ငလျင်ကြောင့် ငါး၊ ခရုစသည့် ရေနေသတ္တဝါများ ထိခိုက်ရသည့်အကြောင်းအရင်းများ
မြန်မာနိုင်ငံတွင် (28.3.2025) ရက်နေ့က မန္တလေး၊ စစ်ကိုင်းမြို့တို့ကို ဗဟိုပြု၍ မြေကြီးအောက် (၁၀) ကီလိုမီတာ (၇ မိုင်ခန့်) အကွာမှ ၇.၇ မဂ္ဂနီကျုဒ်ရှိ ငလျင် အကြီးအကျယ် လှုပ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ဤငလျင်ကြောင့် လူအများအပြား သေဆုံးမှုများနှင့် ဘုရားစေတီကျောင်းများ၊ အဆောက်အဦများ ပျက်စီးမှုများစွာ ဖြစ်ပွားခဲ့သည်။ မြန်မာနိုင်ငံသမိုင်းတွင် အလွန်ဝမ်းနည်းဖွယ် ကောင်းသော သေဆုံးပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်သော အဖြစ်ဆိုးကြီးတစ်ရပ်အဖြစ် မှတ်တမ်းဝင်ခဲ့ပါသည်။ နိုင်ငံတော်မှလည်း (31.3.2025) ရက်နေ့မှ (6.4.2025) ရက်နေ့အထိကို နိုင်ငံတော်အဆင့် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့ရက်အဖြစ် သတ်မှတ်ခဲ့ပြီး နိုင်ငံတော်အလံအား တိုက်ဝက်လွှင့်ထူစေခဲ့ပါသည်။
သို့ရာတွင် ငါးမွေးမြူရေးကန်များနှင့် မြစ်ချောင်းများရှိ ငါးများအပေါ် သက်ရောက်မှုနှင့် ပတ်သက်သည့် တိကျသော သတင်းအချက်အလက်များအနေဖြင့် ရရှိခြင်းမရှိပါ။ မန္တလေးမြို့ မဟာမြတ်မုနိဘုရားပရဝုဏ်အတွင်းရှိ ငါးကန်များမှ ငါးများသေဆုံးမှု ဖြစ်ခြင်း၊ အင်းလေးကန်မှ ခရုများ သေဆုံးမှုဖြစ်ခြင်းစသည့် သတင်းများ ကြားသိရသည်။ ယင်းမှာလည်း ငလျင်ကြောင့် သေဆုံးမှု ဖြစ်ပေါ်သည်ဟု အတည်ပြုနိုင်ရန်အတွက် သေချာသည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် လိုမည်ဖြစ်ပါသည်။
ယေဘုယျအားဖြင့် ငလျင်များသည် ငါးမွေးမြူရေးကန်များနှင့် မြစ်ချောင်းများအပေါ် အမျိုးမျိုးသော သက်ရောက်မှုများ ရှိနိုင်ပါသည်။ ဥပမာအားဖြင့် ငလျင်လှုပ်ရှားမှုကြောင့် ရေကန်များ ပျက်စီးခြင်း၊ ရေထွက်ခြင်း၊ ရေထဲသို့ ဓာတုပစ္စည်း ယိုစိမ့်ဝင်ခြင်းများ ဖြစ်ပေါ်နိုင်ပြီး ဤသို့သော အခြေအနေများသည် ငါးများအား သေဆုံးမှုများကို ဖြစ်စေနိုင်သည်။ သို့သော် ဤသို့သော သက်ရောက်မှုများသည် ငလျင်၏ ပြင်းအား၊ မြေမျက်နှာပြင်မှ အတိမ်အနက် ဗဟိုပြုနေရာနှင့် ငါးမွေးကန်များ၏ တည်နေရာအပေါ် မူတည်ပါသည်။
ငလျင်၏ ပြင်းအား (Magnitude) အားလုံးမှာ တိုက်ရိုက်ငါးသေဆုံးမှုကို ဖြစ်စေမည် မဟုတ်ပါ။ သို့သော် ပြင်းအားကြီးမားသော ငလျင်များ၏ ပြင်းအား (Magnitude) ပေါ် မူတည်၍ ငါးသေဆုံးမှု ဖြစ်စေနိုင်သည့် အကြောင်းအရင်းများမှာ ကွာခြားမှုရှိပါသည်။
