အစာကျွေးရာတွင် သတိပြုရမည့်အချက်များ
အစာကျွေးရာတွင် သတိပြုရမည့်အချက်များ
- ကျွေးနေကျနေရာ၊ ကျွေးနေကျ အချိန်တွင် အစာကျွေးသင့်သည်။
-
ငါးအစာစားနှုန်းကို အချိန်ပိုင်းအလိုက် စောင့်ကြည့်စစ်ဆေးပြီး စားသုံးမှု အခြေအနေကို လိုက်၍ စီမံခန့်ခွဲပြီးကျွေးသင့်သည်။
-
ကန်ရေ အလွန်အကျွံ စိမ်းနေပါက အရွက်စိမ်းအစာကိုလျော့၍ (သို့) လုံးဝမကျွေးဘဲ ထားသင့်သည်။
-
ငါးအစာလိုအပ်မှုကို သိရှိရန် အစာဗန်းချထား အသုံးပြုနိုင်သည်။
အစာကျွေးနှုန်းကိုသတ်မှတ်ခြင်း
အစာကျွေးနှုန်းကို အစာဗန်းထားရှိခြင်းဖြင့်လည်းကောင်း၊ ငါးအလေးချိန်တိုင်းခြင်း ငါးနမူနာကောက်ယူခြင်းဖြင့် လည်းကောင်းသိရှိနိုင်သည်။ ၁၅ ရက်တစ်ခါ၊ တစ်လ တစ်ခါ ငါးနမူနာကောက်ယူခြင်းသည် ခန္ဓာကိုယ် အလေးချိန် နှင့် လိုအပ်သော အစာပမာဏကို ညှိနှိုင်းတွက်ချက်မှုအတွက် ပို၍ကောင်းသည်။ ငါးထည့်သွင်းသည့် အချိန်၌ စုစုပေါင်း ထည့်သွင်းရှင်သန် ငါးပမာဏကို တွက်ချက်လျှင် ပို၍ကောင်းသည်။ ကန်ထဲသို့ ငါးထည့်သွင်းချိန်၌ ငါးသားပေါက်အချို့ကို သီးသန့်ဇာလှောင်ကန်၌ ၂၄ နာရီမှ ၄၈ နာရီထိ ထည့်ထားနိုင်ပြီး နောက်ပိုင်း ၁၅ ရက် ကြာတိုင်း ငါးနမူနာကောက်ယူခြင်းကို ပြုလုပ်နိုင်သည်။ ခန္ဓာကိုယ်အလေးချိန် ရာခိုင်နှုန်းကိုအောက်ပါအတိုင်း အကျဉ်းချုပ် ဆက်စပ်တွက်ချက်၍ တိုင်းတာသိရှိနိုင်ပါသည်။
နေ့စဉ်ကျွေးရမည့် ခန့်မှန်း အစာပမာဏ

တီးလားပီးယားသားပေါက် ၁၀၀၀၀ ထည့်ရာ ရှင်သန်နှုန်းသည် ၉၅ ရာခိုင်နှုန်း ရှိသည်ဟု ယူဆကြပါစို့။ ငါးသားပေါက်တစ်ကောင်ချင်း၏ ပျမ်းမျှအလေးချိန် ၅ ဂရမ် (၀.၃ကျပ်သား) ဖြစ်လျှင် တစ်ကြိမ်လျှင် နေ့စဉ် အစာကျွေးရမည့် ပမာဏမှ အစာမည်မျှလိုအပ်မည်နည်း (အကောင်းဆုံးရာသီဥတု၊ ရေအရည်အသွေးများရှိသည် ဟု ယူဆပါ။)
ပေးထားချက်
ရှင်သန်နှုန်း-၉၅ရခိုင်နှုန်း စုစုပေါင်းရှင်သန်သည့်
တီလားပီးယား သားပေါက်= ၁၀၀၀၀x၉၅ ရာခိုင်နှုန်း=၉၅၀၀ ကောင်
ငါးတစ်ကောင်၏အလေးချိန်သည် ၅ ဂရမ်(၀.၃ကျပ်သား)ဖြစ်သောကြောင့် စုစုပေါင်း ငါးအလေးချိန်မှာ
၉၅၀၀x ၅=၄၇၅၀၀ ဂရမ်(၂၉.၅ပိဿာ)
၅ ဂရမ်(၀.၃ကျပ်သား)လေးသည့် ငါးတစ်ကောင်အတွက် အစာကျွေးရမည့် ပမာဏမှာ ငါးအလေးချိန်၏ ၁၀ ရာ ခိုင်နှုန်းဖြစ်သောကြောင့် စုစုပေါင်းလိုအပ်သည့်
