ဒေါင်လိုက်စိုက်ပျိုးခြင်းရဲ့ အားသာချက်နဲ့ အားနည်းချက်များ
ဘယ်အရာမဆို ကောင်းကျိုးနဲ့ ဆိုးကျိုး ဒွန်တွဲနေတာဖြစ်တဲ့အတွက်ကြောင့်မို့ပဲ ကောင်းတာရှိသလို ကိုယ်တွေ ဖြေရှင်းနိုင်တဲ့ ဆိုးကျိုး မဖြေရှင်းနိုင်တဲ့ ဆိုးကျိုးတွေလည်း ရှိကြတာပါပဲ၊ ဆိုတော့ ခေတ်သစ်စိုက်ပျိုးရေးနည်းလမ်းတွေကို အသုံးလည်းချပြီးလုပ်ချင်တယ် ကြိုတင်လည်းလေ့လာပြီးတော့ ရင်ဆိုင်ဖို့ ပြင်ဆင်ချင်တယ်ဆိုရင်တော့ ဒေါင်လိုက်စိုက်ပျိုးနည်းစနစ်က ဘာတွေ အားသာပြီး ဘာတွေဆိုးတာရှိမလဲဆိုတာကို လေ့လာလိုက်ကြပါစို့လားခင်ဗျာ
အားသာချက်များ
၁) တစ်နှစ်ပတ်လုံး စိုက်ပျိုးထုတ်လုပ်လို့ရတယ်။
အကောင်းဆုံး အားသာချက်ကတော့ ဒါပါပဲလို့ ထောက်ပြရပါမယ်။ ရာသီဥတုအခြေအနေတို့ ဘာတို့ ကြည့်စရာမလိုပဲနဲ့ တစ်နှစ်ပတ်လုံး သေချာစိုက်ပျိုးထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။ ကွင်းပြင်မှာမဟုတ်ဘဲနဲ့ Indoor လို အထဲမှာ ထည့်ထားတာမျိုးဆိုရင် ပတ်ဝန်းကျင်အခြေအနေကို ထည့်စဉ်းစားစရာမလိုတော့ပါဘူး။ ပြီးတော့ အပင်ကြိုက်တဲ့ ပတ်ဝန်းကျင်ကို ကိုယ်တိုင်ဖန်တီးပေးနိုင်တာကလည်း အားသာချက်တစ်ခုပါပဲ
၂) ရေအသုံးပြုမှု လျှော့ချပေးနိုင်တယ်။
ကွင်းထဲမှာ ရေသွင်းတာနဲ့ စာရင် ဒေါင်လိုက်စိုက်ပျိုးတဲ့ စနစ်မှာ သုံးတဲ့ ရေက အများကြီး သက်သာစေပါတယ်။ တစ်ချို့ ရေနဲ့ စိုက်တဲ့ စနစ်သုံးတဲ့ ဒေါင်လိုက်စိုက်ပျိုးတဲ့ စနစ်တွေမှာဆိုရင် မြေကမလို ရေက သူ့ဘာသာ လှည့်ပတ်သွားနေတဲ့ နည်းလမ်းကို သုံးတတ်ပါတယ်။ ဒါတောင် မှပဲ သူ့ရဲ့ ရေအသုံးချမှုက ရေသွင်းရတဲ့ စနစ်လောက်တော့ မများပါဘူး။ ၉၅% လောက်ကတော့ ရေက ပိုပြီးတော့ သက်သာပါတယ်။
၃) ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးလိုအပ်မှု နည်းပါးတယ်။
အန္တရာယ်များတဲ့ ပိုးသတ်ဆေးနဲ့ပေါင်းသတ်ဆေးလိုမျိုးတွေ မလိုအပ်တဲ့ လျှော့ချနိုင်တဲ့ ပတ်ဝန်းကျင်ကို ဖြစ်စေတာကလည်း အားသာချက်ပါပဲ။
၄) နေရာကျဉ်းကျဉ်း
မြို့ပြနေရာတွေမှာ ကိုယ်တိုင်လည်း အလွယ်တကူစိုက်ပျိုးနိုင်အောင်လို့ နေရာကျဉ်းကျဉ်းလေးနဲ့ စိုက်ပျိုးနိုင်တာကလည်း အားသာချက်ဖြစ်သလို စီးပွားဖြစ်ထုတ်လုပ်ဖို့အတွက်ဆိုရင်လည်း နေရာအများကြီးမလိုနေတာက တကယ့်အားသာချက်ဖြစ်ပါတယ်။

ဒေါင်လိုက်စိုက်ပျိုးတာရဲ့ အားနည်းချက်များ
၁) စတင်လုပ်ဖို့ ကုန်ကျစရိတ်များတယ်။
ဒါကတော့ အကြီးဆုံးအားနည်းချက်ပဲဖြစ်ပါတယ်။ အပြင်မှာစိုက်ပျိုးတာဆိုရင်တောင် လိုအပ်တဲ့ ပစ္စည်းကိရိယာတွေအတွက် ဝယ်ရတဲ့ ကုန်ကျစရိတ်က များပါတယ်။ Indoor လို အထဲမှာစိုက်မယ်ဆိုရင် လိုအပ်တဲ့ အလင်းရောင်တို့ အစိုဓာတ်ပေးတဲ့ ကိရိယာတွေ နဲ့ ပန်ကာတွေလိုမျိုးတွေ လိုအပ်တာမျိုးရှိလို့ ဝယ်ယူရတဲ့ စရိတ်တွေ ထောင်းနိုင်ပါတယ်။ ရေအားနဲ့စိုက်ပျိုးရင် ရေကိုလှည့်ပတ်နေဖို့အတွက်ဆိုရင် လိုအပ်တဲ့ စီမံမှုတွေ လုပ်နိုင်ဖို့လည်း ကုန်ကျစရိတ်တွေထပ်တိုးကုန်ကျလာနိုင်ပါသေးတယ်။
