ငါးအစာကျွေးခြင်းနည်းလမ်း
မိမိထည့်သွင်းမွေးမြူထားသောငါးမျိုးစိတ်များနှင့် ငါးမွေးမြူသည့်နည်းစနစ်ပေါ်မူတည်ပြီး ငါးအစာ ကျွေးခြင်း နည်းလမ်း အမျိုးမျိုးရှိပါသည်။ မိမိသတ်မှတ်ထားသည့် ပုံမှန်နေရာ (၄)နေရာ (သို့) (၆) နေရာ ၌ အညီအမျှကျဲပက်၍အစာကျွေးခြင်း
ကန်ဘောင်မှ (၆) ပေ (သို့) (၁၀)ပေခန့်ရှည်သော လူသွားလမ်း(သို့) တံတားပြုလုပ်၍ အစာကို ကျဲပက် ခြင်း၊ ကန်အလယ်၌ စင်ပြုလုပ်၍ ပက်ကျွေးမွေးခြင်း၊ အစာဗန်းပြုလုပ်၍ ကျွေးခြင်း။ကြီးသောကန်အမျိုးအစားများအတွက် ကြိုး(၂)ချောင်း (သို့) (၃) ချောင်းအား ကန်၏ အရှည်အတိုင်းတား စေပြီး ၎င်းကြိုးလေးများအရှည်အတိုင်းလှေဖြင့်ဖြစ်စေ ဝါးဖောင်ဘောဖြင့် အစာကျွေးနိုင်ပါသည်။
အစာကျွေးချိန်နှင့် အကြိမ်ရေ
ငါးကျပ်သားခန့် အရွယ်အထိတစ်နေ့သုံးကြိမ်ခန့်၊ ငါးကျပ်သားကျော်လျှင် ဖမ်းဆီးရောင်းချချိန်အထိ တစ်နေ့နှစ်ကြိမ် ကျွေးနိုင်သည်။(အကောင်းဆုံးပျော်ဝင်အောက်ဆီဂျင်ပမာဏ- ၅-၇ မီလီဂရမ်/၁လီတာ) ငါးကန်ရေ၏အပူချိန် အတက် အကျသည်လည်း အစာစားနှုန်းကိုလျော့ကျစေသည်။ (အကောင်းဆုံး အပူ ချိန်အတိုင်းအတာ ၂၅-၃၂ဒီဂရီစင်တီဂရိတ်) အကယ်၍ ရေ၏အပူချိန်သည် ၂၀-၂၄ဒီဂရီစင်တီဂရိတ်၊ ၁၆-၁၉ဒီဂရီစင်တီဂရိတ်နှင့် ၃၃-၃၈ဒီဂရီစင်တီဂရိတ် အတွင်း တည်ရှိပါက ပုံမှန်ကျွေးနေကျ အစာပမာဏ၏ ၈၀ရာခိုင်နှုန်း၊၆၀ရာခိုင်နှုန်းအထိလျော့ပြီးကျွေးသင့်သည်။
မနက်ပိုင်းနေထွက်ပြီး နှစ်နာရီခန့်အကြာတွင် နေ့စဉ်ကျွေးရမည့် ပမာဏ၏၆၀-၆၅ရာခိုင်နှုန်း (တစ်နေ့လုံး ကျွေးရမည့် အစာ၏တစ်ဝက်ကျော်)ကို ကျွေး၍ညနေနေမဝင်မီ နှစ်နာရီခန့်အလိုတွင် ကျန် ၃၅-၄၀ရာခိုင် နှုန်းကို ကျွေးသင့်သည်။
ငါးကန်ရေ၏အရည်အသွေးသည် မိုးဆက်တိုက်ရွာသည့်နေ့များတွင် အပြောင်းအလဲမြန်သဖြင့်ငါးများ အစာစားနှုန်းလျော့ကျလေ့ရှိသည်။
အစာကျွေးချိန်တွင် ငါးကျန်းမာရေးအခြေအနေစစ်ဆေးခြင်း
အစာကျွေးချိန်တွင် ငါးများထင်သလောက်မတွေ့ရှိပါက ကျွေးသည့်အစာကို မကြိုက်/မနှစ်သက် ကြောင်း သိနိုင်သည်။ ငါးအစာစားနည်းရသည့် အကြောင်းအရင်းတစ်ခုမှာ ရေအရည်အသွေးမကောင်း ခြင်းကြောင့်လည်းဖြစ်နိုင်သည်။
ငါးများကျန်းမာသန်စွမ်းမှုရှိမရှိ အခြေအနေကို ငါးနမူနာ ကောက်ယူသည့် အချိန်တွင်လည်း စစ်ဆေး ကြည့်ရှုနိုင်သည်။
