Green Way
ဗိုင်းရပ်စ်ပိုးကျရောက်ပြီးနောက် ဆောင်ရွက်ရန်များ

ဗိုင်းရပ်စ်ပိုးကျရောက်ပြီးနောက် ဆောင်ရွက်ရန်များ

အကယ်၍ ပုစွန်မွေးမြူရေးကန်များတွင် ဗိုင်းရပ်စ်ရောဂါပိုးတစ်ခုခု ကျရောက်ခဲ့ပါက အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည်။

  • ဗိုင်းရပ်စ်ပိုးကျရောက်သည့် ကန်တွင် ၎င်းဗိုင်းရပ်စ်ကို သယ်ဆောင်နိုင်သည့် Carrier (ဥပမာ ကဏန်းများ) မရှိစေရေး ဆောင်ရွက်ရန်နှင့် ရှိပါက ထိရောက်စွာ ဖယ်ရှားပေးရန်။
  • အဆိုပါ ဗိုင်းရပ်စ်ကို အခြားအနီးအနားရှိ မွေးမြူရေးကန်များသို့ မကူးစက်စေရန် ဆောင်ရွက်ပါ။
  • မွေးမြူရေးကန်လုပ်သားများ၏ တစ်ကိုယ်ရေသန့်ရှင်းရေးအား ဂရုပြုရန်နှင့် ရောဂါကျရောက်နေသည့် ကန်အတွက် သီးသန့်တာဝန်ပေးရန်။
  • မွေးမြူရေးအစာမှအစ လုပ်ငန်းသုံးပစ္စည်းများအားလုံး ရောဂါကျနေသည့် ကန်အတွက် သီးသန့်အသုံးပြုခြင်း ဆောင်ရွက်၍ အသုံးပြုပြီးပါက ပိုးသတ်သန့်ရှင်းရေး ဆောင်ရွက်ပြီး သီးခြားခွဲထားရန်။
  • ရောဂါကျရောက်ပါက သက်ဆိုင်ရာဌာနမှ လိုက်နာရန် ချမှတ်ထားသည့် လမ်းညွှန်မှုများကို အတိအကျ လိုက်နာဆောင်ရွက်ရန်။
  • ရောဂါကျရောက်သည့် ရေကို မည်သည့်နည်းနှင့်မျှ ပိုးမသတ်ဘဲ မစွန့်ထုတ်ရန်။
  • ရောဂါကျရောက်မှု အခြေအနေကို သက်ဆိုင်ရာဌာနသို့ ချက်ခြင်းအကြောင်းကြားရန်။

ဇီဝလုံခြုံမှုစနစ်၏ အဓိကအချက်များ

  • ပုစွန်ကန်သို့ လာရောက်သည့် ကားများ (ဥပမာ ပုစွန်၊ သားပေါက်၊ အစာ၊ လုပ်ငန်းသုံးပစ္စည်း ပို့ဆောင်) အတွက် Tyre Bath (ကားဘီးများအား ကလိုရင်းထည့်ထားသည့် ရေကန်တွင် ဖြတ်မောင်းစေခြင်း) စနစ်ထားရှိပါ။
  • ပုစွန်ကန်သို့ အဝင် လူတိုင်းလက်/ခြေများကို ကလိုရင်းရေဖြင့် ဆေးကြောပါ။
  • ပုစွန်ကန်အတွင်းသို့ တာဝန်ရှိသူမှအပ အခြားမသက်ဆိုင်သူများဝင်ခွင့်မပြုရ။
  • ပုစွန်ကန်များအတွင်း ရောဂါပိုးသယ်ဆောင်နိုင်သည့် ကဏန်းများမဝင်ရောက်နိုင်ရန် ပလပ် စတစ်/ပိုလီသလင်းမိုးကာစများဖြင့် ခြံခတ်ကာရံထားပါ။
  • ပုစွန်ကန်တစ်ကန်ခြင်းအတွက် သီးခြား အစာဘန်းများ အသုံးပြုပါ။
  • အရောင်လက်သော၊ အသံမည်သော ပလပ်စတစ်စများ/Tape ကြိုးများဖြင့် ငှက်ခြောက်စနစ် ထားရှိပါ။
  • ကန်တစ်ခုနှင့် တစ်ခုအသုံးအဆောင်ပစ္စည်းများ မရောနှောဘဲ ခွဲခြားအသုံးပြု၍ အသုံးပြုပြီး တိုင်း သန့်ရှင်းအောင် ဆေးကြောပေးပါ။
  • ကန်ရေအရည်အသွေး တိုင်းတာစစ်ဆေးသည့် ကိရိယာများ ထားရှိပါ။
  • လုပ်ငန်းဆောင်ရွက်မှုမှန်သမျှတို့ကို နေ့စဉ်မှတ်တမ်းထားရှိပါ။

