ရောဂါများ မကူးစက်စေဖို့ ဝက်ခြံရဲ့ ဇီဝလုံခြုံရေးစနစ်ကို မြှင့်တင်စို့ (၂)
To Promote Biosecurity System - 2
ဇီဝလုံခြုံရေးစနစ်ဆိုသည်မှာ မိမိမွေးမြူထားသော တိရစ္ဆာန်များကို ပတ်ဝန်းကျင်(သို့မဟုတ်) ရောဂါဖြစ်ပွားနေသောတိရစ္ဆာန်များနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်း ကောင်း ထိတွေ့မှုမရှိအောင် ခွဲခြားထားခြင်း၊ ရောဂါဖြစ်ပတ်ဝန်းကျင်ရှိ ခြံ၊ လုပ်သား၊ လူ၊ စား ကျက်၊ အစားအစာ၊ ယာဉ်၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆက်စပ်ထိတွေ့မှုမရှိအောင် တားဆီးထားခြင်းဖြင့် ကူးစက်ရောဂါဖြစ်ပွားစေမည့် အခွင့်အလမ်းများကို ဖြတ်တောက်သည့်လုပ်ဆောင်မှုပင် ဖြစ်ပါသည်။

ယင်းကဲ့သို့ ဇီဝလုံခြုံရေးစနစ်အတွက် လိုအပ်မည့်လုပ်ဆောင်ချက်အချို့ကို အပိုင်း(၁) တွင် ဖော်ပြခဲ့ ပြီးဖြစ်ပါသည်။ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
ယခု အပိုင်း(၂) တွင် နောက်ထပ်လိုအပ်မည့်အချက်များကို ဆက်လက်ဖော်ပြပေးသွားပါမည်။
(၇) ထိရောက်သည့် ပညာပေးလုပ်ငန်းများ သည် ကူးစက်ရောဂါကျရောက်ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန် အကောင်းဆုံးသောနည်းလမ်းများ ဖြစ်ပါသည်။ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်တို့မှ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် များသောအားဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ဝက်မွေးမြူရေးခြံအချို့ကိုသာ ထိရောက်သောပညာပေးလုပ်ငန်းများ ဆောင်ရွက်နိုင်ပါသည်။
တောရောမြို့ပါနေရာအနှံ့မွေးမြူထားသော တစ်ပိုင်တစ်နိုင်ဝက်မွေးမြူသူအများစုမှာ အဆိုပါ ပညာပေးလုပ်ငန်းများကို ထိတွေ့သိရှိကြခြင်းမရှိပါ။ ထိုသို့ အများနှင့်သက်ဆိုင်သော ပညာပေးလုပ်ငန်းများ(Public Awareness)ကို သိရှိကြခြင်းမရှိသည့်အတွက် ကူးစက်ရောဂါထိန်းချုပ်ရာတွင် အားနည်းမှုများဖြစ်ပေါ်လာပြီး ဝက်များသေဆုံးမှု များပြားရခြင်းဖြစ်ပါသည်။
ထို့ကြောင့် ပညာပေးလုပ်ငန်းများဆောင်ရွက်ရာ၌ နေရာကွက်၍ဆောင်ရွက်ခြင်းထက် တောရောမြို့ပါ မွေးမြူသူများ ပူးပေါင်းပါဝင်သော လူထုနည်းဖြင့် ရောဂါထိန်းချုပ်ရန်နည်းလမ်းများကို ချမှတ်ဆောင်ရွက်သင့်ပါသည်။ သို့မှသာ နောင်ဖြစ်ပေါ်လာမည့် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်မှုများ ပြုလုပ်ရာတွင် အသိရှိရှိ၊ သတိရှိရှိဖြင့် အောင်မြင်စွာထိန်းချုပ်နိုင်ခြင်းဖြင့် အသေအပျောက်နှုန်းများကို လျှော့ချနိုင်မည် ဖြစ်ပါသည်။
