Green Way
ဒေါင်လိုက်စိုက်ပျိုးနည်းစနစ်ဆိုတာဘာလဲ..?

ဒေါင်လိုက်စိုက်ပျိုးနည်းစနစ်ဆိုတာဘာလဲ..?

သမားရိုးကျစိုက်ပျိုးနည်းမဟုတ်ဘဲ ထောင်ပြီးစိုက်ပျိုးကြတဲ့  စိုက်ပျိုးနည်းစနစ်ကို ပြောတာပါ။

ပုံမှန်ရိုးရိုး စိုက်ပျိုးတဲ့ စိုက်ပျိုးနည်းတွေက မြေပြင်မှာ အလျားလိုက်စိုက်ပျိုးထုတ်လုပ်ခဲ့ကြတာပါ။ ခုခေတ်မှာကျတော့ လူဦးရေကလည်း ထူထပ်လာပြီး မြို့ပြလူနေမှုစနစ်အတွက် နေရာတွေ အများကြီး ပေးလာကြရတာဆိုတော့ စိုက်ပျိုးရေးအတွက်အလျားလိုက်မှာ ထုတ်လုပ်တဲ့ စနစ်ထက် အထွက်များဖို့ ပိုစိုက်နိုင်ဖို့လိုလာပါတယ်။ နောက်ပြီး စားနပ်ရိက္ခာဖူလုံရေးကိုလည်း အသားပေးလာကြရပါတယ်။ 

ဆိုတော့ ဒေါင်လိုက်တွေ စိုက်ပျိုးလာကြရတာပေါ့။

ဒီနည်းစနစ်မှာ တစ်ဧကကို အလျားလိုက်နဲ့ ဒေါင်လိုက်စိုက်တာခြင်း မြေဧရိယာတူတူမှာပဲဖြစ်ရင်တောင် အထွက်မှာ ပိုထုတ်လုပ်နိုင်တယ်။ ပိုများများ စိုက်ပျိုးထုတ်လုပ်နိုင်ပါတယ်။ 

ဘယ်လို ပြုလုပ်ကြသလဲဆို တာဝါအသေးစားလေးလိုမျိုး ဆင်ထားပြီး သီးနှံစိုက်စရာနေရာလွတ်လေးတွေပါဝင်တဲ့ ကိရိယာတွေသုံးပြီး စိုက်ပျိုးကြပါတယ်။ 

နေရောင်ရအောင်လည်းလုပ်ပေးထားတယ်။ မြေရေနဲ့ စွမ်းအင်တွေကိုလည်းအနည်းဆုံး အသုံးပြုပြီး ချွေတာနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ 

အကျိုးကျေးဇူးတွေကတော့ -

  • နေရာ အများကြီးမလိုဘူး။
  • ထုတ်လုပ်မှု တိုးမြှင့်နိုင်တယ်။
  • လုပ်အားအများကြီးတွေလည်း မလိုပါဘူး။

ရေနဲ့ နေရာအတွက် အသုံးချမှုအကောင်းဆုံးနည်းလည်း ဖြစ်ပါတယ်။

ဒေါင်လိုက်စိုက်ပျိုးတဲ့ နည်းလမ်းနဲ့ စိုက်ပျိုးထုတ်လုပ်ရင် ရေကို ၉၈ ရာခိုင်နှုန်း နေရာကို ၉၉ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။ 

ဆိုလိုတာက သမားရိုးကျ စိုက်ပျိုးတာ ရေ အခွက် ၁၀၀ လောက် လောင်းရ၊ သွင်းရရင် ဒေါင်လိုက်စိုက်ပျိုးတဲ့ စနစ်မှာ ရေ ၂ ခွက်ပဲ လိုအပ်မှာဖြစ်ပါတယ်။ တစ်ဧကစိုက်ရတဲ့ နေရာမှာ ဒသမ တစ် ဧကလောက်ပဲ စိုက်ပျိုးလိုက်တာနဲ့ တစ်ဧက အထွက်လောက်ရနိုင်တာမျိုးဖြစ်ပါတယ်။ ပုံမှန်အတိုင်းစိုက်ပျိုးတာနဲ့စာရင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်ပြီး အထွက်ကို အဆ ၂၄၀ လောက် ပိုထုတ်လုပ်နိုင်တာလည်း ဖြစ်ပါတယ်။ နေရောင်နဲ့တင်လည်း အလုပ်ဖြစ်ပါသေးတယ်။ 

အောက်က ပုံတွေကတော့ ဒေါင်လိုက် စိုက်ပျိုးနည်းစနစ်နဲ့ စိုက်ပျိုးထုတ်လုပ်နေကြတဲ့ ပုံတွေပဲဖြစ်ပါတယ်။

နောက်တစ်ပိုင်းမှာတော့ ဒီလို ဒေါင်လိုက်စိုက်ပျိုးရခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကိုမျှဝေပေးသွားမှာဖြစ်ပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

3
Khin Sandar Myo

Khin Sandar Myo

2 years ago

အမြစ် တိုတဲ့အပင်တေပဲဘစိုက်လို့ရတယ်လားဆရာ

U Zin Ko Htet

U Zin Ko Htet

2 years ago

ဘယ်လိုသီးနှံမျိုးတွေစိုက်လို့ရလဲခင်မျ

Myo win khaing

Myo win khaing

2 years ago

ဆရာဒီစနစ်ကိုသုံးရင်ဘယ်လောက်ကုန်ကျနိုင်ပြီးဘယ်ကစလုပ်ရမလဲဆရာ

You

Related questions

testing

Ya Kauk • 2 answers

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ဘက်မှာ နွေစပါးမျိုး နယူဧရာ11,GW11, GW18 တို့စိုက်ပျိုးရင် ရေမြေဒေသအဆင်ပြေနိုင်ပါလားဗျာ့။သိတဲ့သူများဖြေပေးကြပါဦး။ (ပုံမှာကရွှေဝါထွန်းမျိုးပါရက်90ရှိနေပါပြီ။)

U Mg Mg Tin • 1 answers

အရွက်မျာပေါ်မှာ ရွက်ထွင်းပိုးများကျရောက်နေပါတယ်. ဘယ်လိုကြိုတင်ကာကွယ်ရမလဲ

Naing Win Tun • 1 answers

ကျောက်စီမ်းငရုတ်စိုက်နည်းအစုံသိချင်ပါတယ်ဗျ ဘယ်နှစ်ရက်သားဆိုဘယ်လိုဆေးတွေသုံးရမယ် ဘယ်လိုပြုစုရမယ်ဆိုတာအကုန်‌ပြောပြပေးပါလားခင်ဗျ

မင်းခန့် • 2 answers

ကျွန်နော် ခုမှ စစိုက်ပျိုးမလို့ပါ ကျောက်ဖရုံကို စီးပွားဖစ်စိုက်ပျိုးချင်ပါတယ်ဗျ ရေလျံတွင်းလဲရှိပါတယ် ဘယ်လိုစိုက်ပျိုးရမလဲဗျ

စောဘုန်းထက် • 1 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....