နွားငယ်လေးတစ်သက်တာအတွက် အရေးအကြီးဆုံး ရွှေရောင် ၁ နာရီ (အပိုင်း - ၁)
အသားတိုးမွေးမြူမည့် နို့စားနွားထီးငယ်များအား ပြုစုပျိုးထောင်ခြင်း (၂)
နွားငယ်လေးမွေးဖွားချိန် ပြုစုစောင့်ရှောက်မှု (Care of the newborn calf)
အသားတိုးနွားအဖြစ် မွေးမြူမယ့် နို့စားနွားထီးငယ်လေးတွေ ပြုစုပျိုးထောင်ခြင်း (Dairy-beef calves rearing) နဲ့ ပတ်သက်ပြီး နိဒါန်း ဆောင်းပါးတစ်ပုဒ် မိတ်ဆက်ဆွေးနွေးခဲ့ပြီးပြီမို့ လက်တွေ့ဆောင်ရွက်ရမယ့် စီမံခန့်ခွဲမှုတွေကို အသေးစိတ် ဆက်လက်ဆွေးနွေးသွားလိုပါတယ်။ ပထမဆုံးဆွေးနွေးတင်ပြလိုတဲ့ စီမံခန့်ခွဲမှုကတော့ နွားငယ်လေးကို မွေးဖွားလာ ချိန်မှာ ဆောင်ရွက်ရမယ့် စီမံခန့်ခွဲမှုတွေ အကြောင်းပဲ ဖြစ်ပါတယ်။
နွားငယ်လေးတွေရဲ့ တစ်သက်တာမှာ အရေးအကြီးဆုံး၊ ဂရုစိုက်ဖို့ အလိုအပ်ဆုံးအချိန်ကတော့ အမိဝမ်းကကျွတ်ပြီးနောက် ပထမဆုံး အချိန် ၁ နာရီပဲ ဖြစ်ပါတယ်။ အဲဒီအချိန် ၁ နာရီလေးဟာ သိပ်ကို အရေးကြီး၊ သိပ်ကိုတန်ဖိုးရှိတာမို့ “ရွှေရောင်နာရီ (Golden hour)” လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ အဲဒီ Golden hour အတွင်းမှာ နွားငယ်လေးကို ပြုစုစောင့်ရှောက်မှု မှန်ကန်ဖို့နဲ့၊ ကျွေးမွေးပုံ မှန်ကန်ဖို့ လိုအပ်ပါတယ်။ အဲဒီလို မှန်ကန်မှသာ နွားငယ်လေးရဲ့ တစ်သက်တာလုံးမှာ ကျန်းမာရေးကောင်းမွန်ပြီး ထုတ်လုပ်မှု မြင့်မြင့်မားမား ရရှိနိုင်မှာ ဖြစ်ပါတယ်။
Golden Hour အတွင်း ဆောင်ရွက်ရမည့် အလုပ်များ

Golden Hour လို့ သတ်မှတ်ထားတဲ့ အချိန် ၁ နာရီအတွင်းမှာ အောက်မှာဖော်ပြထားတဲ့ လုပ်ငန်းတွေအားလုံး ပြီးစီးအောင် မွေးမြူသူက စီမံခန့်ခွဲဖို့ လိုအပ်ပါတယ် -
- နွားငယ်လေးကို မိခင်နွားမကြီးနှင့် ခွဲခြားခြင်း
- လိုအပ်ပါက နွားငယ်လေးအား အသက်ရှူအကူအညီ ဆောင်ရွက်ပေးခြင်း
- နွားငယ်၏ ချက်ကြိုးအား လိုအပ်သည့် ဆေးဝါးများ သုတ်လိမ်းပေးခြင်း
- နွားငယ်လေးအား နို့ဦးရည် တိုက်ကျွေးပေးခြင်း
အဲဒီလုပ်ငန်း ၄ ရပ်ကို ဆောင်ရွက်ရာမှာ Golden Hour ၁ နာရီအတွင်း ပြည့်စုံအောင် ဆောင်ရွက်ရမှာဖြစ်ပြီး နောက်ကျသွားတာမျိုး မဖြစ်သင့်ပါဘူး။
Golden Hour ဆိုတာ နွားငယ်ကလေး မိခင်ဝမ်းက ကျွတ်ချိန်ကနေ စတင်ပါတယ်။
