ငါးတချို့တွင်ပါဝင်သော ဟစ်တမင်း (သို့) စကွန်ဗိုရိုအဆိပ်
ဟစ်တမင်းအဆိပ်ဖြစ်ပေါ်ခြင်း (Histamine Poisoning (or) Scombroid Poisoning)
ဇီဝရင်းမြစ်အေမင်း (Biogenic Amine) သည် ငါးများ၏အသားတွင် ဘက်တီးရီးယားမျိုးရင်း တစ်မျိုးဖြစ်သော အန်တာရိုဘက်တီးရီးယေ့စ် (Enterobacteriaceae) ဖြစ်သည့် “Morganella , Klebsiella နှင့် Hafnia” ကြောင့်ဖြစ်ပေါ်စေသည်။ ဘက်တီးရီးယားသည် ကာဗွန်ဒိုင်အောက်ဆိုဒ် ဖယ်ရှားသည့်အင်ဇိုင်း(Decarboxylase) ဓာတ်ကိုထုတ်ပေးပြီး ယင်းဓာတ်မှ ငါး၏အသားတွင်ပါရှိသော အမိုင်နိုအက်စစ်(Amino acid) ၊ ဥပမာ ဟစ်တီဒင်း (Histidine) အား ဇီဝရင်းမြစ် အေမင်းဖြစ်သည့် ဟစ်တမင်း (Histamine) အသွင်ပြောင်းလဲပေးသည်။
Histidine (Amino Acid) Decarboxylase Histamine (Biogenic Amine)
ဘက်တီးရီးယားပိုးများသည် ငါး၏အူလမ်းကြောင်းနှင့် ပါးဟက်တွင်အမြဲရှိပြီး ငါးသေသည့်အခါ ကိုင်တွယ်ထိန်းသိမ်းမှုညံ့ဖျင်းခြင်း (Poor handling and storage) ဖြစ်ပါက အခြားအပိုင်းများသို့ လျင်မြန်စွာပျံ့နှံ့သွားနိုင်ပါသည်။ အဆိုပါအဆိပ်ဖြစ်ပေါ်ခြင်းသည် အချိန်နှင့် အပူချိန်(Time and Temperature)ပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာပြီး ဖမ်းဆီးပြီးနောက်ထားသိုမှု အချိန်ကြာမြင့်လေ အပူချိန်မြင့်တက်လာလေ ဟစ်တမင်းအဆိပ်သို့ပြောင်းလဲမှုများလာလေဖြစ်ပါသည်။
ဟစ်တမင်းအဆိပ်ဖြစ်စေနိုင်သည့် ငါးမျိုးစိတ်များ
ဟစ်တမင်း(သို့)စကွန်ဗိုရို အဆိပ်သင့်ခြင်းမှာ အထူးသဖြင့်ဟစ်တီဒင်း(Amino Acid) ပေါ ကြွယ်ဝသည့် စကွန်ဗိုရိုငါးမျိုးစိတ်များ (Species in the Scombroid Group) ဖြစ်သည့်

အခြားသော Nan-scombroid Fish များဖြစ်သည့်

ဟစ်တမင်းအဆိပ်သင့်ခြင်းနှင့် ရောဂါလက္ခဏာများ
