ဈေးကွက်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည့် ရွှေအပ်မှို
စိုက်ပျိုးခြင်းနှင့် အကျိုးကျေးဇူးများ
အင်္လိပ်အမည် - Enokitake Mushroom/ Golden Needle Mushroom
ရွှေအပ်မှို(ခေါ်)ပဲပင်ပေါက်မှိုသည် ယခုအခါနိုင်ငံအနှံ့အပြားတွင် ဈေးကွက်ထဲသို့ စားသောက်ကုန် အဖြစ် ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပါသည်။ ရွှေအပ်မှိုသည် ရိုးတံရှည်ပြီး သေးသွယ်သော မှိုတစ်မျိုးဖြစ်ပါသည်။ ၎င်း၏ ရူက္ခဗေဒအမည်ကတော့ Flammulinas ဖြစ်ပြီး မျိုးစိတ်ကတော့ F.velutipes ဖြစ်ပါသည်။ ရွှေအပ်မှိုသည် ကင်ဆာရောဂါများကို ကာကွယ်ပေးပြီး အရသာကောင်းမွန်သည့် ရောင်းအားအကောင်းဆုံးမှိုတစ်မျိုးဖြစ်သည်။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ Research Institute of the National Cancer Center မှ Dr.TetsuroIkekawa ၏ စမ်းသပ်တွေ့ရှိချက်အရ ရွှေအပ်မှိုသည် ကင်ဆာရောဂါကြောင့် သေဆုံးမှုနှုန်းကို အမျိုးသားများတွင် ၃၆.၆% နှင့် အမျိုးသမီးများတွင် ၄၂.၇%အထိ လျှော့ချနိုင်ကြောင်း သိရှိရပါသည်။
ရွှေအပ်မှိုတွင် ခန္ဓာကိုယ်အတွက် အရေးကြီးသောအာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ဆိုဒီယမ် နှင့် ကိုလက်စထရော လုံးဝမပါဝင်သောသီးနှံဖြစ်ပါသည်။ ထို့အပြင် ဆေးဖက်ဝင်အာနိသင်များ ပါဝင်သောကြောင့် အရသာကောင်းမွန်ရုံသာမက ကျန်းမာရေးအတွက်ပါ အထောက်အကူပြုသည့် သီးနှံတခု ဖြစ်ပါသည်။ ၁၉၇၃ ခုနှစ်တွင် ပညာရှင်များ၏ လေ့လာချက်အရ ရွှေအပ်မှိုကို စွဲမြဲစွာစားသုံးပါက အစာအိမ်ကင်ဆာနှင့် အသည်းရောဂါများကို ကာကွယ်ပေးနိုင်သကဲ့သို့ ကုသပေးနိုင်စွမ်းလည်းရှိကြောင်း သိရှိရပါသည်။ သို့သော် ရွှေအပ်မှိုတွင် Flammutoxin ခေါ် cardiotoxic protein ပါဝင်သောကြောင့် မကြာခဏစားသုံးတတ်သူများအနေဖြင့် အစိမ်းချည်းဆက်တိုက်စားသုံးခြင်း မပြုသင့်ဘဲ အပူချိန် ၁၀၀ ဒီဂရီစင်တီဂရိတ်တွင် မိနစ် ၂၀ ခန့် အပူပေးချက်ပြုတ်ပြီးမှသာ စားသုံးသင့်ပါသည်။
စားသောက်ပုံ နှင့် အကျိုးကျေးဇူး
ရွှေအပ်မှိုဟာ ကျွန်တော်တို့မြန်မာနိုင်ငံမှာကော တစ်ကမ္ဘာလုံးမှာပါ အစားများတဲ့မှိုတစ်မျိုး ဖြစ်ပါသည်။ ရွှေအပ်မှိုကို ဟင်းရည်လုပ်သောက်တာ၊ ကြော်စားတာ၊ ဝက်သားလိပ်ထဲထည့်စားတာ စသည်ဖြင့် အမျိုုးမျိုးလည်း လုပ်စားကြပါသေးသည်။ မြန်မာနိုင်ငံမှာတော့ အများအားဖြင့် ဟော့ပေါ့၊ ခေါက်ဆွဲပြုတ် အစရှိသည်တို့တွင် ထည့်စားလေ့ရှိပါသည်။
စားသုံးသူများပြားပြီး အကျိုးပြုဓာတ်တွေများစွာပါရှိနေတာကြောင့် ရွှေအပ်မှို၏ ကျန်းမာရေး ကောင်းကျိုးများကို မျှဝေပေးပါမယ်ခင်ဗျာ..
