ဆောင်းရာသီ ငါးများသေဆုံးခြင်းမှ ကင်းဝေရန် စုံစမ်းကာကွယ်ကုသနည်း
မွေးမြူထားသော ငါးများ မည်သည့်အကြောင်းကြောင့် သေသည်ဖြစ်စေ ငါးမွေးမြူရေး လုပ်ငန်း၏ ဝင်ငွေကို ဆိုးဝါးစွာ ထိခိုက်စေပါသည်။ ထို့ကြောင့် မွေးမြူရေးကန်၏ ကုန်ထုတ် စွမ်းအားကို ထိန်းသိမ်းရန် ပို၍ အရေးကြီးပါသည်။ ရောဂါဖြစ်ပွားပြီး ကုသရန် စောင့်ဆိုင်းမည့် အစား ရောဂါမဖြစ်ပွားအောင် ပို၍ ဂရုပြုသင့်သည်။ အောက်ဖော်ပြပါ စီမံခန့်ခွဲမှု အစီအမံများ ကို ဆောင်ရွက်ရန် လိုသည်။
စုံစမ်းရာတွင်
ကန်ရေ၏အရည်အသွေးနှင့်ညစ်ညမ်းမှုဆိုင်ရာအောက်ပါတိုင်းတာစစ်ဆေးမှုများဖြစ်သော ရူပ - ဓာတုဗေဒဆိုင်ရာ တိုင်းတာစစ်ဆေးမှုများ
- အပူချိန် (Temperature)
- ရေကြည်နှုန်း (Transparency)
- ချဉ်ဖန်ဓာတ် (pH)
- ပျော်ဝင်အောက်ဆီဂျင် (Dissolved Oxygen)
- ထုံးဓာတ်ပါဝင်မှု (Alkalinity)
- ရေစေး၊ ရေသွက် (Hardness)
- ညစ်ညမ်းမှုဆိုင်ရာ တိုင်းတာစစ်ဆေးမှုများ
- အမိုးနီးယား နိုက်ထရိုဂျင် (Ammonia – Nitrogen)
- နိုက်ထရိုက် နိုက်ထရိုဂျင် (Nitrite – Nitrogen)
- နိုက်ထရိတ် နိုက်ထရိုဂျင် (Nitrate – Nitrogen) စသည့်နေ့စဉ်၊ အပတ်စဉ်၊ လစဉ်စစ်ဆေးရမည့် စစ်ဆေးမှုများကို ပုံမှန်စစ်ဆေး၍ မှတ်တမ်းထားရှိရမည်။ ယင်းသို့ စုံစမ်းစစ်ဆေးမှု ဆောင်ရွက်မှသာ ကန်ရေ၏ အရည်အသွေးသည် သတ်မှတ်ချက်ဘောင်အတွင်း ရှိ/မရှိ သိနိုင်ပြီး လိုအပ်သည့် ပြုပြင်မှု ကာကွယ်မှု ဆောင်ရွက်နိုင်မည် ဖြစ်သည်။
ငါးများ၏ နေ့စဉ် ပုံမှန် လှုပ်ရှားမှု (သို့) ထူးခြားမှု ရှိ/မရှိနှင့် အစာစားသုံးမှု အခြေအနေ၊ ငါးရောဂါလက္ခဏာကျရောက်မှု အနေအထား ရှိ/မရှိနှင့် ငှက်များ ငါးကန် အတွင်း ဝင်ရောက်လာမှု ရှိ/မရှိအပြင် မိမိပတ်ဝန်းကျင်တွင်ရှိသောငါးကန်များ၏အခြေအနေစသည်တို့ကိုလည်း စုံစမ်းကြည့်ရှုရန် လိုသည်။
ကာကွယ်ရာတွင်
ကန်အောက်ခြေမြေသားနှင့်ရေ၏ pH စစ်ဆေးမှုအရ၊ သတ်မှတ်အတိုင်းအတာထက်နိမ့်ကျနေပါက (ဥပမာ - ကန်ရေ pH 6.3) ကန်ရေ pH 7 အထက် မြင့်တက်စေရန် လိုအပ်သည့် ထုံးကို တွက်ချက်ထည့်ပေးခြင်းနှင့်ဆောင်းရာသီမစတင်မီ ကန်အောက်ခြေရှိ အမှိုက်သရိုက် အပင်အဆွေးအမြည့်များကို ဖယ်ရှားပေးခြင်းတို့ ပြုလုပ်ရမည့်အပြင် ကန်တွင် ရေနေအပင်များ ကင်းစင်သင့်သည်။
