ငါးအစာအမျိုးမျိုး
ငါးများ စားသုံးနိုင်သည့် ငါးအစာများတွင် အပင်များနှင့် တိရစ္ဆာန်များမှ ရရှိသော အမျိုးမျိုးသော ကုန်ကြမ်းများ ပါဝင်ပါသည်။ တစ်ခါတစ်ရံတွင် သေကြေပျက်စီးဆွေးမြေ့နေသော သဘာဝအစာ အနည်အနှစ် အပိုင်းအစများ ငါးကန်ထဲတွင် ရှိနေတတ်ပါသည်။
ငါးအစာကို နှစ်မျိုးခွဲခြားနိုင်ပါသည်။
(၁) သဘာဝအစာ
(၂) ဖြည့်စွက် အစာ (ငါးမျိုစိတ်၊ ငါး၏အသက်အရွယ် ပမာဏပေါ်မူတည်ပြီး သင့်တော်သလို ကျွေးရမည့် ဖြည့်စွက်အစာများ)
၁။ သဘာဝအစာ
ရေ၊ လေ၊ မြေဆီလွှာတို့အကြား သဘာဝအတိုင်း ဖြစ်ပေါ်လာသည့် ရုပ်ပိုင်းဆိုင်ရာ၊ ဓာတ်ပိုင်းဆိုင်ရာများ ပြောင်းလဲမှု ဖြစ်စဉ်များကြောင့် သဘာဝအစာများ ငါးများအတွက် ထုတ်လုပ်ဖြစ်ပေါ်လေ့ရှိပါသည်။ သည့်အပြင် ကန်ရေသြဇာ ကြွယ်ဝစေရန် ဉပမာမြေဆွေးအသုံးပြုခြင်းဖြင့် ကန်ရေထဲတွင် ငါးအတွက် သဘာဝအစာအား ပိုမိုပွားများစေပါသည်။ အဓိက အာဟာရ ဖြစ်စေမည့် Phytoplankton (အပင်မျှောလှေး (သို့) ရုက္ခမျှောလှေး) ထုတ်လုပ်ခြင်းသည် Zooplankton (အကောင်မျှောလှေး (သို့) သတ္တမျှောလှေးများ) ထုတ်လုပ်ခြင်းကို တိုးမြှင့်စေသည်။ Phytoplakton (အပင်မျှောလှေး (သို့) ရုက္ခမျှောလှေး)နှင့် Zooplankton (အကောင်မျှောလှေး (သို့) သတ္တမျှောလှေး)များသည် ဖြည့်စွက်စာသကဲ့သို့ပင် ငါးရှင်သန်ကြီးထွားမှုနူန်းအတွက် အလွန်အရေးပါသော သဘာဝအစာများ ဖြစ်ပါသည်။
ကန်အတွင်း သဘာဝအစာ ကြွယ်ဝခြင်း
ငါးမွေးမြူကန်အတွက် သဘာဝအစာ ပေါကြွယ်ဝစေရန် မြေသြဇာထည့်ခြင်းကို ထုံးထည့်ပြီး (၅) ရက် ကြာပြီးနောက်ပိုင်းမှ စတင်ပြုလုပ်ရပါမည်။ သဘာဝ မြေသြဇာအဖြစ် (သစ်ဆွေးမြေသြဇာများ၊ နွားချေး၊ ကြက်ချေးနှင့် ဓာတ်မြေသြဇာများ (ယူရီးယား၊ တီစူပါ) စသည်များကို အသုံးပြုရပါမည်။ အဆိုပါ မြေသြဇာများအား မိမိငါးမွေးကန်အတွက် ကန်ရေအတွင်း သဘာဝအစာ ပိုမိုကြွယ်ဝခြင်း ရှိမရှိ အခြေအနေပေါ်မူတည်ပြီး ဆက်လက်အသုံးပြုနိုင်ပါသည်။ တီစူပါအား ရေဖြင့် တစ်ညသိပ်စိမ်ထားပြီး၊ မနက်ရောက်သည့်အခါ စိမ်ထားသည့်တီစူပါအား ယူရီးယားနှင့် ရောစပ်ပြီး ကန်အတွင်းသို့ ပက်ဖြန်းပေးနိုင်ပါသည်။ (ယူရီးယားအား တစ်ည သိပ်စိမ်စရာမလိုဘဲ အိုးတစ်ခုထဲတွင် ရေဖြင့် ဖျော်ရပါမည်။ ) အသုံးပြုရမည့် မြေသြဇာ ပမာဏသည် ကန်အတွင်း မြေသြဇာကြွယ်ဝမှုအတိုင်းအတာ အခြေအနေပေါ်မူတည်သည်။
၀.၀၁ ဧက ကန်အတွက် ထည့်သွင်းရမည့် မြေသြဇာ ပမာဏ
- သစ်ရွက်ဆွေး (သို့) နွားချေးခြောက် ၆-၁၀ ကီလို ဂရမ် (၃ ပိဿာ ၇၅ ကျပ်သားမှ ၆ ပိဿာခန့်)
- ယူရီးယား (ပုလဲ) ၁၅၀ ဂရမ် - ၂၀၀ ဂရမ် (၁၀ ကျပ်သားခန့်- ၁၂ ကျပ်ခွဲသားခန့်)
- တီဆူပါ၇၅-၁၀၀ ဂရမ် ( ၅ ကျပ်သားခန့် - ၆ ကျပ်သားခန့်)
မြေသြဇာ ထည့်သွင်းရမည့် ပမာဏမှာ ငါးကန်၏ မြေသြဇာကြွယ်ဝမှု အခြေအနေပေါ်မူတည်ပြီး ထည့်သွင်းရပါမည်။ ဆာဂျီဒစ် (ရေကြည်နူန်းတိုင်းကရိယာ)ဖြင့် ငါးကန်အတွင်းရှိ အပင်မျှောလေးများ ရှိနိုင်သည့် ပမာဏကို တိုင်းတာခြင်းသည် အလွယ်ကူဆုံးနည်းလမ်းဖြစ်ပါသည်။ ဆာဂျီဒစ်သည် နံနက် ၉:၀၀ နာရီနှင့် ၁၀:၀၀ နာရီကြား နေရောင်ခြည်ကောင်းစွာ ရရှိသည့်အချိန်တွင် ၂၅ စင်တီမီတာနှင့် ၃၀ စင်တီမီတာကြား (၁၀ လက်မနှင့် ၁၅ လက်မ) ဖြစ်ပါက ကန်သည် သဘာဝအစာများ လုံလောက်စွာရှိပြီး ကန်ရေသြဇာကြွယ်ဝသည်ဟု ခန့်မှန်းနိုင်ပါသည်။ ထို့အပြင် ကန်အတွင်း သဘာဝအစာဖြစ်သည့် အကောင်မျှောလှေးများကို တိုင်းတာရန် အဝတ်စကို ရေကန်ထဲထည့်ပြီး ရေကို စစ်ယူပြီး တိုင်းတာနိုင်ပါသည်။
သို့မဟုတ် ပိုက်စိတ်သေးသေးဖြင့် ရေကို စစ်ယူနိုင်ပါသည်။ ရေစစ်သွားသည့်အခါ ပိတ်စပေါ် (သို့) ပိုက်စိတ်ပေါ်တွင် တွယ်ကပ်ကျန်ရစ်ခဲ့သည့် အကောင်မျှောကလေးများအား နေရောင်ခြည်တွင် ရေဖြည့်ထားသည့် ဖန်ခွက်ထဲသို့ထည့်ကာ ရေတွင် ပျော်ဝင်မှုရှိမရှိစစ်ဆေးနိုင်ပါသည်။ ရေဖန်ခွက်ထဲတွင် အနည်းဆုံး အကောင်မျှောလှေး ၅ ခု တွေ့ရှိပါက မိမိငါးကန်သည် အကောင်မျှောလှေး လုံလောက်စွာ ရှိသည်ဟု ခန့်မှန်းနိုင်ပါသည်။
ဖြည့်စွက်စာများ
