ရောဂါများမကူးစက်စေဖို့ ဝက်ခြံရဲ့ ဇီဝလုံခြုံရေးစနစ်ကိုမြှင့်တင်စို့ (၁)
To Promote Biosecurity System
ဇီဝလုံခြုံရေးစနစ်ဆိုသည်မှာ မိမိမွေးမြူထားသော တိရစ္ဆာန်များကို ပတ်ဝန်းကျင်(သို့မဟုတ်) ရောဂါဖြစ်ပွားနေသောတိရစ္ဆာန်များနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်း ကောင်း ထိတွေ့မှုမရှိအောင် ခွဲခြားထားခြင်း၊ ရောဂါဖြစ်ပတ်ဝန်းကျင်ရှိ ခြံ၊ လုပ်သား၊ လူ၊ စားကျက်၊ အစားအစာ၊ ယာဉ်၊ အသုံးအဆောင်ပစ္စည်းများနှင့် ဆက်စပ်ထိတွေ့မှု မရှိအောင် တားဆီးထားခြင်းဖြင့် ကူးစက်ရောဂါဖြစ်ပွားစေမည့် အခွင့်အလမ်းများကို ဖြတ်တောက်သည့်လုပ်ဆောင်မှုပင် ဖြစ်ပါသည်။

ဤစနစ်တွင်..
- မွေးမြူရေးခြံအား ပြင်ပနှင့်ထိတွေ့မှု မရှိရအောင် သီးခြားထားခြင်း(မွေးမြူရေးခြံအဆောက်အအုံကို လုံခြုံအောင်ထားပါ။ သော့ခတ်ထားပါ)
- လုပ်ငန်းနှင့် မသက်ဆိုင်သူများ ခြံအတွင်းသို့ဝင်ခြင်းကို စိစစ်ပါ။
- အဆောက်အအုံပြင်ပတွင် ထုံးပုံး၊ တတ်နိုင်ပါက ပိုးသတ်ဆေးကန်ကို ထားပေးပါ။ ခြံအတွင်းသို့ဝင်လျှင် ယင်းထုံးပုံး၊ ပိုးသတ်ဆေးကန်တွင် ခြေထောက်နင်းပြီးမှ ဝင်ပါ။
- ခြံအတွင်းသို့ ခွေး၊ ကြောင်များ မဝင်နိုင်ရန်နှင့် ကြက်ခြံဖြစ်ပါက စာကလေး၊ ငှက်များ မဝင်နိုင်အောင်ဆောင်ရွက်ပါ။
- မိမိခြံမှလုပ်သား၊ ပစ္စည်းများကို အခြားမွေးမြူရေးခြံများနှင့် ကူးလူးဆက်ဆံခြင်း မရှိစေရအောင်စီမံပါ။
- ပြင်ပမှအသားများ သယ်ဆောင်ခြင်းမပြုရအောင် စိစစ်ပါ။
- အခြားမွေးမြူရေးခြံများမှ ပြန်လာလျှင် ရေချိုး၊ အဝတ်အစားလဲပြီးမှ ခြံအတွင်းသို့ ဝင်ပါ။
- ခြံအတွင်းအပြင် သန့်ရှင်းရေး မပြတ်ပြုလုပ်ပါ။
အထက်ဖော်ပြပါ ဇီဝလုံခြုံရေးကျင့်စဉ်ပါ နည်းလမ်းများသည် မွေးမြူသူတိုင်း အလွယ်တကူဆောင်ရွက်နိုင်သော နည်းလမ်းများဖြစ်ပါသည်။
ဝက်များ၏ ကျန်းမာမှုအဆင့်ကို မြှင့်တင်ပေးခြင်း(To Promote Hygiene Control)
သန့်ရှင်း၍ အထက်ဖော်ပြပါဇီဝလုံခြုံရေးကျင့်စဉ်များအတိုင်း လိုက်နာပြီး အဆင့်မြှင့်တင်ထားသော ဝက်ခြံများတွင် ဝက်များအား...