ဟစ်တမင်းအဆိပ်သင့်ခြင်းသည် ဟစ်တမင်းဓာတ်နှင့် အခြားအေမင်းဓာတ်ပမာဏမြင့်မားစွာ ပါဝင်သော အစားအစာများကို စားသုံးမှုကြောင့်ဖြစ်သည်။ ကနဦးရောဂါလက္ခဏာများမှာ ပါးစပ်တွင် စပ်ဖျဉ်းဖျဉ်းဖြစ်ခြင်း(သို့) အပူလောင်သလိုခံစားရခြင်း၊ ကိုယ်အထက်ပိုင်းတွင် အနီရောင်အဖုများထွက်ခြင်း၊ သွေးဖိအားကျခြင်းတို့ဖြစ်စေသည်။ ခေါင်းကိုက်ခြင်း၊ ယားယံခြင်းတို့ကိုလည်း မကြာခဏကြုံတွေ့ရသည်။ ရောဂါလက္ခဏာများသည် အော့အန်ခြင်းနှင့် ဝမ်းလျှောခြင်းအထိတိုး၍ ဖြစ်ပေါ်လာပြီး ဆေးရုံတင်ရန် လိုအပ်သည့်အခြေအနေသို့ ရောက်ရှိလာသည်။
အထူးသဖြင့် သက်ကြီးရွယ်အိုများ (သို့) ကိုယ်ခံအားဆုတ်ယုတ်သူများတွင် တွေ့ရတတ်သည်။ အဆိပ်တက်မှုဖြစ်ပွားခြင်းသည် မြန်ဆန်ပြီးစားသုံးပြီးခြင်းမှ မိနစ်သုံးဆယ်အတွင်း ဖြစ်ပေါ်တတ်သည်။ ရောဂါခံစားရသော အချိန်အတိုင်းအတာမှာ (၃)နာရီခန့် ကြာလေ့ရှိသည်။ တစ်ခါတစ်ရံ ရက်များစွာလည်းကြာတတ်သည်။ ကုသမှုအနေဖြင့် Antihistamine ဆေးများဖြင့် ကုသမှုခံယူနိုင် သည်။
ဟစ်တမင်းအဆိပ်ပါဝင်မှုအား နိုင်ငံတကာသတ်မှတ်ချက်
ဟစ်တမင်းအဆိပ်အတောက်ဖြစ်နိုင်သည့် အနိမ့်ဆုံးတန်ဖိုးကို အတိအကျမသိနိုင်ပါ။ အဆိပ်သင့်မှုပြင်းအား (Concentration) သည် ၅၀ ပီပီအမ် (50 mg / kg) အောက်ရှိလျှင်လည်း ဖြစ်ပေါ်နိုင်သည်။ သို့ရာတွင် ဟစ်တမင်းအဆိပ်သင့်ခြင်း ဖြစ်ပွားမှုအများစုသည် အဆိပ်ပြင်းအား၂၀၀ ပီပီအမ် (200 mg / kg) နှင့်အထက်ပါရှိသော ငါးများကိုစားသုံးမိခြင်းဖြင့် ဖြစ်ပေါ်တတ်သည်။
အမေရိကန်၊ ဥရောပနိုင်ငံများ၊ ဩစတြေးလျ ၊ ကနေဒါ ၊ ဂျပန်စသည့်နိုင်ငံများမှ Histamine ပါဝင်မှုပြင်းအား အမြင့်ဆုံးခွင့်ပြုမှုအား ၂၀၀ ပီပီအမ် (200 mg / kg Maximum Limit) အထိသာ ခွင့်ပြုထားသည်။ အမေရိကန်နိုင်ငံမှာမူ အမြင့်ဆုံးခွင့်ပြုမှုကို ၅၀ ပီပီအမ် (50 mg / kg Maximum Limit) သာ သတ်မှတ်ထားသည်။
မြန်မာနိုင်ငံမှ U.K ၊ EU ၊ Australia နှင့် U.S.A နိုင်ငံများသို့ တင်ပို့ခဲ့သည့် Dried Anchovy များတွင် Histamine ပါဝင်မှုသည် တင်သွင်းနိုင်ငံများ၏ ခွင့်ပြု “စံ” သတ်မှတ်ချက်ထက် မြင့်မားစွာ ပါဝင်နေသဖြင့် တင်သွင်းခွင့်ငြင်းပယ်ခံရသော သာဓကများရှိခဲ့ပါသည်။ သို့ဖြစ်၍ အဆိုပါနိုင်ငံများ သို့ ဟစ်တမင်းအဆိပ်ဖြစ်ပွားနိုင်သည့် ငါးမျိုးစိတ်များ တင်ပို့မည်ဆိုပါက ငါးလုပ်ငန်းဦးစီးဌာန၊ ISO/ IEC 17025 : 2017 Certificate ရဓာတ်ခွဲခန်းတွင် Histamine Test စစ်ဆေးမှု ကြိုတင်ဆောင်ရွက်ပြီး တင်သွင်းနိုင်ငံများ၏ “စံ”သတ်မှတ်ချက်ထက်နည်းမှသာတင်ပို့ခွင့်ပြုလျက်ရှိပါသည်။
