မြေလွှာမဲ့စိုက်ပျိုးနည်းစနစ် (Hydroponics)
စိုက်ပျိုးအိမ်ကို မည်ကဲ့သို့ဆောက်လုပ်မည်နည်း ?
စိုက်ပျိုးအိမ်ဆောက်လုပ်ရန် အောက်ဖော်ပြပါ လုပ်ငန်းအဆင့်အတိုင်း ဆောင်ရွက်ရမည်။
• မီးကျွမ်းစပါးခွံ ပြုလုပ်ခြင်း၊
• ပျိုးခင်းတည်ဆောက်ခြင်း၊
• လိုအပ်သောပစ္စည်းကိရိယာများ ဝယ်ယူခြင်း၊
• စိုက်ပျိုးအိမ်အတွက် မြေနမူနာရွေးချယ်ခြင်း၊
• မြေနေရာ ပတ်လည် အမှတ်အသားပြုလုပ်ခြင်း၊
• ဘောင်တည်ဆောက်ခြင်း၊
• ရေစနစ်၊
၁။ မီးကျွမ်းစပါးခွံ ပြုလုပ်ခြင်း
• သန့်ရှင်းပြီး အန္တရာယ်ကင်းသည့်နေရာတွင် ထင်းဖြင့် မီးဖိုရမည်။
• ထင်းကို မီးစွဲလောင်သည့်အခါ မီးပေါ်သို့ စပါးခွံအုပ်ရမည်။
• စပါးခွံများ လှိုက်ပြီး မီးကျွမ်းလောင်သွား၍ မီးခိုးအနည်းငယ်ထွက်လာမည်။
• စပါးခွံ၏ အပေါ်ယံမျက်နှာပြင်တွင် အမဲအကွက်များပေါ်လာလျှင် စပါးခွံအားလုံးကို ရောမွှေပြီး မီးကျွမ်းအောင်လုပ်ပေးရမည်။
• စပါးခွံအားလုံး မီးကျွမ်းသွားပြီးလျှင် ရေဖျန်းပြီး သန့်စင်ပေးရမည်။ နောက်ဆုံး ရရှိလာမည့် မီးကျွမ်းစပါးခွံသည် မျိုးစေ့များအပင်ပေါ်က်ရန်နှင့် အပင်စိုက်ရန် အသုံးပြုရာတွင် ကောင်းမွန်ပါသည်။
မြေလွှာမဲ့စိုက်ပျိုးနည်းစနစ် (Hydroponics) တွင် အောက်ခံလွှာအဖြစ် စပါးခွံကို အသုံးပြုခြင်းအားဖြင့် ပိုးမွှားများ၊ ဗိုင်းရပ်များ၊ ဘက်တီးရီးယားများ ကင်းစင်သွားမည်။ မီးကျွမ်းစပါးခွံ၏အရောင်သည် မဲနက်သည့်အတွက် အပင်များအမြစ်ပေါက်အောင် အထောက်အကူပြုပြီး ရေညှိဖြစ်ပေါ်မှုကို တားဆီးပေးသည်။ သင့်တော်သည့် အောက်ခံလွှာကို သေးငယ်သော ကျောက်တုံး၊ သဲ၊ ချေးတွန်းကျောက်၊ Vermiculite၊ မီးကျွမ်းစပါးခွံ၊ အုန်းဆံစသည့် ပစ္စည်းအမျိုးမျိုးကို တစ်ခုချင်းဖြစ်စေ၊ တွဲစပ်၍ဖြစ်စေ ပြုလုပ်နိုင်ပါသည်။
၂။ ပျိုးခင်းတည်ထောင်ခြင်း
(၁) မျိုးစေ့များ အပင်ပေါက်ရန် လင်ပန်းပုံ ပလတ်စတစ်ခွက်ကို အသုံးပြုပါသည်။ ဆလပ်၊ မုန်ညင်း၊ချဉ်ပေါင် စသည့်အပင်ငယ်များအတွက် ပလတ်စတစ်ခွက်ကလေးများတွင် အပေါက်ငယ်များ ဖောက်ပေးရပါမည်။ ခရမ်းချဉ်၊ သခွား၊ ငရုတ် စသော အရွယ်အစားကြီးမားသောအပင်များအတွက် အပေါက်ကြီးများဖောက်ပေးရပါမည်။
(၂) ပထမဆုံးအပေါက်တွင် မီးကျွမ်းစပါးခွံများ ဖြည့်ပေးရမည်။ ထို့နောက် အပေါက်တစ်ပေါက်စီတွင် မျိုးစေ့ထည့်ပေးရပါမည်။
