နွားငယ်အဆုတ်ရောင်ရောဂါ (Calf Pneumonia)
နွားငယ်လေးများ သေဆုံးရသော အကြောင်းအရင်းများတွင် ဒုတိယ အများဆုံးဖြစ်သည်။ ရောဂါဖြစ်ထားသော နို့စားနွားမတမ်းများသည် ပထမဆုံး သားစပ်ချိန်ကို အနည်းဆုံး ၂ပတ်နောက်ကျနိုင်ပါသည်။ ပထမဆုံးသားမွေးချိန်တွင် နို့ထွက်နှုန်းလည်း ၂-၄ ရာခိုင်နှုန်း အထိလျော့ကျနိုင်ပါသည်။ ထို့ကြောင့် စီးပွားရေးအရ ဆုံးရုံးမှုများစွာ ရှိစေနိုင်သော ရောဂါ ဖြစ်သည်။
ဖြစ်ပွားရသည့်အကြောင်းအရင်း
ဘတ်တီးရီးယား (သို့) ဗိုင်းရပ်စ် ပိုးတစ်မျိုးမျိုး(သို့) တစ်မျိုးထက်ပို၍ ၀င်ရောက်မှုကြောင့် ဖြစ်ပွားနိုင်ပါသည်။ ပတ်၀န်းကျင် အပူချိန် နိမ့်ခြင်း၊ စိုထိုင်းစများခြင်း ၊ လေ၀င်လေထွက်မကောင်းခြင်း၊ လေပြင်းတိုက်ရိုက် တိုက်ခြင်း စသော ပတ်၀န်းကျင် အခြေအနေများကလည်း ရောဂါဖြစ်ပွားမှုကို အထောက်အပံ့ဖြစ်စေနိုင်ပါသည်။ ထို့အပြင် အကောင်ရေများပြီး ကျပ်ခြင်း၊ အသက်အရွယ် မျိုးစုံ စုပြုံမွေးခြင်း စသည်တို့ကြောင့် လည်း ရောဂါပို၍ဆိုးရွားစေနိုင်ပါသည်။
ရောဂါလက္ခဏာများ
ရောဂါ အခြေအနေအရ ရေတို (သို့) နာတာရှည် ဆိုပြီး ၂မျိုး ခွဲနိုင်ပါတယ်။
အခြေအနေ (၂) မျိုး သည် နွားငယ်လေး၏ ကြီးထွားနှုန်းကို သက်ရောက်စေပြီး သေဆုံးသည် အထိ ဖြစ်နိုင်ပါတယ်။
ရောဂါဖြစ်ပွားပါက နွားငယ်သည် အပူချိန်တက်ခြင်း၊ မှိုင်ခြင်း၊ အသက်ရှုပြင်းခြင်း (အဆုတ်ပျက်ဆီးသောကြောင့်) ၊ နှာရည်ကျခြင်း၊ ချောင်းဆိုးခြင်း၊ အစာစားနည်းခြင်း များတွေ့ရမည်။နာတာရှည် အဆုတ်အရောင်သည် ပို၍တွေ့ရများပြီး အစားစားမပျက်ပဲ နှာရည်ကျခြင်း ရှိနေပြီး အသံရှုပြင်းပြီး တခါ တရံ ချောင်းဆိုးခြင်းများ တွေ့ရတတ်ပါတယ်။ ရောဂါဖြစ်ပွားသော နွားငယ်လေးကို အခြားနွားများနှင့် ခွဲထားသင့်ပါတယ်။
ရောဂါ ဖြစ်ပွားနှုန်းကို လျော့ချရန်နှင့် ကြိုတင်ကာကွယ်ခြင်း
- နို့ဦးတိုက်ခြင်းကို ဂရုတစိုက် လုပ်ဆောင်ပါ။ သားမခွဲမှီ နွားနို့ တစ်နေ့ သုံးပိသာ တိုက်ပါ။
- တစ်လအောက်နွားငယ်လေးများတွင် လုံလောက်သော အနွေးဓာတ်ရအောင် လုပ်ပေးပါ။
- နွားငယ်လေးများကို စိတ်ဖိစီးမှု အနည်းဆုံး ဖြစ်အောင်ထားပါ (ဦးချိုသတ်ခြင်း ၊ သားခွဲချိန် ၊ စသည့် အချိန်များတွင်)။
- အစာအာဟာရ လုံလောက်စွာ ရရှိရန် စီမံပါ။
- နွားငယ်ခြံကို ခြောက်သွေ့ပြီး လေ၀င်လေထွက်ကောင်းအောင် စီမံပါ။
- လေ၀င် လေထွက်ကောင်းရန်လိုသော်လည်း လေပြင်းတိုက်ခတ်မှုသည် နွားငယ်လေးများ အတွက် မကောင်းပါ။
- စုံပြုံပြီး မမွေးသင့်ပါ။ လုံလောက်သော နေရာအကျယ်အ၀န်း ပေးပါ
MDEP
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
Related questions
နွားမကြီး မျက်ရေပူတွေကြနေလို့ ဘာဖြစ်တာလဲဗျ ဘယ်လိုလုပ်ပေးရမလဲ
Ma wai • 1 answers
အိမ်မွေးကြက်တွေမှာ သံပြာကောင်တွေကျအောင် ဘာဆေးတိုက်ရမှာလဲ ဆရာတို့
စကြည်စိုး • 1 answers
သားတင်ထားတဲ့ဝက်မကြီး မထလို့ အစာလဲမစားဖြစ်နေလို့ ဘာဖြစ်တာလဲသိချင်လို့ပါ
thetpaingoo • 1 answers
ဝက်တစ်လသားလေးတွေအစာမစားပဲဝမ်းသွားနေလို့ဘာလုပ်ရမလည်းဗျာ့
Nay Ye Thwin • 1 answers
မင်္ဂလာပါရှင့် ကြက်ကျောက်ရောဂါ ကုသနိုင်မယ့်ဆေးအမျိုးအစားနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ သိချင်ပါတယ် အတွေ့အကြုံရှိ လူကြီးမင်းများ မျှဝေပေးကြပါနော်
Khin Khin • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from MDEP
See all