ထိန်းချုပ်မှုများ
ဟစ်တမင်းအဆိပ်ဖြစ်ပေါ်ခြင်းသည် ဖမ်းဆီးပြီးနောက်ပိုင်းကိုင်တွယ်ထိန်းသိမ်းမှု၊ ထားသိုမှုကြာချိန်နှင့် အပူချိန်တို့အပေါ် အဓိကမူတည်နေသဖြင့် ဖမ်းဆီးမိပြီး ချက်ခြင်းရေခဲရိုက်ခြင်းသည် အရေးကြီးဆုံးနည်းလမ်းဖြစ်သည်။ ရေခဲရိုက်ပြီးသောအခါ ငါးများကိုရေခဲမှတ်(၀)ဒီဂရီစင်တီဂရိတ် နီးပါးထား၍ ထိန်းသိမ်းရမည်။ ပတ်ဝန်းကျင်အပူချိန် (၅) ဒီဂရီစင်တီဂရိတ်နှင့် ထားသိုမှုကြာချိန်ကို အတတ်နိုင်ဆုံးလျှော့ချ၍ စားသုံးသူစျေးကွက်အရောက် ပို့ပေးရမည်ဖြစ်သည်။
ဟစ်တမင်းအဆိပ်ဖြစ်စေနိုင်သည့်ငါးများအား ဖမ်းဆီးပြီးချင်း လတ်ဆက်မှုရှိသည့် အနေအထားတွင် စားသုံးပါက ဟစ်တမင်းအဆိပ်သင့်ခြင်း မဖြစ်စေပါ။ အဘယ်ကြောင့်ဆိုသော် အမိုင်နို အက်စစ်တစ်မျိုးဖြစ်သည့် ဟစ်တီဒင်းဓါတ်သည်အချိန်(Time)ကြာမြင့်လာမှု၊ အပူချိန် (Tempera- ture)မြင့်တက်လာမှုကြောင့် ဟစ်တမင်းအဆိပ်ဘက်သို့ပြောင်းလဲလာမှုသည် မူလအစ Histamine (သုံည%)မှ Histamine(၁၀၀%)သို့ မြင့်တက်စေသဖြင့် မူလကနဦးတွင် ဟစ်တမင်းအဆိပ်မှာ မဖြစ်ပေါ်သလောက်ဖြစ်ပါသည်။
စစ်ဆေးခြင်း / ဓာတ်ခွဲစမ်းသပ်ခြင်း
ငါးများ အချိန်နှင့်အပူချိန်ပြောင်းလဲမှုဖြစ်သောအခါ ပုတ်သိုးမှုအနံ့ကို စစ်ဆေးရန်အတွက် အာရုံခံစစ်ဆေးခြင်းကို အများအားဖြင့်အသုံးပြုသည်။ ဟစ်တမင်းအဆိပ်ကို ထိန်းချုပ်ရန်အတွက် အာရုံခံစစ်ဆေးခြင်းတစ်ခုတည်းနှင့် အကျိုးသက်ရောက်မှုမရှိနိုင်ပါ။
ဓာတုဗေဒဆိုင်ရာစစ်ဆေးခြင်းသည် ငါးအသားထဲတွင် ဟစ်တမင်း ရှိ / မရှိ စစ်ဆေးရန် ထိရောက်သောနည်းလမ်းဖြစ်ပါသည်။ သို့သော်တိကျသည့် နမူနာကောက်ယူမှုပုံစံပေါ် မူတည်ပါသည်။ ပုံမှန်အားဖြင့် ဓာတုဗေဒဆိုင်ရာစစ်ဆေးခြင်းတစ်ခုတည်းနှင့် အန္တရာယ်ကိုထိန်းချုပ်ရန် လုံလောက်သော အခြေအနေကို မထောက်ပံ့နိုင်ပါ။ ဟစ်တမင်းသည် ငါး၏အသားထဲတွင် ညီမျှစွာ ဖြန့်ဝေလျက်မရှိခြင်းကြောင့် လမ်းညွှန်အနေဖြင့် ၅၀ ပီပီအမ် သတ်မှတ်ထားပါသည်။ ငါး၏အပိုင်းတစ်ပိုင်းတွင် ၅၀ ပီပီအမ်တွေ့ရှိပါက အခြားအပိုင်းများတွင် ၅၀၀ ပီပီအမ်အထက် တွေ့ရှိနိုင်သည်။ ဟစ်တမင်းထုတ်လုပ်မှုထင်ရှားလျှင် အေးခဲသိုလှောင်ထားမှုအခြေအနေတွင် ဟစ်တမင်းဆက်လက် ဖြစ်ပေါ်နိုင်သည်။ ချက်ခြင်းစစ်ဆေးနိုင်သည့်နည်း (Histamine Test Kit)ရှိသော်လည်း နိုင်ငံတကာမှ လက်ခံနိုင်သည့်နည်းမဟုတ်သေးသဖြင့်သေချာသည့်စစ်ဆေးမှုနည်း (Confirmation Method)အသုံးပြု၍ စစ်ဆေးပေးခြင်းအား နိုင်ငံတကာမှ ဆောင်ရွက်လျက် ရှိပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
ဝက်ဈေးနှုန်းလေးသိချင်ပါတယ် ဧရာဝတီတိုင်းကပါ
Kyaw Minn Han • 0 answers
ယင်မဲမွေးမြူဖို့က မျိုးစိတ်က ဘယ်မှာဝယ်ရမှာလဲ။
လူမုန်း • 1 answers
နဂျယ်သားလောင်းမွေးခြင်း
ဒေါ်ညွန့်ညွန့်ဦး • 1 answers
လက်တွေ့အကျိုးရှိရှိပြန်သူံးလို့ရမယ့်ဟာ ဥပမာပေါ့ အင်းစက်ဆို ဘယ်လိုအင်းစက်တွေက စိုက်ပျိုးရေးအတွက်အကျိုးပြုလဲ ဘယ်အင်းစက်ကို မွေးမြူသင့်လဲ
sweety • 4 answers
ဂဏန်း ရေပျော့ မွေး မလို့ 0.3 ဧက လောက် ရှိတဲ ကန် အသစ် တူးထား ပါ တယ် ခင်ဗျား ရေသွင်းပြီး ဒီအတိုင်းမွေး လို့ အဆင် ပြေ လား ။ ဒါမှ မဟုတ် မမွေးခင် ရေဩဇာ/မြေဩဇာ ကောင်း ဆေးဝါ တွေ ထည့် ပြီးမှ မွေးရလား ဆိုတာ အကြံပြု ပေးပါ ခင်ဗျား
Thura Sit • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်နိုင်(ငါးဦးစီး - ငြိမ်း)
See all
အကောင်းဆုံးငါးမွေးမြူရေးကျင့်စဉ်တွင် ပါဝင်သော အဆင့်များ
13/05/2026
အကောင်းဆုံး ငါးမွေးမြူရေးအလေ့အကျင့်ဆိုတာဘာလဲ?
03/04/2026
အာရုံကြောစနစ်ကို ဖျက်စီးလိုက်နိုင်တဲ့ အပြာကွင်းပတ်ရေဘဝဲ
12/11/2025
စားလို့ရတဲ့ ငါးဥ နဲ့ စားလို့မရတဲ့ ငါးဥ
04/08/2025
ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုဖြစ်ပွားခဲ့သော ငါးမွေးမြူရေးကန်များအပေါ် ပြန်လည်ကုစားဆောင်ရွက်နည်းများ
21/04/2025