ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ရန် အရေးကြီးပါသည်။ ကန်ဘောင်ကျိုးလျက်ရှိပါက မိုးရွာချိန်၊ ကန်ရေလျှံချိန်တွင် ကန်အတွင်းရှိ ငါးများသည် ထိုတာဘောင်ကျိုးမှ အပြင်သို့ ထွက်သွားမည် ဖြစ်ပါ သည်။ ထို့အပြင် မွေးမြူထားသောငါးများကို အန္တရာယ်ပေးနိုင်သည့် သားစားငါးရိုင်းများနှင့် အခြားငါးများ နှင့် ပြင်ပမှ ညစ်ညမ်းသော ရေများနှင့် ကန်ရေကိုပျက်စီးစေနိုင်သော အရာများ ကန်တွင်း ဝင်ရောက်လာ နိုင်ပါသည်။ ကန်ဘောင်တွင် ကြွက်တွင်းမှ စ၍ ထူးပေါက်ဖြစ်ပြီး တာဘောင်ကျိုးပျက်နိုင်ပါသည်။ ဂဏန်း၊ ဖား၊ မြွေစသော တိရိစ္ဆာန်များ ခိုအောင်းပြီးမွေးမြူထားသောငါးများကို အန္တရာယ်ပြုနိုင်ပါသည်။
ကန်ဘောင်တွင် ချုံပင်များနှင့် သစ်ပင်ကြီးများပေါက်ရောက်လျက်ရှိခြင်းကြောင့် ဆုံးရှုံးမှုများ
ထိုအပင်များကြောင့် ကန်ရေထုသည် နေရောင်ခြည်ရရှိမှု အားနည်းခြင်း၊ ကန်ဘောင်တွင် လျှောက်သွား ကွပ်ကဲရန် မလွယ်ကူခြင်း၊ မွေးမြူထားသောငါးများကို အန္တရာယ်ပြုမည့် မြွေ၊ ဖား၊ ဖျံ စသော သတ္တဝါများ နှင့် ဗျိုင်း၊ ဒင်ကျီး စသော ငှက်များ ခိုနားနေနိုင်ခြင်း။
တာဘောင်ပြင်ဆင်ခြင်းနှင့် ချုံပင်များ၊ သစ်ပင်များရှင်းလင်းခြင်းနည်းလမ်း
တာဘောင်ကို ခိုင်ခန့်စွာတည်ဆောက်ရန် လိုအပ်ပါသည်။ တာဘောင်ခိုင်ခန့်မှုမရှိခြင်း၊ တူးပေါက်များရှိခြင်းကြောင့် အလွယ်တကူ ကျိုးပဲ့နိုင်ပါသည်။ တာဘောင်ကျိုးပါက ကန်တွင်းမှဖြစ်စေ၊ ပြင်ပမှဖြစ်စေ၊ မြေကြီးကိုယူပြီး ဖြည့်စွက်ပြင်ဆင်ပါ။
ကြွက်တွင်းများ တူးပေါက်များကို ရှာဖွေပြီး မြေကြီးဖို့ခြင်း၊ မြွေများ၊ ကြွက်များမရှိစေရန် ဆောင်ရွက်ခြင်းဖြင့် တာဘောင်ကျိုးခြင်းမှ ကာကွယ်နိုင်ပါသည်။
ကန်တူးဖော်သောနေရာတွင် သဲဆန်သော မြေဖြစ်ပါက ကန်ဘောင်ကို ကျယ်ကျယ်ပြန့်ပြန့်နှင့် ကန်စောင်းအလျှောကို ပိုမို ပြုလုပ်ရပါမည်။
ကန်ဘောင်ပေါ်ရှိ ချုံပင်၊ သစ်ပင်များကို ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်ပင်၊ ဒိုက်ပင်များကို ဖယ်ရှားခြင်း ပြုလုပ်ရပါမည်။
သစ်ပင်ကြီးများမှ အကိုင်းအခက်များသည် ငါးကန်ပေါ်တွင် အုပ်ဆိုင်းလျက်ရှိပါက ထိုအကိုင်းကြီးများကို ခုတ်ရပါမည်။

ကန်ဘောင်ပြုပြင်ရမည့်အချိန်ကာလ
