ရာသီဥတုပြောင်းလဲလာမှုကြောင့် ဘန်ကောက်မြို့တော် ပြောင်းရွှေ့ရနိုင်ဖွယ်ရှိ
ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ထိုင်းနိုင်ငံရဲ့မြို့တော် ဘန်ကောက်ကို နေရာအသစ် ပြောင်းရွှေ့ရန် စဉ်းစားရဖွယ်ရှိကြောင်း ရာသီဥတု ပြောင်းလဲမှုဆိုင်ရာရုံးမှ အကြီးတန်းအရာရှိတစ်ဦးက AFP ကို ဗုဒ္ဓဟူးနေ့ (မေလ ၁၅ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ခန့်မှန်းချက်များအရ တဖြည်းဖြည်းနိမ့်ကျလာနေတဲ့ ဘန်ကောက်မြို့ဟာ ရာစုနှစ်မကုန်ခင်မှာဘဲ သမုဒ္ဒရာထဲကို မြုပ်သွားနိုင်မဲ့ အန္တရာယ်ရှိကြောင်း အမြဲမပြတ်ပြသနေတာ ဖြစ်ပါတယ်။
လူစည်ကားလှတဲ့ မြို့တော်အများစုဟာ မိုးတွင်းကာလမှာဆိုရင် ရေကြီးရေလျှံမှုများနဲ့ ရင်ဆိုင်နေကြရစမြဲ ဖြစ်ပါတယ်။
အစိုးရရဲ့ ရာသီဥတုပြောင်းလဲမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန လက်ထောက်ညွှန်ကြားရေးမှူးချုပ် Pavich Kesavawong က ဘန်ကောက်မြို့ဟာ လက်ရှိပူနွေးလာမှုလမ်းကြောင်းမှာ ကမ္ဘာကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် မလုပ်ဆောင်နိုင်ပါဘူးလို့ သတိပေးထားပါတယ်။
"ကျွန်ုပ်တို့အနေနဲ့ ၁.၅ ဒီဂရီစင်တီဂရိတ်ကို ကျော်လွန်နေပြီလို့ ထင်ပါတယ်" လို့ ကမ္ဘာ့လေထုအခြေအနေ (pre-industrial levels) ကနေ ကမ္ဘာ့အပူချိန်မြင့်တက်မှုကိုရည်ညွှန်းပြီး သူက AFP ကို ပြောကြားခဲ့ပါတယ်။
"အခုတော့ လိုက်လျောညီထွေဖြစ်အောင် ပြန်ပြီး စဉ်းစားရပါတော့မယ်" လို့ သူက ဆိုပါတယ်။
"ကျွန်တော်တို့ရဲ့ လက်ရှိအခြေအနေမှာကိုပဲ ဘန်ကောက်မြို့ဟာ ရေအောက်ရောက်လာနေပြီလို့ ထင်မြင်မိပါတယ်"
ဘန်ကောက်မြို့တော် အစိုးရဟာ နယ်သာလန်နိုင်ငံမှာ အသုံးပြုထားတဲ့ နည်းလမ်းများအတိုင်း ရေနုတ်မြောင်း (တာတမံ) များ ဖောက်လုပ်ခြင်း အပါအဝင် စီမံဆောင်ရွက်ချက်များကို ရှာဖွေလေ့လာနေကြောင်းလည်းသူက ပြောကြားခဲ့ပါတယ်။
အဆိုပါ ဆွေးနွေးမှုများဟာ ဖြစ်နိုင်ဖွယ်ရာ မှန်းဆချက်များအဖြစ်နဲ့ ရှိနေဆဲဖြစ်ပြီး ပြဿနာမှာ အလွန်ရှုပ်ထွေးနေကြောင်း သို့ပေမဲ့ "ကျွန်တော်တို့အနေနဲ့ ပြောင်းရွှေ့ဖို့ကိုတော့ စဉ်းစားထားပါတယ်" လို့ Pavich က ပြောကြားခဲ့ပါတယ်။
"ကျွန်တော့် တစ်ကိုယ်တည်းအမြင်အရတော့ ဒါဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုလို့ ကျွန်တော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြို့တော်ရယ်၊ အစိုးရနယ်မြေရယ်၊ စီးပွားရေးနယ်ပယ်ရယ် ဆိုပြီးတော့မှ ကောင်းကောင်း ခွဲခြားနိုင်မယ်လို့ ထင်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