မိမိ ငါးကန်တွင် မွေးမြူထားသော ငါးများ အမြင့်ဆုံးကြီးထွားရန်နှင့် ထုတ်လုပ်မှု အကောင်းဆုံးဖြစ်စေရန် ကျွေးရမည့် အစာများမှာ ဉပမာ ဖွဲနု၊ နှမ်းဖတ်နှင့် ဂျုံဖွဲကို ဖြည့်စွက်စာဟု ခေါ်ပါသည်။ ငါးမျိုးစိတ်အမျိုးအစား အသက်အရွယ်ပေါ်မူတည်ပြီး အမျိုးမျိုးသော ငါးအစာ ကုန်ကြမ်းများကို အာဟာရပြည့်ဝမျှတအောင် ရောစပ်ထုတ်လုပ်ထားသည့် ငါးအစာတောင့်ကို ဖြည့်စွက်စာ အစာတောင့်ဟု ခေါ်ပါသည်။ ဖြည့်စွက်စာကို နေ့စဉ်ကျွေးရန် လိုအပ်သည်။ ဖြည့်စွက်အစာတောင့်၏အား စီးပွားဖြစ် ငါးအစာထုတ်စက်များနှင့် တစ်ပိုင်တစ်နိုင် ငါးအစာထုတ်စက်များမှ အဓိက ထုတ်လုပ်ရောင်းချနေလျှက်ရှိပါသည်။
အစာ အရည်အသွေးစစ်ဆေးပုံ အဆင့်ဆင့်
(က) ငါးအစာ ၁၀၀ ဂရမ် (၆ ကျပ်သားခန့်) ပမာဏကို အဖုံးပါသည့် ဗူး (သို့) အိုးထဲတွင် ထည့်ထားပြီး (၈) ကြိမ်မှ (၁၀) ကြိမ်ထိ ခပ်ကြမ်းကြမ်းလှုပ်ခါပါ။ ပြီးနောက် အစာထဲတွင် အစာမှုန့် မည်မျှ ပါဝင်သည်ကို စစ်ဆေးရန် လှုပ်ခါပြီးသည့် အိုးထဲရှိ အစာအနည်းငယ်ကို ယူ၍ ဇကာစိပ်စိပ်ဖြင့် စစ်ပါ။ အစာတွင် အစာမှုန့် ပါဝင်မှုသည် (၅) ရာခိုင်နူန်းသာ ရှိသင့်ပါသည်။
(ခ) ငါးအစာတောင့် ရေတွင်ကြာရှည်ခံခြင်း၊ အရညအသွေးပြည့်မှီခြင်းသည် အဆိုပါ ငါးအစာတောင့်ကို ဖိထားသည့်အခါ (သို့) လက်မနှင့် လက်ညိုးဖြင့် ဖိသည့်အခါ ကြေမွသွားခြင်း၊ ပုံစံပြောင်းသွားခြင်းမရှိဘဲ ကျစ်ကျစ်လစ်လစ်တောင့်တောင့်တင်းတင်း ရှိနေသည့် အနေအထားသည် အရည်အသွေးပြည့်မှီသည့် အစာတောင့်ဟု ဆိုနိုင်ပါသည်။
(ဂ) အချို့အစာတောင့်များကို အစာအရည်အသွေး ကောင်းမကောင်း သိရှိနိုင်ရန် ရေထည့်ထားသည့် ဖန်ခွက်ဖြင့် တိုင်းတာနိုင်ပါသည်။ အရည်အသွေးပြည့်မှီသည့် ရေပေါ်စာ အစာတောင့်များသည် ရေဖြည့်ထားသည့် ဖန်ခွက်ထဲတွင် နာရီပေါင်း ၄ နာရီမက ပျော်ဝင်ခြင်းမရှိဘဲ ရေပေါ်တွင် ပေါ်နေမည်ဖြစ်သည်။ ရေမြုပ်စာ အစာတောင့်များသည် ဖန်ခွက်အတွင်း ရေမြုပ်သွားသော်လည်း မိနစ် ၃၀ အတွင်း မပျော်ဝင်ပါက ရေမြုပ်စာသည် အစာအရည်အသွေးပြည့်မှီသည်ဟု ဆိုနိုင်ပါသည်။ ပုဇွန်များအတွက် အစာသည် ရေတွင် ချက်ခြင်း မပျော်ဝင်သင့်ပါ။ ၂ နာရီကြာမြင့်သည်အထိ မပျော်ဝင်သည့် အစာဖြစ်ရန် လိုအပ်ပါသည်။
