Green Way
မျိုးအောင်သားပေါက်ခြင်းအပေါ် ပတ်ဝန်းကျင်ရဲ့သက်ရောက်မှုများ

မျိုးအောင်သားပေါက်ခြင်းအပေါ် ပတ်ဝန်းကျင်ရဲ့သက်ရောက်မှုများ

MDEP
MDEP MDEP 15/12/2020

    နွားမတစ်ကောင်၏ ပတ်ဝန်းကျင်သည် နွားမတစ်ကောင်သားအောင်စေဖို့အတွက် လွှမ်းမိုးမှုရှိနေပါသည်။ ရာသီဥတုနှင့် အပူချိန်တို့သည် အဓိကအချက်များဖြစ်သည်။ နွားမကို ပြုစုစောက်ရှောက်ပုံ၊ နွားခြံတည်ဆောက်ပုံအနေအထားကြောင့် နွားမများ သက်တောင့်သက်သာနေရခြင်း စသည်တို့သည် နွားမရဲ့ကျန်းမာရေးနှင့် လှုပ်ရှားမှုအပြုအမူတို့အပေါ် သက်ရောက်မှုရှိသည်။

    မြန်မာနိုင်ငံရှိ နို့စားနွားမများတွင် အပူဒဏ်ခံစားရခြင်းပြဿနာကို အဓိကကြုံတွေ့ နေရသည်။ ဖရီရှန်နွားမများသည် မြင့်မားသောအပူချိန်နှင့် စိုထိုင်းမှုတို့ကို ခံနိုင်ရည်မရှိပေ။ သူတို့ဟာ အပူချိန် ၄-၂၀ ဒီဂရီ အတွင်း ကြိုက်နှစ်သက်သည်။ အထူးသဖြင့် စိုထိုင်းမှုများနေလျှင် အပူချိန် ၃၀ သည် ၎င်းတို့အတွက် ပူလွန်းသောအခြေအနေဖြစ်သည်။ လူတို့အတွက် သက်တောင့်သက်သာဖြစ်စေသော အပူချိန်ထက် ပို၍အေးသော အခြေအနေမှသာ နို့စားနွားမများအတွက် သင့်လျော်သောအပူချိန်ဖြစ်သည်။ ဒါကြောင့် လူတို့အတွက် ပူသည်ဟုခံစားရချိန်မှာ နို့စားနွားမများက အပူဒဏ်ခံစားနေရပါပြီ။ အကျိုးဆက်အနေဖြင့် ထုတ်လုပ်မှုကျဆင်းလာပါသည်။ အဓိကအားဖြင့် မျိုးအောင်နှုန်းကို လျော့ကျစေပါသည်။ အပူဒဏ်ခံစားရခြင်းကို နို့ထုတ်လုပ်မှုကောင်းသောနွားမများက နို့ထုတ်မှုနည်းသောနွားမများထက် ပို၍ခံစားရသည်။ အကြောင်းမှာ နို့ထုတ်လုပ်ဖို့အတွက် နွားမခန္ဓာကိုယ်အတွင်းတွင် အပူဖြစ်ပေါ်စေသောကြောင့် ဖြစ်သည်။

    အပူဒဏ်သည် မျိုးပွားမှုကို နည်းလမ်းနှစ်မျိုးဖြင့် သက်ရောက်မှုရှိနေသည်။ အပူချိန် ပြင်းထန်လွန်းပါက နွားမ၏မြိုင်ကာလကို နှောက်ယှက်မှုဖြစ်စေပြီး သားတင်ပြီးအစောပိုင်းကာလတွင် သန္ဓေသားကို ပျက်စီးစေသည်။ ထို့အပြင် နွားမ၏ ပြုမူလှုပ်ရှားမှုကိုလည်း သက်ရောက်စေသည့်အတွက် မြိုင်လက္ခဏာများ ထင်ရှားစွာမပြတော့ပေ။ ဒါကြောင့် မွေးမြူသူများအနေဖြင့် သတိမထားမိတော့ဘဲ နွားမကိုသားစပ်ရန် လွတ်သွားမည်။ အပူချိန်ပြင်းသောရာသီတွင် နွားမများသည် နေ့အချိန်တွင် မြိုင်လက္ခဏာများကို အချိန်ခဏသာပြသပြီး အပူချိန်လျော့သော ညအချိန်တွင် မြိုင်လက္ခဏာများကို အများဆုံးတွေ့ရသည်။