- Magnitude 5.5 - 6.5 - ငလျင်ဖြစ်တဲ့အခါ မြေအောက်မှာရှိတဲ့ ရေတွေဟာ ရုတ်တရက် ရွှေ့ပြောင်းမှုဖြစ်ခြင်း (Seismic Water Displacement) ကြောင့် ရေပြင်မှာ လှုပ်ရှားမှုအနည်းငယ် ဖြစ်နိုင်ပြီး ငါးများတွင် အနည်းငယ် အနှောင့်အယှက်ဖြစ်နိုင်သည်။ ရေအောက်တွင် တိုက်မိမှု အနည်းငယ် ဖြစ်နိုင်သည်။
- Magnitude 7.0 နှင့်အထက် - များသောအားဖြင့် ဆူနာမီ (Tsunami) ဖြစ်နိုင်ချေ ရှိသည်။ ဆူနာမီကြောင့် ငါးများ သေဆုံးမှု ဖြစ်စေနိုင်သည်။
- Magnitude 7.5 နှင့်အထက် - ဆူနာမီကြောင့် ရေလှိုင်းကြီးများ ထွက်ပေါ်နိုင်ပြီး ငါးများကို ကမ်းတင်စေကာ သေဆုံးမှု ဖြစ်စေသည်။
- Magnitude 8.0 နှင့်အထက် - ဆူနာမီကြီးများ ဖြစ်နိုင်ပြီး ယင်းကြောင့် ငါးမြောက်များစွာ သေဆုံးနိုင်သည်။ ဆူနာမီလှိုင်းကြီးများနှင့် ရေအောက်ဖိအား ပြောင်းလဲမှုကြောင့် ငါးသေဆုံးမှု အများဆုံးဖြစ်နိုင်သည်။
- Magnitude 9.0 နှင့်အထက် - 2004 ခုနှစ်တွင် ဖြစ်ပွားခဲ့သော အိန္ဒိယသမုဒ္ဒရာဆူနာမီကဲ့သို့ ငါးအမြောက်အများ သေဆုံးမှု ဖြစ်ခဲ့ကြောင်း တွေ့ရပါသည်။
သတ်မှတ်ချက် - မြေပြင်ပေါ်မှာ ဖြစ်ပေါ်သောငလျင် (Land Based Earthquake) သည် တိုက်ရိုက်ငါးသေဆုံးမှုကို မဖြစ်စေနိုင်သော်လည်း ငလျင်ကြောင့် ဖြစ်ပေါ်လာသော မြေပြိုမှုများ (Seismic – induced landslide) ကြောင့် ရေထဲသို့ မြေမှုန်၊ သဲမှုန်များ ဝင်ရောက်ခြင်းက ငါးများ အသက်ရှုမှုကို ထိခိုက်စေပြီး သေဆုံးမှု ဖြစ်စေနိုင်ပါသည်။

ငလျင်ကြောင့် ငါးများသေဆုံးမှုဖြစ်စေနိုင်သော အဓိကအကြောင်းအရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ ရေလှိုင်းလှုပ်ရှားမှုနှုန်း အားပြင်းစွာ လှုပ်ခတ်မှု
ငလျင်ဖြစ်သည်နှင့်အမျှ ရေနက်ပိုင်းသို့ ကြီးမားသော အဝင်/အထွက်လှိုင်းများ (Seiches) ဖြစ်ပေါ်နိုင်သည်။ ရေလှိုင်းထဲတွင် ငါးများ ထိခိုက်မှု ရှိနိုင်ပြီး အချို့ ငါးများသည် ယင်းရေလှိုင်းထဲမှ မထွက်နိုင်ဘဲ အသက်ရှုမရနိုင်သော အခြေအနေတွင် ရောက်ရှိနိုင်သည်။
၂။ ရေနံ (Oil) နှင့် ဓာတုပစ္စည်းများ ထွက်ခြင်း
ငလျင်ကြောင့် စက်ရုံများ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများမှ ဓာတုပစ္စည်းများနှင့် ရေနံများ ရေထဲသို့ ရောက်ရှိညစ်ညမ်းမှု ဖြစ်ကာ သေဆုံးနိုင်သည်။
၃။ ရေထဲရှိ အောက်ဆီဂျင်ပမာဏ လျော့ကျမှု
