အာကာသထဲက ငါးကလေးတွေ
ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက် မနက်စောစောမှာ တရုတ်အာကာသယာဉ်မှူး ၃ ဦး ပါဝင်တဲ့ ရှန်ကျိုး- ၁၉ (Shenzhou-19) အာကာသခရီးစဉ်ကို လွှတ်တင်ခဲ့ပါတယ်။ အချိန် ၆ နာရီခွဲကြာမြင့်တဲ့ ခရီးစဉ်အပြီးမှာ အာကာသ ယာဉ်မှူး ၃ ဦးဟာ တရုတ်အာကာသသိပ္ပံစခန်း ထျန်ကုန်း (Tiangong) ကို ရောက်ရှိခဲ့ပြီး သူတို့အရင် လွန်ခဲ့တဲ့ ၆ လက အာကာသစခန်းကို ရောက်ရှိနေတဲ့ ရှန်ကျိုး-၁၈ (Shenzhou-18) အာကာသသိပ္ပံအဖွဲ့နဲ့ တွေ့ဆုံခဲ့ကြပါတယ်။
ရှန်ကျိုး-၁၈ ကနေ ရှန်ကျိုး-၁၉ ထံ တာဝန်လွှဲပြောင်းမှုတွေကို ၅ ရက်ကြာ လုပ်ဆောင်ပြီးတဲ့နောက် Ye Guangfu ၊ Li Cong နဲ့ Li Guangsu ရှန် ကျိုး-၁၈ အဖွဲ့သားတွေက ကမ္ဘာမြေပေါ်ကို နိုဝင်ဘာ ၅ ရက်နေ့မှာ ချောချောမွေ့မွေ့ ပြန်လည်ရောက်ရှိခဲ့ကြပါပြီ။ သူတို့အဖွဲ့ဟာ ပြီးခဲ့တဲ့ ၆ လအတွင်း အာကာသထဲမှာ သုတေသန စမ်းသပ်မှုပေါင်း ၂၈ ခု ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီသုတေသနတွေထဲက တစ်ခုကတော့ အာကာသထဲမှာ ငါးလေးတွေ ရှင်သန်နိုင်သလား၊ သူတို့ရဲ့ အမူအကျင့်တွေဟာ အာကာသထဲမှာ ကမ္ဘာမြေပေါ်မှာနဲ့ မတူဘဲ ဘယ်လိုပြောင်း လဲလာသလဲ စတာတွေကို လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။

Zebrafish ငါးလေးတစ်ကောင်အား တွေ့ရစဉ်
သုတေသီတွေဟာ ဧပြီ ၂၅ ရက်က ကမ္ဘာမြေကနေယူသွားတဲ့ zebrafish လို့ခေါ်တဲ့ ငါးလေး ၄ ကောင်ကို ထျန်ကုန်း အာကာသသိပ္ပံစခန်းရဲ့ ဓာတ်ခွဲခန်းထဲက အထူးပြုလုပ်ထားတဲ့ မှန်ရေကန်လေးထဲမှာ ထည့်သွင်းမွေးမြူ ခဲ့ကြပါတယ်။ ငါးလေးတွေအပြင် hornwort ရေနေအပင်လေးတွေပါ ထည့်သွင်းထားခဲ့ကြတာပါ။ Zebrafish ငါးလေးတွေဟာ တရုတ်အာကာသသိပ္ပံစခန်းကို လူတွေပြီးနောက်၊ ဒုတိယမြောက် ရောက်ရှိခဲ့တဲ့ ကျောရိုးရှိသတ္တဝါ လေးတွေအဖြစ် မှတ်တမ်းဝင်ခဲ့ပါပြီ။
ဒါပေမယ့် အာကာသထဲမှာ ငါးလေးတွေမွေးမြူကြည့်တဲ့သုတေသနလုပ်ငန်းဟာ ဒါ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ၁၉၇၃ ခုနှစ်မှာ ဇူလိုင်လ ၂၈ ရက်မှာ အမေရိကန် အာကာသယာဉ်မှူးတွေဖြစ်ကြတဲ့ Alan Bean ၊ Owen Garriott နဲ့ Jack Lousma တို့ဟာ ပထမဆုံးအကြိမ်အဖြစ် Mummichog ငါးသန်လေး နှစ်ကောင်နဲ့ ငါးဥ အလုံးရေ ၅၀ ကို ကမ္ဘာပတ်လမ်းကြောင်းထဲကို ယူဆောင်သွားခဲ့ကြတာ ဖြစ်ပါတယ်။