• သွေးဖိအားကို လျော့ကျစေခြင်း
• ကိုယ်တွင်းရှိ အဆီဓာတ်များကို လျော့ကျစေနိုင်ခြင်း
• အူလမ်းကြောင်းကျန်းမာရေးကို အထောက်အကူပြုခြင်း
• သွေးတွင်းသကြားဓာတ်ကို ထန်းညှိပေးခြင်း
• ဦးနှောက်မှတ်ဉာဏ်ကို တိုးစေခြင်း
• ဓာတ်မတည့်မှုဖြစ်ခြင်းများကို လျော့နည်းစေခြင်း
• နှလုံးကျန်းမာရေးကိုူ အထောက်အကူဖြစ်စေခြင်း
• သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါဖြစ်နိုင်ချေကိူ လျော့ကျစေခြင်း အစရှိသည့်ကောင်းကျိုးများ ရှိပါသည်။
စိုက်ပျိုးနည်း
ရွှေအပ်မှိုစိုက်ပျိုးရန်အတွက် ရောစပ်စာပြုလုပ်နည်းမှာ အခြားမှိုမျိုးများအတိုင်းဖြစ်ပြီး အသုံးပြု သည့် လွှစာတွင် ဝက်သစ်ချလွှစာထက်ဝက်ခန့် ရောနှပ်စပ်ပေး၍ ဖွဲနုကို ၅-၇% အထိထည့်မှသာ မှိုမျှင်ဆင်း အားကောင်းမွန်ကြောင်း စမ်းသပ်ချက်များအရ တွေ့ရှိရပါသည်။ မှိုမျိုးထည့်ပြီးသော စိုက်ထုပ်/စိုက်ဗူးကို မှိုမျှင်ရင့်ကျက်စေသောကာလအတွင်း အပူချိန်ကို၂၀-၂၃ ဒီဂရီစင်တီဂရိတ်နှင့် လေထုစိုထိုင်းဆ ၈၀-၉၀%အတွင်း ထိန်းထားပေးရန် လိုအပ်ပါသည်။ မှိုမျိုးထည့်ပြီး ၂၀ ရက်မှ ၃၀ရက်အတွင်း မှိုမျှင်ပြည့်လာနိုင်ပါသည်။ မှိုမျှင်များပြည့်လာပါက စိုက်ခန်းချစိုက်ပျိုးနိုင်ပါပီ။ ရွှေအပ်မှိုကို အပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်မှ ၁၈ ဒီဂရီစင်တီဂရိတ်အတွင်း စိုက်ပျိုးနိုင်သော်လည်း အသင့်တော်ဆုံးအပူချိန်မှာ ၁၃ ဒီဂရီစင်တီဂရိတ်မှ ၁၅ ဒီဂရီစင်တီဂရိတ်အတွင်းဖြစ်ပြီး လေထုစိုထိုင်းဆ ၈၀-၉၀% အတွင်း ထိန်းထားပေးရပါသည်။ ထို့ကြောင့်မြန်မာနိုင်ငံ၏ ရာသီဥတုနှင့်ဆိုလျှင် လေအေးပေးစက်အသုံးပြုပြီး စိုက်ပျိုးမှသာလျှင် ဖြစ်ထွန်းအောင်မြင်နိုင်ပါမည်။
စိုက်ခန်းအတွင်း အလင်းရောင်များပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု ၁၀၀၀ ppm ထက် နည်းပါက ရိုးတံတိုတုတ်ပြီးအပွင့်ပွင့်လာနိုင်သောကြောင့် အပွင့်သေးပြီးရိုးတံရှည်ကာ အရောင်ဖြူသည့် ဈေးကွက်ဝင်မှိုများရရှိစေရန်အတွက် အလင်းရောင်နည်းသည့် အခန်းတွင် စိုက်ပျိုးသင့်ပါသည်။ မှိုသန္ဓေခဲများ စတင်ထွက်ရှိလာလျှင် ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု ပိုမိုများပြားလာစေရန်အတွက် ဗူးနှုတ်ခမ်းမှိုပွင့်ထွက်မည့် နေရာတွင် ဖလင်ပြားပတ်ထားပေးရန် လိုအပ်ပါသည်။ မှိုပွင့်၏ ရိုးတံအရှည် ၁၅ စင်တီမီတာခန့်ရှိလျှင် စတင်ခူးဆွတ်နိုင်ပါသည်။ ပထမအကြိမ်ခူးဆွတ်ပြီးလျှင် အစိုဓာတ်နည်းပါက ရေပါးပါးဖျန်းပေးသင့်ပြီး ရက်သတ္တပတ် ၂-၃ ပတ်အကြာချိန်တွင် ဒုတိယအကြိမ် ပြန်လည် ခူးဆွတ်နိုင်ပါသည်။ ရွှေအပ်မှိုသည် အရသာ၊ နူးညံ့မှု၊ အနံ့၊ အရောင် အစရှိသည့် စားသုံးမှုဆိုင်ရာ အရည်အသွေးများကောင်းရုံမျှမက ဆေးဘက်ဝင်အာနိသင်များစွာပါရှိသောကြောင့် စားသုံးသင့်သလို စိုက်ပျိုးသင့်သော မှိုတစ်မျိုးလည်း ဖြစ်ပါသည်။
ဥာဏ်လင်းထက်
Reference: Department of Agriculture (DOA )
(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)
Soe Hlaing
3 years agoအပ်မှို မျိုးလုပ်နည်းလေးပြောပြပေးပါလားဆရာ တစ်ပိုင်တစ်နိုင်စိုက်ချင်လို့ပါ
ဦးသိန်းအောင်
3 years agoေရွှအပ်မှိုမြိုးဘယ်ဒေသမှာရနှိုင်မြည်လဲသိပါရစေ
ဦးသိန်းအောင်
3 years agoေရွှအပ်မှိုမြိုးဘယ်ဒေသမှာရနှိုင်မြည်လဲသိပါရစေ
Kyaw Zin
3 years agoကောက်ရိုးမှို စိုက်နည်းတင်ပေးပါ
Myat Minn
4 years agoဝက်သစ်ချလွှစာက မရ ဘာအစားထိုးနိုင်မလဲ ခင်မျာ
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Nyan Lynn Htet
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....