အစာပမာဏ=၄၇၅၀၀x၁၀ရာခိုင်နှုန်း= ၄၇၅၀ဂရမ်+၄.၇၅ကီလိုဂရမ် (၃ပိဿခန့်)
၅ဂရမ် (၀.၃ကျပ်သား) အောက် ငါးသားပေါက်များကို တစ်နေ့အစာ ၃ကြိမ်ကျွေးရန် လိုအပ်သောကြောင့် တစ် ကြိမ်ကျွေးရမည့် ပမာဏမှာ ၄.၇၅/၃= ၁.၅၈ကီလိုဂရမ်(တစ်ပိဿာ) ခန့် ဖြစ်ပါသည်။
အောက်ပါနည်းအတိုင်းလည်း နေ့စဉ်လိုအပ်သော အစာပမာဏကိုတွက်ချက်နိုင်ပါသည်။
W=ငါး၏ပျမ်းမျှ အလေးချိန်
N=ထည့်သွင်း ငါးအရေအတွက်
S=ထည့်သွင်းငါး၏ ရှင်သန်နှုန်း (%)
R=အစာကျွေးနှုန်း (%)ဟု ယူဆလျှင်
နေ့စဉ်လိုအပ်သော အစာပမာဏ= WxNxSxR
အသားတိုးကန်အတွက် အစာတစ်ပိဿာပြုလုပ်ရန် ပါဝင်ရမည့်ကုန်ကြမ်းအမျိုးအစား
(အလယ်ပိုင်း ခြောက်သွေ့ဇုန်၊ မိတ္ထီလာမြို့နယ်)

အသားတိုးကန်အတွက် အစာတစ်ပိဿာ ပြုလုပ်ရန် ပါဝင်ရမည့် ကုန်ကြမ်းအမျိုးအစား
(အလယ်ပိုင်းခြောက်သွေ့ဇုန်၊ ယင်းမာပင်မြို့နယ်)

အသားတိုးကန်အတွက် အစာတစ်ပိဿာပြုလုပ်ရန် ပါဝင်ရမည့် ကုန်ကြမ်းအမျိုးအစား
(ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ) (အစာစက်နှင့် လက်လုပ်နှစ်မျိုးစလုံးအတွက်)

FCRဆိုသည်မှာ ငါးမွေးမြူရေးအပါအဝင် အခြားသောအသားတိုး မွေးမြူရေးအားလုံးတွင် အစာမှ အသားတိုးနှုန်းကို သိရှိနိုင်ရန် အများအားဖြင့် အသုံးပြုသော အညွှန်းကိန်းတစ်ခု ဖြစ်ပါသည်။ FCRကို ငါးတစ်ယူနစ်အလေးချိန် ထုတ်လုပ်ရန်လိုအပ်သော ပမာဏဟု သတ်မှတ်နိုင်ပါသည်။ ဥပမာ- တီလားပီးယားငါး ကန်ဖော်ရာတွင် အချိန် ၁၀၀၀ ကီလိုဂရမ်တွင် (၆၂၅ပိဿာ) ဖမ်းဆီးဖော်ထုတ် ရရှိပြီး စုစုပေါင်း ငါးကျွေးရန် အသုံးပြုရသည့် ပမာဏမှာ ၁၅၀၀ကီလိုဂရမ် (၉၃၇ပိဿာ) ဖြစ်သည်ဆိုလျှင် FCRမှာ ၁.၅ဖြစ်ပါသည်။
အစာမှ အသားတိုးပြောင်းလဲနှုန်း(FCR) = စုစုပေါင်းအစာပမာဏ/ စုစုပေါင်းငါးကုန်ချိန်
ငါးခန္ဓာကိုယ် အလေးချိန်းကို တွက်ချက်၍ ပုံမှန်အစာကျွေး မွေးမြူနည်းအပြင် အစာအတွက် ကုန်ုကျစရိတ် လျော့ချစေရန်နှင့်အစာကို အကျိုးရှိစွာအသုံးချနိုင်စေရန် ရေလွှာအလိုက် နေထိုင်ကျက်စားသော မွေးမြူနည်း စနစ်များကို နည်မှီးယူ၍ မွေးမြူလာကြသည်။