ငလျင်ကြောင့် ရေလှိုင်းများ ပြင်းထန်စွာ တုန်ခါခြင်းဖြင့် ရေထဲရှိ ပျော်ဝင်အောက်ဆီဂျင် (Dissolved Oxygen) ပမာဏ လျော့နည်းနိုင်သည်။ အောက်ဆီဂျင်မလုံလောက်ပါက ငါးများသည် အသက်ရှုမရဘဲ အောက်ဆီဂျင်ပြတ်ကာ သေဆုံးနိုင်သည်။
၄။ ရေချိုရင်းမြစ်အစားထိုးမှု
ရေငန် (Salinity) အဝင်အထွက်ရှိသော မြစ်ချောင်းများအနီးရှိ ငါးမွေးမြူရေးကန်များတွင် ငလျင်ကြောင့် ရေငန်များ ကန်အတွင်းသို့ ရောက်နိုင်သည်။ မွေးမြူထားသော ငါးများသည် ရေချိုငါးများ ဖြစ်ပါက ရေငန်တွင် ပါဝင်သော ဓာတ်ဆားများကြောင့် သေဆုံးနိုင်သည်။
၅။ မြေအောက်ဓာတ်ငွေများ ထွက်လာခြင်း
ငလျင်ကြောင့် မြေအောက်ရှိ သဘာဝဓါတ်ငွေများ (Methane, Hydrogen Sulfide) ထွက်လာပြီး ကန်ရေထဲသို့ ရောနှောဝင်ရောက်နိုင်သည်။ ငါးများသည် ဓါတ်ငွေ့အဆိပ်သင့်ခြင်း ကြောင့် အသက်ရှုမရနိုင်တော့ဘဲ သေဆုံးနိုင်သည်။
၆။ ရေလွှမ်းမိုးမှုနှင့် ရေလှုပ်ရှားမှုဖြစ်ခြင်း
ငလျင်ကြောင့် ရေလွှမ်းခြင်း (Flooding) ဖြစ်နိုင်ပြီး ယင်းသို့ ဖြစ်သည့်အခါ ကန်ထဲမှ ငါးများ သည် ကန်ပြင်သို့ ရေလွှမ်းမိုးခြင်းနှင့်အတူ ရောက်ရှိကာ အခြားအမဲလိုက် သတ္တဝါများ (ငါးရိုင်း၊ ငှက်များ) မှ အလွယ်တကူ ဖမ်းဆီးစားသောက်ခြင်းကြောင့် သေဆုံးနိုင်သည်။
၇။ ငါးမွေးမြူရေးကန်ပျက်စီးမှု
ငလျင်ကြောင့် ငါးမွေးမြူရေးကန်များ ပျက်စီး၍ မွေးကန်အတွင်းသို့ ရွှံ့နွံများ ဝင်ရောက်ခြင်း၊ ကန်တွင် ရွှံ့နွံများ ထွက်ခြင်းများ ဖြစ်နိုင်သည်။ ငါးများသည် ယင်းအခြေအနေများကြောင့် အသက်ရှု မရနိုင်ခြင်း၊ အစာရှာမရခြင်းများ ဖြစ်၍ သေဆုံးနိုင်သည်။
ငလျင်များကြောင့် ငါးများအပေါ် ထိခိုက်မှု သာဓကများ
၁။ အိန္ဒိယနိုင်ငံ - 2004 ခုနှစ် ဒီဇင်ဘာလ 26 ရက်နေ့တွင် အိန္ဒိယ သမုဒ္ဒရာ၌ ဖြစ်ပွားခဲ့သော မဂ္ဂနီကျုဒ် 9.1 ရှိ ငလျင်ကြောင့် ဆူနာမီ ဖြစ်ပေါ်ခဲ့သည်။ ထိုဆူနာမီကြောင့် ငါးအမြောက်အများ သေဆုံးခဲ့ပြီး ပတ်ဝန်းကျင်တွင်လည်း ထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။
2021 ခုနှစ် အောက်တိုဘာလတွင် အရုဏာချယ်ပြည်နယ်ရှိ ကမင်မြစ်တွင် မဂ္ဂနီကျုဒ် 3.4 ရှိ ငလျင်ကြောင့် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့သည်။ ထိုမြေပြိုမှုများကြောင့် မြစ်ရေတွင် ညစ်ညမ်းမှုများ ဖြစ်ပေါ်ပြီး ငါးများ သေဆုံးမှု ဖြစ်ခဲ့သည်။
