မျိုးဗီဇပြုပြင် ကျန်းမာရေးအစွမ်းမြှင့် ခရမ်းရောင်ခရမ်းချဉ်သီးများကို အမေရိကန် စိုက်ပျိုးခွင့်ပြု
ဆယ်စုနှစ်တစ်ခုကျော် ကြာလာပြီးတဲ့နောက်မှာတော့ ကျန်းမာရေးအတွက် အာဟာရမြှင့်ထားတဲ့ ခရမ်း ရောင် ခရမ်းချဉ်သီးတွေကို အမေရိကန်စိုက်ပျိုးရေးဦးစီးဌာန (United States of Agriculture Department) - (USDA) ကနေ စိုက်ပျိုးဖို့ ဘေးကင်းတယ်ဆိုပြီး အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒီခရမ်းချဉ်သီးတွေဟာ ယခင်ရှိပြီးသား မျိုးကွဲတွေထက်ကို ဓာတ်တိုးဆန့်ကျင်ပစ္စည်း (antioxidants) တွေ ၁၀ ဆအထိ ပိုမိုထုတ်လုပ်နိုင်ဖို့ မျိုးဗီဇတွေကို ပြုပြင်ထားတာလည်း ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်တုန်းက Nature Biotechnology ဂျာနယ်ဟာ စိတ်ဝင်စားစရာကောင်းတဲ့ လေ့လာမှုတစ်ခုကို ဖော်ပြခဲ့ပါတယ်။ အန်သိုဆိုင်ရာနင်စ် (Anthocyanins) လို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အမြောက်အမြားကို ထုတ်လုပ်ဖို့ မျိုးဗီဇပြုပြင်ထားတဲ့ ခရမ်းချဉ်သီးတွေကို သုတေသနပြုလုပ်နေကြောင်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
အန်သိုဆိုင်ရာနင်စ် (Anthocyanins) ဟာ ဘလူးဘယ်ရီနဲ့ အနီရောင်ဂေါ်ဖီထုပ် ကဲ့သို့ အစားအစာတွေမှာ သဘာဝအတိုင်း တွေ့ရှိနိုင်တာဖြစ်ပါတယ်။ ၎င်းတို့ဟာ အစားအစာတွေထဲမှာ ခရမ်းရောင် ရောင်ခြယ် ပစ္စည်းအနေနဲ့ ပါဝင်နေကြတာဖြစ်ပြီး နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်ပွားမှုတို့ကို လျှော့ချနိုင်တဲ့အပြင် အခြား သော ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကိုလည်း ရရှိစေနိုင်တာ ဖြစ်ပါတယ်။
အချို့သော ခရမ်းချဉ်သီး အမျိုးအစားတွေမှာတော့ သဘာဝအတိုင်း ခရမ်းရောင်အခွံပါရှိနေပေမယ့် အန်သို ဆိုင်ရာနင်စ် (Anthocyanins) ပါဝင်မှုနည်းပါးတာ တွေ့ရှိရပြီး အချို့သော ခရမ်းချဉ်တွေကိုတော့ မျိုးရိုး ဗီဇပြောင်းလဲမှု အနည်းငယ်ပြုလုပ်ရုံနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ တိုးလာတာကို အစားအသောက် သိပ္ပံပညာရှင်အချို့က အံ့ဩဖွယ်တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။
သုတေသနလုပ်ရာမှာ မျိုးဗီဇနှစ်ခုကို အခြားအပင်ဖြစ်တဲ့ ကျားပါးစပ်ပန်းပင် (Snapdragon) ကနေ ထုတ်ယူပြီး ခရမ်းရောင် ခရမ်းချဉ်သီး အမျိုးအစားတစ်ခုထဲကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ၎င်းမျိုးဗီဇတွေဟာ အပင်ရဲ့ အန်သိုဆိုင်ရာနင်စ် (Anthocyanins) ထုတ်ပေးနိုင်စွမ်းကို တိုးမြင့်စေပြီး တမူထူးခြားတဲ့ ခရမ်းရောင်အသားနဲ့ ခရမ်းချဉ်သီးတွေကို ရရှိလာစေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ခရမ်းရောင် ခရမ်းချဥ်သီးတွေဟာ အခြားခရမ်းချဉ်သီးတွေလို အချိန်တိုအတွင်း လျင်လျင်မြန်မြန်နဲ့ ပျော့ပျောင်းပျက်စီးတာမျိုးလည်း