မြန်မာနိုင်ငံတွင်းရှိ အင်းချောင်းလုပ်ငန်းများအကြောင်း
အင်းဆိုသည်မှာ လူတို့၏လုံလဝီရိယမပါဘဲ အလိုအလျောက်ဝင်လာသော ငါးများကို အချိန်တန်သည့်အခါ သင့်တော်သလို ဖမ်းယူခြင်းလုပ်ငန်းသည် အင်း လုပ်ငန်းဖြစ်ပါသည်။
အင်းများသည် ငါး၊ ပုဇွန် အခြားရေနေသတ္တဝါများကို ရရှိနိုင်သည်။ အင်း တစ်ဧကလျှင် နှစ်စဉ် ငါးပိသာ ၅၀ မှ ၁၀၀ ကျော်မျှအထိ ထွက်ရှိနိုင်သည်။ ထွက်ရှိနိုင်သော ငါး၊ ပုဇွန် အရေအတွက် ပိသာကိုခန့်မှန်း၍ မရရှိနိုင်ပါ။ အင်းချောင်းများ အကျယ်အဝန်း၊ ရေအိုင်ကြီးများ၏ အကျယ်အဝန်းများပေါ်တွင် မူတည်၍ ငါး၊ ပုဇွန်များ ရနိုင်သည်။
မြန်မာနိုင်ငံရှိ အင်းချောင်းများ၏ လုပ်ငန်းဆောင်ရွက်မှုများကို အောက်ပါအတိုင်း လေ့လာတွေ့ရှိရပါသည်။
(၁) သီးသန့်အင်းများ
သီးသန့်အင်းဆိုသည်မှာ ငါးမျိုးကောင်းများ ပြုန်းတီးခြင်းမှကာကွယ်ရန်နှင့် ငါးမျိုးကောင်းများ ပြန့်ပွားရန်အတွက် သားစားငါးများမှအပ အခြားငါးများကို ဖမ်းဆီးရန် လုံးဝတားမြစ်ထားသော အင်းများဖြစ်ပါသည်။
(၂) ကန့်သတ်အင်းများ
ကန့်သတ်အင်းဆိုသည်မှာ ပိုင်ရှင်ရှိသော မြေကွက်များတွင် မိုးတွင်းအခါ ရေဝင်၍ ရေပြင်များတွင် အကန့်အသတ်မရှိဘဲ ငါးဖမ်းခွင့်ပေးခြင်း၊ ငါးသားပေါက် ပြုန်းတီးမှု အန္တရာယ်မှ ကာကွယ်ရန်အတွက် အင်းအိုင်ဥပဒေဖြင့် အခွန်ဆောင်ကာ ငါးများကို ဖမ်းဆီးနိုင်ခြင်းဖြစ်သည်။
(၃) ဘုံငါးဖမ်းကွက်များ
ဘုံငါးဖမ်းကွက်ဆိုသည်မှာ အထက်ပါနှစ်မျိုးနှင့်မတူဘဲ မြစ်များ၊ ချောင်းများ၊ မြစ်ဝများနှင့် ပင်လယ်ပြင်စသည်တို့ ပါဝင်သည်။ ထိုနေရာများတွင် ပြဌာန်းထားသော အင်းအိုင်ဥပဒေများအရ အခွန်ဆောင်ကာ ငါးဖမ်းဆောင်ရွက်ခြင်း ဖြစ်သည်။ ပြဌာန်းထားသော ငါးဖမ်းကိရိယာများကို အသုံးပြု၍ ဆောင်ရွက်နိုင်သည်။
ဥပမာအားဖြင့် လက်ပစ်ကွန်၊ ကိုင်းထောက်၊ မြုံးစသည့် ငါးဖမ်းကိရိယာများကို အသုံးပြု၍ ဆောင်ရွက်နိုင်သည်။

(၄) ဂရံအင်းလုပ်ငန်းများ
ဂရံအင်းဆိုသည်မှာ အစိုးရငါးဦးစီးဌာနမှ ချမှတ်ပေးထားသော ပြဌာန်းဥပဒေ များဖြင့် အခွန်ဆောင်၍ ငါးဖမ်းလုပ်ကိုင်ရသော အင်းလုပ်ငန်းများ ဖြစ်သည်။ မိမိတစ်ဦးတယောက်အတွက် စားသောက်ဖို့ ဖမ်းယူသုံးစွဲခြင်းမျိုး ခွင့်မပြုပါ။
ဂရံအင်းလုပ်ငန်းများကို အောက်မြန်မာပြည်တွင် တော်သလင်းလဆန်း (၁)ရက်မှ တန်ခူးလဆန်း(၁)ရက်ထိ အထက်မြန်မာပြည်တွင် ဝါခေါင်လပြည့်ကျော် (၁)ရက်နေ့မှ တပေါင်းလပြည့်ကျော် (၁)ရက်အထိ ဦးစီးဌာန၏ ခွင့်ပြုထားသော လိုင်စင်များဖြင့် အင်းများကို လုပ်ကိုင်ဖမ်းဆီး ခွင့်ပြုထားပါသည်။
ဂရံအင်းလုပ်ငန်းများ (၄)မျိုးဖြင့် အောက်ပါအတိုင်း လုပ်ကိုင်နိုင်သည်။
(၁) အချို့သော အင်းများ၊ အိုင်များတွင် ရေထွက်ပေါက်မရှိခြင်း၊ ရေနုတ်ရန်ခက်ခဲခြင်း၊ တစ်နှစ်ပတ်လုံးရေမခမ်းဘဲ ရှိနေခြင်း ရေစီးရေလာမကောင်းခြင်းကြောင့် ထိရောက်စွာ အသုံးမပြုနိုင်ပါက ယင်းတန်းခြင်းများကို ဆွဲပိုက်သဖွယ်ဆွဲယူ၍ ဂျမ်းဟုခေါ်သောနည်းဖြင့် ငါးများဖမ်းယူရပါသည်။
