လူသိနည်းတဲ့ ဟုန်းမြစ်၏ အသုံးဝင်ပုံများအကြောင်း
မြန်မာအမည် - ကျီးသတ်ပင်၊ ဟုန်းပင်
English Name - Indian berry, Fish berry, Levant nut, Crow killer
Scientific Name - Derris alliptica

လူသိနည်းပါးသည့် ဟုန်းပင်သည် ပဲမျိုးရင်းပင် နွယ်ပင်တစ်မျိုးဖြစ်ပါသည်။ တောထဲရှိ အပင်ကြီး များပေါ်တွင် နွယ်တက်နေတက်သည်။ ဟုန်းမြစ်တွင် အဆိပ်ဓာတ်(ritenoids)ပါဝင်သည်။ ဟုန်းမြစ်ကို တူးကြည့်ပါ။ နို့ရည်ရောင်အစေးများများထွက်သော အမြစ်များကိုတူးပါ။ မိုးရာသီကုန်မှ ဆောင်းနှောင်းရာသီ အထိ အစေးပိုထွက်လေ့ရှိသည်။
ဟုန်းပင်သည် စိုက်ပျိုးရေးအတွက် သဘာဝပိုးသတ်ဆေးအဖြစ် အထောက်အကူပြုပေးပါသည်။ အလွန်ထိရောက်သော သြဂဲနစ်ပိုးသတ်ဆေးတစ်မျိုး ဖြစ်သည်။ ထိုတင်မှကသေး တောင်သူများ ငါးဖမ်းရာတွင်လည်းကောင်း၊ အိမ်မွေးတိရစ္ဆာန်များကိုယ်ပေါ်ရှိ ကပ်ပါးကောင်များကို သတ်ရာတွင် လည်းကောင်း အသုံးပြုလေ့ရှိပါသည်။ သွေးအေးသတ္တဝါများကိုသာ အဆိပ်သင့်စေပြီး လူကဲ့သို့သော သွေးနွေးနို့တိုက်သတ္တဝါများကို အဆိပ်မသင့်စေပါ။ သို့သော် ယခုအခါ လူကိုထိခိုက်မှုရှိနိုင်ကြောင်း သုတေသန အချို့မှဖော်ပြလာသဖြင့် အချို့သော သြဂဲနစ်စနစ်တွင် လက်မခံပါ။ သို့သော် ဓာတုကင်းလွတ် စိုက်ခင်းများတွင် သုံးနိုင်ပါသည်။
နည်းလမ်း-၁
ဟုန်းမြစ် - ၄ ဆ
ဆပ်ပြာ - ၁ ဆ
ရေ - ၂၂၅ ဆ
လတ်ဆတ်သည့် အချင်း(၁-၂)လက်မအရွှယ်ရှိ ဟုန်းမြစ်ကို ခုတ်စင်းပြီးလျှင်ဆပ်ပြာ အနည်းငယ် ရောထည့်ပြီး ရေအနည်းငယ်ရောဆွတ်ပြီးကြေမွအောင် ထုထောင်းပေးပါ။ ဆပ်ပြာဟာ ဟုန်းမြစ်အတွင်းမှ ရိုတီနုန်းဓာတ်ကို ရေထဲမှာ ပိုပြီးတော့ ပျော်ဝင်စေပါသည်။ ပြီးရင် ပိတ်ပါးစနှင့် စစ်ကျရည်ကို စစ်ယူပါ။ ရလာတဲ့ စစ်ကျရည်ကို ရေနဲ့ ဖျော်စပ်ပြီး သုံးစွဲရမှာဖြစ်ပါတယ်။ ဖျော်စပ်ပြီးချင်းချင်း သုံးစွဲရမှာဖြစ်ပါတယ်။
နည်းလမ်း-၂
