မွေးစနှင့် မိခင်မဲ့ဆိတ်ငယ်ကလေးများအား ပြုစုစောင့်ရှောက်နည်း
ဆိတ်မွေးမြူသူများအနေဖြင့် အကျိုးအမြတ်များပြီး အောင်မြင်မှု ရရှိစေရန်အတွက် ဆိတ်ငယ်ကလေးများအား စနစ်တကျ ပြုစုထိန်းသိမ်းစောင့်ရှောက်တတ်ဖို့လည်း အရေးကြီးလှသည်မို့ မွေးစဆိတ်ငယ်နှင့် မိခင်မဲ့ဆိတ်ငယ်ကလေးများအား ပြုစုထိန်းသိမ်းစောင့်ရှောက်နည်းများကို အသေးစိတ်သိရှိစေရန် လေ့လာရေးသားဖော်ပြပေးလိုက်ပါသည်။

(က) ဆိတ်ငယ်ကလေးများအား ထိန်းသိမ်းပြုစုစောင့်ရှောက်ခြင်း
မွေးစဆိတ်ငယ်ကလေးများသည် များသောအားဖြင့် သန်မာသည်။ မွေးပြီးလျှင်ပြီးချင်း ၄င်းဘာသာထရန် ကြိုးစားတတ်သည်။ သန်မာသောဆိတ်ငယ်များသည် မွေးပြီးမကြာမီ ထ၍ မိခင်နို့ကို တွေ့အောင်ရှာတတ်ပါသည်။ ဆိတ်မဒန်းမိခင်များမှအပ ဆိတ်မကြီးများသည် သားငယ်ထနိုင်ရန် အကူ အညီပေးသည်။ ဆိတ်ငယ်သည်လည်း မိခင်နို့ကိုတွေ့အောင်ရှာပြီး စို့လေ့ရှိသည်။
ဆိတ်မွေးမြူသူအနေဖြင့် ဆိတ်ငယ်လေးကို အကူအညီပေးရန်လိုသည်။ မွေးဖွားပြီး နာရီပိုင်းအတော်ကြာသည်အထိ မိခင်နို့မစို့ဘဲ ဆိတ်ငယ်များခံနိုင်ရည်ရှိသည်ဆိုသော်လည်း မွေးဖွားပြီးလျှင်ပြီးချင်း နာရီပိုင်းအတွင်း မိခင်နို့စို့နိုင်စေရန် ဆောင်ရွက်ပေးသင့်ပါသည်။
မွေးဖွားစရက်များတွင် ဆိတ်မကြီးမှထွက်ရှိသည့် နို့ဦးရည်သည် ဆိတ်ကလေးများအတွက် မရှိမဖြစ်လိုအပ်သည်။ နို့ဦးရည်သည် ဆိတ်ငယ်ကလေးများ သာမန်ရောဂါများ ခံနိုင်စွမ်းရည်ရှိသည့် မိခင်၏ကိုယ်ခံစွမ်းအားများပါရှိလာသည့်နည်းတူ ဆိတ်ငယ်အား ဝမ်းပျော့ပျော့သွားစေနိုင်ခြင်းဖြင့် မိခင်၏ဝမ်းတွင်း၌ရှိနေစဉ် ရှိနေမည့် ငယ်ချေးများ ပါသွားစေမည်ဖြစ်သည်။
သို့ဖြစ်၍ မွေးစဆိတ်ငယ်များ နို့ဦးရည်သောက်သုံးစေရန် စီမံဆောင်ရွက်ပေးရမည်။
ဆိတ်ငယ်တစ်ပတ်သားအရွယ်ခန့်ရောက်သည့်အခါဆိတ်အုပ်နှင့်အတူ လွှတ်ကျောင်းနိုင်သည်။ အချို့ ဆိတ်များ နှစ်ကောင်မွေးလေ့ရှိသည်။ နှစ်ကောင်မွေးပါက ဆိတ်ငယ်နှစ်ကောင်စလုံး နို့စနစ်တကျသောက်သုံးနိုင်စေရန် စီမံဆောင်ရွက်ပေးရမမည်။