မရှိတာ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်က လေ့လာမှုတစ်ခုအရ ကင်ဆာရောဂါအတွက် တီထွင်ဖန်တီးထားတဲ့ ကြွက်တွေအပေါ်မှာ အန်သို ဆိုင်ရာနင်စ် မြှင့်တင်ထားတဲ့ ခရမ်းချဉ်သီးတွေနဲ့ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုတွေကို စမ်းသပ်ဖော်ပြ ခဲ့ပါတယ်။ ခရမ်းရောင်ခရမ်းချဉ်သီးနဲ့ ဖြည့်စွက်စာကျွေးထားတဲ့ ကြွက်တွေဟာ ပုံမှန် အစားအစာ ကျွေးတဲ့ ကြွက်တွေထက်ကို ၃၀ ရာခိုင်နှုန်း ပိုပြီးအသက်ရှည်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
စည်းမျဉ်းစည်းကမ်းဆိုင်ရာ လုပ်ငန်းစဉ်တွေကို အချိန်အတော်ကြာ ဆန်းစစ်လေ့လာပြီးတဲ့နောက်မှာ မျိုးဗီဇ ပြုပြင်ထားတဲ့ ခရမ်းရောင် ခရမ်းချဉ်သီးတွေဟာ USDA ရဲ့ လက်အောက်မှာရှိနေတဲ့ တိရစ္ဆာန်နဲ့ အပင် ကျန်းမာရေး စစ်ဆေးရေးဝန်ဆောင်မှု (APHIS) ရဲ့ အတည်ပြုချက်နဲ့ အစားအစာစျေးကွက်ထဲကို ဝင်ရောက် နိုင်မယ့်ခြေလှမ်း ပိုမိုနီးကပ်လာပြီ ဖြစ်ပါတယ်။
ဒီခွင့်ပြုချက်ကြောင့် မျိုးဗီဇပြုပြင်ထားတဲ့ အပင်တွေကို ဘယ်နေရာမှာ စိုက်ပျိုးရမယ်၊ ဘယ်လိုပုံစံနဲ့ စိုက်ပျိုးရမယ်ဆိုပြီး တင်းကျပ်စွာကန့်သတ်ထိန်းချုပ်မှုတွေ ရှိတော့မှာမဟုတ်ဘဲ အခြားခွင့်ပြုထားတဲ့ သီးနှံတွေလိုပဲ အမေရိကန်ပြည်ထောင်စုအတွင်း မည်သည့်နေရာမှာမဆို ဘေးကင်းစွာနဲ့ စိုက်ပျိုးနိုင်တော့မှာ လည်း ဖြစ်ပါတယ်။
ဂျိုနသန်ဂျုံးစ် (Jonathan Jones) ဟာ ကေသီမာတင် (Cathie Martin) နဲ့အတူ ဗြိတိန်နိုင်ငံမှာ မျိုးဗီဇပြုပြင်ထားတဲ့ သီးနှံတွေကို စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ဖို့ ဆယ်စုနှစ်တစ်ခုကျော် အတူလုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်။
“ကေသီ (Cathie Martin) နဲ့ ကျွန်တော်ဟာ ကျန်းမာရေး အထောက်အကူပြုဖို့ မျိုးဗီဇတိုးမြှင့်တင်ထားတဲ့ ခရမ်းရောင်ခရမ်းချဉ်သီးတွေကို ဗြိတိန်နိုင်ငံ စျေးကွက်ထဲတင်နိုင်ဖို့ လွန်ခဲ့တဲ့ ၁၅ နှစ်နီးပါးခန့်ကတည်းက ကြိုးစားခဲ့တာဖြစ်ပြီး စည်းမျဉ်းစည်းကမ်းဆိုင်ရာ ကန့်သတ်ချက်တွေရဲ့ ခွင့်ပြုချက်တွေရဖို့ ဒီလောက် ထိကြာလိမ့်မယ် မထင်ခဲ့မိဘူး" လို့ ဂျိုနသန်ဂျုံးစ် (Jonathan Jones) ကနေ ပြောကြားခဲ့ပါတယ်။
“ သူ့ရဲ့ (ခရမ်းရောင်ခရမ်းချဉ်သီး) ဂုဏ်သတ္တိတွေကို သေသေချာချာ စေ့စေ့စပ်စပ် ဖော်ပြထားတဲ့ USDA ရဲ့ ခွင့်ပြုချက်စာနဲ့အတူ ဒီနေ့ဟာ သီးနှံလောကတိုးတက်မှုအတွက် မမေ့နိုင်စရာ အမှတ်တရနေ့လေးတစ်နေ့ ဖြစ်နေတော့မှာပါ” လို့လည်း ဂျိုနသန်ဂျုံးစ်က ဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ခရမ်းချဉ်သီးအသုံးပြုမှုကို ကျန်းမာရေးအတွက်ရည်ရွယ်ပြီး စွမ်းအားမြှင့်လာတာတွေ ရှိလာပါတယ်။ သိပ္ပံပညာရှင်တွေဟာ ကင်ဆာ (သို့မဟုတ်) နှလုံးသွေးကြောဆိုင်ရာ ရောဂါဝေဒနာရှင် တွေအတွက် လက်တွေ့အခြေအနေမှာ စမ်းသပ်နိုင်တဲ့ အန်သိုဆိုင်ရာနင်စ် (Anthocyanins) ကြွယ်ဝတဲ့ ခရမ်းချဉ်သီးဖျော်ရည်တွေ ထုတ်လုပ်နိုင်ဖို့အတွက် အာရုံစိုက်လျက်ရှိပါတယ်။