"ဘန်ကောက်ဟာ အစိုးရမြို့တော်အဖြစ် တည်ရှိနေပေမဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့ ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။"

ရာသီဥတုဆိုင်ရာ အကျိုးသက်ရောက်မှုများ
အခုလိုရွှေ့ပြောင်းတာဟာ မူဝါဒအဖြစ် ချမှတ်ရန် အလှမ်းဝေးနေသေးပေမဲ့လည်း ဒေသတွင်းမှာ ဒီလိုအခြေအနေမျိုးက ကြုံဖူးသေးတာ မဟုတ်ပါဘူး။
အင်ဒိုနီးရှားနိုင်ငံမှာဆိုရင်လည်း ရေအောက်နစ်မြုပ်လာမှုနဲ့ ညစ်ညမ်းမှုတွေရှိနေတဲ့ ဂျကာတာမြို့တော်အစား နိုင်ငံရဲ့ နိုင်ငံရေးဗဟိုချက်အဖြစ် အစားထိုးမဲ့ ၎င်းရဲ့မြို့တော်အသစ် နူဆန်တာရာ (Nusantara) ကို ယခုနှစ်မှာပဲ ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
ခန့်မှန်းခြေ ကုန်ကျစရိတ်အားဖြင့် အမေရိကန်ဒေါ်လာ ၃၂ ဘီလီယံမှ ၃၅ ဘီလီယံအထိရှိတဲ့ အလွန်ကြီးမားလှတဲ့ အဆိုပါ ပြောင်းရွှေ့မှုကြီးဟာ အငြင်းပွားဖွယ်ဖြစ်ပြီး ကုန်ကျစရိတ်လည်း အလွန်များလှပါတယ်။
ထိုင်းနိုင်ငံဟာ အပူဒဏ်နဲ့ မိုးခေါင်ရေရှားမှုဒဏ်ကို ရုန်းကန်နေရကာ တောင်သူလယ်သမားများမှသည် ကဏ္ဍပေါင်းစုံမှာ ရာသီဥတုဖောက်ပြန်မှုဒဏ်ကို ခံစားနေကြရပြီး သန္တာကျောက်တန်းများ အရောင်ကျွတ်သေဆုံးခြင်း (coral bleaching) နဲ့ ညစ်ညမ်းမှုပြဿနာများကို ခရီးသွားလုပ်ငန်းများမှာပါ ခံစားနေကြရတာ ဖြစ်ပါတယ်။
မကြာသေးမီကပဲ သန္တာကျောက်တန်းများ အရောင်ကျဆင်းလာမှုကို တုံ့ပြန်တဲ့အနေနဲ့ အမျိုးသားဥယျာဉ်အများအပြားကို ပိတ်ခဲ့ပြီး နောက်ထပ်လည်း ပိတ်နိုင်ဖွယ်ရှိကြောင်း Pavich က ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့အနေနဲ့ သဘာဝကို ကယ်တင်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တိို့ရဲ့ သဘာဝအရင်းအမြစ်များကို ကာကွယ်ဖို့ရာအတွက် ဘယ်စီမံဆောင်ရွက်ချက်ကိုမဆို လုပ်ဆောင်ရမယ်လို့ ထင်မြင်မိပါတယ်" လို့ ၎င်းက ဆိုပါတယ်။
သို့ပေမဲ့လည်း အထူးသဖြင့် ထိုင်းနိုင်ငံ မြောက်ပိုင်းမှာ ကြီးထွားလာနေတဲ့ လေထုညစ်ညမ်းမှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ရာအတွက် အစိုးရရဲ့ကြိုးပမ်းဆောင်ရွက်မှုများဟာ အရာမထင်သေးကြောင်း Pavich က မှတ်ချက်ပြုခဲ့ပါတယ်။
ယခုနှစ်အတွင်း လေထုသန့်ရှင်းမှုဆိုင်ရာ ဥပဒေမူကြမ်းကို အစိုးရအဖွဲ့မှ အတည်ပြုခဲ့ပြီးနောက် အမျိုးသားဥယျာဉ် တာဝန်ရှိသူများအနေနဲ့ သဘာဝထိန်းသိမ်းရေးနယ်မြေများမှာ မီးလောင်ကျွမ်းမှုအား ကြိုတင်ကာကွယ်ရန် ကြိုးပမ်းအားထုတ်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြကြောင်း Pavich က ပြောကြားခဲ့ပါတယ်။
