မွေးမြူရေးနဲ့ တစေး
မွေးမြူရေးကဏ္ဍမှာ ပဋိဇီဝဆေးဝါးတွေကို လျှော့ချသုံးစွဲဖို့ ကမ္ဘာတဝန်းလုံး ကျယ်ကျယ်လောင်လောင်နဲ့ ပြောဆိုလာကြပြီမို့ ပဋိဇီဝဆေးဝါးတွေကို မသုံးရရင် သူ့နေရာမှာ ဘာနဲ့ အစားထိုးသုံးစွဲကြမလဲဆိုတဲ့ ပြဿနာက မွေးမြူရေးကဏ္ဍအတွက် ခေါင်းရှုပ်စရာအနေနဲ့ ဆက်လက်ပေါ်ပေါက်လာပါတယ်။ ပဋိဇီဝဆေးဝါးတွေကို အစားထိုးနိုင်မယ့်ပစ္စည်း (alternatives) တွေ အများအပြား ရှာဖွေတွေ့ ရှိထားရာ မှာ စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်စီရေး (Saccharomyces cerevisiae) လို့ခေါ်တဲ့ တစေး (yeast) ဟာလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ တစေး ရဲ့ အခြေခံသဘာဝကို တင်ပြလိုပါတယ်။
တစေးဆိုတာ ဘာလဲ?
အကြမ်းအားဖြင့် တစေး (yeast) ဆိုတာ မှိုတစ်မျိုးဖြစ်ပါတယ်။ ခက်တာက မှိုလို့ပြောလိုက်ရင် မြန်မာတို့ အတွက် အတော်နားရှုပ်စရာ ကောင်းပါတယ်။ မြန်မာလူမျိုးတွေက မှိုအုပ်စု သုံးခုစလုံးကို မှိုလို့ပဲ ခေါ်ဝေါ်ကြတာ ကြောင့်ပါ။
အင်္ဂလိပ်ဘာသာစကား Fungus (အများကိန်း - Fungi သို့မဟုတ် Funguses) ကို မြန်မာဘာသာကို ပြန်ဆိုတဲ့အခါ “မှို” လို့ ဘာသာပြန်ဆိုကြပါတယ်။ Fungus ဆိုတာ လောကတစ်ခုပါ။ ဥပမာအားဖြင့် သတ္တဝါတွေအား လုံးကို စုစည်းပြီး သတ္တဝါလောက (Animal Kingdom) လို့ ခေါ်သလို၊ Fungus ဆိုတာကလည်း သက်ရှိလောက (Kingdom) တစ်ခု ဖြစ်ပါတယ်။
Fungus (မှို) ဆိုတဲ့ Kingdom ထဲက လူတွေရဲ့ မျက်စိဖြင့် အလွယ်တကူမြင်ရပြီး၊ အပင်တွေလို ခူးဆွတ် နိုင်တဲ့ Mushroom တွေ (ဥပမာ - ကောက်ရိုးမှို၊ ကြွက်နားရွက်မှို) တွေကိုလည်း မြန်မာဘာသာနဲ့ “မှို” လို့ပဲ ခေါ်ပါ တယ်။ အဲဒီ Kingdom ထဲမှာပဲ ပါဝင်ပြီး၊ အစားအသောက်တွေ၊ သီးနှံတွေကို သိုလှောင်ပုံမမှန်လို့ ပေါက်ပွားလာ တတ်တဲ့ Mould တွေကိုလည်း မြန်မာလူမျိုးတို့က “မှို” လို့ပဲ ခေါ်ကြပြန်ပါတယ်။
တစေး (yeast) တွေဟာလည်း Fungus ဆိုတဲ့ Kigdom ထဲမှာ ပါဝင်ပါတယ်။ ဒါကြောင့် Fungus (မှို) တစ်မျိုးပဲ ဖြစ်တယ်လို့ ဆိုရခြင်းပါ။ တစေး ကိုပါ မှိုလို့ မခေါ်ပဲ တစေးလို့ ခွဲခြားခေါ်ဆိုခဲ့ဖြစ်နေတာကိုပဲ ကျေးဇူးတင်ရဦးမှာပါ။

