ပျပိုးများ ပိုးသတ်ဆေးဒဏ်ခံနိုင်ရည်ရှိမှုက ကမ္ဘာ့သီးနှံထုတ်လုပ်မှုကို ခြိမ်းခြောက်လျက်ရှိကြောင်း ဩစတျေးလျ သုတေသီများသတိပေး
သြစတြေးလျမှာရှိတဲ့ သုတေသီတွေဟာ ကမ္ဘာတစ်ဝန်းရှိ ပဲမျိုးစုံနဲ့ ပဲမျိုးရင်းဝင် စိုက်ခင်းတွေကနေ စုဆောင်းရယူထားတဲ့ ပျပိုး (Acyrthosiphon kondoi) တွေရဲ့ ပိုးသတ်ဆေးဒဏ် ခံနိုင်ရည်ရှိမှုကို ပထမဆုံးအကြိမ် မှတ်တမ်းတင်ခဲ့ကြပါတယ်။
Pest Management Science မှာ ဖော်ပြခဲ့တဲ့ အဆိုပါလေ့လာမှုဟာ ကမ္ဘာတစ်ဝန်းရှိ သီးနှံစိုက်ပျိုးသူတွေအတွက် သတိပေးချက်ဖြစ်သလို နေရာအနှံ့ ပျံ့နှံ့လျက်ရှိတဲ့ အဆိုပါအဖျက်ပိုးမွှားများကို စီမံခန့်ခွဲဖို့ရာ နည်းဗျူဟာအသစ်များ လိုအပ်ကြောင်းကို မီးမောင်းထိုးပြလိုက်တာလည်း ဖြစ်ပါတယ်။
Cesar Australia မှ ဆင့်ကဲဖြစ်စဉ်ဆိုင်ရာ ဇီဝဗေဒပညာရှင်နဲ့ သုတေသန ဆက်စပ်စာတမ်းရေးသားသူ Evatt Chirgwin က ပျပိုး (A. kondoi) တွေရဲ့ အကောင်ဦးရေကို ထိန်းချုပ်ရန်ဖို့ရာ အားနည်းပျက်ကွက်တဲ့ သမားရိုးကျပိုးသတ်ဆေးတွေရဲ့ အစီရင်ခံစာများကြောင့် ယခုသုတေသနကို ပြုလုပ်ရခြင်းဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။
"ဒီသုတေသနပြုလုပ်ဖို့ ကျွန်ုပ်တို့ရဲ့ အဓိကတွန်းအားကတော့ သြစတြေးလျ သီးနှံစိုက်ပျိုးသူများအား ထွက်ပေါ်လာမဲ့ ပိုးမွှားစီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုများကို နားလည်သဘောပေါက်လာအောင် ကူညီပေးဖို့ဖြစ်ပါတယ်" လို့ Chirgwin က ပြောကြားခဲ့ပါတယ်။ "သြစတြေးလျက သီးနှံစိုက်ပျိုးသူတွေဟာ ၎င်းတို့ရဲ့ ပဲပင်တွေကို ပျပိုး (A. kondoi) ရဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့အတွက် သမားရိုးကျ ပိုးသတ်ဆေး အမျိုးအစား ၂ ခုဖြစ်တဲ့ အော်ဂန်နိုဖော့စဖိတ် (organophosphate) နဲ့ ကာဘာမိတ် (carbamates) တို့ကို အားထားနေကြရတာ ဖြစ်ပါတယ်။ သို့ပေမဲ့လည်း မကြာသေးမီနှစ်များအတွင်းမှာပဲ ဩစတြေးလျတောင်ပိုင်းရှိ သီးနှံစိုက်ပျိုးသူတွေအနေနဲ့ အဆိုပါပိုးသတ်ဆေးများ ဖျန်းခြင်းဟာ ပျပိုး (A. kondoi) တွေကို အချိန်ကြာကြာ မထိန်းချုပ်နိုင်တော့ကြောင်း အစီရင်ခံတင်ပြခဲ့ရာကနေ အဖျက်ပိုးမွှားတွေ ပိုးသတ်ဆေးယဉ်ပါးနေတာကို ပထမဆုံးအနေနဲ့ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ပျပိုး (A. kondoi) တွေဟာ အမေရိကန်၊ တောင်အမေရိက၊ အာရှ၊ ဥရောပ၊ အာဖရိကနဲ့ ဩစတြေးလျတို့မှာ စိုက်ပျိုးရေးဆိုင်ရာ သီးနှံအဖျက်ပိုးတွေ ဖြစ်ကြပါတယ်။ ပျပိုးတွေဟာ အပင်ရဲ့ အပေါ်ပိုင်းအရွက်များ၊ ပင်စည်နဲ့ အဖူးများပေါ်မှာ စားသောက်ခြင်းဖြင့် သီးနှံများကို ပျက်စီးစေကြောင်း Chirgwin ကနေ ရှင်းပြပါတယ်။ "ပျပိုး (A. kondoi) ဟာ သခွားမှာကျရောက်တဲ့ မိုစိတ်ဗိုင်းရပ်စ်နဲ့ ပဲပင်မှာကျရောက်တတ်တဲ့ အဝါရောင်မိုစိတ်ဗိုင်းရပ်စ် အပါအဝင် ဗိုင်းရပ်စ်ရောဂါတွေကို ကူးစက်ပျံ့နှံ့စေပြီး သွယ်ဝိုက်သောနည်းလမ်းနဲ့ အပင်တွေကို ထိခိုက်စေနိုင်ပါတယ်" လို့ ၎င်းက မှတ်ချက်ပြုပါတယ်။
မကြာသေးမီကပဲ Victoria၊ South Australia နဲ့ New South Wales ဒေသတွေရဲ့ ပဲနီလေးနဲ့ အယ်လ်ဖာဖာ စိုက်ခင်းများမှာ ပိုးသတ်ဆေးနဲ့ မထိန်းချုပ်နိုင်ခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့တဲ့ စိုက်ခင်းတွေကနေ ပျပိုး (A. kondoi) တွေကို သုတေသီအဖွဲ့က စုဆောင်းရယူခဲ့ပါတယ်။ အဆိပ်အတောက်ဖြစ်နိုင်ချေကို သိရှိဖို့ သက်ရှိများကိုအသုံးပြုတဲ့နည်းလမ်း (bioassays) နဲ့ မတူညီတဲ့ ပိုးသတ်ဆေးအမျိုးမျိုးကို ပျပိုးတွေမှာ စမ်းသပ်ခဲ့ပြီးနောက် ပိုးသတ်ဆေးအုပ်စု ၃ ခု ဖြစ်တဲ့ အော်ဂန်နိုဖော့စဖိတ် (organophosphates)၊ ကာဘာမိတ် (carbamates) နဲ့ ပိုင်ရီသရိုက် (pyrethroids) စတဲ့ ပိုးသတ်ဆေးတွေကို ပျပိုးတွေအနေနဲ့ အလယ်အလတ် ခံနိုင်ရည်ရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။
အဆိုပါအဆင့်မှာ သြစတြေးလျ သီးနှံစိုက်ပျိုးသူတွေအား ပိုးသတ်ဆေးဒဏ် ခံနိုင်ရည်ရှိလာမှုရဲ့ အကျိုးသက်ရောက်မှုကို ရှင်းပြရာမှာ Chirgwin က "တကယ့်လက်တွေ့မှာတော့ သီးနှံစိုက်ပျိုးသူတွေဟာ ပြောင်းလဲလာနေတဲ့ ပျပိုး (A. kondoi) တွေကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ရာ အော်ဂန်နိုဖော့စဖိတ် (organophosphates) နဲ့ ကာဘာမိတ် (carbamates) (မှတ်ပုံတင်ထားသော) တို့ကို အားကိုးလို့ မရနိုင်ပါဘူး။ လေ့လာမှုကနေ တွေ့ရှိရတဲ့ ပျပိုး (A. kondoi) တွေရဲ့ ပိုးသတ်ဆေးခံနိုင်ရည်ရှိမှု နည်းပါးရာမှ အလယ်အလတ် အဆင့်အထိ (၂၀ - ၄၀ ဆ) ဟာ အခြားသော ပျပိုး (aphid) မျိုးစိတ်အချို့ (ဆိုလိုသည်မှာ အဆပေါင်း ၁၀၀ ကျော်) ထက် နည်းပါးနေတာ ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံမှာ ပျပိုး (A. kondoi) တွေကို ထိန်းချုပ်ဖို့ရာအတွက် ပိုင်ရီသရိုက် (pyrethroids) အသုံးပြုခြင်းကို အတော်လေး ကန့်သတ်ထားတာဖြစ်ပြီး