မွေးခါစနွားငယ်လေး၏ အသက်ရှင်သန်နိုင်မှုအား အကဲဖြတ်ခြင်း
နွားငယ်ကလေး မိခင်ဝမ်းက ကျွတ်ပြီဆိုတာနဲ့ တပြိုင်နက်ဆိုသလို၊ အဲဒီနွားငယ်လေး ဘယ်လောက် ကျန်းမာသန်စွမ်းသလဲ (calf vigor) ဆိုတာကို သေသေချာချာ စိစစ်အကဲဖြတ်ဖို့ လိုအပ်ပါတယ်။ အဲဒီလို အကဲဖြတ်ရာမှာ အောက်ပါ အချက်အလက်တွေကို လေ့လာသုံးသပ်ပြီး အကဲဖြတ်နိုင်ပါတယ်။
- ပြင်ပက လှုံ့ဆော်မှုတွေကို တုံ့ပြန်နိုင်ခြင်း ရှိ၊ မရှိ (responsiveness to external stimuli)
- ကြွက်သားတွေရဲ့ ကျုံ့နိုင်၊ ဆန့်နိုင်မှု စွမ်းရည် (muscle tone)
- နို့စို့နိုင်မှု (suckling reflex)
- ခေါင်း စထောင်နိုင်ဖို့ ကြာချိန် (time to lift its head)
- မတ်တပ် စရပ်နိုင်ဖို့ ကြာချိန် (time to first standing)
နွားငယ်လေးရဲ့ ကျန်းမာသန်စွမ်းမှုကို အကဲဖြတ်ရာမှာ အချို့အချက်တွေကို အချိန်သတ်မှတ်ချက်နဲ့ စိစစ်အကဲဖြတ်နိုင်ပါတယ်။ ဥပမာ နွားငယ်ကလေးဟာ မိခင်ဝမ်းက ကျွတ်ပြီးနောက် မိနစ် ၂၀ အတွင်း မတ်တပ်ရပ်ဖို့ ကြိုးစားရပါမယ်။ အကဲဖြတ်ရမယ့် အချို့အချက်တွေအတွက် သတ်မှတ်ထားတဲ့ အချိန်ကာလတွေကို အောက်ပါဇယားမှာ ဖော်ပြထား ပါတယ်။

နွားငယ်လေးမွေးဖွားပြီး ၅ မိနစ်အကြာမှာ ဘေးတိုက် အနေအထားကနေ ပုံမှန် မှောက်လျက်အနေအထား (sternal recumbency) ကို ပြောင်းလဲနိုင်ရပါမယ်။

နွားငယ်လေးမွေးဖွားပြီး မိနစ် ၂၀ အကြာမှာ မတ်တပ်ရပ်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး ၆၀-၉၀ မိနစ်အကြာမှာ အကူအညီမပါဘဲ လွယ်လွယ်ကူကူ အထိုင်၊ အထ ပြုလုပ်နိုင်ရပါမယ်။

နွားငယ်လေးအား အသက်ရှူအကူအညီ ဆောင်ရွက်ပေးခြင်း
ယေဘုယျအားဖြင့်တော့ မွေးခါစ နွားငယ်လေးတွေကို အသက်ရှူအကူအညီ ဆောင်ရွက်ပေးစရာ မလိုအပ်ပါဘူး။ ဒါပေမယ့် တခါတရံမှာတော့ အကြောင်းအမျိုးမျိုးကြောင့် မွေးဖွားရခက်ခဲတာ၊ မွေးချိန်ကြန့်ကြာတာမျိုး ဖြစ်ပေါ်တဲ့အခါ နွားငယ်လေးအတွက် အသက်ရှူအကူအညီတွေ ဆောင်ရွက်ပေးဖို့ လိုအပ်လာတတ်ပါတယ်။ မွေးဖွားနေစဉ်နဲ့ မွေးဖွားပြီးပြီးချင်းမှာ အဲဒီလို အသက်ရှူအကူအညီတွေ ဆောင်ရွက်ပေးခြင်းဖြင့် မွေးဖွားရခက်ခဲပြီး နွားငယ်လေး သေဆုံးရတဲ့ဖြစ်စဉ်ကို လျော့ချပေးနိုင်ပါတယ်။