၂) အထူးပြုလုပ်ထားတဲ့ပစ္စည်းကိရိယာတွေနဲ့ ထိန်းသိမ်းစောင့်ရှောက်မှုတွေ လိုအပ်ပါတယ်။
သမားရိုးကျနည်းလမ်းလို မဖြစ်သေးတဲ့အတွက်ကြောင့်မို့လည်းပါမယ်ထင်ပါတယ်။ ရှားပါးနေသေးတဲ့ ကိရိယာတွေမို့ သက်သက်မှာယူရတာမျိုးရှိနိုင်ပါတယ်။ ထိန်းသိမ်းမှုအတွက်နဲ့ပြင်ဆင်မှုအတွက် အလုပ်တော့ ပိုလာမှာပါ။
၃) စွမ်းအင်သုံးစွဲမှု
ရေနဲ့လှည့်ပတ်စိုက်ရင် ရေအတွက် မော်တာတော့ သုံးပေးနေရမှာပါပဲ၊ အထဲမှာ စိုက်တဲ့Indoorတွေမှာဆိုရင် မီးတွေပေးထားရတာရှိတယ်၊ ပန်ကာလိုမျိုး မှုတ်ပေးရတာရှိတယ်။ ဆိုတော့ စွမ်းအင်အသုံးပြုမှုများတဲ့ စိုက်ပျိုးစနစ်လို့လည်း ဆိုနိုင်ပါတယ်။
၄) စိုက်ပျိုးရတဲ့ သီးနှံက အကန့်အသတ်ရှိတယ်။
စိုက်ချင်တိုင်းလည်း စိုက်လို့မရသေးပဲ စိုက်ပျိုးလို့ရတဲ့ သီးနှံက အကန့်အသတ်ဖြစ်နေတုန်းပါ။ ဆိုတော့ ကိုယ်စိုက်ပျိုးချင်တဲ့ သီးနှံက ဘာလဲ ဘာတွေဖြစ်မလဲ ဆိုတာနဲ့ ချိန်ကိုက်ရမှာပါ။
ဆိုတော့ စိတ်ဝင်စားတယ်. လိုက်လုပ်ချင်တယ်ဆိုရင် ကြံဆကြည့်ပါ။ ကိုယ်ကျော်လွှားနိုင်တဲ့ အခက်အခဲပြဿနာတွေရှိသလား အဆင်ပြေသလားဆိုတာကနေ နည်းလမ်းတွေ ထိုးဖောက်နိုင်ပြီး အောင်မြင်တဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်ကြီးများဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ခေတ်သစ်စိုက်ပျိုးနည်း
Applicable farm inputs (Ad)
Robet
2 years agogh
Related questions
testing
Ya Kauk • 2 answers
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ဘက်မှာ နွေစပါးမျိုး နယူဧရာ11,GW11, GW18 တို့စိုက်ပျိုးရင် ရေမြေဒေသအဆင်ပြေနိုင်ပါလားဗျာ့။သိတဲ့သူများဖြေပေးကြပါဦး။ (ပုံမှာကရွှေဝါထွန်းမျိုးပါရက်90ရှိနေပါပြီ။)
U Mg Mg Tin • 1 answers
အရွက်မျာပေါ်မှာ ရွက်ထွင်းပိုးများကျရောက်နေပါတယ်. ဘယ်လိုကြိုတင်ကာကွယ်ရမလဲ
Naing Win Tun • 1 answers
ကျောက်စီမ်းငရုတ်စိုက်နည်းအစုံသိချင်ပါတယ်ဗျ ဘယ်နှစ်ရက်သားဆိုဘယ်လိုဆေးတွေသုံးရမယ် ဘယ်လိုပြုစုရမယ်ဆိုတာအကုန်ပြောပြပေးပါလားခင်ဗျ
မင်းခန့် • 2 answers
ကျွန်နော် ခုမှ စစိုက်ပျိုးမလို့ပါ ကျောက်ဖရုံကို စီးပွားဖစ်စိုက်ပျိုးချင်ပါတယ်ဗျ ရေလျံတွင်းလဲရှိပါတယ် ဘယ်လိုစိုက်ပျိုးရမလဲဗျ
စောဘုန်းထက် • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ထွန်းဝင်းကျော်
See all
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
မောင်နီနဲ့ ရွှေသီးတဲ့ မြေကြီးအထိအတွေ့
03/06/2026
အစိမ်းရောင်လမ်းအသုံးပြုသူများအတွက် မြားနီနည်းပညာပေးရေးအဖွဲ့ရဲ့ ငွေကြေးမကုန်ကျမဲ့ အခမဲ့သင်တန်းများ
02/06/2026
ရွှံ့စေးမြေမှာစိုက်ပျိုးမယ်ဆိုရင် ကြုံတွေ့ရနိုင်တဲ့ စိန်ခေါ်မှုများနှင့် ဖြေရှင်းနိုင်သည့်နည်းလမ်းများ
26/05/2026
ရွှံ့စေးမြေရဲ့ ကောင်းကျိုးနဲ့ စိုက်ပျိုးနိုင်သော သီးနှံများ
22/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....