နွားမတမ်းပြုစုစောင့်ရှောက်ခြင်း၏ မျိုးပွားခြင်းအပေါ် အရေးပါပုံ
နို့စားနွားခြံတွင်ရှိသော နွားမတမ်းများသည် နေ့စဉ်နှင့်အမျှ ငွေကြေးကုန်ကျမှု များစေပါသည်။ ၎င်းတို့အတွက် ကျွေးမွေးရသောအစာစရိတ်၊ စောက်ရှောက်ရသော ဝန်ထမ်းစရိတ်များသာရှိပြီး ဝင်ငွေရရှိလာခြင်းမရှိပေ။ ထို့ကြောင့် နွားမတမ်းမျာကို လျင်မြန်စွာကြီးထွားလာအောင် မွေးမြူပြီး စောလျင်စွာသားတင်နိုင်ဖို့ အရေးကြီးပါတယ်။ သို့မှသာ သားအောင်ပြီး နွားကလေးမွေးကာ နွားနို့ဝင်ငွေရရှိမှာဖြစ်ပါတယ်။
ပထမဆုံးသားစပ်ချိန်တွင် နွားမတမ်း၏ အသက်ထက် ခန္ဓာကိုယ်အလေးချိန်ပြည့်မီဖို့က ပို၍အရေးကြီးပါသည်။ အစာအာဟာရ လုံလောက်စွာစားရသော နွားမတမ်းသည် အသက်အားဖြင့် ၁၅ လ မတိုင်မီ ခန္ဓာကိုယ်အလေးချိန်ပြည့်မီပြီး မြိုင်လက္ခဏာပြပါမည်။ ပထမဆုံးသားစပ်ချိန်တွင် နွားမတမ်း၏ ခန္ဓာကိုယ်အလေးချိန်သည် ၎င်း၏ ပထမသားမွေးပြီးချိန်တွင်ရှိရမည့် အလေးချိန်ရဲ့ (၆၀%) ရှိသင့်သည်။ ဖရီရှန်မျိုး နွားမကြီးတစ်ကောင်၏ ပျမ်းမျှကိုယ်အလေးချိန်မှာ (၃၀၀) ကီလိုဂရမ်ရှိပါသည်။
ဒါကြောင့် နွားမတမ်းများကို အသက် ၁၅ လ အရွယ်တွင် ခန္ဓာကိုယ်အလေးချိန် ပြည့်မီ၍ သားတင်နိုင်စေရန် ရည်ရွယ်ထားပြီး မွေးမြူရပါမည်။ သို့မှသာ ၎င်းတို့ဟာ အသက်(၂)နှစ် အရွယ်တွင် ပထမကလေးမွေးဖွားနိုင်မှာဖြစ်ပါတယ်။
နွားမတမ်းများကို အသက် ၁၅ လ အရွယ်တွင် ခန္ဓာကိုယ်အလေးချိန်ပြည့်မီ၍ သားတင်နိုင်စေရန် ၎င်းနွားမတမ်းများ နို့စို့အရွယ်နှင့် သားခွဲပြီးနောက်အရွယ်တို့တွင်လည်း ကောင်းစွာမွေးမြူခဲ့ဖို့ လိုအပ်ပါတယ်။ အရေးကြီးဆုံးကတော့ နို့စို့အရွယ်ကာလမှာ တစ်ရက်ကို နို့ (၃) ပိဿာနှုန်းဖြင့် အသက် (၃) လအရွယ်တွင် ခန္ဓာကိုယ်အလေးချိန် (၁၀၀) ကီလိုဂရမ် ရရှိအောင်မွေးပြီး ၎င်း (၃) လအရွယ်မှာပဲ သားခွဲရပါမည်။ နွားကလေးကို နို့ (၃) ပိဿာအပြင် သန့်ရှင်းအေးမြနေသောရေ၊ အစာစိမ်းနှင့် အစာနုများကိုလည်းစိတ်ကြိုက်စားသုံးနိုင်အောင် ထားရှိပေးထားရမည်။
အသက် (၃) လအရွယ်တွင် သားခွဲပြီးနောက် နွားမတမ်းလေး၏ကြီးထွားနှုန်းကို မှတ်တမ်းထားပြီး သတ်မှတ်စံညွှန်းပြည့်မီအောင်ကျွေး၍ လျင်မြန်စွာကြီးထွားလာအောင် မွေးမြူရပါမည်။