ဤကဲ့သို့ ရောဂါကာကွယ်ထိန်းချုပ်သည့်လုပ်ငန်းတွင် အဓိကကျသည့် ပညာပေးလုပ်ငန်းများကို ကျယ်ပြန့်စွာဆောင်ရွက်ပေးခြင်း၊ ဇီဝလုံခြုံရေးကျင့်စဉ်ကို စနစ်တကျလိုက်နာကျင့်သုံးခြင်း၊ဝက်များ၏ ကျန်းမာရေးစနစ်ကို မြှင့်တင်ပေးခြင်း၊ ထိုးနှံ၍ရသော ကူးစက်ရောဂါကာကွယ်ဆေးများကို ကျွမ်းကျင်သူများအကူအညီဖြင့် စနစ်တကျထိုးနှံပေးခြင်းတို့ဖြင့် ကျန်းမာ၍ကိုယ်ခံအားကောင်းသောဝက်များ ဖြစ်လာစေပါသည်။
ဝက်နားရွက်ပြာရောဂါကဲ့သို့သော ကာကွယ်ဆေးထိုးနှံရန်မရှိသော ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသောကူးစက်ရောဂါများကို ထိန်းချုပ်၍ ကုသနိုင်ရန်မှာ ဝက်၏ကိုယ်ခံအားစနစ် ကောင်းမွန်မှသာ ဖြစ်ပါမည်။
ဝက်၏ကိုယ်ခံအားစနစ် မြှင့်တင်ရန်အတွက် အထက်တွင်တင်ပြခဲ့သော စနစ်များအပြင် အော်ဂဲနစ်ဓာတ်ဆားရည်များ ကြိုတင်တိုက်ကျွေးခြင်းသည်လည်း နည်းလမ်းကောင်းတစ်ခု ဖြစ်ပါသည်။အကျိုးပြုအဏုဇီဝပိုးများ(EM)များ ထည့်သွင်းဖော်စပ်ထားသော ဓာတ်ဆားရည်မျိုးကို ဆိုလိုခြင်းဖြစ်ပါသည်။
အကျိုးပြုအဏုဇီဝပိုးများ EM(Effective Microorganism)ထည့်သွင်းမထားသော်လည်း အော်ဂဲနစ်အက်ဆစ်များနှင့်အတူ အဏုဇီဝသက်ရှိ (EM) များ ကြိုက်နှစ်သက်သည့် အားဖြည့်ဖျော်ရည်များ ထည့်သွင်းဖော်စပ်ထားသော ဝက်ရောဂါကာကွယ်အားဖြည့်ရည်များကို ကူးစက်ရောဂါများကျရောက်ဖြစ်ပွားခြင်းမရှိမီ ကြိုတင်၍ ဝက်များအား တိုက်ကျွေးထားခြင်းဖြင့်လည်း ဝက်၏ခန္ဓာကိုယ်အတွင်း ဆေးအလျဉ်ရရှိမှုပေါ်တွင်မူတည်၍ ကိုယ်ခံအားစနစ်တက်လာစေရန် ပြုလုပ်ပေးနိုင်မည်ဖြစ်သည်။
ယင်းသို့ဆိုပါက ပြင်ပမှဝင်ရောက်လာသည့် ကူးစက်ရောဂါဒဏ်ကို အထိုက်အလျောက်ခံနိုင်ရည်ရှိပြီး ကူးစက်ရောဂါကျရောက်ဖြစ်ပွားလာပါကလည်း အော်ဂဲနစ်ဓာတ်ဆားရည်တိုက်ကျွေးခြင်း မရှိခဲ့သော ဝက်မွေးမြူရေးခြံများကဲ့သို့ ခြံလုံးကျွတ်သေဆုံးမှုမရှိဘဲ ပဋိဇီဝဆေးနှင့်တွဲဖက်၍ကုသပါက သေဆုံးနှုန်းလျာ့နည်းနိုင်သည့် အခြေအနေကောင်းများကို ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားစဉ်ကာလများက စမ်းသပ်တွေ့ရှိခဲ့ပါသည်။
