Green Way
မေထုန်မဲ့သားစပ်ခြင်း

မေထုန်မဲ့သားစပ်ခြင်း

MDEP
MDEP MDEP 08/12/2020

    မေထုန်မဲ့သားစပ်ခြင်းဆိုသည်မှာ သန္ဓေသားရရှိစေရန် သားစပ်ကျွမ်းကျင်သူမှ နွားထီး၏ မျိုးရည်ကို နွားမ၏ မျိုးပွားလမ်းကြောင်းအတွင်းသို့ ထည့်ပေးခြင်းဖြစ်သည်။

မေထုန်မဲ့သားစပ်ခြင်း အကျိုးကျေးဇူးများ

  • နွားထီးများကိုဝယ်ယူပြီး ခြံတွင် အကုန်အကျခံ၍ မွေးမြူထားရန်မလိုခြင်း
  • နွားသိုးတစ်ကောင်တည်းအား မျှဝေအသုံးပြုခြင်းကြောင့် လိင်မှတဆင့် ကူးစက်နိုင်သော ရောဂါများမှ ကာကွယ်ထိန်းချုပ်နိုင်ခြင်း
  • မျိုးကောင်းမျိုးသန့် နွားမျိုးသစ်များ တင်သွင်းဖြန့်ဖြူးနိုင်ခြင်း
  • ခြံရှိနွားများအား မျိုးရိုးမြှင့်ပေးနိုင်ခြင်း
  • မျိုးမြင့်နွားသိုး၏သုတ်ရည်ကို နေရာအနှံ့သယ်ယူသားစပ်နိုင်ခြင်း
  • မျိုးမြင့်နွားသိုးတစ်ကောင်မှ တစ်ခါထွက်သောသုတ်ရည်ဖြင့် နွားမကောင်ရေများစွာ သားစပ်နိုင်ခြင်း
  • နွားသိုးဖြင့် သားစပ်ခြင်းကြောင့် နွားမထိခိုက်ဒဏ်ရာရခြင်းမှကာကွယ်နိုင်ခြင်း

   မေထုန်မဲ့သားစပ်ကျွမ်းကျင်သူသည် ပုံတွင်ပြထားသည့်အတိုင်း အထူးပြုလုပ်ထားသော ဆေးထိုးပြွန်ကို သားတောင်း(မြိုင်လာ)နေသောနွားမ၏ သားအိမ်အတွင်းသို့ ထည့်သွင်းသည်။ ထို့နောက် မျိုးအောင်စေရန် မျိုးရည်ခဲချောင်းမှ မျိုးရည်ကို မျိုးဥနှင့်အနီးဆုံးနေရာတွင် ချထားလိုက်သည်။ ထိုသို့ပြုလုပ်ရာတွင် သားစပ်သူ၏ လက်တစ်ဖက်သည် စအိုလမ်းကြောင်းထဲသွင်း၍ အောက်ဖက်ရှိ သားအိမ်လမ်းကြောင်းအား စမ်းသပ်ပြီး ဆေးထိုးပြွန်ကို လမ်းကြောင်းတည့်မတ်ပေးသည်။ ကောင်းစွာလေ့ကျင့်ထားသော သားစပ်ကျွမ်းကျင်သူသည် နွားမကို ထိခိုက်နာကျင်မှုမရှိစေဘဲ သဘာဝနွားသိုးဖြင့်သားစပ်သကဲ့သို သားအောင်နှုန်းရရှိစေရန် ဆောင်ရွက်နိုင်သည်။

    မျိုးရည်ခဲချောင်းဆိုသည်မှာ နွားသိုးမှ မျိုးရည်ထုတ်ယူကာ သေးငယ်သောပြွန်ချောင်းထဲသို့ ထည့်သွင်း၍ အေးခဲပြီးသိမ်းဆည်းထားသော မျိုးရည်ချောင်းဖြစ်သည်။ ထိုမျိုးရည်ချောင်းကို မေထုန်မဲ့သားစပ်ခြင်း မပြုလုပ်သေးပါက အထူးသိုလှောင်ဘူးထဲတွင် နိုက်ထရိုဂျင်အရည်ဖြင့် သိမ်းဆည်းထားရမည်။ အကယ်၍ သိုလှောင်ဘူးထဲတွင် နိုက်ထရိုဂျင်လျော့နည်း ပြတ်လပ်ပါက မျိုးချောင်း၏ သားအောင်နှုန်းကို ထိခိုက်စေနိုင်သည်။

