ကမ္ဘာ့ရာသီဥတုကိုပင် ပြောင်းသွားစေနိုင်သည့် ပင်လယ်သမုဒ္ဒရာထဲက စွန့်ပစ်ပလတ်စတစ်များ
မြန်မာနိုင်ငံတွင် ပလတ်စတစ်စွန့်ပစ်အမှိုက်တန် ၁၁၉ တန်ခန့် နေ့စဉ်ထွက်ရှိနေပြီး အဲ့ဒီထဲက တန် ၉၀ ခန့်ဟာ ဧရာဝတီမြစ်အတွင်းသို့ ဝင်ရောက်နေကာ ကျန် ၂၉ တန်ကတော့ ရန်ကုန်မြစ်အတွင်း ဝင်ရောက်နေတယ်လို့ စွန့်ပစ်အမှိုက်လျှော့ချရေးလုပ်ဆောင်နေသည့် သန့်မြန်မာလူထုအခြေပြုအဖွဲ့အစည်း၏ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုအထူးကျွမ်းကျင်သူ Mr.Friedor Jeske က ၂၀၁၉ ခုနှစ်တုန်းက ပြောကြားထားသည်။

ပလတ်စတစ်ညစ်ညမ်းမှုသည် ကမ္ဘာတစ်ဝန်းတွင်လည်းဖြစ်ပေါ်လျက်ရှိပြီး ပလတ်စတစ်များ၏ လည်ပတ်ပုံသံသရာစက်ဝန်း အဆင့်တိုင်းသည် လူသားများ၊ ကုန်းရေနေရေသတ္တဝါများနှင့် သဘာဝပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားထိခိုက်စေပါသည်။
ပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့စွန့်ပစ်ခြင်းသည် ရာသီဥတုပြောင်းလဲမှုကို အဆိုးရွားဆုံးဖြစ်စေသည့် အကြောင်းအရာများ ဖြစ်သည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်သည် ပလတ်စတစ်စွန့်ပစ်ပစ္စည်းများဖြင့် ဝန်းရံနေတတ်ပြီး ကျွန်ုပ်တို့ရှူရှိုက်နေသောလေ၊ သောက်သုံးရေ၊ စားသုံးသော ပင်လယ်စာနှင့် အခြားသော အစားအစာများတွင် ပလတ်စတစ်များသည် အရွယ်အစားမျိုးစုံဖြင့် ပါဝင်နေတတ်သည်ကို တွေ့ရှိရပါသည်။
ထို့ပြင် ရုပ်ကြွင်းလောင်စာများထုတ်ယူခြင်း၊ ထုတ်လုပ်ခြင်း၊ အသုံးပြုခြင်း၊ ပြန်လည်အသုံးပြုခြင်းနှင့် စွန့်ပစ်ခြင်းလုပ်ငန်းစဉ်များ၏ သက်ရောက်မှုများကို ဇီဝမျိုးစုံမျိုးကွဲများ၊ ရာသီဥတုပြောင်းလဲမှု၊ လူ့ကျန်းမာရေးနှင့်လူ့အခွင့်အရေးတို့အပါအဝင် နယ်ပယ်ပေါင်းများစွာတွင် ခံစားနေကြရသည်။
အဏ္ဏဝါအတွင်းရှိ စွန့်ပစ်အမှိုက်များ
ပလတ်စတစ်အမှိုက်ထရပ်ကားတစ်စီးစာကို သမုဒ္ဒရာထဲသို့ မိနစ်တိုင်းစွန့်ပစ်ခြင်းသည် အဏ္ဏဝါတွင်း ညစ်ညမ်းမှုကို ဆိုးရွားစွာဖြစ်ပေါ်စေနိုင်သည်။ ပင်လယ်ထဲသို့ရောက်ရှိသွားသော ပလတ်စတစ်များသည် မိုက်ခရိုပလတ်စတစ်များအဖြစ်သို့ပြိုကွဲသွားပြီးနောက် ရာသီဥတုပြောင်းလဲမှုကို တိုက်ရိုက်အကျိုးသက်ရောက်မှုဖြစ်စေသော ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို ဖြစ်စေပါသည်။ ၄င်းဖန်လုံအိမ်ဓာတ်ငွေ့ များသည် သမုဒ္ဒရာအတွင်းရှိ ရေနေသတ္တဝါများကိုတိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျိုး သက်ရောက်မှုဖြစ်စေသည်ကို တွေ့ရသည်။
