ရေငန်ပုစွန်ကျားသားပေါက် အသေအပျောက်နည်းစေရန် လုပ်ဆောင်ရမည့်အချက်များ
ရေငန်ပုစွန်ကျားမွေးမြူရာတွင်
- တစ်ကန်လျှင် ၅ ဧက မှ ၂၀ ဧကသည် အသင့်တော်ဆုံးဖြစ်သည်။
- ကန်အတွင်း မဖောက်ထုံးများကိုပြန့်နှံ့အောင်ပက်ဖြန်းပေးရမည်။
- ကန်အတွင်းသဘာဝ၊ သက်ရှိအစာကြွယ်ဝစေရန် နွားချေးနှုန်းကြက်ချေများကန်အနှံ့အပြား၊ ပက်ဖြန်းပေးထားရမည်။
- နွားချေး၊ ကြက်ချေးများမရနိုင်လျှင် ဓာတ်မြေဩဇာတစ်မျိုးဖြစ်သော တီစူပါကို တစ်ဧက လျှင် ၅၀ ကီလိုနှုန်းဖြင့် ပက်ဖြန်းပေးရမည်။
- တစ်ပတ်မှနှစ်ပတ်ခန့်ကြာမြင့်လာပါက ကန်ရေသည် အစိမ်းရောင်တက်လာပြီး ရေဩဇာများကြွယ်ဝလာကာ ရေဩဇာအကောင်းဆုံးကန်ဖြစ်ပါမည်။
- ကန်ဘောင်၏ အမြင့်ကိုဒီရေအမြင့်ဆုံးထက် ၁' (သို့)၁' ခွဲခန့်အမြင့်ပြုလုပ်ထားသင့်သည်။
ရွေးချယ်ထားသော ကန်မြေနေရာသည် သဘာဝမှ စီးဆင်းလာသော ရေချိုရေငန်စပ်ဖြစ်၍ ရိုးချောင်းများ၊ ချောက်လက်တက်များရှိနေပါက ကန်ရေသည် ပိုမိုကောင်းမွန်နိုင်ပါသည်။ လဆန်း၊ လဆုပ်၊ ခေါင်ရေအချိန်မျိုးတွင် ရေများသည် ကန်၏ ရေဝင်ပေါက်ဂိတ်မှ ဝင်ရောက်နိုင်ပြီး၊ ရေကျချိန်တွင်ရေများ ပြန်မထွက်နိုင်ရန်၊ ဂိတ်များကို အကာများတပ်ဆင်ပြီး ပိတ်ထားရမည်။ ကန်ဘောင်အမြင့်အလယ်လောက်မှရေထွက်ပေါက်တစ်ခုထားရှိပြီး ၎င်းရေလျှံပေါက်မှ ရေများထွက်နိုင်ရန်ပြုလုပ်ထားပြီး ၎င်းရေလျှံပေါက်ကို ပိုက်များဖြင့် တပ်ဆင်ထားရမည်။

ပုဇွန်ကျားသားပေါက်ထည့်သွင်းရာတွင်လည်း
- သဘာဝမှရရှိသော ပုစွန်သားပေါက်ဖြစ်စေ၊ သားပေါက်စခန်းမှထုတ်လုပ်သည့် သားပေါက်များဖြစ်စေ၊ ထည့်သွင်းမွေးမြူနိုင်သည်။
- ပုစွန်သားပေါက်အရွယ်အစားညီဖို့ လိုအပ်ပါသည်။ ပုစွန်သားပေါက်သက်တမ်း 18 ရက် သား (သို့) 25 ရက်သားမျိုးရရှိပါက ပိုမိုကောင်းမွန်ပါသည်။
- ရေချိုရေငန်စပ်၊ လမုတောများရရှိနိုင်သော ပုစွန်ကျားအရွယ်စား 3"/ 4" ရရှိပါက ပိုမိုကောင်းမွန်၍ ကုန်ထုတ်အလေးချိန်မှာ အချိန်အတိုအတွင်းရရှိနိုင်သည်။ ပျမ်းမျှ (8) လ သက်တမ်းအထိကုန်ထုတ်ရန်မွေးမြူနိုင်ပါသည်။ တစ်ကောင်၏ ပျမ်းမျှအလေးချိန်မှာ 30gm မှ 40gm ထိရရှိနိုင်သည်။
- ထည့်သွင်းရမည့်သားပေါက်ကောင်ရေမှာ- တစ်ဧကမှာ- ၂၀၀၀၀ မှ ၃၀၀၀၀ ထိ ထည့်သွင်းမွေးမြူနိုင်သည်။
- ရေငန်နှုန်းများ25 မှ 30 ppt ရှိရန်လိုအပ်သည်။ ရေငန်ဝင်ရောက်သည့် မြစ်၊ ချောင်းလက်တက်အနီးတွင်ရှိသော မွေးမြူရေးကန်များဖြစ်ပါက အငန်နှုန်းများ ကောင်းစွာရရှိနိုင်ပါသည်။