(၃) မျိုးစေ့၏အလျား (၃-၄) ဆ အနက်မှာ မျိုးစေ့ကိုထည့်ပေးရမည်။
(၄) ပလတ်စတစ်ပန်းတွင် အစိုဓာတ်ရှိနေရမည်။ နေရောင်ခြည် တိုက်ရိုက်မထိတွေ့စေရန် သတိပြုရမည်။ ပျိုးပင်ပေါ်က်ကလေးများသည် အနည်းဆုံး အရွက်(၄)ရွက် (သို့) (၆)ရွက်ထွက်လာသည်အထိ ပျိုးပေးရမည်။ အပင်များကြီးထွားလာသည့်အခါ စိုက်ပျိုးအိမ်ထဲသို့ရွေ့ပြောင်းစိုက်ပျိုးရမည်။

၃။ လိုအပ်သောပစ္စည်းကိရိယာများ ဝယ်ယူခြင်း

ဉာဏ်လင်းထက်
ကိုးကား - စိုက်ပျိုးရေးဦးစီးဌာန
Myo win khaing
လွန်ခဲ့သော ၂ နှစ် ကအကိုရေစိတ်ဝင်စားပါတယ် ဒါမယ့်ဘယ်ကစလို့ဘာလုပ်ရမလဲမသိပါဘူး သင်ယူလို့ရရင်သင်ချင်ပါတယ်
Chan Gyi
လွန်ခဲ့သော ၃ နှစ် ကပုံလေးတွေတစ်ခုချင်တင်ပြပေးပါလားဗျာ။
Nyan Lynn Htet
လွန်ခဲ့သော ၄ နှစ် ကနောက်အပိုင်းတွေမှာဆက်လက်ဖတ်ရှုပေးပါရန်☺️
han win aung
လွန်ခဲ့သော ၅ နှစ် ကအဟာရရည်စပ်နည်းလေးတင်ပေးပါဦး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မင်းကွတ်ပင်ကဘယ်အချိန်မှာပန်းစာပွင့်ပြီးတော့မှဘယ်အချိန်မှာခုလို့ရတာလဲ။
Thein Soe Min • ဖြေကြားချက် 0 ခု
အရွက်ဝါ အစက်ကွက်လေးပေါ်နေတယ်
သက်အေး • ဖြေကြားချက် 1 ခု
ခရမ်းချဉ်သီး အခုလထဲစိုက်ရင်စျေးကောင်းရောင်းရနိုင်မလား
sai thet mg • ဖြေကြားချက် 1 ခု
စပါး၁တင်းစျေးဘယ်လောက်ပေါက်နေလည်းဗျ appခုမစသုံးတာမို့ ယနေ့ပေါက်စျေးသိချင်ပါတယ်ပွဲစားများခဗျာ
ဉီးမင်းသန့်ကျော် • ဖြေကြားချက် 0 ခု
မြေပဲ ဇွယ် တွေပါမြေပဲဥရအောင် မြေပဲပင်ဘယ်နှရက်သားမှာ ဘာလုပ်ရပါသလဲ
Aung Khaing Kyaw • ဖြေကြားချက် 0 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ဧရာဝတီတိုင်းအတွင်း မိုးဆက်လက် ရွာသွန်းနိုင်ခြေ ရှိ
02/08/2026
ပြည်ပသို့ ဆန်၊ ဆန်ကွဲတင်ပို့မှု ပင်လယ်ရေကြောင်းတစ်ခုတည်းမှသာ တင်ပို့နေ (မြန်မာ့ဆန်ကို ဖိလစ်ပိုင်က အများဆုံး ဝယ်ယူ)
31/07/2026
ဩဂုတ်လ ၁၁ ရက်မှ ၁၃ ရက်အတွင်း မိုးရွာသွန်းမှုပိုမိုအားကောင်းလာမည့် ဒေသများ
30/07/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၄)
29/07/2026
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရပ်ကွက်အချို့တွင် နွားများ အဖုအကြိတ်ပေါက်ကာ သေဆုံးသည်အထိဖြစ်နေ
28/07/2026
More from Nyan Lynn Htet
အားလုံး