Green Way
ကျောင်းသားတွေကို ကြက်ဥ အခမဲ့ကျွေးမယ့် ထိုင်းနိုင်ငံ

ကျောင်းသားတွေကို ကြက်ဥ အခမဲ့ကျွေးမယ့် ထိုင်းနိုင်ငံ

သက်ခိုင်
သက်ခိုင် 31/05/2024

နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ အဲဒီနိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်အပေါ် အများကြီး မူတည်ပါတယ်။

အမြော်အမြင်ကြီးတဲ့ နိုင်ငံတွေ၊ နိုင်ငံ့အစိုးရတွေဟာ ကျောင်းသားလူငယ်တွေရဲ့ ပညာရည်မြင့်မားမှုနဲ့အတူ ဉာဏ်ရည်မြင့်မားဖို့၊ ကိုယ်ခန္ဓာဖွံ့ထွားကြံ့ခိုင်ဖို့အတွက် အာရုံစိုက် ကြိုးပမ်းကြပါတယ်။ အဲဒီအတွက် လူငယ်‌တွေအာဟာရပြည့်ဝစွာ စားသုံးခွင့်ရှိရေးဟာ မရှိမဖြစ် အရေးပါပါတယ်။ 

ထိုင်းနိုင်ငံဟာ ဥစားကြက်မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေး ရံပုံငွေကနေ ကျောင်းသားငယ်တွေအတွက်ကြက်ဥ ပုံမှန်‌ကျွေးမွေးမယ့် အစီအစဉ်ကို စမ်းသပ်စတင်လိုက်ပါတယ်။

နခွန်နရော့ခ် Nakhon Nayok ပြည်နယ်မှာ ရှိတဲ့ ကျောင်းပေါင်း ၁၂ ကျောင်းက ကျောင်းသား ၂၀၀၀ ကို တစ်ပတ် ကြက်ဥ ၃ လုံးနှုန်းနဲ့ ၂ နှစ် (စာသင်ကာလ ၄ ခုစာ) အခမဲ့ ကျွေးမွေးသွားမှာ ဖြစ်ပါတယ်။ ထိုင်းကျန်းမာရေးဦးစီးဌာနက ကျောင်းသားတွေရဲ့ ကျန်းမာရေးကို မပြတ်စောင့်ကြည့်မှတ်တမ်းတင်နေမှာဖြစ်ပြီး ကြက်ဥကျွေးမွေးခြင်းရဲ့ အကျိုးရလဒ်ကို လေ့လာမှာ ဖြစ်ပါတယ်။ တကယ်လို့ အခုလို ကြက်ဥ ကျွေးမွေးခြင်းကြောင့် ကောက်းမွန်တဲ့ ရလဒ်တွေ ရလာမယ်ဆိုရင် ကျောင်းသား၊ ကျောင်းသူတိုင်းအတွက် အခမဲ့ ကြက်ဥကျွေးမွေးတဲ့ အစီအစဉ်ကို တိုးချဲ့ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ရံပုံငွေအဖွဲ့ ဥက္ကဌဖြစ်သူ Mongkol Phipatsattayanuwong က ဆိုပါတယ်။ 

ထိုင်းနိုင်ငံမှာ ကျောင်းနေအရွယ် ကလေးငယ်တွေကို နွားနို့ အခမဲ့ တိုက်ကျွေးတဲ့ School Milk Program ရှိနေပြီး၊ နောက်ပိုင်းမှာ ကြက်ဥကျွေးမွေးတဲ့ အစီအစဉ်ကို School Egg Program အဖြစ် တွေ့မြင်လာရနိုင်ချေ ရှိနေပါတယ်။ 

ထိုင်းနိုင်ငံဟာ School Milk Program ကို ၁၉၉၂ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး အဲဒီအစီအစဉ်အတွက် တစ်နှစ်ကို ထိုင်းဘတ်ငွေ ၁၄ ဘီလီယံကျော် သုံးစွဲလျက် ရှိပါတယ်။ 

School Egg Program ပေါ်ပေါက်လာခဲ့မယ်ဆိုရင် ပြည်တွင်း ကြက်ဥစားသုံးနှုန်း မြင့်မားလာပြီး ဥစားကြက်မွေးမြူရေးကဏ္ဍအတွက်လည်း အကျိုးဖြစ်ထွန်းစေမှာပါ။

လက်ရှိမှာ ထိုင်းငံသားတစ်ဦးချင်းစီရဲ့ ဥအမျိုးမျိုး စားနှုန်းဟာ တစ်နှစ်ကို ၂၂၃ လုံး ရှိပြီး တစ်နှစ်မှာ အလုံး ၇၀ ဝန်းကျင်သာ စားသုံးနိုင်တဲ့ မြန်မာနိုင်ငံသားတွေထက် ၂ ဆကျော် ပိုမိုစားသုံးတာ ဖြစ်ပါတယ်။ 

ဆိုတော့ ဒီနေ့သီတင်းဟာ ထိုင်းနိုင်ငံရဲ့ ဆောင်ရွက်ပုံအကြောင်းကို အိမ်နီးချင်းနိုင်ငံတွေအတွက် အားကျအတုယူဖွယ် ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Continue reading related topics, questions and articles.

ကိုအောင်သန်းအေး

ကိုအောင်သန်းအေး

1 year ago

မြင်းခြံ၊တောင်သာ၊ နားကကြက်ခြံလုပ်ငန်းရှင်ရှိလား ဆွေးနွေးစကားလေးပြောချင်လို့

You

Related articles

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....