တီလားပီးယားငါးသားပေါက် Mono-sex (အားလုံးအထီးဖြစ်အောင်လုပ်) ထုတ်လုပ်ခြင်း
- တီလားပီးယားငါးများသည် တစ်နှစ်လျှင်အနည်းဆုံး ၆ကြိမ်မှ ၁၀ကြိမ်အထိ သဘာ၀အတိုင်းသားပေါက်နိုင်သည်။
- ငါးသားပေါက် အထီး၊ အမများကို ရော၍မွေးမြူပါက ငါးအမများအရွယ်ရောက်ချိန်တွင် ပေါက်ပွားမှုနှုန်းမြန်ဆန်သောကြောင့် ကန်ထဲတွင်ငါးများလာပြီး ကန်ကြပ်ကာ ကြီးထွားနှုန်းမကောင်းခြင်း အစာကုန်ကျစရိတ်ပိုမိုများပြားခြင်း အထွက်နှုန်းနည်းပါးခြင်း စသည်တို့ကိုကြုံတွေ့ရတက်သည်။
ထို့ကြောင့် တီလားပီးယား mono-sex (အားလုံးအထီးဖြစ်အောင်ပြုလုပ်ခြင်း) မွေးမြူခြင်းဖြင့် အောက်ပါကောင်းကျိုးများကိုရရှိစေနိုင်သည်။
(၁) ငါးအထီးများသည် ငါးအမများထက်ကြီးထွားနှုန်းပိုကောင်းခြင်း
(၂) ကြီးထွားနှုန်းပိုကောင်းသောကြောင့် ငါးထွက်နှုန်းပိုမို ကောင်းမွန်စေခြင်း
(၃) သားပေါက်ပွားမှုနှုန်းကို ကောင်းမွန်စွာထိန်းချုပ်နိုင်ခြင်း
(၄) သားပေါက်မှုကိုထိန်းချုပ်နိုင်သဖြင့် ကန်မကြပ်တော့ပဲ ကြီးထွားနှုန်းပိုမိုကောင်းမွန်စေခြင်း

တီလားပီးယားငါးသားပေါက်mono-sex ထုတ်လုပ်သည့်နည်းစနစ်များ
- Hormone ကျွေး ထုတ်လုပ်ခြင်း
- မျိုးစိတ်မတူသောမျိုးငါးများအား မျိုးစပ်ထုတ်လုပ်ခြင်း
- မျိုးငါးများအား မျိုးရိုးဗီဇအဆင်ဆင့်မြှင့်တင်ပြီး ငါးသားပေါက်အားလုံး အထီးသီးသန့်မွေးလာအောင်ပြုလုပ်ခြင်း
- ငါးဥအကောင်ပေါက်များကို Hormone (ဟိုမုန်း) အရည်ထဲထည့်ပြီး ultra sound အသုံးပြု၍ အထီးဖြစ်လာအောင်ပြုလုပ်ခြင်း
* အထက်ပါနည်းများစွာထဲမှ Hormone (ဟိုမုန်း) ကျွေးထုတ်လုပ်ခြင်းနည်းစနစ်ကိုသာ ကမ္ဘာပေါ်တွင် ကျယ်ပြန့်စွာအသုံးပြုလျက်ရှိပါသည်။



တီလားပီးယားငါးသားပေါက်ကို ဟိုမုန်းကျွေး၍ mono-sex ထုတ်လုပ်သည့်နည်းစနစ်
- မျိုးငါးကန်များအား ရေဩဇာကောင်းမွန်အောင်ပြုပြင်ရမည်။
- ပြုပြင်ထားပြီးသောကန်များအတွင်း နိုင်လွန်ခြင်ထောင်များထောင်၍ မျိုးငါးအထီး ၁ ကောင်၊ အမ ၂ ကောင်နှုန်းဖြင်ထည့်ရမည်။
- မျိုးငါးများအား ပရိုတိန်း ၂၈-၃၀ ရာခိုင်နှုန်း မျိုးငါးအစာကို ငါးခန္ဓာကိုယ်အလေးချိန်၏ ၂-၃ ရာခိုင်နှုန်းအစာကျွေးရမည်။
- ငါးဥများနှင့် ငါးသားပေါက်များကို တစ်ပတ်လျှင်တစ်ကြိမ်နှုန်းဖြင့် မျိုးငါးအမများ၏ ပါးစပ်ထဲမှ ခေါက်ချ၍ စုဆောင်းယူရမည်။
- သုံးပြီးသားငါးအမများအား တခြားခြင်ထောင်အတွင်းသို့ ပြောင်းရွှေ့ပေးရမည်။
- ပြောင်းရွှေ့ပြီးသော မျိုးငါးအမများနေရာတွင် တခြားမျိုးငါးအမများအား ပြန်လည်၍ အစားထိုးထည့်ပေးရမည်။
