ဂျစ်ပဆန်မြေဩဇာဆိုတာ ဖြည့်စွက်မြေဩဇာ
အားလုံးပဲမင်္ဂလာပါခင်ဗျာ
ပုလဲလို့လူသိများကြတဲ့ နိုက်ထရိုဂျင်မြေဩဇာရဲ့ အသုံးဝင်ပုံနဲ့ အကျိုးပြုပုံများကို စိုက်ပျိုးရေးလုပ်ငန်းကိုလုပ်ကိုင်နေကြတဲ့ တောင်သူဦးကြီးတော်တော်များများ သိရှိကြပြီးဖြစ်ပါတယ်။ ယခုအခါမှာတော့ အသုံးများပြီး အသိနည်းကြတဲ့ ဂျစ်ပဆန်မြေဩဇာအကြောင်းကို အကျဉ်းချုပ်ရေးသား ဖော်ပြပေးလိုက်တယ်။
လယ်ယာလုပ်ငန်းကိုလုပ်ကိုင်ခဲ့ကြတဲ့ ကျွန်တော်တို့မြန်မာနိုင်ငံရှိ တောင်သူလယ်သမားအများစုဟာ သွင်းအားစုကုမ္ပဏီကြီးများ၏ကောင်းမှုကို အကြောင်းပြုကာ ၂၀ ရာစုခန့်မှစတင်ကာ ဓာတ်မြေဩဇာများကို ကျယ်ပြန့်စွာ စတင်အသုံးပြုခဲ့ကြပါတယ်၊ အသုံးပြုမှုအများဆုံးသော မြေဩဇာစာရင်းတွင် နိုက်ထရိုဂျင်မြေဩဇာ၊ ကွန်ပေါင်းမြေဩဇာ၊ တီစူပါ ၊ ၁၅ပတ်လည်စသည်ဖြင့် အမျိုးအစားစုံလင်စွာပါဝင်ခဲ့ပါတယ် ။ ရှေးယခင်ကတည်းက ဂျစ်ပဆန်ကို မြေချဉ်ကို ပြုပြင်ရာတွင်သာ အဓိကအသုံးပြုခဲ့ကြပြီး အခြားသောဖြည့်စွက်မြေဩဇာအဖြစ် အသုံးပြုခြင်းမရှိခဲ့ပါဘူး၊ ထို့ကြောင့် သီးနှံရဲ့အထွက်နှုန်းမှာ အချို့သောလယ်ယာမြေများအတွက် နှောင့်နှေးခဲ့စေပါတယ်၊ စာရေးသူ ယနေ့ဖေါ်ပြတဲ့ အောက်ဖေါ်ပြပါအချက်အလက်များက ဂျစ်ပဆန်မြေဩဇာရဲ့အသုံးဝင်ပုံကို သိရှိစေမှာဖြစ်ပါတယ်။
၁။ အပင်အတွက်အဓိကလိုအပ်တဲ့ ကယ်လ်ဆီယမ်နဲ့ ဆာလဖာတို့ ကြွယ်ဝစွာပါဝင်
အမြစ်ကြီးထွားတဲ့နေရာမှာ အဓိကအခန်းကဏ္ဍကပါဝင်တဲ့ ကယ်လ်ဆီယမ်ကို ဂျစ်ပဆန်မြေဩဇာမှာလည်း လုံလောက်စွာရရှိနိုင်ပါတယ်။ အပင်တွေမှာ ဆာလဖာဓာတ်လည်း လိုအပ်လျှက်ရှိတဲ့အတွက် ဓာတ်မြေဩဇာကုမ္ပဏီကြီးများဟာ ယခုအခါ ဆာလဖာပူးတွဲမြေဩဇာများကို ထုတ်လုပ်နေကြပြီ ဖြစ်ပါတယ်။ မည်သို့ပင်ဆိုစေကာမူ ဂျစ်ပဆန်မြေဩဇာအသုံးပြုခြင်းဖြင့် ကယ်လဆီယမ်ရော ဆာလဖာဓာတ်ကိုပါ အပင်အတွက် သင့်တင့်မျှတစွာ ရရှိစေမှာပဲဖြစ်ပါတယ်။
၂။ မြေချဉ်ကုသခြင်းနှင့် အလူမီနီယမ်လွန်ကဲခြင်းကို လျော့ကျစေခြင်း