- (၁) လတ်ဆတ်၍ အာဟာရပြည့်ဝသော အစားအစာများကျွေးမွေးခြင်း၊ ကူးစက်ရောဂါဖြစ်ပွားနေသောအခြေအနေတွင် တစ်ပိုင်တစ်နိုင်မွေးမြူထားသော ဝက်ခြံများ၌ ပတ်ဝန်းကျင်အိမ်များမှ စုယူထားသော စားကြွင်းစားကျန်များ၊ စားသောက်ဆိုင်မှ စုယူထားသော စားကြွင်းစားကျန်များကို ကျွေးမွေးခြင်းမှ ရပ်ဆိုင်းပြီး ကိုယ်ပိုင်အစီအစဉ်ဖြင့် ကျွေးမွေးသွားရန်သော်လည်းကောင်း၊ ထိုအစားအစာများကို ကျိုချက်၍ကျွေးမွေးသွားရန်သော်လည်းကောင်း လိုအပ်ပါသည်။
- (၂) သန့်ရှင်းသောသောက်ရေထားရှိရန် လိုအပ်ပါသည်။
- (၃) ဝက်ခြံကို လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ပေးရပါမည်။
- (၄) ဝက်များအား မြေကြီး(သို့မဟုတ်)ကွန်ကရစ်အခင်းပေါ်တွင် မွေးမြူပါက ခြောက်သွေ့ သောအိပ်ရန်နေရာများ ပြုလုပ်ပေးရပါမည်။
- (၅) မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ မွေးမြူရေးအတွက်ထုတ်လုပ်ထားသော ရောဂါကာကွယ်ဆေးများကို ကျွမ်းကျင်သော တိရစ္ဆာန်ဆေးကုဆရာဝန်များ၏ အကူအညီရယူ၍ ကြိုတင်ထိုးနှံပေးရန် လိုအပ်ပါသည်။
ဝက်မွေးမြူရေးခြံများ၌ သေဆုံးသောဝက်များမှာ ဝက်နားရွက်ပြာရောဂါတစ်မျိုးတည်းကြောင့် သေဆုံးရခြင်း မဟုတ်ဘဲ အခြားကာကွယ်၍ရသော ကူးစက်ရောဂါတစ်မျိုးမျိုးကြောင့် သေဆုံးရခြင်းမျိုးများ ရှိနေပါသည်။
ထိုကဲ့သို့ ကာကွယ်ကုသ၍ရသော အခြားကူးစက်ရောဂါကြောင့် သေဆုံးရခြင်းဖြစ်ပါက ဝက်မွေး မြူသူများအတွက် အလွန်နစ်နာပါသည်။
ဗိုင်းရပ်စ်ရောဂါပိုးကြောင့်ဖြစ်ပွားသော ဝက်ဝမ်းကျရောဂါ၊ ဝက်ခွာနာလျှာနာရောဂါနှင့်ဘက်တီးရီးယားရောဂါပိုးကြောင့် ကူးစက်ဖြစ်ပွားသောဝက်ပလိပ်ရောဂါဖြစ်ပွားလာပါကလည်း ဝက်နားရွက်ပြာရောဂါဖြစ်ပွားသကဲ့သို့ပင် သေဆုံးနိုင်ပါသည်။ သို့သော်အဆိုပါကူးစက်ရောဂါ(၃)မျိုးမှာ သက် ဆိုင်ရာ ရောဂါကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကာကွယ်ထား၍ရသော ရောဂါများဖြစ်နေပါသည်။
ထို့ကြောင့် ဝက်မွေးမြူသူများအနေနှင့် ကာကွယ်၍ရသောရောဂါအမျိုးအစားများကို ကြိုတင်ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ကာကွယ်ထိန်းချုပ်ရန် လိုအပ်ပါသည်။ အထက်ဖော်ပြပါရောဂါ (၃)မျိုးမှာ ဝက်နားရွက်ပြာရောဂါဖြစ်ပွားပုံအဆင့်ဆင့်နှင့် သေဆုံးရသည့်လက္ခဏာများနှင့် ခြားနားမှုများရှိသည့်အတွက် ကျွမ်းကျင်သူများ၏အကူအညီကို ရယူ၍ ရောဂါနှိုင်းယှဉ်ချက် (Differential Diagnosis)ကို ကွဲပြားစွာသိရှိနိုင်ရန် လေ့လာရန်လိုအပ်ပါသည်။ သို့မှသာ ရောဂါဆုံးဖြတ်မှု (Diagnosis) လုပ်ရာ၌ မှန်ကန်မှုရှိနိုင်ပါသည်။