ကမ္ဘာပတ်လမ်းကြောင်းထဲသို့ရောက်ဖူးသည့် ပထမဆုံးငါးလေးများနှင့် ဆွေမျိုးတော်စပ်သည့် Mummichog ငါး
အဲဒီနောက်မှာ ရေသတ္တဝါတွေကို အာကာသထဲ ယူသွားပြီး စမ်းသပ်တဲ့ သုတေသနလုပ်ငန်းတွေ အတော်များများ ရှိခဲ့ပါတယ်။
ဥပမာအားဖြင့် ၂၀၁၂ ခုနှစ်မှာ အမေရိကန် NASA ရဲ့ နိုင်ငံတကာအာကာသစခန်း (ISS) မှာ ဂျပန် အာ ကာသသိပ္ပံ (JAXA) က ပညာရှင်တွေက medaka လို့ခေါ်တဲ့ ဂျပန်ရေချိုငါးလေးတွေနဲ့ စမ်းသပ်ခဲ့ကြတာပါ။ အဲဒီ အဖွဲ့ရဲ့ ကောက်ချက်ကတော့ ဆွဲငင်အားမရှိတဲ့ အာကာသထဲက ပတ်ဝန်းကျင်အခြေအနေဟာ လူတွေအပေါ် သက် ရောက်တာထက်၊ ငါးတွေအပေါ် သက်ရောက်တာ ပိုကြီးမားတယ် ဆိုတာပါပဲ။
အခုနောက်ပိုင်း လူသားတွေရဲ့ ရောဂါတွေကို လေ့လာရာမှာ Zebrafish ငါးလေးတွေကို နမူနာ (model animal) အဖြစ် အသုံးပြုလာကြတယ်လို့ သိရပါတယ်။ သူတို့ရဲ့ မျိုးဗီဇ (DNA) ဟာ လူသားတွေရဲ့ မျိုးဗီဇ နဲ့ ၇၀% လောက် တူညီတယ်လို့ ဆိုပါတယ်။ လူသားတွေမှာ ရောဂါဖြစ်ပွားမှုနဲ့ ပတ်သက်နေတဲ့ မျိုးဗီဇ ၈၂% လောက်ဟာ Zebrafish ငါးလေးတွေမှာလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ သူတို့ရဲ့ swim bladder လို့ခေါ်တဲ့ ခန္ဓာကိုယ်အစိတ် အပိုင်းကို လေ့လာရင် လူတွေရဲ့ အဆုတ်နဲ့ ပတ်သက်ပြီး အချက်အလက်တွေ ရလာနိုင်ပါတယ်။ ဒါကြောင့် သူတို့ကို သိပ္ပံသုတေသနတွေမှာ ပိုအသုံးချလာကြတာပါ။
ကုန်ကျစရိတ်သက်သာသလို မွေးရလွယ်ပြီး၊ အရွယ်အစား သေးငယ်တာကလည်း Zebrafish ငါးလေးတွေ ကို အာကာသထဲ ယူသွားဖို့ ရွေးချယ်ရတဲ့ အကြောင်းအရင်း တစ်ခုဖြစ်ပါလိမ့်မယ်။ သုတေသနလုပ်ငန်းတွေ လုပ် ဆောင်ဖို့ ကမ္ဘာမြေပြင်ကနေ အာကာသထဲထိ ယူဆောင်သွားရတဲ့ ပစ္စည်းတွေ သေးလေလေ၊ နည်းလေလေ၊ သယ် ယူသွားရတာ လွယ်ကူလေလေပဲ မဟုတ်ပါလား။ ကုန်ကျစရိတ်ကလည်း သက်သာလေပဲ မဟုတ်ပါလား။
အရမ်းနည်းတဲ့ဆွဲငင်အား (Microgravity) သာရှိတဲ့ ရေကန်လေးဟာ ငါးလေးတွေ၊ ရေနေအပင်လေးတွေ၊ ရေတွေနဲ့ သီးခြားတည်ဆောက်ပေးထားတဲ့ ဂေဟစနစ် (ecosystem) လေး ဖြစ်နေခဲ့တာပါ။ အဲဒီ ဂေဟစနစ်ထဲမှာ Zebrafish ငါးလေးတွေဟာ ရက်ပေါင်း ၄၀ ကြာအောင် ရှင်သန်နေထိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ရှန်ကျိုး-၁၈ အဖွဲ့ သားတွေက ငါးလေးတွေရဲ့ နေထိုင်ပြုမူပုံတွေကို မှတ်တမ်းတွေ ရယူခဲ့ကြပါတယ်။
