ငါးများ နိုင်ငံခြားသို့တင်ပို့ရောင်းချရန် ပြုပြင်ထုတ်လုပ်သည့် နည်းအဆင့်ဆင့်
နိုင်ငံခြားမှ ဝယ်ယူသော ကုမ္မဏီများမှ မှာကြားချက်အရ ပထမတန်းစားငါးများဖြစ်သော ကက္ကူရံ၊ ငမုတ်၊ သင်းဝါ၊ ကျောက်ငါး၊ ကကတစ်၊ ငါးကွမ်းရှပ်၊ ပြည်ကြီးငါး၊ ငသလောက်၊ ငါးအုန်းသီး (ငဘိန်း) များကိုလည်းကောင်း၊ ဒုတိယတန်းစားငါးများအဖြစ် ငါးတံခွန်၊ ဂုံး၊ ကုလားကုတ်၊ ရွှေငါး၊ ပင်လယ်ငါး၊ ငါးမွေထိုး၊ ငါးရွှေ၊ ကင်းမွန်၊ ပလာတူးများကိုလည်းကောင်း တန်ဘိုးနိမ့်ငါးများအဖြစ် ပြည်တော်သာ (ငါးချဉ်ပေါင်)၊ ငရောင်၊ ငါးပုလွေ၊ ဝိုင်နီပေါက်၊ ကြိုးဝါ၊ ငပျက်ခေါင်းကြီး၊ ခေါင်းပွစသည့် ငါးငယ်များကို အအေးခန်း စက်ရုံများတွင် အကောင်လိုက်ဖြစ်စေ၊ ခေါင်းဖြတ်အူထုတ်၊ ခုတ်တစ်၍ဖြစ်စေ အသားလွှာ၍ ပြုပြင် ထုတ်လုပ်ပြီး အခဲခံကာ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပါသည်။
ပြည်ပသို့ရောင်းချရန် Export ငါးရွေးချယ်ရာတွင် အောက်ပါအချက်များကို ကြည့်ရှုစစ်ဆေး၍ ရွေးချယ်ဝယ်ယူနိုင်ပါသည်။
၁။ မျက်လုံးအရောင်အသွေးကောင်းမွန်၍ အဖြူရောင် မဖြစ်ခြင်း
၂။ အရေးပြားနှင့် အကြေးခွံမကျွတ်ခြင်း
၃။ ပါးဟပ်နီးရဲ၍ အနံ့ကောင်းမွန်ခြင်း
၄။ အရေပြားပေါ်တွင် အကျိအချွဲများရှိနေခြင်း
၅။ ကိုယ်ခန္ဓာပုံပျက်ခြင်းမရှိဘဲ၊ အသားများတင်းမာခြင်း
၆။ အသားအရည်အသွေးလတ်ဆက်၍ ပျော့ပြောင်းမှုရှိခြင်း
၇။ ရေထဲနစ်မြုပ်မနေခြင်း
၈။ စက်ဆီ၊ ချောဆီများ မစွန်းထင်းခြင်း
၉။ သတ်မှတ်အရွယ်အစားနှင့် အရည်အသွေးပြည့်မီပါက Export လုပ်ရန်အကောင်းဆုံး ဖြစ်သည်။

ရေဆေးခြင်း။ ။ ငါးတကောင်လုံး၏အကျိအချွဲ၊ အညစ်အကြေးနှင့် သွေးများကင်းစင်၍ ရေဆေးကြောခြင်းကို ပထမဦးဆုံးလုပ်ရမည်။
အရွယ်အစားရွေးချယ်ရာတွင်
တစ်ကောင်၏ အလေးချိန် (gm အရေအတွက်) ဖြင့် ရွေးချယ်သတ်မှတ်၍ အရွယ်အစားများ မညီသောအကောင်များကို ရွေးချယ်ထားရမည်။
အသားလွှာပြုလုပ်ရာတွင်
