Green Way
ဆိတ်သားဖောက်ခြင်းနှင့် စပ်စာပြုလုပ်နည်းများ အပိုင်း (၁)

ဆိတ်သားဖောက်ခြင်းနှင့် စပ်စာပြုလုပ်နည်းများ အပိုင်း (၁)

ဦးဇော်(dof)
ဦးဇော်(dof) 05/01/2023

ဆိတ်သည် ယဉ်ပါးသောအိမ်မွေးတိရစ္ဆာန်ဖြစ်ပြီး ကြက်၊ ဘဲ၊ ငုံးတို့ကဲ့သို့ များစွာဂရုစိုက်စရာ မလိုပေ။ ကျွဲ၊ နွားများကဲ့သို့လည်း ခြံကိုနည်းစနစ်တကျ တည်ဆောက်ပေးဖို့ မလိုပေ။ ဆိတ်နေရန် တဲခပ်ကျယ်ကျယ်တည်ဆောက်ပေးရုံသာ ဖြစ်ပါသည်။

သို့သော် ဆိတ်သည် ခုန်လွှားသွားနိုင်သောသတ္တဝါဖြစ်သည့်အတွက် ခြံကိုလေဝင်လေထွက်ကောင်းပြီး ခပ်မြင့်မြင့် တည်ဆောက်ပေးဖို့လိုပါသည်။ ဆိတ်သည် အအေးကြောက်သောသတ္တဝါ ဖြစ်သည့်အတွက် ဆိတ်တဲဆောက်ရာတွင် မိုးမယိုစေရန်နှင့် ဆောင်းတွင်းအအေးဒဏ်ခံနိုင်စေရန် လုံလုံခြုခြုံတည်ဆောက်ပေးဖို့လည်း လိုသည်။ ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းဖို့လည်း လိုပါသည်။

ဆိတ်မျိုးများနှင့် သားဖောက်ခြင်း

ဆိတ်မွေးမြူမည်ဆိုပါက မိမိမွေးမြူမည့်ဆိတ်မျိုးအား ရွေးချယ်ရပါမည်။ ထိုသို့ရွေးချယ်ရာတွင်-

  • (က) အကောင်ပေါက်နှုန်းကောင်းသောမျိုး၊
  • (ခ) အကောင်ထွားပြီး အသားထွက်နှုန်းကောင်းသောမျိုးနှင့်
  • (ဂ) ရာသီဥတုဒဏ်ကိုခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်မွေးမြူသင့်ပါသည်။

အရည်အသွေးကောင်းသောဆိတ်မျိုးမှာ ဘင်္ဂလားဆိတ်မျိုးဖြစ်သည်။ ယင်းဆိတ်မျိုးသည် ရာသီဥတုဒဏ်ခံနိုင်ပြီး အသားထွက်လည်းကောင်းပါသည်။

နောက်ထပ်ဆိတ်မျိုးစိတ်ကောင်း(၂)မျိုးမှာ အိန္ဒိယနိုင်ငံရှိ နားရွက်ဖားရှည်ဆိတ်မျိုးနှင့် မြန်မာပြည်တွင်(ဂျန်မူရာပါရီ) ဆိတ်မျိုးပင် ဖြစ်သည်။

ဆိတ်ကိုသားဖောက်မည်ဆိုပါက ဆိတ်မအသက်သည် ၆ လမှ ၈ လအတွင်းအနည်းဆုံးရှိရမည်ဖြစ်ပြီး သားစပ်မည့်ဆိတ်မ၏ ကိုယ်အလေးချိန်မှာ ၄၀ မှ ၄၅ ကီလိုဂရမ် ရှိရပါမည်။ သားပေါက်ရာတွင်၂ ကောင်မှ ၃ ကောင်အထိ ပေါက်တတ်သည်။ တစ်ခါတလေ တစ်ကောင်တည်းလည်း ပေါက်တတ်ပါသည်။ 

အစာကျွေးခြင်း

ဆိတ်သည် အစုံစားသတ္တဝါဖြစ်သည်။ အသက်သေစေနိုင်သော အသီးအရွက်မှလွဲ၍ အခြားအသီးအရွက်အားလုံးကို စားသုံးလေ့ရှိပါသည်။ ထို့ကြောင့် လူတစ်ဦးအစားမျိုးစုံစားနေပါက ထိုသူ၏ပါးစပ်ကို ဆိတ်ပါးစပ်ဟု ခိုင်းနှိုင်းကျီစယ်ကြခြင်းဖြစ်သည်။