ငါးအစာတွင် အာဟာရကြွယ်ဝစေရန် တိုင်းတာခြင်း
(က) အစာ၏အာဟာရကြွယ်ဝမှု NIRSအားဖြင့် လျှင်မြန်စွာ စစ်ဆေးနိုင်သကဲ့သို ဓါတ်ခွဲခန်းတွင် သုတေသနပြု ခြင်းဖြင့်လည်း ခွဲခြမ်းစိတ်ဖြာ အသေးစိတ်စစ်ဆေးနိုင်ပါသည်။
မြန်မာနိုင်ငံတွင် ငါးအစာကို သုတေသနပြုလုပ်ပြီးအစာအာဟာရကြွယ်ဝမှုကို စစ်ဆေးနိုင်ရန် အောက်ပါအဖွဲ့အ စည်းဌာနများတွင် သွားရောက်စစ်ဆေးနိုင်ပါသည်။
(ခ) ငါးများအားအစာကို ၆ရက်ဆက်တိုက်ကျွေးသော်လည်း ငါးများအစာကိုမစားပါက (သို့) ငါး၏လှုပ်ရှားမှုကို မတွေ့မြင်ရပါက မိမိကျွေးသောအစာသည် အဟာရပြည့်ဝပြီး အရသာရှိကာ ငါးများကြိုက်နှစ်သက်သည့် အစာ ဖြစ်နိုင်ခြေနည်းလွန်သည်ဟု ယူဆနိုင်သည်။
(ဂ)မိမိငါးကန်ရှိ ငါးများအား ၂ပါတ်အတွင်းအစာကျွေးသော်လည်း ကြီးထွားမှုနှုန်းနှေးနေပါက ထိုအစာအား ပြောင်းလဲသင့်ပါသည်(သို့) ထိုအစာအား ဆက်မကျွေးသင့်ပါ။
ငါးအစာထုတ်လုပ်ခြင်း စီမံခန့်ခွဲမှု
ငါးအစာထုတ်လုပ်ခြင်းနှင့် အသုံးပြုခြင်းသည် မိမိရွေးချယ်မွေးမြူထားသည့် ငါးမျိုးစိတ်နှင့် မွေးမြူရန်သတ်မှတ် ထားသည့် ကာလပေါ်တွင် မူတည်ပါသည်။
ဥပမာ-အထူးကြပ်မတ်မွေးမြူခြင်းနှင့် အလယ်အလတ်ကြပ်မတ်မွေးမြူခြင်း၊ အစားကျွေးနှုန်းနှင့် မှန်ကန်သော အစာအလေးချိန်သည် ငါးနမူနာယူပြီးနောက်ငါးပျမ်းမျှအလေးချိန်ကို တွက်ချက်ပြီးမှ ခန့်မှန်းခြေအစာကျွေး ရမည့်ပမာဏကို သတ်မှတ်သင့်ပါသည်။
(ငါးများဖြည့်စွက်စာအား ပုံမှန်စားသုံးနိုင်သည့် အကျင့်ဖြစ်လာစေရန်ပြုလုပ်ခြင်း)
အစာအဟာရပြည့်ဝပြီး အရည်အသွေးမြင့်မားသည့် ဖြည့်စွက်စာအား ငါးများပုံမှန်စားသုံးခြင်း ကျင့်ပေးရန်အ တွက် နေ့စဉ်ကန်၏ သတ်မှတ်ထားသော နေရာတွင် တစ်နေ့(၂) ကြိမ် (သို့) (၃) ကြိမ် ငါးအစာကျွေးခြင်းစနစ်ကို ပြုလုပ်ပေးရပါမည်။ ဤကဲ့သို့ပြုလုပ်ပေးခြင်းသည် ကန်အတွင်းရှိငါးများနေ့စဉ် တူညီသည့်နေရာ သတ်မှတ်ထား သည့် အချိန်များတွင်ပုံမှန်အစာစားစေရန် အကျင့်ရှိလာစေရန် ရည်ရွယ်ပါသည်။