ဒီနေရာမှာ အရေးကြီးတာကတော့ နွားငယ်လေးကို အသက်ရှူအကူအညီ ဆောင်ရွက်ပေးဖို့ လို၊ မလို သိရှိဖို့ပါပဲ။ အဲဒီလို သိရှိဖို့ဆိုရင် နွားခြံပိုင်ရှင်၊ ဒါမှမဟုတ် ခြံမန်နေဂျာ၊ ဒါမှမဟုတ် ကျွမ်းကျင်တဲ့လုပ်သား၊ တစ်ယောက်မဟုတ် တစ်ယောက်ဟာ နွားလေးမွေးဖွားတဲ့နေရာနားမှာ ရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှသာ နွားငယ်လေးရဲ့ အခြေအနေကို ကြည့်ပြီး လိုအပ်တဲ့ အသက်ရှူအကူအညီတွေ အချိန်မီ ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
နွားငယ်လေးဟာ အသက်ကယ်ပြုစုစောင့်ရှောက်မှု လိုအပ်ခြင်း ရှိ၊ မရှိကို နွားငယ်လေး မမွေးဖွားမီ၊ မွေးဖွားနေစဉ်နဲ့ မွေးဖွားပြီးချိန် အခြေအနေတွေကို လေ့လာကြည့်ပြီး သုံးသပ်ဆုံးဖြတ်နိုင်ပါတယ်။
အပိုင်း(၂) မှာတော့ နွားငယ်လေး မမွေးဖွားမီကတည်းက မွေးဖွားစဉ်မှာ ပြဿာနရှိလာနိုင်၊ မရှိလာနိုင် ကြိုတင်ခန့်မှန်းနည်း၊ မွေးဖွားနေစဉ်မှာ နွားငယ်လေးရဲ့ အခြေအနေတွေကို ကြည့်ပြီး အသက် ကယ်ပြုစုကုသမှု လိုအပ်ခြင်း ရှိ၊ မရှိ ကြိုတင်ခန့်မှန်းနည်း၊ အရေးအပါဆုံးအချက်တွေထဲတစ်ခုဖြစ်တဲ့ 'နွားငယ်လေးကို မိခင်နှင့် ခွဲခြားခြင်း’၊ 'နွားငယ်လေးအား နို့ဦးရည် တိုက်ကျွေးပေးခြင်း’၊ 'နွားငယ်၏ ချက်ကြိုးအား လိုအပ်သည့် ဆေးဝါးများ သုတ်လိမ်းပေးခြင်း’ စတာတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related articles
မွေးဝက်ငယ်လေးများကို ပြုစုစောင့်ရှောက်နည်း
မွေးစနှင့် မိခင်မဲ့ဆိတ်ငယ်ကလေးများအား ပြုစုစောင့်ရှောက်နည်း
နွားငယ်လေးတစ်သက်တာ အရေးပါတဲ့ နို့ဦးရည် စနစ်တကျ တိုက်ကျွေးနည်း (၁,၂,၃ နိယာမ)
Related questions
ကျနော် နွားလေး မြွေကိုက် ခံရလို့ ဘယ်လိုလုပ်ရမလဲ ခဗျာ့ အကြံပေးပါဦး။ အဆင်ပြေရင် ဖုန်းဆက်ပြောပေးပါလာ။ ၀၉၆၉၁၀၇၃၅၂၂
စောထီးကော်မူး • 4 answers
ကြက်မှာ သွေးစုတ်တဲ့သန်း တွေ့ လို့ပါ ခေါင်းမှာအများဆုံးတွေ့တယ် ဘယ်လိုကုသရမလဲ
michael • 0 answers
ဒေသကြက်မီးလွတ်လေးတေမွေးထားတာနေ့ခင်းဘက်မောနေကြလို့ဘာလုပ်ပေးရင်အဆင်ပြေနိုင်လဲဗျ
thetlinkyaw • 1 answers
ကြက်တွေအတွက် လိုအပ်တဲ ကာကွယ်ဆေးတွေပေးဖို့ ဘယ်သူတွေနဲ့ချိတ်ဆက်ဆောင်ရွက်ရမလဲဗျ
Mg Aung Pyae • 1 answers
ပုစွန်🍤ဖွဲဘယ်မှဝယ်ရလဲ
ကိုသက်ခိုင် • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....