ထို့ပြင်ဆိတ်သည် အကြမ်းခံနိုင်သောသတ္တဝါမျိုးဖြစ်ပြီး ကူးစက်ရောဂါဖြစ်ပွားမှု နည်းပါးပါသည်။အစုံစားသတ္တဝါဖြစ်သောကြောင့် အစာကိုလည်း ရွေး၍ကျွေးစရာမလိုပေ။

ဆိတ်သည် မြေပြင်ပေါ်တွင်ပေါက်လေ့ရှိသော မြက်ပင်အပါအဝင် သစ်ပင်အခေါက်အရွက်အားလုံးကို စားကြသည်။

သို့သော်လည်း စီးပွားဖြစ်မွေးမြူသူများကတော့ မြက်ပင်အပါအဝင် သဘာဝအပင်များ၊ စပ်စာများကိုလည်း ကျွေးကြပါသည်။

အစာကျွေးရာတွင် သားပေါက်ပြီးသားဆိတ်မဆိုလျှင် ဖြည့်စွက်စာကျွေးပါက နို့ထွက်ပိုကောင်းသည်။

ဆိတ်စာကျွေးတော့မည်ဆိုပါက ယခင်အစာခွက်ဟောင်းအတွင်းမှ အစာဟောင်းများကို သေချာရှင်းလင်းပြီးမှ ကျွေးသင့်ပါသည်။

ဆိတ်များကျန်းမာပြီး အသားထွက်ကောင်းစေရန် အစာနှင့်ရေကို အချိန်မှန်မှန်နှင့် ဝဝလင်လင်ကျွေးပေးရပါမည်။ ထို့ပြင် စပ်စာများကိုလည်း ကျွေးသင့်ပါသည်။ ဆီးသီးပေါသောဒေသများနှင့် ကုက္ကိုသီးပေါသောဒေသများတွင် ဆီးသီးနှင့် ကုက္ကိုသီးကို ဖြည့်စွက်စာအဖြစ် ကျွေးသင့်ပါသည်။

ဖြည့်စွက်စာကို ဆိတ်တစ်ကောင်လျှင် တစ်နေ့ ၁၅ ကျပ်သားခန့် ကျွေးပေးသင့်သည်။ဆိတ်များ သည် သစ်သီးသစ်ရွက်သစ်ခက်များအပြင် အစာစုံစားကြသဖြင့် အစာကြေလွယ်ကူစေရန် ဆိတ်တစ်ကောင်လျှင် ဆားငါးမူးသားမှ တစ်ကျပ်သားကို လျှာဖြင့်လျက်နိုင်စေရန်ဆန်ကော(သို့မဟုတ်) ဗန်းများဖြင့် ဆိတ်ခြံအတွင်း ထည့်ပေးထားရပါမည်။

(အပိုင်း - ၂ တွင် စပ်စာပြုလုပ်နည်းများ၊ ခြံတည်ဆောက်နည်းများကို ဆက်လက်ဖော်ပြပေးပါမည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

8
Htay Myint

Htay Myint

5 months ago

ဝက်မွေးမြူရေး

Aung Thu

Aung Thu

2 years ago

ဆိတ်မတွေကိုဝန်ဆောင်တာငါးလကြာပါတယ်ဗျ

ဦးရန်ကျော်မိုး

ဦးရန်ကျော်မိုး

3 years ago

ပျဥ်မနားမှာ ဆိတ်သိုးမျိုးကောင်းလေးရှိရင် ၁ ကောင်လောက်လိုချင်ပါတယ် ဆိတ်မတေမပေါက်တာ ၂ နှစ်လောက်ရှိနေလို့ပါ

ဦးရန်ကျော်မိုး

ဦးရန်ကျော်မိုး

3 years ago

ဆိတ်မတစ်ကောင်ကိုယ်ဝန်ဆောင်ကာလ ဘယ်လောက်ကြာမြင့်ပါသလဲ တစ်နှစ်မှာ ၂ သား ၁ ဗိုက်ဆိုတာကောဟုတ်ပါသလားခင်ဗျာ

Myo 0o

Myo 0o

3 years ago

မိုးများဒေသ(ဘိုကလေ)ဘယ်ဆိတ်မျိုးနဲ့သင့်တော်လည်

You

Related articles

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....