ပူပြင်းချိန်တွင် ရေချိုပုစွန်တုပ်မွေးမြူရေး၌ ဖြစ်တတ်သောရောဂါများနှင့် ဖြေရှင်းနိုင်သည့်နည်းလမ်းများ

ပူပြင်းသောနွေရာသီတွင် ရေချိုပုစွန်တုပ်ကြီးမွေးမြူရာ၌ အောက်ဖော်ပြပါရောဂါပိုးများ ၀င်ရောက်ပြီး ရောဂါဖြစ်စေနိုင်ပါသည်။
- ၁။ ဗိုင်းရပ်စ်ပိုးမွှားများ(Viruses)
- ၂။ ဘက်တီးရီးယားပိုးမွှားများ (Bacteria)
- ၃။ မှိုပိုးမွှားများ(Fungi)
- ၄။ ပရိုတိုဇိုအာပိုးမွှားများ(Protozoa)
- ၅။ ကပ်ပါးအလေ့အထ ပိုးမွှားများ(Parasite)
- ၆။ သံကောင်အုပ်စု၀င်ပိုးမွှားများ(Worms) တို့ ဖြစ်စေနိုင်ပါသည်။
ဖြစ်ပေါ်စေတတ်သော အနာရောဂါများ
ရေချိုပုစွန်တုပ်ကြီးများတွင် ဖြစ်တတ်သောရောဂါများမှာ Gram-Negative ပိုးမွှားအုပ်စု၀င် Vibrio မျိုးစိတ်များကြောင့် ဖြစ်တတ်ပါသည်။
အများအားဖြင့် ပါးဟပ်မဲသောရောဂါများ၊ တလကြာဟုခေါ်သော ရောဂါများ၊ အရေခွံများတွင် အစက်အပျောက်များဖြစ်ပေါ်ခြင်း(Shell Disease)
အထူးသဖြင့် မှိုပိုးမွှားများနှင့် ဇူသမ်းနီးယမ်း (Zoothamnium) ခေါ်သော ပရိုတိုဇိုးများသည် ပုစွန်များ၊ ပါးဟပ်များ၊ ခန္ဓာကိုယ်၏အဆစ်အပိုင်းများတွင် ကပ်တွယ်နေခြင်းများဖြစ်ပေါ်၍ ပုစွန်များတွင် နီခြင်း၊ မဲခြင်း၊ အရောင်အသွေးများကျဆင်းကာ ပုစွန်များပိုးမွှားကျရောက်ပြီး သေဆုံးနိုင်ခြင်းများ ဖြစ်စေနိုင်ပါသည်။
ကန်အတွင်းရှိ အပင်ငယ်များ၊ ရေမှော်များသည်လည်း ပုပ်သိုးဆွေးမြည့်ပြီး ကန်ရေများညစ်ညမ်းပျက်စီးခြင်းသို့ ရောက်ရှိတတ်ပါသဖြင့် အထူးဂရုစိုက်ရန် လိုအပ်ပါသည်။
ဖြေရှင်းပေးနိုင်သောနည်းလမ်းများ
- ၁။ မွေးမြူကန်ရေ လဲလှယ်ပေးခြင်း
- ၂။ စက်ယန္တရားသုံးစွဲ၍ ရေများလှုပ်ရှားစေရန်ဆောင်ရွက်ခြင်း
- ၃။ မွေးမြူရေးကန်အတွင်း ရေအသစ်ထည့်ပေးခြင်း
- ၄။ အစာကျွေးခြင်းကို ယာယီရပ်ဆိုင်းခြင်း
- ၅။ ရေအသစ်တွင် အစာများစတင်ကျွေးမွေးခြင်း
- ၆။ မွေးမြူသောပုစွန်များကို ပြောင်းရွှေ့စေခြင်း
- ၇။ ဖမ်းဆီးရောင်းချရန်အချိန်တန်ပါက ကန်ဖော်ပြီးရောင်းချရန် တို့ဖြစ်ပါသည်။
အထူးမှတ်ချက်အနေနဲ့သတိထားစေလိုတာကတော့ ပုစွန်ကန်တွင် ပုစွန်တစ်ကောင်ပျက်စီးနေပါက ကျန်ပုစွန်များအားလုံးသို့ ကူးစက်နိုင်ကြောင်း သတိပြုရပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
