Green Way
ဝက်မွေးမြူရေးတွင် အရေးပါသော ဝက်ခြံစနစ်တကျဆောက်လုပ်ခြင်း

ဝက်မွေးမြူရေးတွင် အရေးပါသော ဝက်ခြံစနစ်တကျဆောက်လုပ်ခြင်း

ဦးဇော်(dof)
ဦးဇော်(dof) 08/07/2022

    ဝက်မွေးမြူလိုသူများအနေဖြင့် ဝက်ခြံကို ပုံစံအမျိုးမျိုးဖြင့်တည်ဆောက်နိုင်ပါသည်။ သို့သော် နည်းစနစ်မကျပါက အကျိုးသက်ရောက်မှု မရှိနိုင်သည့်အတွက် တည်ဆောက်မည့် မြေနေရာနှင့် အဆောက်အဦးသည် လွန်စွာအရေးပါလှပါသည်။ ဝက်များသည် ပူလွန်းခြင်း၊ အေးလွန်းခြင်း၊ စွတ်စိုထိုင်းမှိုင်းခြင်း စသည့်ဒဏ်များကို ခံစားရပါက ကျန်းမာရေးချို့တဲ့လာခြင်း၊ ကြီးထွားနှုန်း ညံ့ဖျင်းခြင်း၊ သားတင်သားစပ်မှုဆိုင် ရာထိခိုက်ခြင်း စသည်တို့ကြောင့် ထုတ်လုပ်မှု လျော့နည်းကျ ဆင်းတတ်ပါသည်။

ထို့ကြောင့် ဝက်ခြံဆောက်လုပ်ရာတွင် အောက်ပါအချက် များ လိုအပ်ပါသည်။

၁။ မြေကြီးအမာခံဖြစ်၍ လူနေအိမ်နှင့် ဝေးလျှင်ပို၍ သင့်တော်ပါသည်။

၂။ ပူပြင်းသောရာသီဥတုတွင် အပူဒဏ်ခံစားရမှုလျော့နည်းစေရန် ဝက်ခြံ၏အမိုးကို ခပ်မြင့်မြင့် ဆောက်လုပ်ရပါမည်။ လေဝင်လေထွက်ကောင်းရပါမည်။ နေပူဒဏ်မှကာကွယ်နိုင်ရန် အရှေ့အနောက် တန်းတန်းထား ဆောက်လုပ်ရပါမည်။

၃။ မိုးရာသီနှင့် ဆောင်းရာသီတွင် အအေးဒဏ်ကို ကာကွယ်ပေးနိုင်ရန် အကာအရံများ ပြုလုပ်ပေးနိုင်သည့် အဆောက်အဦးဖြစ်ရပါမည်။

၄။ အဆောက်အဦးအတွက်(ကွန်ကရစ်၊ သစ်သား၊ ဝါး၊ ဓနိ)စသည့် စျေးနှုန်းသက်သာပြီး ဒေသတွင်း လွယ်ကူစွာရနိုင်သည့် ပစ္စည်းများဖြင့် ပြုလုပ်နိုင်ပါသည်။ 

၅။ ဝက်ငယ်ကလေးများသည် အအေးမိခြင်းနှင့် စွတ်စိုထိုင်း မှိုင်းခြင်းတို့ကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အသက်ရှူလမ်းကြောင်းရောဂါများကို ဝက်ကြီးများထက် ပို၍ ခံစားရ တတ်ပါသည်။ ထို့ကြောင့် ဝက်ငယ်ကလေးများကို မွေးမြူသောခြံသည် နွေးထွေး၍ ခြောက်သွေ့သော ခြံအဆောက်အဦးမျိုး ဖြစ်ရပါမည်။

၆။ အစာခွက်၊ ရေခွက်များကို လုံလောက်စွာထားရှိပြီး နေ့စဥ်သန့်ရှင်းပေးရပါမည်။

၇။ ကြမ်းခင်းသည် ဝက်များခြေမချော်စေရန်၊ လှဲခြင်းထခြင်း အဆင်ပြေစေရန်၊ ဝက်ချေးများသန့်ရှင်းရ လွယ်ကူရန်နှင့် ခိုင်ခန့်မှု့ရှိရန်တို့ လိုအပ်ပါသည်။