ကန်ဘောင်ပြုပြင်ခြင်း၊ သစ်ပင်ချုံပင် ခုတ်ထွင်ရှင်းလင်းခြင်းကို မိုးရာသီကုန်ပြီး ဆောင်းတွင်းကာလတွင် ပြုလုပ်ရန် ပိုမို သင့်တော်ပါသည်။ (အောက်တိုဘာလ မှ ဒီဇင်ဘာလအတွင်း) ထိုအချိန်တွင် ငါးကန်တာဘောင်မှာ မိုးကာလအတွင်း မိုးရေကြောင့် ပျော့ပြောင်းလျက်ရှိသောကြောင့် မြေသားများ တူးဖော်ရွှေ့ပြောင်းရန် လွယ်ကူပါသည်။ ထိုနည်းတူ သစ်ပင် ချုံပင်များကို ရှင်းလင်းသင့်သောအချိန် ဖြစ်ပါသည်။
ကန်အောက်ခြေပြင်ဆင်ခြင်း
ကန်အောက်ခြေမြေသားသည် အမည်းရောင်ဖြစ်လာပြီး အနံ့ဆိုးများထွက်ပေါ်လာပါက ချက်ခြင်း ပြုပြင် ရပါမည်။ အောက်ခြေတွင် အဆိုပါအမည်းရောင်မြေများသည် (၆)လက်မအထက် ကျော်လွန်နေပါက ကန်အောက်ခြေတပြင် လုံးမှမြေများကို ဖယ်ရှားရပါမည်။ ကန်ရေကို မြေနိမ့်ဘက်တွင် စုစည်းထားပြီး ကုန်းပေါ်နေရာမှမြေဆိုးများကို ဖယ်ရှားပါက မြေပျော့ဖြစ်ရန်လိုအပ်ပြီး လွယ်ကူစွာရှင်းလင်း နိုင်ပါမည်။ ငါးကန်များ၏ မြေအမျိုးအစားအလိုက် နှစ်စဉ် ကန်ကိုအခြောက်လှမ်းသင့်ပါသည်။ မြေကြီးခြောက်ပါက ထွန်တံဖြင့် ထွန်ယက်ခြင်းဖြင့် မြေသြဇာဓာတ် တိုးပွားစေရန်ဆောင်ရွက်ရမည် ဖြစ်ပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
Related questions
မူလအီးအမ်ဆိုတာဘာလဲ။ ဘယ်လိုဟာမျိုးကို ပြောတာလဲ?
Kotori Min • 3 answers
ဝက်
danulay • 1 answers
OEM တေ ဘယ်မှာ လွယ်ကူစွာ ရရှိနိင်လဲဗျ လမ်းညွှန်ပေးကြပါအုံးဗျာ
karenma • 1 answers
ဒီငါးကိုဘယ်လိုမွေးရမှာလဲ သိချင်လို့ပါဗျ
ဂျိုးလေး • 1 answers
ထိုင်းငါးပြေမ စမွေးချင်လို့ပါဗျ ဖိုက်ဘာကန်နဲ့ မွေးလို့ရမရ ဘယ်လိုပုံ ဘယ်လိုနည်းဆောင်ရွက်ရမဘည်းသိချင်ပါတယ်။ သိရှိသူ မွေးမြူဖူးသူများ နည်းလမ်းအကြံဥာဏ်ပေးကြပါခင်ဗျ
ဖြိုးသန့်ကျော် • 0 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ကမ္ဘာ့ငါးအဖွဲ့
See all
ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
14/01/2025
သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း
26/12/2024
ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း
28/11/2024
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
14/11/2024
ကန်သစ်တူးဖော်ရန် မြေအရည်အသွေးနှင့် မြေစမ်းသပ်ခြင်း
13/11/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....