ဦးခေါင်းပိုင်းသည် ကိုယ်ထည်ပိုင်းထက် ကြီးနေသည့် အနေအထားတွေ့ရှိပါက အစာပြတ်လပ်မှု၊ မလုံလောက်မှု ဖြစ်နေကြောင်း သိရှိနိုင်သည်။
အရည်အသွေးညံ့သည့် အစာ (ဗီတာမင်၊ သတ္တုဓာတ်နှင့် အခြားအဟာရဖြစ်စေသည့် ကုန်ကြမ်းများမပါ ဝင်သည့် ငါးစာ)များသာ စားသုံးရသဖြင့် သန်စွမ်းမှုမရှိခြင်းကြောင့် အစာစားခြင်းရပ်တန့်သွားနိုင်သည်။ ခန္ဓာကိုယ်နှင့် အမြီးများကောက်ကွေးနေခြင်း၊ ဦးခေါင်းပိုင်းနိမ့်ဆင်းနေခြင်းစသော လက္ခဏာများသည် ငါးများကျန်းမာသန်စွမ်းမှုရှိ၊ မရှိအခြေအနေကို ဆုံးဖြတ်ရာတွင် ထည့်သွင်း စဉ်းစားရမည့်အချက်များ ဖြစ်သည်။
အစာပမာဏ
အစာကျွေးရမည့်ပမာဏသည် ငါး၏အလေးချိန်၊ ငါးအမျိုးအစားနှင့် နေထိုင်သည့် ပတ်ဝန်းကျင်ပေါ်တွင် မူတည်သည်။ စတင်ကျွေးသည့်အဆင့်၌ ငါး၏အလေးချိန်နှင့် အစာကျွေးနှုန်း အချိုးအစားကို ရေပေါ်စာနှင့် ရေမြုပ်စာနှစ်မျိုးလုံးအတွက် လိုက်နာဆောင်ရွက်သင့်သည်။ ၎င်းအဆင့်ကို လွန်သော် ရေပေါ်စာကို မိနစ် ၃၀ခန့်အတွင်း ငါးစားသည့် အစာပမာဏပေါ်မူတည်၍ အစာကျွေးနှုန်းကို သတ်မှတ်နိုင်သည်။ ဆိုလိုသည်မှာ အစာ ၆ပိဿာခန့်ကျွေးပြီးနာရီဝက်ခန့် အကြာတွင် ၇၀ရာခိုင်နှုန်း(၄ပိဿာကျော်ခန့်) ငါးစားသုံးကြောင်းတွေ့ ရှိရပါက နောက်ပိုင်းအစာကျွေးလျှင် ၎င်းနှုန်းအတိုင်း(၆ပိဿာ၏ ၇၀ရာခိုင်နှုန်း-၄ပိဿာကျော်)ဆက်လက် ကျွေးနိုင်ပါသည်။
အကယ်၍ငါးသည် မိနစ်၃၀အတွင်း ကျွေးသည့်အစာအားလုံး(၆ပိဿာ-ဤဥပမာအရ) ကို ကုန်အောင် စား သုံးကောင်းစားသုံးနိုင်မည်ဖြစ်သည်။ ဤအခြေအနေမျိုးတွင်လည်း အစာပမာဏကို အောက်ဖော်ပြပါဇယား တွင်ပါရှိသည့်နှုန်းထားထက် ပိုမိုမကျွေးသင့်ပေ။
ဇယား(၁)တီးလားပီးယားငါးအတွက် အစာပမာဏ
ဇယား(၂) ငါးကြင်းမျိုးနွယ် ငါးများအတွက် အစာပမာဏ

ဇယား(၃) ငါးဒန်ငါးမျိုးများအတွက် အစာကပမာဏ
ဇယား(၄) ငါးကျည်း ငါးမျိုးအတွက် အစာပမာဏ
ဇယား(၅) ငါးပြေမနှင့် ငါးရံ့အတွက် အစားပမာဏ

အစာစိမ်း(အရွက်စိမ်း) ကျွေးနည်းစနစ်
မြက်စားငါးကြင်းနှင့် ငါးခုံးမငါးမျိုးစိပ်များကို အခြားငါးမျိုးများနှင့် ရောနှောမွေးမြူပါက အစာစိမ်း(မြက်/ အရွက်)များကကျွေးခြင်းသည် ငါးထုတ်လုပ်မှုကို ပိုမိုကောင်းမွန်စေသည်။ မြက်စားငါးကြင်းသည် အစာစိမ်း (အရွက်စိမ်း)များကို ၎င်းခန္ဓာကိုယ် အလေးချိန်၏ ၄၀မှ ၅၀ ရာခိုင်နှုန်းနှင့်ညီမျှသော ပမာဏကို စားနိုင်သည်။ မြက်စားငါးကြင်းကို အစာကျွေးလျှင် ရေပေါ်ပေါ်သည့် လေးထောင့်(သို့) အဝိုင်းပုံ ဘောင်ခတ်၍ ၎င်းဘောင် အတွင်း အစာကျွေးသင့်သည်။ အစာကျွေးမည့်ဘောင်ကို ကန်ဘောင်မှ ၃ပေ မှ ၆ပေ ကွာခန့်တွင် ထားရှိနိုင် သည်။ ငါးစာကျွေးမည့် ဘောင်အကျယ်အဝန်းမှ ၀.၃ဧက ကျယ်ဝန်းသည့် ငါးကန်အတွက် ၃ပေပတ်လည်ခန့် ရှိသင့်သည်။ ခုတ်စင်းထားသည့် အပင် အရွက်များကို ၎င်းအစာကျွေး ဘောင်ထဲတွင်ထည့်၍ကျွေးနိုင်သည်။
My Culture - ငါးမွေးမြူရေးဆိုင်ရာ အာဟာရ ပြည့်ဝသည့် ငါးအစာ ပြုလုပ်ထိန်းသိမ်းခြင်း စီမံခန့်ခွဲမှု
Ko kyaw Phone
2 years agoဆက်လက်ဖော်ပြပေးပါရန်
မွန်လေး
3 years agoငါးဒန်းက ဂရမ်နဲ့လား ကျပ်သားနဲ့လား
U Soe Pyae Tun
4 years agoငါးခူကရော
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
Related questions
ငါးကို ဆေးထိုးသာဖောက်တာဘယ်လိုဆေးကိုအသုံပြုလဲငါးရဲ့ဘယ်နေရာကိုထိုးရလဲ ဘယ်လောက်ccထိုးပေးရလဲ
Swe Mg. Mg • 4 answers
ငါးခူသားပေါက် ၂လက်မဆိုဒ်တေ ၂ရက်အတွင်းသေတာ ၅၀၀ရှိပါပြီ ဘာကြောင့်ဖြစ်တာလဲယ ဘာဆေးသူံးပေးရမလဲဗျာ
Tun Tun Naing • 0 answers
ငါးမြစ်ချင်း သားပေါက်ဖေါက်နည်းသိချင်ပါတယ် ခင်ဗျာ
စိုးထိုက်အောင် • 1 answers
goldfish fry သားပေါက်လေးတွေပါ သိချင်တာကတော့ မွေးမြူရေး ငါးသားဖောက်တဲ့အခါ ငါးသားပေါက်လေးတွေ ကိုဘယ်အစာကျွေးလဲ လမ်းညွှန်ပေးပါ
မင်းမခ • 1 answers
ငါးခူသားပေါက် ဘယ်မှာဝယ်လို့ရလဲ ရန်ကုန်ကပါ
ဦးချစ်ကောင်း • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ကမ္ဘာ့ငါးအဖွဲ့
See all
ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
14/01/2025
သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း
26/12/2024
ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း
28/11/2024
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း
22/11/2024
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
14/11/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....