ငါးခူသားပေါက် လေးတွေ မွေးထားတာပါ (ဆိုဒ် ၁လက်မကျော်ကျော်) ။ ဒီမနက် ကန်ထဲမှာ အမြှုပ်တွေ အများကြီးတွေ့လို့ပါ ။ ရေကို နောက်ဆုံးပုံပါအတိုင်း စစ်ပြီး ပြန် လှည့်ပတ်စေတဲ့ နည်းနဲ့ရေပေးထားပါတယ် ။ Airpump တေွနဲ့ အောက်ဆီဂျင်လဲ ပေးထားပါတယ် ။အမြှုပ်က ဘာကြောင့်ထရတာလဲ ဘယ်လိုလုပ်ရမလဲခဗျ
TayZar • 3 answers
ရေငံပုဇွန် ဧက 15ဧကရှိတယ် ပုဇွန်သားပေါက်ထည့်ထားပြီး 3လက်မခွဲ အရွယ်အစားရောက်မှ အကုန်သေကုန်လို့ဘာဖြစ်သလဲသိချင်ပါတယ်ဗျ သိသူများဖြေကြားပေးပါ
Arkarkyaw • 7 answers
ပုစွန် တကန်မှာ black gill ဘာလို့ ဖြစ်တာလဲဗျ ။ ဘယ်လို ကုသရမလဲ?
Ya Kauk • 2 answers
ပေ ၄၀ပတ်လည် ရေအနက် ၄ ပေခွဲငါးအကောင်ရေ ၅၀၀၀ငါးပြေမထည့်ထားတာတလပြည့်ပြီထည့်တုန်းကမသေဘူးအခုရက်ပိုင်းမှတနေ့ ၅ကောင်လောက်သေနေလိူ့ပါအစာစားနှုန်းကပုံမှန်ကုန်ပါတယ်ရေတော့ပုံမှန်လဲပေးတယ်ရေတိုင်းကြည့်တာပုံပါအတိုင်းပြနေတယ်ဘာလုပ်သင့်လဲဖြေပါအုံးနော်ကျေးဇူးတင်ပါတယ်
Sai SI Thu • 1 answers
ပေ ၅၀ ပတ်လည်ကန်ကိုငါးပြေမ၅၀၀၀ ၁.၁.၂၀၂၅ကထည့်ထားတာထည့်တုန်းကမသေဘူးဒီရက်ပိုင်းမှသေနေလို့ပါရေကတော့စိမ်းနေတယ်ဘာလုပ်ရမလဲတနေ့ကို၁၅ကောင်လောက်သေနေတယ်၃ရက်ရှိပြီ ရေတိုင်းစရာကတော့ mi testerတော့ရှိတယ်တိုင်းကြည့်တာ179 ရှိတယ်ရေအရည်အသွေးစစ်တဲ့ပစ္စည်းတွေဘယ်မှာဝယ်လို့ရမလဲမွေးမြူရေးကိုဝါသနာပါလို့တနိူင်တပိုင်မွေးမြူတာပါကျေးဇူးတင်ပါတယ်
Sai SI Thu • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ကိုမောင်မောင်(သုဝဏ္ဏ)
See all
မြန်မာနိုင်ငံတွင်းရှိ အင်းချောင်းလုပ်ငန်းများအကြောင်း
05/03/2026
ငါးစည်သွပ်ဘူးပြုလုပ်နည်း
23/04/2024
ငါးများ နိုင်ငံခြားသို့တင်ပို့ရောင်းချရန် ပြုပြင်ထုတ်လုပ်သည့် နည်းအဆင့်ဆင့်
15/02/2024
စက်ရုံများတွင် ပုစွန်ခြောက်ပြုပြင် ထုတ်လုပ်နည်း
15/01/2024
ရေငန်ပုစွန်ကျားသားပေါက် အသေအပျောက်နည်းစေရန် လုပ်ဆောင်ရမည့်အချက်များ
17/11/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....