အသားလွှာထုတ်မည်ဆိုပါက အရွယ်အစားရွေးချယ်ပြီးသောငါးများကို ခေါင်းဖြတ်၊ အူထုတ်၊ အခွံခြစ်၊ အမြီးနှင့် တောင်ပံများကို ခုတ်ထစ်ရှင်းလင်းပြီး အသားလွှာများကို လွှာပြီး ရေခဲထဲတွင် အတန်ကြာ စိမ်ထားရမည်။ သွေးများကုန်သွားရန်စိမ်ထားရမည်။ အရေပြားဖယ်ထုတ်ခြင်း၊ ဝမ်းဗိုက် သားနှင့် အရိုးဖယ်ထုတ်ခြင်း ပြီးပါက သတ်မှတ်အရွယ်အစား အလေးချိန်အလိုက် ပလပ်စတစ်ပြား များပေါ်တွင် တင်ပြီးနောက် Contact Freezer (သို့) Airs blast Freezer များထဲတွင် 30°C အထိ အအေးအခဲ ခံထားရပါမည်။
သိုလှောင်နည်း
ငါးကုန်ချောများအား အခဲခံပြီးနောက်တကောင်ချင်းထုတ်ယူကာ အိတ်စွပ်ပြီး Master Cortoon များတွင်ထည့်ပြီး (၂၀)ကီလိုဂရမ်ချိန်တွယ်ရမည်။ -20 C ရှိသည့် အအေးခန်းတွင် ငါးကုန်ချောများကို (၃)လခန့်ထားနိုင်သည်။
- 30° C ရှိသည့်အအေးခန်းများတွင် ငါးကုန်ချောများကို (၆)လခန့် အရည်အသွေး မပျက်စီးစေဘဲထားရှိနိုင်သည်။
- အသားထွက်နှုန်းမှာအကောင်လိုက်တင်ပို့ပါက အသားအလေးချိန်လျော့နည်းမှုမရှိဘဲ အသားလွှာပါက ၄၀ မှ ၄၁ % အထိ အသားထွက်ရှိနိုင်သည်။
အခြားတင်ပို့နိုင်သော ရေထွက်ပစ္စည်းများမှာ
၁။ ဂဏန်းပျော့
၂။ ဂဏန်းနီ
၃။ သဲဂဏန်း တို့ဖြစ်ကြသည်။
- ဂဏန်းပျော့မှာ (Soft Shell Crab)[Carestream] တို့သည် ခန္ဓာကိုယ်ကြီးထွားရန်နှင့် မိတ်လိုက်ရန်အတွက် အခွံလဲလှယ်လေ့ရှိသည်။ အခွံလဲပြီးသော ဂဏန်းပျော့များသည် (၃) နာရီအတွင်း အခွံမာနိုင်သည်။ အခွံမာလာပါက ဆေးကြောသန့်စင်စေပြီးအအေးခန်းတွင်သိုလှောင်ထားနိုင်သည်။
- ဂဏန်းနီမှာ မြန်မာနိုင်ငံတွင် မြိတ်ကျွန်းစုမှ ရရှိနိုင်သည်။ အရှင်ဖမ်းဆီးလာပြီး စက်ရုံရောက်မှ ရေခဲစိမ် ကာ အကောင်လိုက်အခွံခွာပြီး အသားထက်ခြမ်းခွဲကာ ပြုပြင်ထုတ်လုပ်ခြင်း၊ ငါးကြိတ်သား နှင့် ဂဏန်းသား ရော၍ ဂဏန်းခွံအတွင်း ထည့်သွင်းပြုပြင်ကာ ထုတ်လုပ်လျက်ရှိသည်။
- သဲဂဏန်း (Sand Crab) များကို ထက်ခြမ်းခွဲ Half Cut အဖြစ်လည်းကောင်း၊ လက်မနှင့် ရေယက်များကို ကိုယ်တွင်းတယ်ကပ်စေ၍ အအေးခန်းတွင်ထားသိုပြီး ပြုပြင်ထုတ်လုပ်လျက်ရှိသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ကိုမောင်မောင်(သုဝဏ္ဏ)
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....