၂။ အိုက်စလန်နိုင်ငံ - 2023 ခုနှစ်တွင် အိုက်စလန်နိုင်ငံ Grindavik တွင် ငလျင်ကြီးတစ်ခု ဖြစ်ပွား ခဲ့ရာ Matorka ငါးမွေးမြူရေးစခန်းသည် ထိခိုက်မှုများ ကြုံတွေ့ခဲ့ရပြီး ငါး 75 တန်အထိ ဆုံးရှုံးခဲ့ရ သည်။
သုံးသပ်ချက်
ငလျင်ဖြစ်ပွားပြီးနောက် ငါးများသေဆုံးမှုဖြစ်ပေါ်ခြင်းရှိပါက အထက်ဖော်ပြပါ အကြောင်း အရာများအနက်မှ တစ်ခုခု သို့မဟုတ် တစ်ခုထက်ပိုသော အကြောင်းရင်းများကြောင့် ဖြစ်နိုင်ပါသည်။ သေဆုံးမှုများ ဖြစ်ပေါ်သည့်ငါးများကို နမူနာယူ၍ စစ်ဆေးခြင်း၊ ကန်ရေအား ဓာတ်ခွဲစစ်ဆေးခြင်းများ ပြုလုပ်သင့်သည်။ ထိုသို့သော သုတေသနများဖြင့် အနာဂတ်တွင် ငါးမွေးမြူရေးလုပ်ငန်းများ အတွက် ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုကို လျော့ချပေးနိုင်မည့် နည်းလမ်းများ ပြုလုပ်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် 28.3.2025 ရက်နေ့က ဖြစ်ပွားခဲ့သော ငလျင်ကြောင့် အဓိက ငလျင်ဖြစ်ပွားရာ ဒေသများရှိ ငါးမွေးမြူရေးကန်များနှင့် မြစ်ချောင်းများရှိ ငါး၊ ခရု စသည့် ရေသတ္တဝါများအပေါ် သက်ရောက်ထိခိုက်မှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို တိကျစွာ ဖော်ပြရန် လက်ရှိ တွင် အချက်အလက်များ မရရှိနိုင်ပါ။ သက်ဆိုင်ရာ တာဝန်ရှိဌာနများနှင့် သုတေသနပြု ပညာရှင်များမှ နောက်ထပ် အချက်အလက်များ ထုတ်ပြန်နိုင်ပါက ထိုသတင်းအချက် အလက်များကို အခြေခံ၍ ပိုမိုအသေးစိတ်သော အကြောင်းအရာတွေ့ရှိချက်များကို ထုတ်ဖော်နိုင် မည်ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related articles
မြန်မာနိုင်ငံတွင်းရှိ အင်းချောင်းလုပ်ငန်းများအကြောင်း
လူ့အမြင်..နွားအမြင်
ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုဖြစ်ပွားခဲ့သော ငါးမွေးမြူရေးကန်များအပေါ် ပြန်လည်ကုစားဆောင်ရွက်နည်းများ
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်နိုင်(ငါးဦးစီး - ငြိမ်း)
See all
အကောင်းဆုံးငါးမွေးမြူရေးကျင့်စဉ်တွင် ပါဝင်သော အဆင့်များ
13/05/2026
အကောင်းဆုံး ငါးမွေးမြူရေးအလေ့အကျင့်ဆိုတာဘာလဲ?
03/04/2026
အာရုံကြောစနစ်ကို ဖျက်စီးလိုက်နိုင်တဲ့ အပြာကွင်းပတ်ရေဘဝဲ
12/11/2025
စားလို့ရတဲ့ ငါးဥ နဲ့ စားလို့မရတဲ့ ငါးဥ
04/08/2025
ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုဖြစ်ပွားခဲ့သော ငါးမွေးမြူရေးကန်များအပေါ် ပြန်လည်ကုစားဆောင်ရွက်နည်းများ
21/04/2025