ရေပေါ်ပင်များရှိနေပါက ကန်ရေတွင် နေရောင်ခြည်လုံလောက်စွာ ရရှိစေရန် ဖယ်ရှားခြင်း၊ ကန်ရေတိမ်သဖြင့် အရိပ်ရစေရန် ထားခြင်း ဖြစ်ပါက၊ ကန်ရေဧရိယာ၏ ၁၀% မှ အများဆုံး ၂၀% အထိသာ ဘောင်ခတ်၍ ထားရှိပေးခြင်း၊ မွေးမြူရေးကန် ဧရိယာအတွင်း တိရစ္ဆာန်များ ဝင်ရောက်ခြင်း၊ ကန်တွင်း ဆင်း၍ ရေချိုးခြင်းတို့ မပြုရန် တားမြစ်ခြင်း၊ မွေးကန်အတွင်း လုပ်ငန်းသုံးပစ္စည်းများနှင့် အဝတ်များ လျှော်ဖွတ်ခြင်း မပြုစေခြင်းတို့လည်း ပြုလုပ်ရမည်။
ငါးထည့်သွင်းမွေးမြူနှုန်းသည် သတ်မှတ်ချက်ထက် အလွန်အကျွံ ထည့်သွင်းမှု မရှိစေခြင်း၊ အကယ်၍ ထည့်သွင်းမွေးမြူနှုန်း မြင့်မားနေပါက ကန်ကြပ်နေမှုမှ လျော့ချရန် အရွယ်ရောက်ဆိုဒ်မီသော ငါးများကို Partial Harvest အဖြစ် တစ်စိတ်တစ်ပိုင်း ဖမ်းဆီးရောင်းချပေးခြင်း၊ဖြည့်စွက်အစာကျွေးရာတွင်လည်း အလွန်အကျွံမဖြစ်စေရန် စနစ်တကျ ထိန်းသိမ်းကျွေးပေးခြင်း၊ ငါးများ၏ ကျန်းမာရေးအခြေအနေကို အခါအားလျော်စွာ စစ်ဆေးခြင်း၊ ငါးဖမ်းပိုက်များ ပိုးမွှားကင်းစင်စေရန် အသုံးပြုပြီးတိုင်း ပိုတက်(ရှ်)အရည်(သို့) ကလိုရင်း (သို့) ထုံးရည်များတွင် စိမ်၍ ခဏထားပြီး နောက်နေရောင်အောက် တွင် အခြောက်ခံထားပေးခြင်း၊ အပင်မျှောလှေးပွားများမှု များလွန်ခြင်း (Plankton Bloom) ကြောင့်ရေကြည်နှုန်း (၂၀) စင်တီမီတာ (၈”) အောက်ရောက်သွားပါက အစာကျွေးခြင်း၊ ခေတ္တရပ်ပေးခြင်းနှင့် အဆိုပါ အခြေအနေတွင် ဩဇာဓာတ်ထည့်ခြင်း လုံးဝမပြုလုပ်ရပါ။
ဆောင်းရာသီတွင် အလင်းပြင်အား လျော့နည်းသွားခြင်း၊ ဓာတ်ပြုမှုများနည်းခြင်း (အပူချိန်ကျဆင်းသဖြင့်) ကန်ရေတွင် ပျော်ဝင်အောက်ဆီဂျင်ပါဝင်မှု လျော့နည်းသွားခြင်းတို့ကြောင့် သန့်ရှင်းသော ရေအသစ်ထည့်သွင်းပေးခြင်း (သို့မဟုတ်) လေပေးစက်များ (Aerators), ရေဒလက်များ (Peddle Wheel) အသုံးပြုပေးခြင်း ကို အထူးသဖြင့် နေ့တစ်နေ့၏ အစောဆုံးအချိန်များတွင် ပြုလုပ်ပေးရမည်။

ကုသရာတွင်
