လယ်ယာစိုက်ပျိုးမြေများဟာ ကမ္ဘာကြီးရဲ့ကျောက်ကပ်များလား
လယ်ယာစိုက်ပျိုးမြေများကို ကမ္ဘာမြေကြီးရဲ့ ကျောက်ကပ်များသဖွယ် တင်စားမယ်ဆိုရင်လည်း မှန်နိုင်ပါတယ်။ အဘယ့်ကြောင့်နည်း? ကျွန်ုပ်တို့ခန္တာကိုယ်ထဲတွင်ရှိသော ကျောက်ကပ်၂ ခုဟာ ခန္တာကိုယ်အတွင်းမှာစုဆောင်းရောက်ရှိတဲ့ ရေမှပါလာတဲ့ အညစ်အကြေးများကို ၂၄ နာရီကြာလျှင်တစ်ကြိမ် စစ်ယူပေးပြီး ခန္တာကိုယ်ကို သန့်စင်စေပါတယ်။ ထိုနည်းတူစွာ စိမ်းလန်းစိုပြေလျှက်ရှိတဲ့ လယ်ယာမြေများဟာ မြေဆီလွှာများယိုယွင်းပျက်စီးမှုကို ထိန်းသိမ်းကာကွယ်ပေးပါတယ်။
မိုးသည်းထန်စွာရွာသွန်းတဲ့အခါ ရေများဟာ မြေဆီလွှာပေါ်မှာ ဖြတ်သန်းစီးဆင်းသွားကြပါတယ်။ မိုးသည်းထန်စွာ မရွာတဲ့အခါမှာ မိုးရေများက မြေကြီးထဲသို့စီးဝင်ကြပြီး အပင်များရဲ့ အမြစ်များဆီသို့ ရောက်ရှိကြပြီး စိုက်ပျိုးသီးနှံများ၊ နှစ်ရှည်ပင်များရဲ့ ရှင်သန်ကြီးထွားမှုကို ပေးစွမ်းပါတယ်။ အချို့သောအခြေအနေများမှာဆိုရင်တော့ မြေအောက်ထိ ဖြေးညင်းစွာစီးဆင်းကြပြီး မြေအောက်ရေစီးကြောင်းများကို ဖြစ်ပေါ်စေပါတယ်။ မြေကြီးကို ရေက ဖြတ်သန်းစီးဆင်းသွားတဲ့အတွက်ကြောင့် စီးဆင်းရေမှတစ်ဆင့် မြေမှာပျော်ဝင်လျှက်ရှိသော မြေဆီအမှုန်များနှင့် Chemicalများကို သယ်ဆောင်ပါတယ်။ ဥပမာအားဖြင့်ပြောရသော် မြင့်သောကုန်းမြင့်ပေါ်တွင်စိုက်ပျိုးထားသောအကွက်မှ မြေဩဇာများ ရေနဲ့အတူမျောပါရင်း သယ်ဆောင်သွားနိုင်ပါတယ်။ အချို့သော မြေမှုန်များ(aggregates)များဟာ မြစ်ရေစီးကြောင်းမှတစ်ဆင့် မြစ်ဝှမ်းဒေသမှာ နုံးတင်မြေနုများအဖြစ်တည်ရှိကြပြီး စိုက်ပျိုးမြေအတွက် ပိုမိုကောင်းမွန်တဲ့ အဟာရကိုပေးစွမ်းပါတယ်။ ပတ်ဝန်းကျင်ရှိပျော်ဝင်ပစ္စည်းများကို တစ်နေရာမှ အခြားတစ်နေရာသို့ သယ်ဆောင်ပြီး အချို့မှာ ရေကန်များ၊ ချောင်းများ၊ မြစ်များမှတစ်ဆင့် ပင်လယ်ဆီသို့သယ်ဆောင်ပြီး ပြောင်းလဲမှုဖြစ်စဉ်များကို ဖြစ်ပေါ်စေပါတယ်။ ထိုမျှမကသေးပါ၊ လယ်ယာမြေများက ပတ်ဝန်းကျင်ရှိသက်ရှိများရဲ့ ဇီဝကမ္မဖြစ်စဉ်များအပေါ်တွင် များစွာသက်ရောက်မှုရှိနေပါတယ်။ လယ်ယာမြေများတွင် ရေသွင်းခြင်းထုတ်ခြင်းဖြင့် Nitrification မှ denitrification ဖြစ်စဉ်အတွင်းမှာ ပါဝင်နေပါတယ်။ အပေါ်ယံမြေသားပေါ်တွင် ကျက်စားနေထိုင်သော တီကောင်များရဲ့ အခန်းကဏ္ဍဟာလည်း မြေကြီးရဲ့ ကောင်းမွန်စွာထွန်ယက်စိုက်ပျိုးနိုင်မှုအပေါ်မှာ များစွာ ကောင်းကျိုးသက်ရောက်စေပါတယ်။ Wet land လို့ခေါ်ဆိုသတ်မှတ်ရာမှာ ကုန်းတွင်းပိုင်းရှိအချို့သော အင်းအိုင်များနဲ့ ရေသေဘေးမဲ့တောအချို့ကိုလည်း ထည့်သွင်းဖေါ်ပြကြပါတယ်။ ဆောင်းခိုငှက်များနှင့် တောရိုင်းတိရစ္ဆာန်များအတွက် အမှီသဟဲပြုအားထားရာ ကုန်းတွင်းပိုင်းရေနေဒေသများဟာလည်း ကမ္ဘာကြီးရဲ့ ကျောက်ကပ်များပင် ဖြစ်ကြပါတယ်။ ထွန်ယက်စိုက်ပျိုးရာ လယ်ကွက်များကလည်း ပတ်ဝန်းကျင်သက်ရှိများ၏ အရေးပါသော ကွင်းဆက်ကြီးဖြစ်ရာ စိုက်ပျိုးမြေများဟာလည်း ကမ္ဘာကြီးရဲ့ကျောက်ကပ်များသဖွယ် တင်စားဖေါ်ပြကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
Ref; Jim Fredericks, Outreach, and Education, AgSource Laboratories
ပြည့်ဖြိုးသော် (B.Agr.Sc Soil and Water Science)
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Kyaw Nanda
4 years agoအာဖရိကတီနီတေနဲ့တီကျစ်မြေဩဇာအကြောင်းကြားဖူးပါတယ်၊ကိုယ်တိုင် လုပ်ကြည့်ချင်လို့လမ်းညွှန်ပေးပါဦး။
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
နှမ်းအပီး စပါးစိုက်ချိန် မတိုင်မီ မြေဆီလွှာ ကို ဂျစ်ပဆန်ကျောက်မှုန့် နဲ့ စက်ဖွဲပြာ နှစ်မျိုးလုံး ချသင့် မသင့် အကြံပေးကြပါဦးခင်ဗျ ဆရာသမားတို့.. ကုန်ကျစရိတ်အရ နှစ်မျိုးထဲက တစ်မျိုးဆိုရင် ဘယ်အရာကိုပိုချသင့်လဲဆိုတာကိုပါ လမ်းညွှန်ပေးခဲ့ကြပါဦးခင်ဗျ...
အောင်မျိုးသူ • 1 answers
ကြ က်သွန် တစ်လသားရေလိုက်ပီး တစ်ခြားမှိုဆေး အသုံးမပြုပဲ ကလောက်ဒီ ပဲဖျန်းလို့အဆင်ပြေလားဗျ (ကလောက်ဒီ နဲ့ တစ်ခြားမှိုဆေး ရောဖျန်းလို့အဆင်ပြေလားလဲ ပြောပြပေးပါအုံး အကို
Aung Lay • 2 answers
ရော်ဘာအရွက်ခြောက်ကိုမြေဆွေးလုပ်တဲ့အခါသုံးလို့ရလား
Sawdohhtoo Sawsaw • 1 answers
ဝါးရွက်ခြောက်တေ လယ်ထဲထည့်သွင်းခြင်းက သဲဆန်သောမြေ အမျိုးအစားဖြစ်သွားနိုင်ပါသလား
ဝင့်ဝါခိုင် • 2 answers
မြေကြီးPh တိုင်းတဲ့စက္ကူ ရန်ကုန်ကဘယ်ဆိုင်တွေမှာရလဲဗျသိရင်ညွန်ပေးကြပါအုံး
Tazar Naing • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ပြည့်ဖြိုးသော်
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....