၈။ ဝက်များကို ပွန်းပဲ့ဒဏ်ရာရရှိစေသော အချွန်၊ အတက်၊ ဇောင်းစသည်များ မရှိအောင် ဂရုစိုက်ပါ။

၉။ ဝက်၏နှုတ်သီးဖြင့် တွန်းတိုးခြင်းကို အကြမ်းခံနိုင်သော သစ်သားပစ္စည်းအခင်းအကာများဖြင့် ပြုလုပ်ပါ။

၁၀။ ကြမ်းခင်းအကျယ်သည် (၃၀၀ x ၃၀၀)စင်တီမီတာ (၁၀ ပေ x ၁၀ ပေ)ရှိရပါမည်။

၁၁။ မြေပြင်တွင် မတည်ဆောက်ဘဲ အမြင့်ဖြင့်တည်ဆောက် မည်ဆိုပါက ဝက်ခြံအမြင့်သည် မြေပြင်မှ ၆၀ စင်တီမီတာ (၂ပေ) အထက်တွင် ရှိရပါမည်။

ဝက်တစ်ကောင်အတွက် လိုအပ်သော ခြံအတိုင်းအတာ

အမျိုးအစား                အကျယ်အဝန်း(မီတာ x မီတာ)

အသားတိုးဝက်              ၀.၅ - ၁

ကိုယ်ဝန်ဆောင်ဝက်မ    ၁.၅ - ၂

နို့ပေးဝက်မများ            ၄ - ၆

သားခွဲဝက်                 ၀.၃ - ၀.၅

မျိုးဝက်သိုး                ၆ - ၈     ရှိရပါမည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

3
toetoe

toetoe

3 years ago

ကိုယ်ဝန်ဆောင်ဝက်မအတွက်၁.၅×၂ကိုပေဖြင့်ဖော်ပြပေးပါဆရာ

ဦးဇော်(dof)

ဦးဇော်(dof)

4 years ago

၆မီတာ -၈မီတာပါ

Anonymous

Anonymous

4 years ago

မျိုးဝက်သိုးအတွက် ၆မီတာ-၈မီတာလား ၆ပေ-၈ပေလား သိပ်နားမလည်လို့ ရှင်းပြပေးစေလိုပါတယ်ဗျာ

You

Related questions

ကော်မတီများအား Livestock input အနေနဲ့ ဘယ်လိုသွင်းအားတွေ ပံ့ပိုးသင့်ပါသလဲ။ လက်ရှိတွင် ခြံထူထောင်းခြင်း၊ဝက်များနှင့်ညအစားအစာလှည်ပတ်မှုများအတွက်ပံ့ပိုးမှုများ ပေးပြီးဖြစ်ပါသည်။

ကျော်လင်းအောင် • 1 answers

နေ့စဉ်ခြံကောက်ဘဲဥဈေးကို ဘယ်မှာ ရှာကြည့်ရမှာလဲ ဒီနေ့ 20 kg ကို 310 ပဲဖွင့်နေလို့

ကိုမင်း • 2 answers

Summer Heat Stress & It's Management in Poultry

Dr. မောင်စိုးမိုး • 23 answers

ဝက် 50မွေးထားတယ် ခင်ဗျ။ ခြံက ဝက်ချေးစော် နံတာပေါ့ ခင်ဗျာ။ ယင်ကောင်တွေလည်းပေါ။ ဝက်ချေးနံ့လည်း သက်သာ၊ လောင်စာလည်းရအောင် biogas digester တစ်ခုလောက်လုပ်ချင်တယ်ခင်ဗျ။ flexible biogas digester ရောင်းတာရှိရင် လမ်းညွှန်ပေးကြပါ။ ကျေးဇူးပါခင်ဗျ

ခရမအ်းသီး • 0 answers

၀က် လှောင်မွေး စနစ်မှာအားနည်းချက်ရှိလားဗျ သိချင်လို့ပါ သိတဲ့သူဖြေပေးကြပါဗျ

မောင်ထက်မြတ်ဇော် • 1 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....