာရှိတဲ့ လက်တို့စ် (lactose) ကို လက်တစ်အက်ဆစ် (lactic acid) အဖြစ် အချဉ်ဖောက်ပါတယ်။ အထူးသဖြင့် နို့ထုတ်ကုန်ပစ္စည်းများ (ဥပမာ-ဒိန်ချဉ်) ပြုလုပ်ရာတွင် culture အနေနဲ့အသုံးပြုပါတယ်။
(၂) အကျိုးမပြုဘက်တီးရီးယား
ဥပမာ-
Brucella spp.
Bacillus cereus
Listeria monocytogene
E. coli O157:H7
Salmonella spp.
Yersinia enterocolitica
Campylobacter jejuni စသည်ဖြင့်.....
ထိုဘက်တီးရီးယားများသည် ထုတ်ကုန်များကို ပျက်စီးစေပြီး စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေပါသည်။ ဘက်တီးရီးယားပိုး အများစုသည် နို့ပေါင်း (pasteurization - သတ်မှတ်အပူချိန်ပေး၍ ပိုးသတ်ခြင်း) ပြုလုပ်လိုက်သည့်အခါ သေနိုင်သော်လည်း တစ်ချို့ မသေနိုင်သည့် ပိုးများလည်းရှိသည်။
pasteurization လုပ်ခြင်းကြောင့် ဘက်တီးရီးယားပိုးများ သေသွားသော်လည်း နို့ပေါင်းဖြစ်ပြီးနောက်မှစ၍ နောက်ဆုံးထုတ်ကုန်ဖြစ်သည်အထိ ထုတ်ပိုးကိုင်တွယ်လုပ်ဆောင်သည့် အဆင့်တိုင်း၌ အသုံးအဆောင်ပစ္စည်း၊ လူ၊ ပတ်ဝန်းကျင်၊ သိုလှောင်မှု စနစ်တကျသန့်ရှင်းမှုမရှိလျှင် ပြင်ပမှ ဘက်တီးရီးယားပိုးများ ဝင်ရောက်လာနိုင်သည်။ ဒါကို သတိထားဖို့လည်းလိုပါတယ်။
*** နို့စိမ်းမှာကတည်းက ဘက်တီးရီးယားပိုး ပါဝင်မှုနည်းပြီး အရည်အသွေးကောင်းသည့် နို့သည် ပိုကောင်းမွန်သည့် ထုတ်ကုန်ကိုပေးနိုင်မှာ ဖြစ်ပါတယ်။ (အနံ့အရသာကောင်းမွန်ခြင်း၊ ရေရှည်အထားခံခြင်း စသည်)
*** နွားနို့တွင် လူကို ဘေးဥပါဒ်ဖြစ်စေမည့် ဘက်တီးရီးယားပိုးများပါဝင်မှုကို ထိန်းချုပ်နိုင်ဖို့ နွားမှစ၍ နောက်ဆုံးထုတ်ကုန်အထိ အဆင့်တိုင်းက အရေးကြီးကြောင်း ပြောကြားလိုပါတယ်။
***အဆင့်တိုင်းတွင် သန့်ရှင်းစွာ လုပ်ဆောင်မှု အရေးကြီးပါသည်။
Related articles
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
Related questions
ဝက်ဈေးနှုန်းလေးသိချင်ပါတယ် ဧရာဝတီတိုင်းကပါ
Kyaw Minn Han • 0 answers
ယင်မဲမွေးမြူဖို့က မျိုးစိတ်က ဘယ်မှာဝယ်ရမှာလဲ။
လူမုန်း • 1 answers
နဂျယ်သားလောင်းမွေးခြင်း
ဒေါ်ညွန့်ညွန့်ဦး • 1 answers
လက်တွေ့အကျိုးရှိရှိပြန်သူံးလို့ရမယ့်ဟာ ဥပမာပေါ့ အင်းစက်ဆို ဘယ်လိုအင်းစက်တွေက စိုက်ပျိုးရေးအတွက်အကျိုးပြုလဲ ဘယ်အင်းစက်ကို မွေးမြူသင့်လဲ
sweety • 4 answers
ဂဏန်း ရေပျော့ မွေး မလို့ 0.3 ဧက လောက် ရှိတဲ ကန် အသစ် တူးထား ပါ တယ် ခင်ဗျား ရေသွင်းပြီး ဒီအတိုင်းမွေး လို့ အဆင် ပြေ လား ။ ဒါမှ မဟုတ် မမွေးခင် ရေဩဇာ/မြေဩဇာ ကောင်း ဆေးဝါ တွေ ထည့် ပြီးမှ မွေးရလား ဆိုတာ အကြံပြု ပေးပါ ခင်ဗျား
Thura Sit • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from MDEP
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....