- ၈၀-၂၀မွေးမြူနည်း-အဓိကမွေးမြူသည့် ငါးမျိုးစိတ်ကို စုစုပေါင်း မွေးမြူအရေအတွက်၏ ၈၀ ရာခိုင်နှုန်း နှင့်တွဲဖက် မွေးမြူသည့် ငါးမျိုးစိတ်ကို ၂၀ရာခိုင်နှုန်းထည့်သွင်းမွေးမြူနည်းစနစ်ဖြစ်သည်။ တွဲဖက်မွေး မြူသည့် (အဓိကမဟုတ်သည့်) ငါးမျိုးသည် မျှောလှေးကို စားသုံးသည့် ငါးမျိုးဖြစ်ပြီး အဓိကမွေးမြူ သည့် ငါးမျိုးမှာ ဖြည့်စွက်စာကို မှီခိုသည့်ငါးမျိုးဖြစ်သည်။
-
ရက်ခြားအစာကျွေးနည်း-ဤနည်းဖြင့်မွေးမြူခြင်းကို အချို့သော ငါးမျိုးစိတ်များအတွက် အသုံးပြုပြီး ငါးမျိုးစိတ်များအတွက် အသုံးပြုပြီးငါးအရွယ်အစား ကြီးလာသည့်အဆင့်တွင် တစ်ရက်ခြားအစာကျွေး လေ့ရှိသည်။
-
ပရိုတင်း နည်း/များအစားဖြင့် အစာကျွေးနည်း- ဤနည်းကို BPRIမှ တီထွင်ခဲ့ပြီး အစာစက်ငယ်များမှ ထွက်သောဖော်စပ်စာကို ငါးဒန်မွေးမြူရေးတွင် အသုံးပြုကြသည်။ လိုအပ်သော ပရိုတင်းပါဝင်သော စံဖော်စပ်စာကို မနက်ပိုင်းတွင်ကျွေး၍ ပရိုတင်းလျော့/နိမ့်သော အစာကိုညနေပိုင်းတွင် ကျွေးသော နည်း စနစ်ဖြစ်သည်။
အစာသိုလှောင်ခြင်း
အစာကို သင့်တော်သည့် နည်းစနစ်ဖြင့် မသိုလှောင်ပါက စိုထိုင်းဆ၊ ပူနွေးစွတ်စိုမှု၊ အပူချိန်နှင့် အောက်ဆီဂျင် စသည့် ပြင်ပ အခြေအနေများကြောင့် (အများလိုကုန်ကြမ်းနှင့် အနည်းလိုကုန်ကြမ်းအားလုံးတွင်) ပါဝင်သော အဟာရ တန်ဖိုးများ ဆုံးရှုံးစေ နိုင်ပါသည်။ ငါးစာ၏ အကောင်းဆုံး အရည်အသွေးကို ထိန်းသိမ်းရန် (အထူးသဖြင့် အပူ ပိုင်းဒေသများ) အစာသိုလှောင်စဉ်ကာလအတွင်း သတိပြုရန် အချက်များကိုထည့်သွင်း စဉ်းစားသင့်သည်။
- အစာအသုံးပြုခြင်းကို (အရင်သွင်းသည့်ကုန် အရင်သုံး)စနစ်အတိုင်း လိုက်နာဆောင်ရွက်သင့်သည်။
-
အစာကို ခြောက်သွေ့သန့်ရှင်းသောနေရာ၌ ကြမ်းခင်းမှ ၆လက်မခန့် အမြင့်တွင် အပူချိန်၂၀ဒီဂရီစင်တီဂရိတ်
-
ခန့်နေပူချိန် တိုက်ရိုက် မကျရောက်သော နေရာ၌ သိုလှောင်သင့်သည်။
-
သိုလှောင်ခန်း၏အမိုးနှင့် နံရံ(ဘေးထရံ)များသည် ရေမဝပ်စေရန်(ရေလုံရန်) လိုအပ်သည်။
-
အစာသိုလှောင်ခန်း(ဂိုဒေါင်)သည် လေဝင်လေထွက်ကောင်းရန် လိုအပ်သည်။
-
အလယ်အလတ် အစာစက်မှ ထုတ်သော အစာတောင့်ကို ၁၅ရက်ထက်ပိုမလှောင်ထားသင့်ပါ။
-
မှိုကင်းစင်၍ စိုထိုင်းဆ ၁၃ရာခိုင်နှုန်းထက် မပိုသော အစာကြမ်းမှုန့်များကို သိုလှောင်ထားသင့်သည်။