ခန့်မှန်းချက်များအရ ပလတ်စတစ်များမှ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုသည် ၂၀၅၀ ပြည့်နှစ်တွင် ၁၃ ရာခိုင်နှုန်းခန့်ထိ ရောက်ရှိနိုင်ပါသည်။ သမုဒ္ဒရာတွင်း ပြန့်ကျဲနေသောပလတ်စတစ်များသည် သမုဒ္ဒရာများ၏ ကာဗွန်ဒိုင်အောက်ဆိုဒ်စုပ်ယူနိုင်စွမ်းကို အနှောင့်အယှက်ဖြစ်စေနိုင်သည့်အပြင် ရာသီဥတုပြောင်းလဲမှုကို အရှိန်မြှင့်နေသကဲ့သို့ ဖြစ်နေသည်ကို လေ့လာတွေ့ရှိရပါသည်။
ရေမျောပင်များနှင့် ရေမျောပင်များတွင်ကပ်နေသော ရေမျောကောင်များသည် ပင်လယ်များအတွင်း၌ရှိသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့၏ ၃၀ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းကို စုပ်ယူပေးထားနိုင်သော် လည်း ၄င်းတို့သည် မိုက်ခရိုပလတ်စတစ်များ၏ဂေဟစနစ်ကို နှောင့်ယှက်ခြင်းခံရပြီးနောက်တွင် ရေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားနိုင်စွမ်း လျော့နည်းသွားသည်။
သမုဒ္ဒရာများ၊ ကုန်းမြေများနှင့် တောင်တန်းများကဲ့သို့သော အမျိုးမျိုးသော ဂေဟစနစ်များအတွက် ပလတ်စတစ်များသည် ရာသီဥတုပြောင်းလဲမှုနှင့် ရေထု၊လေထု၊မြေထု ညစ်ညမ်းမှုများကို ဖြစ်စေနိုင် သည်။
ထို့ပြင်ပလတ်စတစ်များသည် သဘာဝပတ်ဝန်းကျင်ကိုလည်း ဆိုးရွားစွာထိခိုက်စေနိုင်ကာ ဇီဝမျိုးစုံမျိုးကွဲများကိုလည်း မျိုးသုဉ်းစေနိုင်သည်ကို လေ့လာတွေ့ရှိခဲ့ရသည့်အတွက် ပလတ်စတစ်နှင့်ပတ်သက်၍ သတိပြုဆင်ခြင်သုံးစွဲခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသင့်ပါကြောင်း လေ့လာရေးသားလိုက်ရပါသည်။
ရေးသားသူ-ပင်လယ်ပြာ(ငါးဦးစီး)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
ဝက်ဈေးနှုန်းလေးသိချင်ပါတယ် ဧရာဝတီတိုင်းကပါ
Kyaw Minn Han • 0 answers
ယင်မဲမွေးမြူဖို့က မျိုးစိတ်က ဘယ်မှာဝယ်ရမှာလဲ။
လူမုန်း • 1 answers
နဂျယ်သားလောင်းမွေးခြင်း
ဒေါ်ညွန့်ညွန့်ဦး • 1 answers
လက်တွေ့အကျိုးရှိရှိပြန်သူံးလို့ရမယ့်ဟာ ဥပမာပေါ့ အင်းစက်ဆို ဘယ်လိုအင်းစက်တွေက စိုက်ပျိုးရေးအတွက်အကျိုးပြုလဲ ဘယ်အင်းစက်ကို မွေးမြူသင့်လဲ
sweety • 4 answers
ဂဏန်း ရေပျော့ မွေး မလို့ 0.3 ဧက လောက် ရှိတဲ ကန် အသစ် တူးထား ပါ တယ် ခင်ဗျား ရေသွင်းပြီး ဒီအတိုင်းမွေး လို့ အဆင် ပြေ လား ။ ဒါမှ မဟုတ် မမွေးခင် ရေဩဇာ/မြေဩဇာ ကောင်း ဆေးဝါ တွေ ထည့် ပြီးမှ မွေးရလား ဆိုတာ အကြံပြု ပေးပါ ခင်ဗျား
Thura Sit • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....