(၆) မိမိဝက်ခြံသည် ရောဂါဖြစ်သည့်ပတ်ဝန်းကျင်တွင်ရှိပါက စိုးရိမ်မှုလွန်ကဲသည့် အနေအထားတွင် ကျွမ်းကျင်သည့် တိရစ္ဆာန်ဆေးကုဆရာဝန်မဟုတ်သည့် ပြင်ပမှ တိရစ္ဆာန်ဆေးကုသူများအား ဆက်သွယ်၍ မိမိဝက်များအား ကာကွယ်ဆေးထိုးပေးခြင်း၊ ဆေးကုသခြင်းများ မပြုလုပ်မိရန် သတိထားရပါမည်။ ထိုကဲ့သို့သောအခြေအနေမျိုးတွင် ကျွမ်းကျင်သူများနှင့် ဆက်သွယ်၍ ဆောင်ရွက်ရန် လိုအပ်ပါသည်။
တစ်ခါတရံတွင် မိမိဝက်ခြံသည် ကျန်းမာရေးကောင်း မွန်သည့်အခြေအနေတွင် ရှိနေရာမှ စိုးရိမ်လွန်မှုကြောင့်လမ်းကြုံ၍ရောက်ရှိလာသည့် တိရစ္ဆာန်ဆေးထိုးဆရာအား ပင့်ဖိတ်၍ မိမိဝက်များအား ဆေးထိုးစေရာမှ ရောဂါဝင်ပြီး ကူးစက်ရောဂါဖြင့် တစ်ကောင်ပြီးတစ်ကောင် သေဆုံးရသည့် အဖြစ်မျိုးကို ဝက်နားရွက်ပြာရောဂါကူးစက်ဖြစ်ပွားစဉ်ကာလများက ကြုံတွေ့ခဲ့ရပါသည်။
အကြောင်းရင်းမှာ အဆိုပါဆေးထိုးဆရာသည် ရောဂါဖြစ်ပွားနေသည့်ဝက်ခြံအား ဦးစွာဝင်ရောက်ဆေးကုပြီးမှ မိမိဝက်ခြံသို့ လာရောက်ခြင်းဖြစ်ပါက မိမိဝက်ခြံအတွက် ကူးစက်ရောဂါပိုးကို ပိုက်ဆံပေး၍ဝယ်ယူသည့် အဖြစ်မျိုးကြုံတွေ့နိုင်ပါသဖြင့် အထူးဂရုပြု၍ ဆောင်ရွက်ကြရန် ဖြစ်ပါသည်။ဝက်နားရွက်ပြာရောဂါ ကူးစက်ဖြစ်ပွားမှု၏ ရာခိုင်နှုန်း အများစုမှာ အထက်ဖော်ပြပါနည်းလမ်းများဖြင့် ကူးစက်ပြန့်ပွားမှုများ ရှိခဲ့ပါသည်။
(အပိုင်း-၂ ကို ဆက်လက်ဖော်ပြပေးပါမည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Naing linn
2 years agoမွေးကင်းစ ဝက်ကလေးတွေကိုသူ့အမေက နို့ပေးမစို့တာဘာကြောင့်များလည်းမသိပါဘူးခင်ဗျာ ကူညီ၍ဖြေပေးကြပါဦး🙏🙏🙏
Related questions
ကော်မတီများအား Livestock input အနေနဲ့ ဘယ်လိုသွင်းအားတွေ ပံ့ပိုးသင့်ပါသလဲ။ လက်ရှိတွင် ခြံထူထောင်းခြင်း၊ဝက်များနှင့်ညအစားအစာလှည်ပတ်မှုများအတွက်ပံ့ပိုးမှုများ ပေးပြီးဖြစ်ပါသည်။
ကျော်လင်းအောင် • 1 answers
နေ့စဉ်ခြံကောက်ဘဲဥဈေးကို ဘယ်မှာ ရှာကြည့်ရမှာလဲ ဒီနေ့ 20 kg ကို 310 ပဲဖွင့်နေလို့
ကိုမင်း • 2 answers
Summer Heat Stress & It's Management in Poultry
Dr. မောင်စိုးမိုး • 23 answers
ဝက် 50မွေးထားတယ် ခင်ဗျ။ ခြံက ဝက်ချေးစော် နံတာပေါ့ ခင်ဗျာ။ ယင်ကောင်တွေလည်းပေါ။ ဝက်ချေးနံ့လည်း သက်သာ၊ လောင်စာလည်းရအောင် biogas digester တစ်ခုလောက်လုပ်ချင်တယ်ခင်ဗျ။ flexible biogas digester ရောင်းတာရှိရင် လမ်းညွှန်ပေးကြပါ။ ကျေးဇူးပါခင်ဗျ
ခရမအ်းသီး • 0 answers
၀က် လှောင်မွေး စနစ်မှာအားနည်းချက်ရှိလားဗျ သိချင်လို့ပါ သိတဲ့သူဖြေပေးကြပါဗျ
မောင်ထက်မြတ်ဇော် • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးဇော်(dof)
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....