တစေးတွေဟာ ဆဲလ်တစ်လုံးတည်းပါဝင်တဲ့ အဏုဇီဝသက်ရှိတွေဖြစ်ပြီး အရွယ်အစားအားဖြင့် အချင်း ၃ - ၄၀ မိုက်ခရွန်မီတာ လောက်ပဲ ရှိပါတယ်။ Fungus ဆိုတဲ့ kingdom ထဲမှာ တစေး မျိုးစိတ်ပေါင်း ၁၅၀၀ ကျော် လောက်ကို ရှာဖွေတွေ့ရှိပြီး နာမည်ပေးထားနိုင်ပြီ ဖြစ်ပါတယ်။ နာမည်မပေးရသေးတဲ့ တစေး မျိုးစိတ်တွေ အများ အပြား ရှိနေနိုင်ပါသေးတယ်။ တစေးမျိုးစိတ် ၁၅၀၀ ကျော်ရှိတယ်ဆိုပေမယ့် Fungus ဆိုတဲ့ kingdom ထဲမှာရှိတဲ့ မှိုမျိုးစိတ်အားလုံးရဲ့ ၁ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ သိရပါတယ်။
အဲဒီလို တစေးအမျိုးအစား ၁၅၀၀ ကျော် ရှိတဲ့အနက် စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်စီရေး (Saccharomyces cerevisiae) ဟာ မွေးမြူရေးကဏ္ဍမှာ ပရိုဘိုင်အိုတစ် (Probiotic) အနေနဲ့ရော၊ ပရီဘိုင်အိုတစ် (Prebiotic) အနေနဲ့ပါ အသုံးပြုမှုအများဆုံး တစေး ဖြစ်ပါတယ်။
လူတွေနဲ့ မစိမ်းလှတဲ့ စက်ခရိုမိုင်းဆီစ်
တကယ်တော့ စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်းစီရေးဟာ လူတွေနဲ့ မစိမ်းလှသလို ထူးထူးဆန်းဆန်းလည်း မဟုတ်လှပါဘူး။ လူတိုင်းရဲ့ နေ့စဉ်ဘဝမှာ အဲဒီ တစေးမျိုးစိတ်ဟာ မပါမဖြစ်လို့ ပါဝင်ပတ်သက်နေတယ်လို့တောင် ပြောလို့ ရပါတယ်။ ဘာကြောင့်လဲဆိုတော့ လူအများစားသုံးကြတဲ့ ပေါင်မုန့်၊ ပီဇာ အစရှိတဲ့ အစားအသောက်တွေ ပြုလုပ်ရာမှာ ဘီယာလို အဖျော်ယမကာမျိုးတွေမှာ ထုတ်လုပ်ရာမှာ စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်းစီရေး က မပါမဖြစ် ပါဝင်ပါတယ်။ ဒါကြောင့် သူ့ကို “မုန့်ဖုတ်တစေး (Baker’s yeast)” ၊ “ဘီယာချက်တစေး (Brewer’s yeast)” ဆိုတဲ့ နာမည်တွေနဲ့လည်း ခေါ်ဆိုကြပါသေးတယ်။