ဟုန်းမြစ်ကို ရေဆေး၍ နုတ်နုတ်စင်းပြီး ထုထောင်းကြိတ်ချေပါ။ ၎င်းအမြစ် ၅ ကျပ်သားကို ရေ ၄ ဂါလန်တွင် တစ်ညစိမ်ပါ။ ထို့နောက် အစေးများများထွက်ရန် ကောင်းစွာမွှေပြီး အရည်ကို ပိတ်စဖြင့်စစ်ယူပါ။ ထို့နောက် စိုက်ခင်းအတွင်း တစ်ပတ်တစ်ကြိမ်ဖျန်းပါ။ ဟုန်းမြစ်၏ အဆိတ်ဓာတ်ပါဝင်မှုမှာ အတိအကျမရှိနိင် ပြောင်းလဲနေသဖြင့် ဆေးပြင်းအားကို လိုသလိုချင့်ချိန်သုံးနိုင်ပါသည်။ ဟုန်းမြစ်အခြောက်မှုန့်ကိုလည်း နွားချေး၊ မြေဆွေးမှုန့်တို့ဖြင့် ရော၍ မြေအောင်းပိုးများကို နှိမ်နင်းနိုင်ပါသေးသည်။
နည်းလမ်း-၃
ဟုန်းမြစ်ရွက်ခြောက်မှုန့် - ၂၀ ဆ
ဆေးဂန္ဓမာရွက်ခြောက် - ၃၀ ဆ
မြေမှုန့်၊ ကျောက်မှုန့် - ၅၀ ဆ
အထက်ပါပစ္စည်း ၃ မျိုးကို ရောစပ်ပြီး မုန်လာထုပ်စိုက်ခင်းတွေမှာ ပတ်ဖြူးပေးလျှင် ခူကောင်၊ လှေးကျိုင်းကောင်၊ ပျပိုးများကို ထိရောက်စွာ ကာကွယ်နိုင်ပါသည်။ ဟုန်းမြစ်တွင် ပါဝင်သည့် ရိုတီနုန်းဓာတ်သည် နေရောင်ခြည်အပူရှိန်မြင့်မြင့်နှင့် ထိတွေ့လျှင် အာနိသင်ပျက်ပြယ်သွားတတ်သည့် သဘောရှိသည်။
သတိပြုရန်။ ။ဟုန်းမြစ်ကိုသုံးပြီး ဖော်စပ်ထားသည့်ဆေးများသည် ငါးနဲ့ဝက်တွေကို အဆိပ်သင့်စေနိုင်ပါသည်။
လူအကျိုးပြုမိတ်ဆွေပိုးများဖြစ်သည့် ပျားများကို မသေစေနိုင်ပေမဲ့ ပိုးချည်ကောင်ကို အဆိပ်သင့် စေနိုင်ပါသည်။ လိပ်ခုံးကျိုင်းများကိုလည်း အဆိပ်သင့်စေနိုင်ပါသည်။



ဉာဏ်လင်းထက်
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျော်ဇင်ဝင်း
3 years agoဘယ်ဒေသမှာ ေပါက်ရောက်ပါသလဲခင်ဗျ။
ကိုဆန်း
4 years agoကျေးဇူးပါ
အောင်ဝင်း
5 years agoမဟာကာပင်လည်းငါးဆေးခတ်တဲ့နေရာမှာသုံးပါတယ်ကချင်ပြည်နယ်ဗန်းမော်ဒေသမှာပေါက်ပါတယ်
Nyan Lynn Htet
5 years agoကိုအောင်ဝင်း မင်္ဂလာပါ🤩🤩 ဆေးမင်းကို ငါးဖမ်းရာမှာအသုံးပြုပါတယ်ခင်ဗျာ🤩မဟာကာပင်ဆိုတာက မဟာကာကြံဆစ်ပင်ကိုပြောတာလား မသိဘူး??မဟာကာကြံဆစ်ပင်ကတော့ ပစ္စငါးပါးလုံး အသုံးဝင်ပါတယ် အဲ့ကောင်ကိုကျတော့ လူတွေအတွက် အသုံးပြုတာများပါတယ် ချောင်းဆိုး၊ရင်ကျပ်၊အသည်းရောဂါများ အဆုတ်ရောဂါများ ဆီးရောဂါများစသည့်ဖြင့် အသုံးဝင်ပါတယ်ခင်ဗျာ🤩
အောင်ဝင်း
5 years agoဆေးမင်း၊မဟာကာပင်များကိုအသုံးပြု၍ရနိုင်ပါလား
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Nyan Lynn Htet
See all