ပုစွန်ကျားမွေးမြူရေးနည်းစနစ်များ
ရေငန်ပုစွန်ကျားမွေးမြူရေးနည်းစနစ်များမှာ နေရာဒေသ၏ ရာသီဥတု၊ ရေ၊ မြေ သဘာဝအပေါ်အခြေခံ၍ ရေငန်ပုစွန်များ ကြွယ်ဝမှုပေါ်မူတည်ပြီး မွေးမြူထုတ်လုပ်နိုင်ပါသည်။ အဓိကအခြေခံအားဖြင့် မွေးမြူရေးနည်းစနစ် (၃) မျိုးသာရှိပါသည်။
ပထမနည်းမှာ -
ရေငန်ပုစွန်ကျားများအား သဘာဝအလေ့အထကို အခြေခံသောနည်းစနစ်ဖြစ်သည်။ ဒီရေဖြင့်ပါလာသော ပုစွန်ကျားသားပေါက်များကို ရေငန်ဝင်သော မြေများတွင် တာရိုးများ (တာဘောင်များ) ပြုလုပ်၍ မွေးမြူသောနည်းစနစ်ဖြစ်သည်။ ၎င်းမွေးမြူရေးနည်းစနစ်သည် အကုန်အကျသက်သာ၍ လွယ်ကူသော နည်းစနစ်ဖြစ်သည်။ ရေငန်ဝင်ရောက်သော နယ်မြေများတွင် ဒီရေအတက်အကျကို စောင့်ကြည့်ပြီး ဖမ်းဆီးမွေးမြူခြင်းဖြစ်ပါသည်။ အချုပ်အားဖြင့်သဘာဝကို အခြေခံပြီး ပုစွန်ကျားအသားတိုးမွေးမြူရခြင်းဖြစ်သည်။
ရခိုင်ပြည်နယ်ရှိ နတ်မြစ်ကမ်းပါးတစ်လျှောက်တွင် မြေဧက ထောင်ချီ၍ ဖမ်းဆီးမွေးမြူထားကြောင်း လေ့လာသိရှိခဲ့ပါသည်။ တစ်ဧက ပိဿာ ၅၀ ခန့်ရရှိနိုင်ပါသည်။

ဒုတိယမွေးမြူနည်းစနစ်မှာ
မြေကြီးတွင်ကန်ကြီးများကို စနစ်တကျ တည်ဆောက်ပြီး ပုစွန်ကျားသားပေါက်များကို သဘာဝမှ ဖမ်းဆီးရယူ၍ ကန်များအတွင်းထိန်းသိမ်းစောင့်ရှောက်ကာ စနစ်တကျမွေးမြူသော နည်းစနစ်ဖြစ်ပါသည်။ အကုန်အကျများပြီး ကျွမ်းကျင်မှုလိုအပ်ပါသည်။ တစ်ဧကကို ပိဿာချိန် ၃၀၀ ကျော်အထိ ရရှိနိုင်ကြောင်းတွေ့ရှိရပါသည်။ ယခုအခါ ၎င်းနည်းစနစ်ဖြင့် ကုမ္ပဏီများ၊ လုပ်ငန်းရှင်များသည် ခေတ်ပေါ်နည်းစနစ်များဖြင့် မွေးမြူနေကြောင်း တွေ့ရှိရပါသည်။
တတိယမွေးမြူနည်းစနစ်မှာ
လိုအပ်သော ရေငန်ပုစွန်ကျားသားပေါက်များကို ပင်လယ်ပြင်မှ မျိုးပုစွန်ကြီးများကို ရယူပြီး အခန်းတွင်းသားပေါက်ထုတ်လုပ်ရေးနည်းဖြင့် ပုစွန်ကျားသားပေါက်များကို ဒုတိယနည်းကဲ့သို့ အသားတိုးကန်ကြီးများ ထည့်သွင်း၍ မွေးမြူသောနည်းစနစ်ဖြစ်ပါသည်။ ကျွမ်းကျင်မှုနှင့် အထူးဂရုစိုက်မွေးမြူရန် လိုအပ်သောနည်းဖြစ်သည်။
ရေငန်ပုစွန်ကျား မွေးမြူနိုင်သည့် နေရာများနှင့် ရေမြေအခြေအနေများ
- မြန်မာနိုင်ငံရှိ ပင်လယ်ကမ်းရိုးတန်းတလျှောက်သို့ စီးဝင်သော မြစ်ချောင်းမြောင်းများ၏ ဘေးတဖက်တချက်တွင် ဒီရေတက်ချိန်၌ ရေချို/ရေငန်စပ် နေရာများကို ပုစွန်ကျားမွေးမြူရန် တည်ဆောက်ရန် သတ်မှတ်ရွေးချယ်သင့်သည်။