အင်းဆက်တွေဟာ အလုံအလောက် ဖိအားပေးထားတဲ့အောက်မှာ ပိုးသတ်ဆေးဒဏ်ကို ခံနိုင်ရည်ရှိလာလိမ့်မယ်လို့ သုတေသီတွေ မထင်မှတ်ခဲ့ကြတာကြောင့် ပိုင်ရီသရိုက် (pyrethroid) ကို ခံနိုင်ရည်ရှိတဲ့ ပျပိုး (A. kondoi) တွေကို ရှာဖွေတွေ့ရှိမှုဟာ မမျှော်လင့်ထားဘဲ တွေ့ရှိရတာ ဖြစ်ကြောင်း Chirgwin က မှတ်ချက်ပြုပါတယ်။

သုတေသီတွေအနေနဲ့ အခြားသော ပိုးသတ်ဆေးဖြစ်တဲ့ flupyradifurone ကို ခံနိုင်ရည်ရှိတာမျိုးကိုတော့ အထောက်အထား မတွေ့ရှိခဲ့ရပါဘူး။ အဆိုပါ ဓာတုပစ္စည်းကို ဩစတြေးလျဈေးကွက်မှာ ၂၀၁၆ ခုနှစ်က စတင်မိတ်ဆက်ခဲ့ပြီး ပျပိုး (A. kondoi) နှိမ်နင်းဖို့ နိုင်ငံအတွင်းမှာ မှတ်ပုံတင်ထားတာမျိုး မရှိတဲ့အတွက် အံ့သြစရာတော့ မဟုတ်ပါဘူး။
ထို့ကြောင့် flupyradifurone ဟာ သြစတြေးလျနိုင်ငံရှိ ပျပိုး (A. kondoi) ထိန်းချုပ်မှုအတွက် ဓာတုနည်းလမ်းအသစ်ကို ပေးစွမ်းနိုင်လိမ့်မယ်လို့ သုတေသီတွေက ကောက်ချက်ချထားပါတယ်။ ပိုးသတ်ဆေးယဉ်ပါးမှု ထပ်မံဖြစ်ပွားတာမျိုးကို ကန့်သတ်ဖို့ရာအတွက် "ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းနည်း" (IPM) နည်းဗျူဟာများရဲ့ အရေးပါမှုကို အလေးပေးဖော်ပြခဲ့တယ်လို့ Chirgwin ဆိုပါတယ်။
"အကယ်လို့ ဆေးကို မှတ်ပုံတင်ထားခဲ့မယ်ဆိုရင် flupyradifurone ဟာ သြစတြေးလျရှိ ပျပိုး (A. kondoi) စီမံခန့်ခွဲမှုနည်းဗျူဟာရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ ပံ့ပိုးပေးသင့်ပါတယ်။ ပိုးသတ်ဆေးတစ်မျိုး (သို့မဟုတ် အနည်းစု)အပေါ်မှာ အလွန်အကျွံမှီခိုခြင်းဟာ တသမတ်တည်းနဲ့ ပြင်းထန်သော ရွေးချယ်မှုဖိအားအောက်မှာ ပျပိုး (A. kondoi) တွေ ဆင့်ကဲတိုးတက်ဖို့အတွက် ခံနိုင်ရည်တိုးလာစေပါတယ်"
"ပိုးသတ်ဆေးအမျိုးမျိုးကို အလှည့်ကျအသုံးပြုခြင်းဟာ ပိုးမွှားဦးရေအပေါ် ထားရှိသောဖိအားကို လျော့နည်းစေနိုင်ပါတယ်။ ထို့ကြောင့် သီးနှံစိုက်ပျိုးသူတွေအနေနဲ့ ပျပိုး (A. kondoi) ထိန်းချုပ်မှုနဲ့ ဓာတုပစ္စည်းများကို သက်သာတဲ့နှုန်းထားဖြင့် ရရှိနိုင်မဲ့ကြားမှာ အလှည့်ကျအသုံးပြုနိုင်ဖို့ အမျိုးမျိုးသော ဓာတုနည်းလမ်းတွေ လိုအပ်ပါတယ်"