စက်ခရိုမိုင်းဆီစ် (Saccharomyces) ဆိုတဲ့ စကားဟာ သကြားလို့ အဓိပ္ပာယ်ရတဲ့ saccharon (σάκχαρον) နဲ့ မှို လို့ အဓိပ္ပာယ် ရတဲ့ myces (μύκης) ဆိုတဲ့ ဂရိဘာသာစကား က ဆင်းသက်လာတာပါ။ ဒါကြောင့် သကြားမှို (sugar-mould/sugar-fungus)၊ တနည်းအားဖြင့် သကြားရှိမှ တွေ့ရတဲ့မှို လို့ ဆိုလိုပါတယ်။ ဆယ်ရီဗိုင်စီရေး (cerevisiae) ဆိုတာကတော့ လက်တင်ဘာသာစကားက ဆင်သက်လာတာဖြစ်ပြီး "ဘီယာ (of beer)" ဆိုတဲ့ အ ဓိပ္ပာယ်ပါ။ သဘာဝအားဖြင့် စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်းစီရေး ကို သစ်သီးအမှည့်တွေမှာ တွေ့ရလေ့ ရှိပါတယ်။ အ ထူးသဖြင့် စပျစ်သီးတွေမှာပါ။ အသီးမှာပါဝင်တဲ့ သကြားဓာတ်ကို မှီခိုပြီး ရှင်သန်ပွားများကြတာမို့ပါ။ စပျစ်သီးပေါ် ပေါက်ပွားနေတာမျိုးကို တွေ့ရတယ်ဆိုပေမယ့် စပျစ်သီးက မမှည့်သေးဘဲ၊ သကြားဓာတ် မရှိသေးချိန်မှာ စက်ခရို မိုင်းဆီစ် တွေ မပေါက်ပွားနိုင်ပါဘူး။ ဒါကြောင့် ဒီတစေး အမျိုးအစားကို အချဉ်ဖောက်တဲ့ လုပ်ငန်း (fermentation) အတော်များများမှာ အသုံးပြုရတာကို တွေ့ရပါတယ်။
ကြက်မွေးမြူရေးတွင် အသုံးချခြင်း
စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်စီရေး ကြက်မွေးမြူရေးမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ဖို့ သုတေသနတွေ အမြောက်အများ ဆောင်ရွက်လာကြပါတယ်။ စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်စီရေး နဲ့ သူရဲ့ ထွက်ကုန် (derivatives) တွေကို အသားတိုးကြက်တွေကို ကျွေးပြီးစမ်းသပ်မှုတွေအရ ရလဒ်ကောင်းတွေ အတော်များများ တွေ့ထားတာကို တွေ့ရပါတယ်။
- ကြီးထွားနှုန်း တိုးတက်မားလာခြင်း (Santin et al., 2001.)
- အစာလမ်းကြောင်းရှိ အဏုဇီဝပိုးမွှားများကို ထိန်းကျောင်းပေးခြင်း (Al-Homidan and Fahmy, 2007)
- အစာချေဖျက်နှုန်းကောင်းမွန်ပြီး၊ အာဟာရဓာတ်ကို အသုံးချနိုင်မှု မြင့်မားလာခြင်း (Gao et al., 2008.)
- အစာလမ်းကြောင်းရဲ့ ပုံပန်းသဏ္ဍာန်ကို ပြောင်းလဲပေးခြင်း (Santin et al., 2001; Zhang et al., 2005.)
- အစာလမ်းကြောင်းရှိ ချဉ်ငံနှုန်းကို ထိန်းညှိပေးခြင်း (Afsharmanesh et al., 2010.)
- အစာချေအင်ဇိုင်းများ၏ လုပ်ငန်းများကို ပိုမိုကောင်းမွန်စေခြင်း (Gao et al., 2008.)