ငါးလေးတွေဟာ ရေကူးတဲ့ ပုံစံမမှန်တာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။ ဆွဲငင်အားနည်းလွန်းတာကြောင့် ဘယ်ဟာအပေါ်၊ ဘယ်ဟာအောက်ဆိုတာ သေသေချာချာမခွဲခြားနိုင်သလို၊ ဦးတည်ရာကိုလည်း ခွဲခြားခက်နေဟန် ရှိပါတယ်။ ငါးလေးတွေက ပတ်ခြာလည်နေတာ၊ ပက်လက်လန်ပြီး ရေကူးနေတာ စသည်ဖြင့် လှုပ်ရှားမှုပုံစံတွေမှာ ကမောက်ကမတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အာကာသထဲတွင် Zebrafish ငါးကလေးများ စမ်းသပ်မွေးမြူထားသည့် ငါးကန်ငယ်
ဒါပေမယ့် ငါးကန်လေးထဲမှာ ဂေဟစနစ်တစ်ခုဟာ ကမ္ဘာမြေပြင်မှာထက်ကို မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာတာကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ အာကာသယာဉ်မှူးတွေဟာ ငါးကလေးတွေကို အချိန်ပြည့် ဗွီဒီယိုမှတ် တမ်းတင်ပြီး သူတို့ရဲ့ အမူအကျင့်တွေကို လေ့လာသလို၊ ရေအရည်အသွေး ပြောင်းလဲမှုတွေကိုလည်း တိုင်းတာ စစ် ဆေးပြီး မှတ်တမ်းတင်ထားခဲ့ပါတယ်။
ဒီသုတေသနလုပ်ငန်းရဲ့ နောက်ကွယ်ကနေ ကြီးကြပ်ပေးနေတဲ့ ပညာရှင်ကတော့ တရုတ်သိပ္ပံအကယ်ဒမီ၊ Institute of Hydrobiology က ပါမောက္ခ Wang Gaohong ဖြစ်ပါတယ်။ သူက အခု စမ်းသပ်တွေ့ရှိမှုတွေကြောင့် နောက်ပိုင်း ပိုမိုပြီး ရှုပ်ထွေးနက်နဲတဲ့ သုတေသနတွေ ဆက်လက်လုပ်ဆောင်နိုင်တော့မယ်လို့ ဆိုပါတယ်။ ငါးတွေ ကို ဥဘဝကနေ ငါးအဖြစ် မွေးမြူပြုစုတာ၊ သားဖောက်ပြီး၊ သူတို့ကနေ ဥတွေ ပြန်ပေါက်လာတာ စသည်ဖြင့် ငါးရဲ့ ဘဝစက်ဝန်းတစ်ခုလုံးကို အာကာသထဲမှာပဲ လုပ်နိုင်မလားဆိုတာကို ဆက်လက်လေ့လာကြဖို့ ရှိနေပါတယ်။
အဲဒီလိုသာ လုပ်နိုင်ခဲ့မယ်ဆိုရင် အနည်းဆုံးတော့ အာကာသ ယာဉ်မှူးတွေအတွက် အာကာသထဲမှာ ချက် စားစရာ ငါးတွေ ရနိုင်တော့မယ် ထင်ပါရဲ့။ အဲဒီကနေ ဆက်ပြီး အနာဂတ်နှစ်ပေါင်းများစွာအကြာမှာ အာကာသထဲ၊ ဒါမှမဟုတ် လကမ္ဘာပေါ်မှာ ငါးကန်တွေ၊ မွေးမြူရေးခြံတွေ၊ စိုက်ခင်းတွေ ပေါ်ပေါက်လာနိုင်တော့မလားလို့ ဆက်ပြီး စိတ်ကူးယဉ်ကြည့်စရာ ကောင်းလှပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related articles
၁၄ နှစ်အရွယ် တရုတ်လူငယ်တီထွင်ခဲ့တဲ့ လျှပ်စစ်မလိုသော ရေထုတ်စနစ်
အပူချိန်မြင့်တက်လာလို့ အထွက်နှုန်းကျတာကို ပုံမှန်လိုဖြစ်လာမှာ ဗြိတိန်တောင်သူများ စိုးရိမ်
ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပမှ ဆန်တန်ချိန် ၃ သိန်း ၀ယ်ယူရန်စီစဉ်နေ
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....