-
သိုလှောင်ထားသော အခန်း၏ နံရံနှင့်ထိစပ်၍ အစာအိတ်များကို မထားရ။
-
အစာအိတ်များပေါ်တက်နင်းခြင်းမပြုရ။ အစာအိတ်များကို ထပ်ဆင့်ပုံသင့်သည်။ အိတ်များများစုပုံထပ် ခြင်းဖြင့် အလေးချိန် အလွန်အကျွံဖြစ်ခြင်းမှ ကာကွယ်ရန်ဖြစ်သည်။
-
ပိုးမွှားနှင့်ကြွက်ရန်ကို ပုံမှန်ထိန်းချူပ်ရန် ထောင်ချောက်သုံးခြင်း၊ သဘာဝ ပိုးမွှားသတ်ဆေးသုံးခြင်း ပြုလုပ်သင့်သည်။
-
ဗီတာမင်နှင့် အင်ဇိုင်းကဲ့သို့သော အနုအဟာရများကို ရေခဲသေတ္တာ၌ အသုံးပြုရက်စွဲကုန်လွန်သည်အထိ ထည့်သွင်း အသုံးပြုနိုင်ပြီး ရေခဲသေတ္တာမရှိသော နေရာ၌အအေးဆုံးနေရာတွင် ထား၍ တစ်လအတွင်း ကုန်အောင်အသုံးပြုသင့်သည်။
My Culture – ငါးမွေးမြူရေးဆိုင်ရာ အာဟာရပြည့်ဝသည့် ငါးအစာ ပြုလုပ်ထိန်းသိမ်းခြင်း စီမံခန့်ခွဲမှု လက်ကမ်းစာစောင်မှ ကူးယူဖော်ပြပါသည်။
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
Related questions
ငါးကို ဆေးထိုးသာဖောက်တာဘယ်လိုဆေးကိုအသုံပြုလဲငါးရဲ့ဘယ်နေရာကိုထိုးရလဲ ဘယ်လောက်ccထိုးပေးရလဲ
Swe Mg. Mg • 4 answers
ငါးခူသားပေါက် ၂လက်မဆိုဒ်တေ ၂ရက်အတွင်းသေတာ ၅၀၀ရှိပါပြီ ဘာကြောင့်ဖြစ်တာလဲယ ဘာဆေးသူံးပေးရမလဲဗျာ
Tun Tun Naing • 0 answers
ငါးမြစ်ချင်း သားပေါက်ဖေါက်နည်းသိချင်ပါတယ် ခင်ဗျာ
စိုးထိုက်အောင် • 1 answers
goldfish fry သားပေါက်လေးတွေပါ သိချင်တာကတော့ မွေးမြူရေး ငါးသားဖောက်တဲ့အခါ ငါးသားပေါက်လေးတွေ ကိုဘယ်အစာကျွေးလဲ လမ်းညွှန်ပေးပါ
မင်းမခ • 1 answers
ငါးခူသားပေါက် ဘယ်မှာဝယ်လို့ရလဲ ရန်ကုန်ကပါ
ဦးချစ်ကောင်း • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ကမ္ဘာ့ငါးအဖွဲ့
See all
ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
14/01/2025
သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း
26/12/2024
ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း
28/11/2024
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း
22/11/2024
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
14/11/2024