- ပုစွန်သားပေါက်များ ထည့်မည်ဆိုလျှင် နံနက်စောစော (သို့)ညနေပိုင်းနေအေးချိန်ပိုမို ကောင်းမွန်ပါသည်။
- ပုစွန်သားပေါက် သယ်ယူလာသောအိတ်များကို မွေးမြူရေးကန်အတွင်းတွင် 15 မိနစ် ခန့်မျှောထားရမည်။
- ပုစွန်ထည့်ထားသောအိတ်မှ အပူချိန်နှင့် ကန်အတွင်းရှိရေ၏ အပူချိန်တူညီလာပါက အိတ်ထဲမှ ပုစွန်သားပေါက်များကို ကန်ရေထဲသို့ တဖြည်းဖြည်းချင်းလွှတ်ပေးရမည်။
ထိုအချက်အလက်များဖြင့် ပုစွန်သားပေါက်ထည့်သွင်းခြင်းသည် အကောင်အသေအပျောက်နည်းကြောင်းတွေ့ရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
zaw myohlaing
6 months agoရေငန်နှုန်းကိုဘယ်လိုတိုင်းရတာလည်းခင်ဗျ
ဆုမြတ်နိုး
2 years agoဟုတ်ကဲ့မှားသွားတယ်ဆိုလို့ တောင်းပန်ပါတယ်ရှင့် ပုစွန်ကျားပုံရှိရင်လည်းပေးလို့ရမလားရှင့်
U Kyaw Moe Aung
2 years agoပုစွန်ပုံက ရေချိုပုစွန်ထုပ်ကြီး ပုံဖြစ်နေပါတယ်၊ ကျား ပုစွန်ပုံလေး ပြောင်းလို့ရရင် ပြောင်းပေးပါ
Related articles
ရေငန်ပုစွန် သားပေါက်ထည့်သွင်းနည်းများနှင့် သားပေါက်အတွက် ကျွေးပေးရမည့်ဖော်စပ်စာ ပြုလုပ်နည်း
ငါးကန်အတွင်းသို့ ငါးသားပေါက်ထည့်သွင်းနည်း
ကန်အတွင်းသို့ ငါးသားပေါက်ထည့်သွင်းရာတွင် သတိပြုရမည့်သည့်အချက်များ
Related questions
ပုဇွန်တွေကဘယ်အချိန်(လ) သားလောင်းထည်းသင့်သလဲ သိတဲ့သူများပါရင်ပြောပြပေးကြပါလားခဗျာ
မင်းသက် • 1 answers
ရေချိုငါးမုန့်သားပေါက်ဝယ်ချင်လို့ပါရှိုရင်ဆက်သွယ်ပေးကြပါလား
ကျော်သက်အောင် • 1 answers
နေပြည်တော် ကောင်စီနယ်မြေအတွင်း ငါးသားပေါက်ဘယ်မှာဝယ်လို့ရပါသလဲခင်ဗျ။ ရှိရင်လိပ်စာတိကျလေးပေးကြပါဦးခင်ဗျ ၀၉၆၆၀၅၃၁၅၀၅
ထက်ဝဏ္ဏအောင် • 1 answers
အကြံဥာဏ်လေတောင်းချင်လိုပါ ငါးမုတ်သားပေါက်ကို ၁လက်မခွဲဆိုဒ်နဲ့ ၃လက်မဆိုဒ် ဘယ်ဆိုဒ်မွေးရမလည် ၁လက်မခွဲဆိုဒ်ကနေစမွေးရင် ၃လက်မ၄လက်မရောက်ဖို့အချိန်ဘယ်လောက်ကြာလည် ငါးသားပေါက်အကောင်၁၃၀၀၀ကို အစားအိတ်ဘယ်နှအိတ်လောက်ကုန်လည် ၃.၄.လက်မအရွယ်ထိ
Than Soe • 1 answers
ငါးကန် 1.5ဧက မှာ ငါးကောင်ရေ 6000လောက်ထည့်လို့ ရမလားခဗျာ ကန်ပေါ်မှာ ကြက်ကောင်ရေ 1500 ခြံရှိပါတယ်ခဗျ မွေးလို့အဆင်ပြေမယ့် ထည့်ရမယ့် ငါးအမျိုးအစားနဲ့အရေအတွက် လေး အကြံပြုပေးကြပါဦးခဗျ
AHP • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ကိုမောင်မောင်(သုဝဏ္ဏ)
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....