    နွားမများ အပူဒဏ်ခံစားရခြင်း သက်သာစေရန်အတွက် နွားခြံအဆောက်အဦးဒီဇိုင်းသည် အဓိကကျပါသည်။ နွားမကို အရိပ်ကောင်းကောင်းရစေပြီး လေကောင်းလေသန့်ရအောင် ဖန်တီးခြင်းဖြင့် သူတို့ကို အေးမြအောင် မွေးမြူထားရမည်။ အဆောက်အဦး၏ ခေါင်မိုးသည် လေလွတ်လပ်စွာဖြတ်သန်းသွားစေပြီး အဆောက်အဦးအတွင်းတွင် အေးမြအောင်ဖန်တီးရမည်။ လေကို လှောင်ပိတ်ထားသည့်ပုံစံ မဖြစ်စေရ။ အမိုးအဖြစ်သုံးသော ပစ္စည်းသည် အပူကို တန်ပြန်စေနိုင်သောအရာများကို အသုံးပြုသင့်သည်။ ထန်းရွက်၊ သက်ကယ်စသည်တို့သည် အပူချိန်လျော့ကျစေပြီးအေးမြစေသည်။ အကယ်၍ သွပ်ပြားမိုးထားပါက ခေါင်းမိုးပေါ်တွင် ရေမှုန်ဖျန်းပိုက်ခေါင်းတပ်ဆင်ခြင်းဖြင့် အဆောက်အဦးအတွင်းတွင် အေးမြအောင်ဖန်တီးနိုင်မည်။ အဆောက်အဦးအတွင်းတွင် ပန်ကာများ၊ ရေမှုန်ဖျန်းပိုက်ခေါင်းများ တပ်ဆင်ပေးခြင်းဖြင့်လည်း နွားမများ အပူသက်သာအောင် ဖန်တီးပေးနိုင်သည်။ ထို့အပြင် သန့်ရှင်းကြည်လင်သောရေကို အမြဲမပြတ်သောက်သုံးနိုင်အောင် စီမံထားပေးပါက နွားမများ အပူဒဏ်ခံစားရခြင်းသက်သာစေရန် အထောက်ကူဖြစ်စေပါသည်။ 

    ရာသီဥတုပူပြင်းသောအချိန်တွင် နွားမများ မြိုင်လက္ခဏာမပြသည်ကို သတိထားမိပါက မိမိက အပူဒဏ်ကို မခံစားရသော်လည်း နွားမများအတွက် မြိုင်လက္ခဏာမပြနိုင်အောင် အပူဒဏ်ကို ခံစားနေရသောကြောင့်ဖြစ်သည်။ ထိုကာလများတွင် မြိုင်စစ်ဆေးခြင်းကို ညအချိန်တွင်သာ အဓိကထား၍  ဆောင်ရွက်သင့်သည်။

    အပူဒဏ်သည် မျိုးပွားခြင်းကို အဓိကထိခိုက်စေသော ပတ်ဝန်းကျင်လွှမ်းမိုးမှု အချက်တစ်ခုဖြစ်ပါသည်။ သို့သော် အခြားအကြောင်းအရာများသည်လည်း နွားမ၏ ကျန်းမာမှုကို သက်ရောက်စေပါသည်။ နွားမများအတွက် ဆူညံသံများ၊ ပုံမှန်လှုပ်ရှားမှုကို နှောက်ယှက်ခံရခြင်း၊ အလုပ်သမားများမှ ကြမ်းတမ်းစွာကိုင်တွယ်ခြင်း၊ နွားမအချင်းချင်း ရန်မူခံရခြင်းစသည်တို့ကြောင့် စိတ်ဖိစီးမှုခံစားရသည်။ ထို့အပြင် အသေးမွှားဖြစ်သော ကလေးငယ်များဆူညံခြင်းကြောင့်ပင် နွားမများအတွက် စိတ်ဖိစီးမှုခံစားရစေသည်။ နွားမများသည်စိတ်ဖိစီးမှုများကို အမြဲခံစားရပါက ၎င်းတို့၏ ကျန်းမာရေးအပေါ်  သက်ရောက်စေသည့်အပြင် ပုံမှန်အမူအရာများ မပြတော့ပေ။ ဆိုလိုတာကတော့ စိတ်ဖိစီးမှုခံစားနေရသော နွားမသည် သားတောင်းရာတွင်လည်းကောင်း၊ မြိုင်လက္ခဏာပြရာတွင်လည်းကောင်း ပုံမှန်နွားမများနှင့်ယှဉ်ပါက မထင်ရှားဘဲဖြစ်နေမည်။

    အချုပ်အားဖြင့်ဆိုရသော် နွားမများကို ကောင်းမွန်သောခြံဒီဇိုင်းဖြင့် သောက်ရေအမြဲရရှိအောင် ထားရမည်။ အပူချိန်မြင့်သည့်အချိန်တွင် ရေပိုက်များဖြင့် ရေဖျန်း၍သော်လည်းကောင်း၊ ပန်ကာများ ထားပေးခြင်းဖြင့်လည်းကောင်း နွားမများကို အပူဒဏ်သက်သာအောင် ဆောင်ရွက်ပေးရမည်။ ထိုကဲ့သို့ အပူချိန်မြင့်သောကာလတွင်မြိုင်စစ်ဆေးခြင်းကို ညအချိန်တွင်သာ အဓိကထား၍  ဆောင်ရွက်သင့်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

2
Htun Min Oo

Htun Min Oo

5 years ago

နွားမကတစ်လ၃ကြိမ်လောက်မြိုင်ပေါ်နေတယ်သားတင်တာလဲမအောင်ဘူးဘာလုပ်ရမလဲအကြံပေးပါအုံးဗျ

ချင်းတောင်တန်း

ချင်းတောင်တန်း

5 years ago

ဝက်

You
MDEP

Content provider

MDEP

Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာ​စေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....