"စိုက်ပျိုးရေးကဏ္ဍဟာ ကျွန်တော်တို့အတွက် စိန်ခေါ်မှု အလွန်များပါတယ်" လို့ ၎င်းက ရာသီအလိုက် မီးခိုးမြူမှုန်များကို အဓိကဖြစ်ပေါ်စေတဲ့ သီးနှံရိတ်သိမ်းချိန်လွန် မီးရှို့ရှင်းလင်းမှုကို ရည်ညွှန်းပြီး ၎င်းက ပြောကြားခဲ့ပါတယ်။ ဒီကိစ္စရပ်ဟာ နှစ်အတော်ကြာအောင် တိုးတက်မှုရှိအုံးမှာ မဟုတ်ပါဘူးလို့လည်း သူက ဆိုပါတယ်။
သဘာဝသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ၎င်းရဲ့ဌာနဟာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက လုပ်ဆောင်ခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ ပထမဆုံး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဥပဒေအား တွန်းအားပေးဆောင်ရွက်နေပေမဲ့လည်း COVID-19 ကပ်ရောဂါကာလအတွင်းမှာ ခေတ္တဆိုင်းငံ့ထားခဲ့ရတာ ဖြစ်ပါတယ်။
ဖန်လုံအိမ်ဓာတ်ငွေ့ (GHG) ထုတ်လွှတ်မှုရဲ့ ပြင်ပကုန်ကျစရိတ် (carbon pricing) ကို လျော့ပါးသက်သာရေးနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ချက်များအထိ ပြဋ္ဌာန်းချက်များပါရှိသော ဥပဒေကို ယခုနှစ်မှာ အတည်ပြုနိုင်ဖွယ်ရှိကြောင်း Pavich မှ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံဟာ ၂၀၅၀ မှာ ကာဗွန်ထုတ်လွှတ်ခြင်းနှင့် ကာဗွန်စုပ်ယူခြင်းကြားတွင် ဟန်ချက်ညီမှု (carbon neutral) ရှိဖို့ကို ရည်မှန်းထားပြီး ၂၀၆၅ မှာတော့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုနှင့် လေထုမှ ထုတ်လွှတ်သော ဖန်လုံအိမ်ဓာတ်ငွေ့များအကြား အလုံးစုံ ဟန်ချက်ညီမှု (net-zero greenhouse gas emissions) ရရှိစေရန် ရည်မှန်းထားပါတယ်။
reference link >>> https://www.channelnewsasia.com/asia/bangkok-thailand-climate-change-rising-sea-levels-move-new-capital-4340716
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related articles
၁၄ နှစ်အရွယ် တရုတ်လူငယ်တီထွင်ခဲ့တဲ့ လျှပ်စစ်မလိုသော ရေထုတ်စနစ်
အပူချိန်မြင့်တက်လာလို့ အထွက်နှုန်းကျတာကို ပုံမှန်လိုဖြစ်လာမှာ ဗြိတိန်တောင်သူများ စိုးရိမ်
ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပမှ ဆန်တန်ချိန် ၃ သိန်း ၀ယ်ယူရန်စီစဉ်နေ
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ထူးနိုင်
See all
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
သခွားသီးတွေ ခါးခြင်းကို ဖြစ်စေတဲ့ အချက် (၄) ချက်
21/05/2026
ခိုချေးကို အပင်တွေမှာ အသုံးပြုလို့ရနိုင်ပါသလား..?
12/05/2026
ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး
30/04/2026