နွားမတမ်း လျင်မြန်စွာကြီးထွားလာအောင် မွေးမြူရာတွင် ပုံမှန်ထက် ငွေကြေးကုန်ကျမှု များစေသော်လည်း ၎င်းတို့သာ အသက် (၂) နှစ် အရွယ်တွင် ပထမကလေးမွေးဖွားနိုင်ပါက ဝင်ငွေပြန်လည်ရရှိမှာဖြစ်ပါတယ်။
အကျိုးအမြတ်ကို အောက်ပါစစ်တမ်းငယ်တွင် ဖော်ပြထားပါသည်။
နွားမတမ်းတစ်ကာင်သည် အသက် (၂) နှစ်ခွဲအရွယ်ရောက်မှ ပထမသားမွေးခြင်းထက် (၆) လစော၍ အသက် (၂) နှစ်အရွယ်တွင် ပထမသားမွေးပါက (၆) လစာ နွားနို့ဝင်ငွေ ပိုရရှိမည်။
ပထမသားမွေးပြီး နွားမတမ်းလေးမှ (၁) ရက် နို့ (၆) ပိဿာရပါက နို့ ၁ ပိဿာစျေး (၁၂၀၀) ကျပ်ဖြင့်တွက်လျှင် (၁) ရက် နွားနို့ဝင်ငွေမှာ (၇၂၀၀) ကျပ် ဖြစ်သည်။
(၆) လ အတွက် နွားနို့ဝင်ငွေကိုတွက်သော် (၁၅၀၀၆၀၀) ကျပ်ဖြစ်သည်။
(၆ လ _ ၃၀.၅ ရက် _ ၁ ရက် ဝင်ငွေ (၇၂၀၀) = ၁၃၁၇၆၀၀)
ဒါကြောင့် ပထမသားမွေးခြင်းကို (၆) လ စောအောင် စီမံနိုင်ပါက ၁၃ သိန်းပိုရရှိမည်။
ကောင်းစွာကြီးထွားပြီး ခန္ဓာကိုယ်အလေးချိန်ပြည့်မီသောနွားမတမ်းသည် ခန္ဓာကိုယ် ကောင်းစွာမဖွံ့ဖြိုးဘဲ အရွယ်အစားသေးသော နွားမတမ်းနှင့်ယှဉ်ပါက ရေရှည်သက်တမ်းအလိုက် နို့ထွက်နှုန်းလည်း ပိုကောင်းပါသည်။
MDEP
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
KhunAungPhyo
4 years agoနွားမဒန်း ဇီးတောင်/တင် ချိန် က မြိုင်လာပြီ ဘယ်အချိန်ဆို အဆင်ပြေပါလဲ ဗျ
ဦတင်ထွေး
5 years agoမွေးချင်ပါတယ်မတန်းမလေးကဘယ်ေဈေလဲမျိုးစပ်ဖ်ုနထီကဘဘယ်ဈေလဲ
ဦတင်ထွေး
5 years agoမွေးရှင်ပါတယ်ဒေသအစာများနုးှင်အဆင်ပြေမလား
Content provider
MDEP
Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။
Related questions
ဆိတ်သားခွဲဈေး ဘယ်လောက်ရှိလဲဗျ ခုမှစမွေးမလို့ပါ ...ပြည်ဘက်မှာ
KoThet • 1 answers
ဖားသားပေါက်နဲ့ဖားအမေအဖေဘယ်မှာရောင်လဲဗျား
ကိုပြည့်ဖြိုးအောင် • 0 answers
ဆရာ ကျွန်တော် နွားမကည၁၂နာရီက အဖြူရေတွေ ကျနေတယ် ခုနေ့ခင်းလည်း ကျနေလို့ ညနေ၆နာရီက မေထုန်မဲ့နည်းနဲ့ သားစပ်လိုက်တယ် ခုည၁၀ နာရီမှာ အဖြူရေအနည်းငယ် ကျနေလို့ ဘယ်လိုဖြစ်တာလဲ ခင်ဗျာ
Ma wai • 1 answers
ဘယ်အချိန်မှာ သားဆက်ရမလဲ ခင်ဗျာ
Thant zin tun • 2 answers
နွားမမျိုးတင်တာ၃လကြာမှပြန်ပြီးမျိုးတောင်းတာဘယ်လိုလုပ်ရမလဲအကြံပေးစေချင်ပါတယ်
ko ko • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from MDEP
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....