ဒါပေမယ့်လည်း ဒီထုတ်ကုန်တွေဟာ စျေးကွက်ထဲကို မရောက်ရှိခင်မှာ စမ်းသပ်မှုတွေနဲ့ စည်းမျဉ်း စည်းကမ်းဆိုင်ရာ အတားအဆီးများစွာကို ကြုံတွေ့ရဦးမှာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဂျိုနသန်ဂျုံးစ် (Jonathan Jones) နဲ့ ကေသီမာတင် (Cathie Martin) တို့အတွက် ပထမအဆင့်ခြေလှမ်းကတော့ ခရမ်းရောင် ခရမ်းချဉ်သီး မျိုးစေ့တွေကို အိမ်မှာ တနိုင်တပိုင် စိုက်ပျိုးတဲ့သူတွေကို စတင် ရောင်းချပေးဖို့ပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ ခွင့်ပြုချက်ဟာ မျိုးဗီဇပြုပြင်ထားတဲ့ သီးနှံထုတ်ကုန်တွေကို လွတ်လပ်စွာ စိုက်ပျိုးခွင့်ပြုတဲ့ ကမ္ဘာ့ပထမဆုံးနေရာ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဂျိုနသန်ဂျုံးစ် (Jonathan Jones) နဲ့ ကေသီမာတင် (Cathie Martin) တို့ဟာလည်း အဆိုပါ ခရမ်းချဉ်သီးတွေကို ဗြိတိန်နိုင်ငံမှာလည်း မကြာခင် အတည်ပြုပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
“ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ခရမ်းရောင်ခရမ်းချဉ်သီးတွေကို လူတွေ စိတ်လှုပ်ရှားစွာနဲ့ စားနေစေဖို့ ဆိုတဲ့ ကျွန်မရဲ့ စိတ်ကူးအိပ်မက်က ခုဆို ခြေတလှမ်း နီးသွားပါပြီ။ ဒီ ခါးသက်ချို ခရမ်းချဉ်သီးလေးတွေဟာ အမေရိကတင် မဟုတ်ဘဲ ဗြိတိန်မှာလည်း ဈေးကွက်ရှိလာမှာပါ။ နောက်ထပ်အာရုံစိုက်လုပ်သွားမှာကတော့ စားသုံးသူတွေဆီ ဦးတည်စေမယ့် တနိုင်တပိုင်စိုက်ပျိုးသူတွေဆီ ရောက်ဖို့ပါပဲ။ ဒါမှသာ တခြားထုတ်ကုန်တွေ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် လိုအပ်တဲ့ တုံ့ပြန်သံတွေနဲ့ စိတ်ဝင်စားမှုတွေကို ရရှိသွားမှာပါ” လို့ ကေသီမာတင်က ပြောလိုက်ပါတယ်။
ဇင်ထူးနိုင်
Ref: https://bit.ly/3Shwft2
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
GMO မျိုးဗီဇပြုပြင်သီးနှံများ
Related articles
၁၄ နှစ်အရွယ် တရုတ်လူငယ်တီထွင်ခဲ့တဲ့ လျှပ်စစ်မလိုသော ရေထုတ်စနစ်
အပူချိန်မြင့်တက်လာလို့ အထွက်နှုန်းကျတာကို ပုံမှန်လိုဖြစ်လာမှာ ဗြိတိန်တောင်သူများ စိုးရိမ်
ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပမှ ဆန်တန်ချိန် ၃ သိန်း ၀ယ်ယူရန်စီစဉ်နေ
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ထူးနိုင်
See all
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
ညောင်ရွက်တွေ ဘာလို့ဝါ ... အတိတ်နမိတ်လား သဘာဝဖြစ်စဥ်လား?
24/05/2026
သခွားသီးတွေ ခါးခြင်းကို ဖြစ်စေတဲ့ အချက် (၄) ချက်
21/05/2026
ခိုချေးကို အပင်တွေမှာ အသုံးပြုလို့ရနိုင်ပါသလား..?
12/05/2026
ပီလောပီနံတွင် ကျရောက်မှုအများဆုံး ရောဂါ (၃) မျိုး
30/04/2026