ကုသခြင်းသည် နောက်ဆုံးအဆင့်ဖြစ်သည်။ ငါးကန်တွင် ငါးသေဆုံးမှု တွေ့ရ ခြင်းသည် ကုသခြင်းအဆင့်ကိုပင် ကျော်လွန်သွားပါသည်။ အဆိုပါ အခြေအနေသည် ငါးမွေးမြူ ရေးအတွက် လွန်စွာမှ အကျိုးစီးပွား ဆုံးရှုံးမှုကို ဖြစ်စေသည်။ အောက်ပါ အခြေအနေများတွင် ကုသခြင်း ဆောင်ရွက်ရမည်။
ဆောင်းတွင်းကာလ နံနက်စောစောနေမထွက်မီ ငါးများကန်ရေ မျက်နှာပြင်ပေါ်သို့တက်၍ ပါးစပ်ဟကာအသက်ရှုခြင်းကိုမြင်ရပါက ကန်အောက်ခြေတွင် အောက်ဆီဂျင် ပြတ်လပ်မှုကြောင့်ဟု ယူဆနိုင်သည်။ အရေးပေါ်ကုသခြင်းအနေဖြင့် အောက်ရေကိုထုတ်၍ရေအသစ်ထည့်ပေးခြင်း၊ထည့်သွင်းရာ၌ရေသွင်းပိုက်ကို ကန်ရေမျက်နှာပြင်ပေါ် ဒေါက်ခံထားပြီး လေနှင့်ထိတွေ့စေရန် ရေပန်းသဖွယ် ဖြစ်အောင်ပြု၍ ကန်ရေမျက်နှာပြင်သို့ ကျစေခြင်း၊ ရေမသွင်းနိုင်ပါက အပေါ်ရေ အောက်ရေ သမသွား အောင် ဆောင်ရွက်ပေးခြင်း၊ နေ့ခင်းဘက်နေပူနေချိန်တွင်ငါးများ၊ပုံမှန်မဟုတ်ဘဲကန်ရေမျက်နှာပြင်ပေါ်တက်၍အထိတ်တလန့်ပုံစံမျိုး(ငါးမြူးသည့်ပုံစံမဟုတ်)တွေ့ပါကကန်အောက်ခြေညစ်ညမ်းမှုမြင့်မားနေသည်ဟု သုံးသပ်နိုင်သည်။ ယင်းကိုလည်း ရေအသစ်သွင်းပေးခြင်း၊ ရေမသွင်းနိုင်ပါက အပေါ်ရေအောက်ရေ သမအောင် ပြုပေးခြင်း၊ ငါးများတွင်ရောဂါ(သို့မဟုတ်)ထိခိုက်ဒဏ်ရာရပါက အဆိုပါငါးများကို သီးခြားခွဲ ထုတ်၍ ပိုတက်စီယမ်ပါမင်းဂရိတ် (KmnO4) ၁ ပီပီအမ် (အလျား ၁ မီတာ၊ အနံ ၁ မီတာ၊အမြင့်၁မီတာ ရေအနက်ရှိ အုတ်ကန်တွင် KmnO4 - တစ်ဂရမ်ထည့်ဖျော်ပေး ခြင်း) ဖျော်ရည်တွင် တစ်မိနစ်ခန့် စိမ်ပြီးမှ ကန်အတွင်းသို့ ပြန်ထည့်ပေးခြင်း။
သို့ဖြစ်ပါ၍ ဆောင်းတွင်းကာလ အကူးအပြောင်းတွင် မွေးမြူထားသော ငါးများ အသေအပျောက်မရှိစေဘဲကျန်းမာသန်စွမ်းစွာဖြင့်ကြီးထွားမှုကောင်းမှသာ အကျိုးစီးပွား ဖြစ်ထွန်းမည် ဖြစ်ပါသည်။ ယင်းသို့ ဖြစ်စေရန် မိမိ၏ မွေးမြူရေးကန်များအား စုံစမ်းခြင်းသည် ပထမ ဦးစားပေး၊ ဒုတိယအနေဖြင့် ကာကွယ်ခြင်းအဆင့်၌ပင် ထား၍ ကုသခြင်း အဆင့်သို့ မရောက်အောင် လုပ်ဆောင်သွားကြရန် လိုပါကြောင်း အကြံပြုရေးသားအပ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကိုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