- အသင့်တော်ဆုံးနေရာများမှာ ခေါင်ရေတကယ်တက်ချိန်၌ မြစ်ကမ်းပါး၊ မြေနိမ့်ပိုင်းသည် အနည်းဆုံး ၃ ပေ (သို့) ၄ ပေခန့် တက်သောမြေနေရာများ၌ ရွေးချယ်သင့်သည်။
- ရေငန်ဝင်ရောက်ပြီး စပါးမစိုက်သော မြေနေရာများ၊ မြေနိမ့်ပိုင်းများ အသုံးမပြုတော့သော ဆားကွင်းဟောင်းများကို လည်းကောင်း အသုံးချပါက ပို၍ ကောင်းမွန်ပါသည်။
- ဖော်ပြပါ မြေအနေအထားမျိုးကို ရခိုင်ပြည်နယ်တွင် အများဆုံးရှိ၍ ဧက ၂ သိန်းခန့် မွေးမြူနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။ အဆိုပါ မြေအမျိုးအစားများတွင် မိုးရာသီအချိန်၌ပင် ချောင်ရေများတွင် ရေငန်ဓာတ်ကျန်ရှိနေကြောင်းပါတွေ့ရှိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
တင်လှ
1 year agoရေချိုကန်လုပ်ပြီး မွေးလို့ရပါသလားခင်ဗျာ
U Nyunt Khin
1 year agoမပြေပါ၊ မိုးရာသီ မွေးမြူရေးကို ရပ်နားထားသင့်သည်။
မောင်အောင်ထွန်းလင်း
2 years agoမိုးရာသီမှာ မိုးရေ များရင်ရော အဆင်ပြေပါ့မလား သိတဲ့ဆရာ ဆရာမများ နည်းပြပေးကြပါလားဗျာ
Related questions
ငါးမွေးချင်လို့ပါ ဘယ်လိုငါးအမျိုးအစားမွေးရင်ကောင်းမလဲ အကြံပေးကြပါအုံး၏
yeaung • 1 answers
ဘာငါးမွေးသင့်လဲ ကန်က တူပြီးသားရှိတယ်
Tann Ta • 1 answers
ငါးအခုမှစမွေးမှာမို့လို့ စျေးကွက်ထဲရောင်းရဆူံး ငါးမျိုးစိတ်နဲ့ အစာကျွေးရလွယ်တဲ့ငါးမျိုး ဘယ်ငါးမျိုးမွေးရမလည်းဗျာ့ အကြံဉာဏ်ပေးကြပါအုံးဗျာ့
Nay Ye Thwin • 1 answers
ပုစွန်မွေးမြူနည်း
Than Htut Oo • 2 answers
ငါးကိုအသေနည်းပါးပီးကြီးထွားနှုန်းကောင်းအောင်ဘယ်လိုမွေးသင့်ပါသလဲ
MYO HLAING WIN • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ကိုမောင်မောင်(သုဝဏ္ဏ)
See all
မြန်မာနိုင်ငံတွင်းရှိ အင်းချောင်းလုပ်ငန်းများအကြောင်း
05/03/2026
ငါးစည်သွပ်ဘူးပြုလုပ်နည်း
23/04/2024
ငါးများ နိုင်ငံခြားသို့တင်ပို့ရောင်းချရန် ပြုပြင်ထုတ်လုပ်သည့် နည်းအဆင့်ဆင့်
15/02/2024
စက်ရုံများတွင် ပုစွန်ခြောက်ပြုပြင် ထုတ်လုပ်နည်း
15/01/2024
ရေငန်ပုစွန်ကျားသားပေါက် အသေအပျောက်နည်းစေရန် လုပ်ဆောင်ရမည့်အချက်များ
17/11/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....