ကြက်ဥထုတ်လုပ်မှု တိုးတက်လာတဲ့ စင်ကာပူ
စင်ကာပူနိုင်ငံရဲ့ ကြက်ဥထုတ်လုပ်မှုဟာ ၂၀၂၃ ခုနှစ်မှာ ၂၀၂၂ ခုနှစ်ထက် ၁၂ ရာခိုင်နှုန်း တိုးလာတယ် ဆိုတဲ့သတင်းဟာ စိတ်ဝင်စားစရာ သတင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။
စင်ကာပူနိုင်ငံဟာ အရှေ့တောင်အာရှမှာ စားနပ်ရိက္ခာ ထုတ်လုပ်နိုင်မှု အနည်းဆုံး နိုင်ငံဖြစ်ပြီး စားနပ်ရိက္ခာ လိုအပ်ချက်ရဲ့ ၉၀ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းရပါတယ်။ အဲဒီလို စားနပ်ရိက္ခာအတွက် ပြည်ပကို မှီခိုနေရတဲ့အပေါ် စင်ကာပူအစိုးရနဲ့ ပြည်သူတွေက စိတ်မသက်မသာ ဖြစ်နေခဲ့တာကြာပါပြီ။ အထူးသဖြင့် ကိုဗစ် - ၁၉ ကပ်ရောဂါကာလမှာ တစ်ကမ္ဘာလုံး ကူးသန်းရောင်းဝယ်ရေးဆက်ကြောင်းတွေ ပြတ်တောက်သွားပြီး၊ စားသောက်ကုန်တွေ အချိန်မီ တင်သွင်းဖို့ အခက်တွေ့ခဲ့ရရတာက စင်ကာပူရဲ့ စားနပ်ရိက္ခာဖူလုံရေးအပေါ် စိုးရိမ်စိတ်ကို ပိုမို ကြီးထွားစေခဲ့ပါတယ်။
ဒါကြောင့် စင်ကာပူဟာ စားနပ်ရိက္ခာနဲ့ပတ်သက်ပြီး ပြည်ပကို အားကိုးရမှုကို လျှော့ချပြီး၊ ပြည်တွင်းမှာ တိုးချဲ့ထုတ်လုပ်ဖို့ ကြိုးစားလာပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်က "၂၀၃၀ ခုနှစ်မှာ စင်ကာပူရဲ့ စားနပ်ရိက္ခာ လိုအပ်ချက်ရဲ့ ၃၀ ရာခိုင်နှုန်းကို စင်ကာပူနိုင်ငံထဲမှာပဲ ထုတ်လုပ်နိုင်ရေး" ဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်ကို "30 by 30" လို့ ခေါ်ပါတယ်။
စင်ကာပူရဲ့ ကြက်ဥလိုအပ်ချက် ၂၈ ရာခိုင်နှုန်းကို ပြည်တွင်းမှာထုတ်လုပ်ပြီး၊ ကျန်တဲ့ ကြက်ဥ ၇၂ ရာခိုင်နှုန်းကို ပြည်ပကနေ တင်သွင်းရတာ ဖြစ်ပါတယ်။ အထူးဂဖြင့်တော့ မလေးရှားကနေ တင်သွင်းတာပါ။ ဩစတေးလျ၊ ဂျပန် နဲ့ နယူးဇီလန် တို့ကနေလည်း ပမာဏ အနည်းငယ် တင်သွင်းပါတယ်။
အခုကြားသိရတဲ့ ကြက်ဥထုတ်လုပ်မှု ၁၂ ရာခိုင်နှုန်းတိုးတက်လာတယ် ဆိုတဲ့သတင်းဟာ စင်ကာပူအနေနဲ့ သူ့ရဲ့ရည်မှန်းချက်ကို ပြည့်မီအောင် အာရုံစိုက်ကြိုးပမ်းနေကြောင်း ဖော်ပြနေတာပဲ ဖြစ်ပါတယ်။ စင်ကာပူ စားနပ်ရိက္ခာ အေဂျင်စီ (Singapore Food Agency) ရဲ့ ကိန်းဂဏန်းတွေအရ၊ ကြက်ဥအလုံးပေါင်း ၆၈၅ သန်း ထုတ်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ ပြည်တွင်းစားသုံးမှုရဲ့ ၂၉ ရာခိုင်နှုန်းခန့် ရှိတယ်လို့ သိရပါတယ်။
၂၀၂၀ ခုနှစ်မှာ စင်ကာပူနိုင်ငံသား တစ်ဦးရဲ့ ကြက်ဥစားနှုန်းဟာ ၃၈၈ လုံး ရှိခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ တစ်နိုင်ငံလုံးအနေနဲ့ ကြက်ဥ အလုံးပေါင်း ၂.၂၁ ဘီလီယံ စားသုံးခဲ့တာ ဖြစ်ပါတယ်။

စင်ကာပူရဲ့ ပြည်တွင်းကြက်ဥထုတ်လုပ်မှုကို ဥစားကြက်ခြံ ၃ ခြံက တာဝန်ယူထားတာ ဖြစ်ပါတယ်။ စတုတ္ထမြောက် ဥစားကြက်ခြံကို Lim Chu Kang မှာ တည်ဆောက်နေပြီး ၂၀၂၄ ခုနှစ်အတွင်းမှာ စတင်လည်ပတ်နိုင်ဖို့ ရည်မှန်းထားပါတယ်။ အဲဒီ ဥစားကြက်ခြံအတွက် ရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရှိပြီး၊ လုပ်ငန်းတွေလည်ပတ်နိုင်ပြီဆိုရင် တစ်နှစ်ကို ကြက်ဥအလုံးရေ သန်း ၃၆၀ လောက် ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။
ဒါကြောင့် ခြံ ၄ ခြံစလုံး အပြည့်လည်ပတ် ထုတ်လုပ်နိုင်ပြီဆိုရင် ပြည်တွင်းစားသုံးမှုရဲ့ ၅၀ ရာခိုင်နှုန်း နီးပါးကို ပြည်တွင်းမှာပဲ ထုတ်လုပ်နိုင်တော့မယ့် အနေအထား ဖြစ်ပါတယ်။
ဒါပေမယ့် စိန်ခေါ်မှုတွေက ကြီးကြီးမားမား ရှိနေဆဲပါ။ တိုးတက်လာမယ့် ကြက်ကောင်ရေအတွက် ကြက်စာ လိုအပ်ချက်ကို ဘယ်လိုဖြည့်တင်းမလဲ ဆိုတဲ့ စိန်ခေါ်မှုပါ။ စင်ကာပူဟာ ဒီအခက်အခဲကို ဘယ်လိုကျော်လွှားမလဲ ဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုလေး
2 years agoပင်ပန်းရကျိူးနပ်တယ်
ကိုလေး
2 years agoလုပ်သလောင်အကျိူးရှိတယ်
ကိုလေး
2 years agoအားကြတယ်
ကိုလေး
2 years agoသူများနိူင်ငံကောင်းတယ်
ကိုလေး
2 years agoအစာစျေး
Related articles
၁၄ နှစ်အရွယ် တရုတ်လူငယ်တီထွင်ခဲ့တဲ့ လျှပ်စစ်မလိုသော ရေထုတ်စနစ်
အပူချိန်မြင့်တက်လာလို့ အထွက်နှုန်းကျတာကို ပုံမှန်လိုဖြစ်လာမှာ ဗြိတိန်တောင်သူများ စိုးရိမ်
ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပမှ ဆန်တန်ချိန် ၃ သိန်း ၀ယ်ယူရန်စီစဉ်နေ
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....