အချို့ဆိတ်မများသည် တစ်ခါတစ်ရံတွင် သုံးကောင်ထိ မွေးတတ်သည်။ သို့သော် ဆိတ်မ၏နို့အုံတွင် နို့တံ(၂)ချောင်းသာရှိသဖြင့် ဆိတ်ငယ်များအလှည့်ကျနို့စို့နိုင်စေရန် အလှည့်ကျလွှတ်ပေးရမည်။ နှစ်ကောင်၊ သုံးကောင်မွေးသည့်ဆိတ်မများတွင် ဆိတ်မကြီးအား အစာကိုစနစ်တကျကျွေးရန် အရေးကြီးသည်။ သို့မှသာ နို့ထွက်ကောင်းပြီး ဆိတ်ကလေးများကျန်းမာသန်စွမ်းမည်ဖြစ်သည်။
ဆိတ်ငယ်တစ်ကောင်တည်း မွေးဖွားသောဆိတ်မများတွင်လည်း ဆိတ်ငယ်ကို နို့သီးတံနှစ်တိုင်စလုံးနို့စို့စေရန် အလေ့အကျင့်ပြုလုပ်ပေးရမည်။ နို့သီးတံတစ်တိုင်တည်း နို့စို့ပါက ကျန်နို့သီးတိုင်အတွင်း နို့များခဲ၍ နို့ကန်းသွားတတ်ခြင်းကြောင့်ဖြစ်သည်။
ထို့ကြောင့် မွေးမြူသူမှ စောင့်ကြည့်ပြီး နို့ညှစ်ပေးခြင်း၊ ဆိတ်ငယ်အားနို့စို့စေခြင်းများ ပြုလုပ်ပေးရပါမည်။
ဆိတ်ငယ်များသည် နှစ်ပတ်သားမှစ၍ အစာနုနှင့် မြက်နုများစားတတ်၍ အလေ့အကျင့်ပြုလုပ်ကျွေးမွေးရသည်။ များသောအားဖြင့် အသက်(၆)ပတ်သားတွင် နို့ခွဲလေ့ရှိရာ အစာနုစားသည့် အလေ့အကျင့်ရပြီးဖြစ်ပါက ဆိတ်ငယ်များ၏ ကြီးထွားဖွံ့ဖြိုးမှုအပေါ် အနှောင့်အယှက် မဖြစ်တော့ပေ။
(ခ) မိခင်မဲ့ဆိတ်ငယ်ကလေးများအား ပြုစုထိန်းသိမ်းစောင့်ရှောက်ခြင်း
နို့စားဆိတ်များတွင် ဆိတ်ကလေးများမွေးပြီးနောက် သီးခြားခွဲ၍ ပြုစုထိန်းသိမ်းစောင့်ရှောက်သကဲ့သို့ အကြောင်းကြောင်းကြောင့် မိခင်ဆိတ်မကြီးသေဆုံးသွားလျှင်လည်း မွေးမြူသူက စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရန်လိုသည်။
အရေးကြီးသည်မှာ ဆိတ်ငယ်အား(၆)ပတ်သားအတွင်း နို့ကိုစနစ်တကျ တိုက်ကျွေးရန်ပင် ဖြစ် သည်။
နို့တိုက်နည်း(၂) မျိုးရှိသည်။
- (၁) နို့သီးတံတပ်ထားသည့် နို့ပုလင်းဖြင့် နို့တိုက်ခြင်းနှင့်
- (၂) နို့ပုံးဖြင့် နို့တိုက်ကျွေးခြင်း တို့ဖြစ်သည်။
ယင်းနှစ်မျိုးလုံးကို စနစ်တကျ လေ့ကျင့်ပေးရန် လိုအပ်ပါသည်။
နို့ပုံးဖြင့် တိုက်ကျွေးရာတွင် လေ့ကျင့်ပေးပုံမှာ...
