မွေးမြူရေးကြက်ခြံမှာ ဒီပြသနာလေးတွေဖြစ်လာခဲ့ရင်
မွေးမြူရေးကြက်ခြံမှာ ဖြစ်တတ်လေ့ရှိတဲ့ ဇတ်တူသားစားခြင်း (သို့) ကြက် အချင်းချင်းဆိတ်ခြင်း ထိုဂနှက်ကြခြင်းတွေဟာ အောက်ပါအကြောင်းအရာအများစုကြောင့်ဖြစ်ရပါတယ်။
၁။အကောင်အရေအတွက်များစွာ ပြွတ်သိပ်နေခြင်း
၂။အခန်းတွင်း အပူချိန် မြင့်မားခြင်း
၃။အခန်းတွင်း အလင်းရောင်များခြင်း
၄။အစာကျွေးပုံ မမှန်ကန်ခြင်း
၅။မျိုးမတူတစ်ကောင်ကို အသစ်ထပ်တိုးရောနှောထည့်ခြင်း
၆။အစာကျွေးချိန် မမှန်ခြင်း
ရေနှင့် အခြားအစာလိုအပ်ချက်ကို အချိန်မှန်မဖြည့်ဆည်းခြင်း
စတဲ့အချက်အလက်အများစုပါ၀င်ပါတယ်။
ဒီလို ကြက်အချင်းချင်းဆိတ်ကြတဲ့ အခြေအနေဖြစ်လာရင်တော့ အောက်ပါနည်းလမ်းများအသုံးပြုပြီး ကာကွယ်ကြည့်ပါ။
၁။အစာအသင့်စားကနေ အစာကိုယ်တိုင်ရှာစားဖို့ ပြောင်းလဲနိူင်မယ့် အခြေအနေတစ်ခုကို ပြုလုပ်ပေးရန်
၂။နေ့စဉ်ကျွေးတဲ့အစာထဲမှာ အစိမ်းရောင်အမျှင်ဓာတ်ကိုအနည်းငယ်ရောနှောပြီးကျွေးပါ
၃။အလင်းများလွန်းတဲ့ အခြေအနေတစ်ခုကနေ လျှော့ချပါ၊ ဥပမာ နေ့ည အမြဲ မီးထွန်းတာမျိုးရှောင်ကျဉ်ရန်
၄။Poultry blinders လို့ခေါ်တဲ့ ရှေ့ကိုမမြင်အောင်ကာတဲ့ ပစ္စည်းတွေကို အသုံးပြုလို့ရနိုင်ပါတယ်
၅။ဒဏ်ရာရထားတဲ့ကြက်တွေကို သီးခြားထားဖို့အရေးကြီးတယ်ဆိုတာ သတိရပါ
၆။နောက်ဆုံးအရေးကြီးတဲ့အချက်ကတော့ သူ့အရွယ်နဲ့သူ နှုတ်သီးကို ဖြတ်ပေးဖို့ပါပဲ
ယခုလိုပြသနာတွေ မဖြစ်ဖို့ ငယ်စဉ်က နှုတ်သီးရဲ့ ၃ပုံတစ်ပုံရှေ့ပိုင်းကို တိပေးဖို့ ဖြစ်ပါတယ်။
ပြည့်ဖြိုးသော် B.Agr.Sc(Soil and Water Sc)
Reference: https://blog.agrihomegh.com/cannibalism-in-poultry/
Related articles
မြန်မာနိုင်ငံတွင်းရှိ အင်းချောင်းလုပ်ငန်းများအကြောင်း
လူ့အမြင်..နွားအမြင်
ငလျင်ဒဏ်ကြောင့် ပျက်စီးထိခိုက်မှုဖြစ်ပွားခဲ့သော ငါးမွေးမြူရေးကန်များအပေါ် ပြန်လည်ကုစားဆောင်ရွက်နည်းများ
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ပြည့်ဖြိုးသော်
See all