အချုပ်အားဖြင့်ဆိုရသော် ကာကွယ်ရန်နှင့်ကုသရန် နည်းလမ်းမရှိသော ဝက်နားရွက်ပြာရောဂါကဲ့သို့သော ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်ပွားသော ကူးစက်ရောဂါများကို အထက်ဖော်ပြပါ ကာကွယ်ထိန်းချုပ်ရန်နည်းလမ်းများအသုံးပြု၍ ရောဂါကျယ်ပြန့်စွာ ကူးစက်မှုမဖြစ်ပွားရန် ထိန်းချုပ်နိုင်မည်ဖြစ်သည်။
ထို့ပြင် ဝက်များ၏ အစာထဲတွင်သော်လည်းကောင်း၊ သောက်ရေထဲတွင်သော် လည်းကောင်း၊ အော်ဂဲနစ်ဓာတ်ဆားရည်များကို ပုံမှန်သုံးစွဲပေးခြင်းဖြင့်သော်လည်းကောင်း ရေရှည်တွင် ဝက်၏ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးရာရောက်စေခြင်းဖြင့်လည်း ဝက်မွေးမြူရေးခြံများတွင် ဝက်နားရွက်ပြာကဲ့သို့သော ကူးစက်ရောဂါများ ဝင်ရောက်သည့်တိုင်အောင်ရောဂါပိုး၏ ပြင်းအားကိုလိုက်၍ ကုသ၍ ရနိုင်ပြီး ခြံလုံးကျွတ်သေဆုံးမှုများ မရှိအောင် အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်သွား မည်ဖြစ်သည်။
ထို့ကြောင့် ဝက်မွေးမြူသူများအနေဖြင့် မိမိခြံ၏ ဇီဝလုံခြုံရေးစနစ်ကို အသိရှိရှိ၊ သတိရှိရှိဖြင့် ထိန်းချုပ်ပြီး မိမိ၏ဝက်များအား ဂရုစိုက်ရန်လိုအပ်ပါကြောင်း ရေးသားလိုက်ရပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
ကော်မတီများအား Livestock input အနေနဲ့ ဘယ်လိုသွင်းအားတွေ ပံ့ပိုးသင့်ပါသလဲ။ လက်ရှိတွင် ခြံထူထောင်းခြင်း၊ဝက်များနှင့်ညအစားအစာလှည်ပတ်မှုများအတွက်ပံ့ပိုးမှုများ ပေးပြီးဖြစ်ပါသည်။
ကျော်လင်းအောင် • 1 answers
နေ့စဉ်ခြံကောက်ဘဲဥဈေးကို ဘယ်မှာ ရှာကြည့်ရမှာလဲ ဒီနေ့ 20 kg ကို 310 ပဲဖွင့်နေလို့
ကိုမင်း • 2 answers
Summer Heat Stress & It's Management in Poultry
Dr. မောင်စိုးမိုး • 23 answers
ဝက် 50မွေးထားတယ် ခင်ဗျ။ ခြံက ဝက်ချေးစော် နံတာပေါ့ ခင်ဗျာ။ ယင်ကောင်တွေလည်းပေါ။ ဝက်ချေးနံ့လည်း သက်သာ၊ လောင်စာလည်းရအောင် biogas digester တစ်ခုလောက်လုပ်ချင်တယ်ခင်ဗျ။ flexible biogas digester ရောင်းတာရှိရင် လမ်းညွှန်ပေးကြပါ။ ကျေးဇူးပါခင်ဗျ
ခရမအ်းသီး • 0 answers
၀က် လှောင်မွေး စနစ်မှာအားနည်းချက်ရှိလားဗျ သိချင်လို့ပါ သိတဲ့သူဖြေပေးကြပါဗျ
မောင်ထက်မြတ်ဇော် • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးဇော်(dof)
See all