- ခွက်တွင်နို့ထည့်၍ မွေးမြူသူ၏လက်ညှိုးကို နို့ရည်အတွင်း အပေါ်သို့ အနည်းငယ်ဖော်ထားရမည်။
- ဆိတ်ငယ်ကို မွေးမြူသူ၏လက်တစ်ဖက်ဖြင့် လက်ညှိုးထိပ်ကိုငုံမိအောင် ဖိပေးရသည်။
- ဆိတ်ငယ်က လက်ညှိုးကို ငုံမိ၍ နို့အရသာတွေ့သည့်အခါ နို့ရည်ကိုခွက်မှ ဆက်လက်စုပ်၍သောက်ရင်း သောက်တတ်သွားမည်ဖြစ်သည်။
အရေးကြီးသည်မှာ နို့တိုက်သည့် နို့ပုလင်း၊ နို့သီးခေါင်းများ သန့်ရှင်းစွာ ဆေးကြောထားရှိရေးပင် ဖြစ်သည်။
၎င်းပြင် နို့တိုက်ရာတွင် ဆိတ်နို့၊ နွားနို့ (သို့မဟုတ်) ကျွဲနို့ကို အချိန်အဆခွဲ၍ တစ်နေ့လျှင် ပထမပိုင်း၌ ၄ ကြိမ်ခန့် တိုက်သင့်သည်။ တစ်ပတ်သားကျော်လျှင်တော့ နို့ပမာဏကိုအဆတိုး၍ တစ်နေ့လျှင် ၂ ကြိမ်သာ အလေ့အကျင့်လုပ်၍တိုက်ပြီး အစာနုစတင်ကျွေးမွေးနိုင်ပါသည်။
၃ ပတ်သားမှ သားခွဲချိန် ၃ လအထိ တစ်နေ့နှစ်ကြိမ် နို့တိုက်ကျွေးရမည်။ နို့ဘူးဖြင့်တိုက်လျှင် နို့ဘူးကို သန့်စင်အောင်ဆေးကြောပြီး အပူချိန် ၃၆၀ ဒီဂရီစင်တီဂရိတ်ထိ ပူနွေးရန်လိုအပ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
မွေးမြူနည်း
Related articles
မွေးဝက်ငယ်လေးများကို ပြုစုစောင့်ရှောက်နည်း
နွားငယ်လေးတစ်သက်တာ အရေးပါတဲ့ နို့ဦးရည် စနစ်တကျ တိုက်ကျွေးနည်း (၁,၂,၃ နိယာမ)
နွားငယ်လေးတစ်သက်တာအတွက် အရေးအကြီးဆုံး ရွှေရောင် ၁ နာရီ (အပိုင်း - ၂)
Related questions
ကျနော် နွားလေး မြွေကိုက် ခံရလို့ ဘယ်လိုလုပ်ရမလဲ ခဗျာ့ အကြံပေးပါဦး။ အဆင်ပြေရင် ဖုန်းဆက်ပြောပေးပါလာ။ ၀၉၆၉၁၀၇၃၅၂၂
စောထီးကော်မူး • 4 answers
ကြက်မှာ သွေးစုတ်တဲ့သန်း တွေ့ လို့ပါ ခေါင်းမှာအများဆုံးတွေ့တယ် ဘယ်လိုကုသရမလဲ
michael • 0 answers
ဒေသကြက်မီးလွတ်လေးတေမွေးထားတာနေ့ခင်းဘက်မောနေကြလို့ဘာလုပ်ပေးရင်အဆင်ပြေနိုင်လဲဗျ
thetlinkyaw • 1 answers
ကြက်တွေအတွက် လိုအပ်တဲ ကာကွယ်ဆေးတွေပေးဖို့ ဘယ်သူတွေနဲ့ချိတ်ဆက်ဆောင်ရွက်ရမလဲဗျ
Mg Aung Pyae • 1 answers
ပုစွန်🍤ဖွဲဘယ်မှဝယ်ရလဲ
ကိုသက်ခိုင် • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးဇော်(dof)
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....