ငါးခူသားပေါက် လေးတွေ မွေးထားတာပါ (ဆိုဒ် ၁လက်မကျော်ကျော်) ။ ဒီမနက် ကန်ထဲမှာ အမြှုပ်တွေ အများကြီးတွေ့လို့ပါ ။ ရေကို နောက်ဆုံးပုံပါအတိုင်း စစ်ပြီး ပြန် လှည့်ပတ်စေတဲ့ နည်းနဲ့ရေပေးထားပါတယ် ။ Airpump တေွနဲ့ အောက်ဆီဂျင်လဲ ပေးထားပါတယ် ။အမြှုပ်က ဘာကြောင့်ထရတာလဲ ဘယ်လိုလုပ်ရမလဲခဗျ
TayZar • 3 answers
ရေငံပုဇွန် ဧက 15ဧကရှိတယ် ပုဇွန်သားပေါက်ထည့်ထားပြီး 3လက်မခွဲ အရွယ်အစားရောက်မှ အကုန်သေကုန်လို့ဘာဖြစ်သလဲသိချင်ပါတယ်ဗျ သိသူများဖြေကြားပေးပါ
Arkarkyaw • 7 answers
ပုစွန် တကန်မှာ black gill ဘာလို့ ဖြစ်တာလဲဗျ ။ ဘယ်လို ကုသရမလဲ?
Ya Kauk • 2 answers
ပေ ၄၀ပတ်လည် ရေအနက် ၄ ပေခွဲငါးအကောင်ရေ ၅၀၀၀ငါးပြေမထည့်ထားတာတလပြည့်ပြီထည့်တုန်းကမသေဘူးအခုရက်ပိုင်းမှတနေ့ ၅ကောင်လောက်သေနေလိူ့ပါအစာစားနှုန်းကပုံမှန်ကုန်ပါတယ်ရေတော့ပုံမှန်လဲပေးတယ်ရေတိုင်းကြည့်တာပုံပါအတိုင်းပြနေတယ်ဘာလုပ်သင့်လဲဖြေပါအုံးနော်ကျေးဇူးတင်ပါတယ်
Sai SI Thu • 1 answers
ပေ ၅၀ ပတ်လည်ကန်ကိုငါးပြေမ၅၀၀၀ ၁.၁.၂၀၂၅ကထည့်ထားတာထည့်တုန်းကမသေဘူးဒီရက်ပိုင်းမှသေနေလို့ပါရေကတော့စိမ်းနေတယ်ဘာလုပ်ရမလဲတနေ့ကို၁၅ကောင်လောက်သေနေတယ်၃ရက်ရှိပြီ ရေတိုင်းစရာကတော့ mi testerတော့ရှိတယ်တိုင်းကြည့်တာ179 ရှိတယ်ရေအရည်အသွေးစစ်တဲ့ပစ္စည်းတွေဘယ်မှာဝယ်လို့ရမလဲမွေးမြူရေးကိုဝါသနာပါလို့တနိူင်တပိုင်မွေးမြူတာပါကျေးဇူးတင်ပါတယ်
Sai SI Thu • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်နိုင်(ငါးဦးစီး - ငြိမ်း)
See all
အကောင်းဆုံးငါးမွေးမြူရေးကျင့်စဉ်တွင် ပါဝင်သော အဆင့်များ
13/05/2026
အကောင်းဆုံး ငါးမွေးမြူရေးအလေ့အကျင့်ဆိုတာဘာလဲ?
03/04/2026
အာရုံကြောစနစ်ကို ဖျက်စီးလိုက်နိုင်တဲ့ အပြာကွင်းပတ်ရေဘဝဲ
12/11/2025
စားလို့ရတဲ့ ငါးဥ နဲ့ စားလို့မရတဲ့ ငါးဥ
04/08/2025
ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုဖြစ်ပွားခဲ့သော ငါးမွေးမြူရေးကန်များအပေါ် ပြန်လည်ကုစားဆောင်ရွက်နည်းများ
21/04/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....