ဂျစ်ပဆန်မြေဩဇာဆိုတာ မြေချဉ်ပြသနာကို ကုသပေးနိုင်တဲ့ တစ်ခုတည်းသော မြေဩဇာအဟာရဖြစ်ပါတယ်။ မြေတွင် များပြားစွာပျော်ဝင်နေတဲ့ အဆိပ်သင့် Heavy Metal အများစုကို ဓာတ်ပြယ်စေတဲ့ သတ္တိရှိပါတယ်။ ဂျစ်ပဆန်ဟာ အပင်တစ်ပင်ရဲ့ အမြစ်ဖွံ့ဖြိုးမှုကို အဓိကထောက်ပံ့ပေးနိူင်တဲ့ အဟာရတစ်မျိုးဖြစ်တဲ့အတွက် အမြစ်နဲ့ မြေအောက်ပိုင်းကို အဓိကစားသုံးရတဲ့ သီးနှံများဖြစ်ကြတဲ့ အာလူး၊ မြေပဲ ၊ ကန်စွန်းဥ စတဲ့ သီးနှံများအတွက် ဖြည့်စွက်အဟာရအဖြစ် သုံးစွဲနိုင်ပါသေးတယ်။
၃။ မြေကြီး၏တည်ဆောက်ပုံနဲ့ အရည်အသွေး တိုးတက်လာစေနိုင်ခြင်း
ဂျစ်ပဆန်မြေဩဇာ အသုံးပြုလိုက်ခြင်းဟာ မြေကြီးရဲ့ဖွဲ့စည်းတည်ဆောက်ပုံတွေ ပိုမိုကောင်းမွန်လာစေနိုင်တယ်လို့ ဥရောပနိုင်ငံများရှိ စိုက်ပျိုးရေးစာစောင်တွေမှာ အကျယတစ်ဝင့် ဖေါ်ပြကြပါတယ်။ ရွှံ့စေးဆန်တဲ့ မြေကြီးရဲ့ တည်ဆောက်ပုံကို အနည်းငယ်လျော့ရွဲစေပြီး ရေစီးရေလာကောင်းမွန်စေပါတယ်။ မြေကြပ်ခြင်းကို များစွာကြုံတွေ့နေရတဲ့ နေရာများမှာ ဂျစ်ပဆန်ကို မြေခံအဖြစ်အသုံးပြုခြင်းဖြင့် ပိုမိုကောင်းမွန်လာစေတဲ့ စိုက်ပျိုးမြေကို ရရှိလာစေမှာဖြစ်ပါတယ်၊ ထို့ကြောင့် ဂျစ်ပဆန်မြေဩဇာဟာ စိုက်ပျိုးရေးလောကမှာ မြေချဉ်ခြင်း ကုသရုံတင်မကပဲ မြေကြီးရဲ့ ဖြည့်စွက်အဟာရအဖြစ် အသုံးပြုနိုင်ပါကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
ပြည့်ဖြိုးသော် (B.Agr.Sc ,Soil and water science)
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
သန့်ဇင်ဗိုလ်
2 years agoဂျစ်ပဆန်မြေသြဇာက. သီးနှံမျိုးစုံသုံးလို့ရပါသလားခင်ဗျာ နှမ်း နေကြာ မြေပဲ စပါး ကုလားပဲ စတာတွေပေါ့ဗျာ ဖြေကြားပေးပ့ဦး
Ko Khaing Zin
5 years agoဂျစ်ပဆန် မြေသြဇာက မြေငံကိုကုသတာမဟုတ်ဘူးလား ခင်ဗျ ဆာလ်ဖာကမြေကိုချဥ်စေတာမဟုတ်လားခင်ဗျ ဆရာကြီးဦးဖရက်သိန်းဖေစာအုပ်မှာ မြေငံကိုကုသလို့ရတယ်လို့ပြောတားတယ်ဗျ ဘယ်ဟာက အဖြေမှန်လဲ တောင်သူများအတွက် ကွဲကွဲပြားပြားသိပြစေ အဖြေကိုပြန်လည်ပေးပို့ပေပါခင်ဗျာ
ဦးဝင်းကျော်ထွေး
5 years agoကျေးဇူးပါ
မောင်မြင့်ရီ
5 years agoပိန်းနဲသီးကင်းဝင်ချိန်မှာသံုးယင် ထိရောက်မှုအထွက်ကာင်နိုင်သလားဗျ
ဒေါ်ခင်ဇာခြည်
5 years agoစပါာစိုက်ပြီး ၁၄ ရက်သားမှာ gypsum ထည့်လို့ရပါသလား
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ပြည့်ဖြိုးသော်
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....