(၂) တချို့ချောင်းဖျားပိုင်းဖြစ်၍ ရေစီးနှေးခြင်းဖြစ်ပေါ်ပါက တောင်ကျသည့် သဘောဖြင့် ဗုံလုံ၊ မြှုံးစသည်တို့ကို ချောင်းအပြည့်ကာဆီးပြီး ငါးများကို ဖမ်းယူနိုင်သည်။
(၃) ချောင်းအလယ်ပိုင်း (သို့) အောက်ပိုင်းဖြစ်၍ ရေစီးရေလာကောင်းပါက ရေစီးဖြင့် မျောလာသောငါးများကို ယင်းပေါ်တွင်တင်၍ ခံယူသော မြင်းဝင်း (သို့) ရှောဆည်ဖြင့် ငါးများကို ဖမ်းယူနိုင်သည်။
(၄) အချို့သောအင်းချောင်းများတွင် လှေများ မော်တော်များ သွားလာမှု များသောကြောင့် ယင်းများကန့်လန့်ဖြတ်၍ ကာရံရန်မသင့်တော်သဖြင့် ချောင်းကမ်း နားများတွင် ပိုက်ကွန်ဖြင့် အိမ်သဖွယ်ယင်းများ တိုင်း၍ ဘဝင်းဟု ခေါ်သော ငါးဖမ်း ရယူခြင်းနည်းဖြင့် ဖမ်းယူသည်။
အထက်ဖော်ပြပါ အင်းလုပ်ငန်းများသည် ဂရံအင်းလုပ်ငန်းများဖြစ်၍ အစိုးရငါး လုပ်ငန်းဉီးစီးဌာနမှ အခွန်ဆောင်၍ ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ရသော ငါးဖမ်းလုပ်ငန်း များ ဖြစ်သည်။
ထို့အပြင် အဆိုပါ ဂရံအင်းများနည်းတူ ဂရံအင်းအတွင်းမှာဖြစ်သော်လည်း ရေပေါ်ရေလျှံလုပ်ငန်းများအဖြစ်၊ အင်းဂရံရရှိသူများ မဟုတ်သည့် အပြင်လူများမှ ငါးဟင်းစားအိုးအတွက် ကဆုန်၊ နယုန်မှစ၍ သီတင်းကျွတ်လအထိ ဆက်စပ်နေသော ရေပြင်များတွင် ငါးများကို မြှုံးအမျိုးမျိုး၊ တန်းပိုက်၊ ခံပိုက်၊ မျှားတန်း၊ ရင်တွန်း၊ ကိုင်းထောက်၊ ကွန်၊ ဆောင်းစသည် ကိရိယာဖြင့် ဂရံအင်းပြင်ပရှိ ဆက်စပ်နေသော ရေပြင်များတွင် ဖမ်းယူနိုင်သည်။ ယင်းလုပ်ငန်းမှာ ဂရံအင်းပြင်ပတွင် ရေပေါ်ရေလျှံငါးဖမ်းလုပ်ငန်းအဖြစ် လုပ်ကိုင်၍ စားသောက်နိုင်သည်။ ယခုအခါ ထိုနေရာများသည် စီးပွားအဖြစ် လုပ်ကိုင်လာနိုင်သည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related articles
လူ့အမြင်..နွားအမြင်
ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုဖြစ်ပွားခဲ့သော ငါးမွေးမြူရေးကန်များအပေါ် ပြန်လည်ကုစားဆောင်ရွက်နည်းများ
ငလျင်ကြောင့် ငါး၊ ခရုစသည့် ရေနေသတ္တဝါများ ထိခိုက်ရသည့်အကြောင်းအရင်းများ
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ကိုမောင်မောင်(သုဝဏ္ဏ)
See all
ငါးစည်သွပ်ဘူးပြုလုပ်နည်း
23/04/2024
ငါးများ နိုင်ငံခြားသို့တင်ပို့ရောင်းချရန် ပြုပြင်ထုတ်လုပ်သည့် နည်းအဆင့်ဆင့်
15/02/2024
စက်ရုံများတွင် ပုစွန်ခြောက်ပြုပြင် ထုတ်လုပ်နည်း
15/01/2024
ရေငန်ပုစွန်ကျားသားပေါက် အသေအပျောက်နည်းစေရန် လုပ်ဆောင်ရမည့်အချက်များ
17/11/2023
ပုစွန်ကျားမွေးမြူရေးနည်းစနစ်များ
17/10/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....