-ဤသို့ပြောင်းရွှေ့ခြင်းဖြင့် မျိုးငါးအမ အုပ်စုနှစ်စုအား ငါးသားဖေါက်ရန်အပတ်စဉ် ပုံမှန်လဲလှယ်ပေးပြီးသားဖြစ်သွားမည်။
- ရရှိပြီးသော ငါဥများကို အဆင့်လေးဆင့် သတ်မှတ်ရမည်။
- အဆင့် ၁ နှင့် ၂ ဆိုလျှင် သားဖောက်ခန်းထဲရှိ Incubatorထဲသို့ ထည့်ရမည်။
- အဆင့် ၂ နှင့် ၃ ဆိုလျှင် Tray ဗန်းထဲသို့ ထည့်ရမည်။
- အခန်းအပူချိန်ပေါ်မူတည်၍ ၃ ရက်မှ ၅ ရက်အတွင်း သားပေါက်ပါသည်။
- ပေါက်လာသောငါးသားပေါက်များကို နိုင်လွန်ခြင်ထောင်ထဲသို့ထည့်၍ ဟိုမုန်းစာ စတင်၍ ၂၁ ရက်ပြည့်သည်အထိကျွေးရပါသည်။
- တစ်နေ့လျှင် ဟိုမုန်းစာ ၄ ကြိမ်ကျွေးခြင်းသည် အကောင်းဆုံးဖြစ်သည်။
- ဟိုမုန်းစာ ၂၁ ရက်ကျွေးပြီးနောက် တစ်ခြားခြင်ထောင်ထဲသို့ ပြောင်းရွှေ့ပေးရပါသည်။
- ခြင်ထောင်ပြောင်းပြီးနောက်တီလားပီးယားငါးသားပေါက်များကို တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ဆိုဒ်ခွဲဇကာဖြင့် ငါးဆိုဒ်ခွဲပေးရပါသည်။
-အစာကိုအစာတောင့် (သို့) ၊ ဖွဲနု၊ ပဲဖတ် ကျွေးမွေးနိုင်သည်။
ထိုခြင်ထောင်ထဲတွင် ၁ လက်မ၀န်းကျင်အရွယ် ရရှိရန် ၁၀ ရက်မှ ၁၅ ရက်ခန့်ထပ်မံ၍ မွေးမြူပြီးနောက်ငါးမွေးမြူရေးလုပ်ငန်းရှင်များထံသို့ ရောင်းချ၍ ရသွားမည်ဖြစ်သည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
ဆိတ်သားခွဲဈေး ဘယ်လောက်ရှိလဲဗျ ခုမှစမွေးမလို့ပါ ...ပြည်ဘက်မှာ
KoThet • 1 answers
ဖားသားပေါက်နဲ့ဖားအမေအဖေဘယ်မှာရောင်လဲဗျား
ကိုပြည့်ဖြိုးအောင် • 0 answers
ဆရာ ကျွန်တော် နွားမကည၁၂နာရီက အဖြူရေတွေ ကျနေတယ် ခုနေ့ခင်းလည်း ကျနေလို့ ညနေ၆နာရီက မေထုန်မဲ့နည်းနဲ့ သားစပ်လိုက်တယ် ခုည၁၀ နာရီမှာ အဖြူရေအနည်းငယ် ကျနေလို့ ဘယ်လိုဖြစ်တာလဲ ခင်ဗျာ
Ma wai • 1 answers
ဘယ်အချိန်မှာ သားဆက်ရမလဲ ခင်ဗျာ
Thant zin tun • 2 answers
နွားမမျိုးတင်တာ၃လကြာမှပြန်ပြီးမျိုးတောင်းတာဘယ်လိုလုပ်ရမလဲအကြံပေးစေချင်ပါတယ်
ko ko • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Rio Amora
See all
ငါးတန်ဆေးထိုးသားဖောက်နည်းနှင့် ငါးသားပေါက်ပြုစုနည်း
10/06/2022
ငါးမွေးမြူရေးကန်၏ရေအရည်အသွေး၊ မြေအရည်အသွေးနမူနာများအားဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရာတွင် လိုအပ်သည့်အချက်များ
06/06/2022
ငါးရံ့ဆေးထိုးသားဖောက်မွေးမြူနည်း
30/05/2022
ငါးမွေးမြူရေးအတွက် သင့်လျော်သော ကန်အောက်ခြေမြေသားကို ပြုပြင်စီမံခြင်း
24/05/2022
ငါးပြေမဆေးထိုးသားဖောက်မွေးမြူခြင်း
19/05/2022