- ခုခံအားစနစ်၏ တုံ့ပြန်မှုကို လှုံ့ဆော်ပေးနိုင်ခြင်း (Morales-Lopez and Brufau, 2013.) တွေ့ရှိရတဲ့ စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်စီရေး တစေးရဲ့ အကျိုးကျေးဇူးတွေကို ကြည့်လိုက်ရင် ကြက်မွေး မြူရေးမှာ ပဋိဇီဝဆေးဝါးသုံးစွဲနေရတဲ့ အခြေခံအကြောင်းအရင်းတွေကို ဖြေရှင်းပေးနိုင်တဲ့အပြင် အခြားပိုသာတဲ့ အကျိုးကျေးဇူးအချို့ကိုပါ တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အသားတိုး ကြက်မွေးမြူရေးမှာ ကြီးထွားနှုန်း ကောင်းမွန်စေဖို့၊ ရောဂါထိန်းချုပ်ဖို့ အသုံးပြုနေရ တဲ့ ပဋိဇီဝဆေးဝါးတွေ နေရာမှာ စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်စီ ရေး တစေးကို အစားထိုးသုံးစွဲဖို့ စဉ်းစားလာကြတာ ဖြစ်ပါတယ်။
ပရိုဘိုင်အိုတစ်တွေ ထုတ်လုပ်ရာမှာ ရှင်သန်နေတဲ့ စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်စီရေး တစေး (live form) ကို အခြားသော ဘက်တီးရီးယားတွေ၊ တစေး တွေနဲ့ ရောစပ်ပြီး ထုတ်လုပ်လာကြပါတယ်။ ရှင်သန်နေတဲ့တစေး (live form) မဟုတ်ဘဲ၊ သူက ထုတ်လုပ်ထားတဲ့ ထုတ်ကုန် (derivatives) တွေကို ပရီဘိုင်အိုတစ် (Prebiotic) အ နေနဲ့ ထုတ်လုပ်သုံးစွဲတာမျိုးကိုလည်း တွေ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် စက်ခရိုမိုင်းဆီစ် ဆယ်ရီဗိုင်စီရေး တစေးဟာ ကြက်မွေးမြူရေးအပါအဝင် မွေးမြူရေး လုပ်ငန်းအတော်များများမှာ အသုံးပြုနေရတဲ့ ပဋိဇီဝဆေးတွေနေရာကို အစားထိုးသုံးစွဲဖို့ သဘာဝကပေးတဲ့ လက်ဆောင်တစ်ခု ဆိုတာတော့ သေချာပါတယ်။ အဲဒီ လက်ဆောင်ကို ထိထိရောက်ရောက် မှန်မှန်ကန်ကန် အသုံးချဖို့ တော့ လိုအပ်ပါလိမ့်မယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Dr. မောင်စိုးမိုး
7 months agoProbio P (LAB 10^10 CFU/g & Saccharomyces 10^9 CFU/g) - မြင်းများတွင် အသုံးပြုနည်း အသေးစိတ် မြင်းများအတွက် အထူးသတိပြုရန် အချက်များ မြင်းများသည် Ruminants (ဝမ်းတွင်းအူလမ်းကြောင်း ချေဖျက်နိုင်သော သတ္တဝါများ) မဟုတ်သောကြောင့် အစာခြေစနစ် ဖွဲ့စည်းပုံ ကွဲပြားပါသည်။ Probio P ကို မြင်းများတွင် အသုံးပြုရာတွင် အောက်ပါအချက်များကို အထူးဂရုပြုရန် လိုအပ်ပါသည်။ --- မြင်းများအတွက် အကျိုးကျေးဇူးများ ၁။ အစာခြေစနစ် ကျန်းမာရေး · Cecum နှင့် Large Colon ရှိ ကျေးဇူးပြုဘက်တီးရီးယားများ ညီမျှခြင်း · Fiber ချေဖျက်နိုင်စွမ်း မြင့်တက်ခြင်း · pH Level ထိန်းညှိပေးခြင်း ၂။ အာဟာရဓာတ် စုပ်ယူမှု · Volatile Fatty Acids (VFA) ထုတ်လုပ်မှု မြင့်တက်ခြင်း · ဗီတာမင်နှင့် သတ္တုဓာတ်များ စုပ်ယူမှု ကောင်းမွန်ခြင်း · အစာမှ စွမ်းအင်ရရှိမှု ပိုမိုကောင်းမွန်ခြင်း ၃။ ကျန်းမာရေး ကောင်းမွန်ခြင်း · ခုခံအားစနစ် မြှင့်တင်ခြင်း · အူနံရံ ကျန်းမာရေး ကောင်းမွန်ခြင်း · အူလမ်းကြောင်းဆိုင်ရာ ပြဿနာများ ကာကွယ်ပေးခြင်း --- အသုံးပြုနည်း နည်းလမ်းများ နည်းလမ်း (၁) - အစာနှင့် ရောကျွေးခြင်း (အကောင်းဆုံးနည်းလမ်း) အသုံးပြုပုံ: · မြင်းတစ်ကောင်လျှင် 5-10 gram/နေ့ နှုန်း · နေ့စဉ်ကျွေးမည့် အစာပေါ်သို့ ညီညာစွာ ဖြူးထည့်ပါ · ကောင်းစွာ ရောမွှေပြီး ကျွေးပါ အားသာချက်များ: · ညီမျှသော ဖြန့်ဖြူးမှု · မြင်းများ လက်ခံမှုကောင်းခြင်း · စွမ်းဆောင်ရည် တိုးတက်ခြင်း နည်း�လမ်း (၂) - ရေဖျော်၍ ကျွေးခြင်း အသုံးပြုပုံ: · Probio P 5-10 gram ကို ရေ 0.5-1 လီတာဖျော်ပါ · မြင်းသောက်ရေထဲသို့ ထည့်ပေးပါ · ဖျော်ပြီး 12 နာရီအတွင်း အသုံးပြုပါ အားသာချက်များ: · စျေးသက်သာခြင်း · အကျိုးသက်ရောက်မှုမြန်ခြင်း · လွယ်ကူသောနည်းလမ်း --- ဆေးပမာဏ (Dosage) မြင်းအမျိုးအစား နေ့စဉ်ကျွေးရန် ပမာဏ ကျွေးရမည့်ကာလ အရွယ်ရောက် မြင်းကြီး 10-15 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် မြင်းပေါက်/မြင်းငယ် 5-10 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရနfe မြင်းမမျိုးစိတ် 5-8 gram/တစ်ကောင် နေ့စဉ် ပုံမှန်ကျွေးရန် --- အထူးအသုံးပြုရမည့် အခြေအနေများ ၁။ အစာပြောင်းလဲကျွေးမွေးချိန် · အစာအသစ်သို့ ပြောင်းလဲကျွေးသည့် အချိန် 1-2 ပတ် ကြိုတင်၍ စတင်ကျွေးပါ ၂။ စိတ်ဖိစီးမှုများသော အချိန်များ · ပြိုင်ပွဲဝင်ချိန် · ခရီးသွားချိန် · နေရာပြောင်းရွှေ့ခြင်း · ဆေးကုသခံယူချိန် ၃။ ကျန်းမာရေး ပြဿနာများ · ဝမ်းပျက်ဝမ်းလျှောခြင်း · ဗိုက်အောင့်ဗိုက်နာခြင်း (Colic) · အစာစားချင်စိတ် နည်းပါးခြင်း --- သတိထားရမည့် အချက်များ ၁။ စတင်အသုံးပြုချိန် · ပထမ 7-10 ရက်: ပုံမှန်ပမာဏ၏ တစ်ဝက်ဖြင့် စတင်ကျွေးပါ · ဒုတိယ 7-10 ရက်: ပုံမှန်ပမာဏသို့ တိုးကျွေးပါ ၂။ ရှောင်ကြဉ်ရမည့် အချက်များ · ရေနွေးပူပူ/ဆူပွက်နေသော ရေနှင့် မရောမွှေပါနှင့် · ပဋိဇီဝဆေးများနှင့် တစ်ချိန်တည်း မကျွေးပါနှင့် · အပူချိန်မြင့်မားသော နေရာတွင် မသိမ်းဆည်းပါနှင့် ၃။ သိုလှောင်သိမ်းဆည်းမှု · ခြောက်သွေ့အေးမြသော နေရာတွင် သိမ်းဆည်းပါ · နေရောင်တိုက်ရိုက်မကျသော နေရာတွင် ထားပါ · လေလုံသော ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားပါ --- မြင်းများတွင် အသုံးပြုခြင်း၏ အထူးကျေးဇူးတင်စရာ အကျိုးကျေးဇူးများ ၁။ စွမ်းဆောင်ရည် မြင့်တက်ခြင်း · ပြိုင်ပွဲဝင်မြင်းများ: စွမ်းအင် ထုတ်လုပ်မှု ပိုမိုကောင်းမွန်ခြင်း · အလုပ်လုပ်မြင်းများ: ပင်ပန်းနွမ်းနယ်မှု လျှော့ချပေးခြင်း ၂။ အသားအရေ ကျန်းမာခြင်း · အမွေးအတောင်စိုပြောင်ခြင်း · အရေပြား ပြဿနာများ လျှော့ချပေးခြင်း ၃။ ကျန်းမာရေး ကောင်းမွန်ခြင်း · အစာခြေစနစ် ပြဿနာများ ကာကွယ်ပေးခြင်း · ခုခံအားစနစ် မြှင့်တင်ပေးခြင်း
Dr. မောင်စိုးမိုး
7 months ago1. Probio P ကို Ruminants မှာ သုံးရတဲ့ အကြောင်းအရင်း Probio P ထဲက Microbes 2 မျိုး— (A) LAB – Lactic Acid Bacteria Rumen pH ကို 6.0–6.5 အနေအထားထိန်း Lactic acid ကို Butyrate / Propionate ပြောင်း Fiber fermentation တိုး → Digestibility မြင့် (B) Yeast – Saccharomyces Rumen oxygen remove → strictly anaerobic bacteria active Cellulolytic bacteria (Ruminococcus, Fibrobacter) များပိုမြင့် Rumen VFA production (acetate/propionate) တိုး ➡️ Overall result ✔ Rumen function stable ✔ Feed efficiency +10–20% ✔ Weight gain / milk yield တိုး ✔ Immunity အားကောင်း --- ✅ 2. Dosage Calculation (Based on CFU requirements) Required daily CFU: LAB → 10⁸ – 10⁹ CFU / head / day Yeast → 10⁷ – 10⁸ CFU / head / day Probio P potency = LAB → 10¹⁰ CFU/kg = 10⁷ CFU/g Yeast → 10⁹ CFU/kg = 10⁶ CFU/g ➡️ Effective dose (scientific-adjusted): (A) Adult Cattle / Buffalo (300–600 kg) 20–30 g/day/head (B) Dairy Cows (Lactating) 30–40 g/day/head (C) Growing Cattle 10–20 g/day/head (D) Calves (1–6 months) 5–10 g/day/head (E) Goats / Sheep 3–5 g/day/head
Related questions
နွားမကြီး မျက်ရေပူတွေကြနေလို့ ဘာဖြစ်တာလဲဗျ ဘယ်လိုလုပ်ပေးရမလဲ
Ma wai • 1 answers
အိမ်မွေးကြက်တွေမှာ သံပြာကောင်တွေကျအောင် ဘာဆေးတိုက်ရမှာလဲ ဆရာတို့
စကြည်စိုး • 1 answers
သားတင်ထားတဲ့ဝက်မကြီး မထလို့ အစာလဲမစားဖြစ်နေလို့ ဘာဖြစ်တာလဲသိချင်လို့ပါ
thetpaingoo • 1 answers
ဝက်တစ်လသားလေးတွေအစာမစားပဲဝမ်းသွားနေလို့ဘာလုပ်ရမလည်းဗျာ့
Nay Ye Thwin • 1 answers
မင်္ဂလာပါရှင့် ကြက်ကျောက်ရောဂါ ကုသနိုင်မယ့်ဆေးအမျိုးအစားနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ သိချင်ပါတယ် အတွေ့အကြုံရှိ လူကြီးမင်းများ မျှဝေပေးကြပါနော်
Khin Khin • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025