အချုပ်အားဖြင့်ဆိုရလျှင် ဗိုင်းရပ်စ်ရောဂါအတွက် ထိရောက်သည့် ကုသနည်း မတွေ့ရှိသေးသဖြင့် ကာကွယ်နည်းသည်သာ အကောင်းဆုံးနည်းလမ်းဖြစ်သည်။ ဗိုင်းရပ်စ်ရောဂါများတွင် “WSSV” ဗိုင်းရပ်စ်သည် ကူးစက်မှုနှုန်း လွန်စွာမြင့်မားသဖြင့် ရောဂါကျရောက်ခဲ့ပါက ဆုံးရှုံးမှု များစွာ ကြီးမားနိုင်ပြီး မွေးမြူရေး ပတ်ဝန်းကျင်ကိုပါ ထိခိုက်မှု အန္တရာယ်ကြီးမားနိုင်ပါသည်။ သို့ဖြစ်ပါ၍ အထူးသဖြင့် ပုစွန်မွေးမြူရေးကန်များအတွက် ဇီဝလုံခြုံမှု (Biosecurity) သည် လွန်စွာ အရေးကြီးပါကြောင်း မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နေသူများအား သိစေအပ်ပါသည်။

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။  

 

You

Related questions

ငါးခူသားပေါက် လေးတွေ မွေးထားတာပါ (ဆိုဒ် ၁လက်မကျော်ကျော်) ။ ဒီမနက် ကန်ထဲမှာ အမြှုပ်တွေ အများကြီးတွေ့လို့ပါ ။ ရေကို နောက်ဆုံးပုံပါအတိုင်း စစ်ပြီး ပြန် လှည့်ပတ်စေတဲ့ နည်းနဲ့ရေပေးထားပါတယ် ။ Airpump တေွနဲ့ အောက်ဆီဂျင်လဲ ပေးထားပါတယ် ။အမြှုပ်က ဘာကြောင့်ထရတာလဲ ဘယ်လိုလုပ်ရမလဲခဗျ

TayZar • 3 answers

ရေငံပုဇွန် ဧက 15ဧကရှိတယ် ပုဇွန်သားပေါက်ထည့်ထားပြီး 3လက်မခွဲ အရွယ်အစားရောက်မှ အကုန်သေကုန်လို့ဘာဖြစ်သလဲသိချင်ပါတယ်ဗျ သိသူများဖြေကြားပေးပါ

Arkarkyaw • 7 answers

ပုစွန် တကန်မှာ black gill ဘာလို့ ဖြစ်တာလဲဗျ ။ ဘယ်လို ကုသရမလဲ?

Ya Kauk • 2 answers

ပေ ၄၀ပတ်လည် ရေအနက် ၄ ပေခွဲငါးအကောင်ရေ ၅၀၀၀ငါး​ပြေမထည့်ထားတာတလပြည့်ပြီထည့်တုန်းကမသေဘူးအခုရက်ပိုင်းမှတနေ့ ၅ကောင်လောက်သေနေလိူ့ပါအစာစားနှုန်းကပုံမှန်ကုန်ပါတယ်ရေတော့ပုံမှန်လဲပေးတယ်ရေတိုင်းကြည့်တာပုံပါအတိုင်းပြနေတယ်ဘာလုပ်သင့်လဲဖြေပါအုံးနော်ကျေးဇူးတင်ပါတယ်

Sai SI Thu • 1 answers

ပေ ၅၀ ပတ်လည်ကန်ကိုငါးပြေမ၅၀၀၀ ၁.၁.၂၀၂၅ကထည့်ထားတာထည့်တုန်းကမသေဘူးဒီရက်ပိုင်းမှသေနေလို့ပါရေကတော့စိမ်းနေတယ်ဘာလုပ်ရမလဲတနေ့ကို၁၅ကောင်လောက်သေနေတယ်၃ရက်ရှိပြီ ရေတိုင်းစရာကတော့ mi testerတော့ရှိတယ်တိုင်းကြည့်တာ179 ရှိတယ်ရေအရည်အသွေးစစ်တဲ့ပစ္စည်းတွေဘယ်မှာဝယ်လို့ရမလဲမွေးမြူရေးကိုဝါသနာပါလို့တနိူင်တပိုင်မွေးမြူတာပါကျေးဇူးတင်ပါတယ်

Sai SI Thu • 1 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....