ကန်၏ သတ်မှတ်ထားသည့် တစ်နေရာကို ရွေးချယ်ပြီး ဖြည့်စွက်စာအနည်းငယ်ကို ကျဲပက်ကျွေးခြင်းဖြင့် သတ် မှတ်ထားသည့် အချိန်အတွင်းတွင်အစာလာရောက်စားသောက်နိုင်ရန်ဆွဲဆောင်နိုင်ပါသည်။
My Culture – ငါးမွေးမြူခြင်းဆိုင်ရာ အာဟာရပြည့်ဝသည့် ငါးအစာ ပြုလုပ်ထိန်းသိမ်းကျွေးမွေးခြင်းစီမံခန့်ခွဲမှု လက်ကမ်းစာစောင်မှ ပြန်လည် ကူးယူဖော်ပြထားပါသည်။
မျိုးသူရဆွေအောင်
4 years agoangel
Content provider
WorldFish
WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။
Related questions
ငါးကို ဆေးထိုးသာဖောက်တာဘယ်လိုဆေးကိုအသုံပြုလဲငါးရဲ့ဘယ်နေရာကိုထိုးရလဲ ဘယ်လောက်ccထိုးပေးရလဲ
Swe Mg. Mg • 4 answers
ငါးခူသားပေါက် ၂လက်မဆိုဒ်တေ ၂ရက်အတွင်းသေတာ ၅၀၀ရှိပါပြီ ဘာကြောင့်ဖြစ်တာလဲယ ဘာဆေးသူံးပေးရမလဲဗျာ
Tun Tun Naing • 0 answers
ငါးမြစ်ချင်း သားပေါက်ဖေါက်နည်းသိချင်ပါတယ် ခင်ဗျာ
စိုးထိုက်အောင် • 1 answers
goldfish fry သားပေါက်လေးတွေပါ သိချင်တာကတော့ မွေးမြူရေး ငါးသားဖောက်တဲ့အခါ ငါးသားပေါက်လေးတွေ ကိုဘယ်အစာကျွေးလဲ လမ်းညွှန်ပေးပါ
မင်းမခ • 1 answers
ငါးခူသားပေါက် ဘယ်မှာဝယ်လို့ရလဲ ရန်ကုန်ကပါ
ဦးချစ်ကောင်း • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ကမ္ဘာ့ငါးအဖွဲ့
See all
ငါးမွေးကန်တွင်သုံးသည့် ထုံးအမျိုးအစား နှင့် pH တန်ဖိုးများ
14/01/2025
သားစားငါးရိုင်းများကြောင့် ငါးမွေးကန်တွင်ထိခိုက်နစ်နာနိုင်ခြင်း
26/12/2024
ရေမှော်၊ မြက်ပင်၊ ကိုင်းပင်များရှင်းလင်းခြင်း
28/11/2024
ကန်ဘောင်နှင့် ကန်အောက်ခြေပြင်ဆင်ခြင်း
22/11/2024
ငါးမွေးမြူရေးတွင် အဓိကရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
14/11/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....