"ဓာတုမဟုတ်သော ထိန်းချုပ်မှုဆိုင်ရာ နည်းလမ်းများကို ပိုမိုထောက်ပံ့ပေးမှုဟာ ပျပိုး (A. kondoi) စီမံခန့်ခွဲရန် အခြားနည်းလမ်းများကိုပါ ပံ့ပိုးပေးနိုင်ပြီး ပိုးသတ်ဆေး ခံနိုင်ရည်ရှိမှုကို လျှော့ချနိုင်ပါတယ်။ သဘာဝသားရဲအင်းဆက်များ (လိပ်ခုံးကျိုင်းနဲ့ ကပ်ပါးပြုနကျယ်) ဟာလည်း ပျပိုးများအတွက် ထိရောက်တဲ့ ဇီဝထိန်းချုပ်နည်းလမ်းများကို ပံ့ပိုးပေးနိုင်ပါတယ်။ တဖက်မှာလည်း သီးနှံစိုက်ပျိုးသူတွေအနေနဲ့ ပိုးမွှားများ စားသောက်ဖျက်ဆီးခြင်းကို အပင်ရဲ့ ခံနိုင်ရည်ရှိမှုနဲ့ ပေါင်းစပ်ကာ အချို့သောသီးနှံများ (ဥပမာ ဆေးဝါးများ) ကို အသုံးပြုနိုင်ပါတယ်။"
"ပိုမို ဆန်းသစ်သောနည်းလမ်းဖြစ်တဲ့ endosymbionts (တိရိစ္ဆာန်များစွာမှာ လက်ခံကျရောက်တဲ့ ဘက်တီးရီးယားတစ်မျိုး) ဟာ အချို့သောခြင်ရောဂါပိုးမွှားများအား စီမံခန့်ခွဲမှုကို ပြောင်းလဲစေခဲ့ပြီး အလားတူ endosymbiont အခြေပြုတဲ့ ဆောင်ရွက်ချက်များကို စိုက်ပျိုးရေးဆိုင်ရာ အဖျက်ပိုးမွှားများအား စီမံခန့်ခွဲဖို့ရာ နည်းလမ်းသစ်တစ်ခုအဖြစ် လက်ရှိမှာ သုတေသနပြုလျက်ရှိပါတယ်"
"ပိုးသတ်ဆေးဒဏ် ခံနိုင်ရည်ရှိတဲ့ ပျပိုး (A. kondoi) တွေ ပြန့်နှံ့တဲ့နေရာကို မြေပုံရေးဆွဲဖို့ရာ ကျွန်ုပ်တို့ ကြိုးစားနေတာကြောင့် သီးနှံစိုက်ပျိုးသူတွေကို ဒေသအလိုက် တိကျတဲ့စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက်များကို ပိုမိုပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အဖျက်ပိုးတွေအတွက် သဘာဝအလျောက် ဇီဝထိန်းချုပ်မှုဆိုင်ရာ နည်းလမ်းများနဲ့ endosymbionts တွေဟာ သီးနှံများကို ထိခိုက်ပျက်စီးစေနိုင်တဲ့ အဖျက်ပိုးမွှားများကို လျော့ပါးသွားစေနိုင်မဲ့ လမ်းကြောင်းအသစ်ကို ဘယ်လိုဖော်ဆောင်နိုင်မလဲဆိုတာ စူးစမ်းရှာဖွေလျက်ရှိပါတယ်" လို့ Chirgwin က မှတ်ချက်ပြုပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
နိုင်ငံတကာသတင်း
Related articles
၁၄ နှစ်အရွယ် တရုတ်လူငယ်တီထွင်ခဲ့တဲ့ လျှပ်စစ်မလိုသော ရေထုတ်စနစ်
အပူချိန်မြင့်တက်လာလို့ အထွက်နှုန်းကျတာကို ပုံမှန်လိုဖြစ်လာမှာ ဗြိတိန်တောင်သူများ စိုးရိမ်
ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပမှ ဆန်တန်ချိန် ၃ သိန်း ၀ယ်ယူရန်စီစဉ်နေ
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ထူးနိုင်
See all
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
သခွားသီးတွေ ခါးခြင်းကို ဖြစ်စေတဲ့ အချက် (၄) ချက်
21/05/2026
ခိုချေးကို အပင်တွေမှာ အသုံးပြုလို့ရနိုင်ပါသလား..?
12/05/2026
ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး
30/04/2026