    မွေးမြူသူအများစုသည် မျိုးနွားသိုးကို အခမဲ့ (သို့မဟုတ်) စျေးချိုစွာ အသုံးပြုရချိန်တွင် မေထုန်မဲ့သားစပ်ခြင်းသည် စျေးနှုန်းကြီးမြင့်သည်ဟု တွေးထင်ကြသည်။ သို့သော် ခြံတွင် နွားသိုးမွေးမြူထားရသည့် ကုန်ကျစရိတ် (သို့မဟုတ်) အပြင်မှနွားသိုးဖြင့် သားစပ်ခြင်းဖြင့် ရောဂါပိုးကူးစက်နိုင်မှု စသည့်အခြေအနေများကို တွေးတောချင့်ချိန်သင့်သည်။ အကယ်၍ မျိုးရိုးအရည်သွေးများစွာကောင်းမွန်သည့် နွားသိုး၏ မျိုးရည်ချောင်းဖြင့် သားစပ်လျှင် ထိုအတွက်ကုန်ကျစရိတ်သည် ထိုနွားသိုး၏သမီး နို့ရချိန်တွင် ပြန်လည်ရရှိနိုင်ပါသည်။

    ဥပမာအားဖြင့် မျိုးချောင်းနှင့်သားစပ်ပြီးမွေးဖွားသည့် နွားကလေးသည် နို့ပေးချိန်တွင် နို့ပိုရရှိမည်ဆိုပါက နောင်တစ်ချိန်တွင် မေထုန်မဲ့သားစပ်ကုန်ကျစရိတ်ကို ပြန်လည်ရရှိပါလိမ့်မည်။ အကယ်၍ မေထုန်မဲ့သားစပ်ကုန်ကျစရိတ်သည် ၂၀၀၀၀ ကျပ် ဖြစ်လျှင် သားစပ်ပေါက်ဖွားလာသော နွားမဒန်းသည် နို့ (၁) ပိဿာပိုထွက်ပါက (၁၇) ရက် နို့ညှစ်ရောင်းချပြီး ထိုစရိတ်ပြန်ရမည်ဖြစ်သည်။ ထိုနွားမ၏ သက်တမ်းတစ်လျောက်တွင် နို့ထွက်နှုန်းပိုခြင်း၏ အကျိုးကျေးဇူးအနေဖြင့် ၂၆ သိန်းခန့် ပို၍ ရရှိမည်ဖြစ်သည်။ ထိုအကျိုးအမြတ်သည် မျိုးချောင်းထုတ်လုပ်ထားသည့် နွားသိုး၏ အရည်သွေးပေါ်မူတည်နေသည်။ ထိုကဲ့သို့ ပိုမိုကောင်းမွန်လာပါက မေထုန်မဲ့သားစပ်ကုန်ကျမှုသည် မှန်ကန်သော ရင်းနှီးမြုပ်နှံမှု ဖြစ်လေသည်။

    မေထုန်မဲ့သားစပ်ခြင်းဖြင့် နို့ (၁) ပိဿာ ပိုမိုထွက်ရှိပါက ရရှိနိုင်မည့်အပိုဝင်ငွေ ဥပမာတွက်ချက်မှုဇယား

    သားစပ်ကျွမ်းကျင်သူသည် နွားမတစ်ကောင်ကို အကြိမ်ရေများစွာသားစပ်သော်လည်း အောင်မြင်မှုမရှိခြင်းမှာ အကြောင်းအရင်းများစွာ ရှိပါသည်။ အဓိကအချက်များမှ အချို့မှာ-

  • မျိုးရည်ကိုင်တွယ်ထိန်းသိမ်းမှု ညံ့ဖျင်းခြင်း (ဥပမာ-သေချာစွာ အအေးမချမိ၍ သုတ်ပိုးကောင်များ သေသွားခြင်း)
  • မြိုင်လာသည့်အခါ မှားယွင်းသည့်အချိန်တွင် သားစပ်ခြင်း
  • မေထုန်မဲ့သားစပ်သူ ကျွမ်းကျင်မှုအားနည်းခြင်း
  • သားစပ်ချိန်တွင် (သို့မဟုတ်) သားစပ်ခါနီးချိန်တွင် နွားမ၏ကျန်းမာရေးကောင်းမွန်မှု မရှိခြင်း

    အကယ်၍ မေထုန်မဲ့သားစပ်နည်းဖြင့် သားစပ်အောင်မြင်မှု မကောင်းသည်ကို ကြုံတွေ့ရလျှင် ထိုသားစပ်ကျွမ်းကျင်သူကို အသုံးပြုနေသည့် အခြားမွေးမြူသူများနှင့် ဆွေးနွေးသင့်သည်။ အခြားမွေးမြူသူများသည် ပြဿနာမရှိပါက သားစပ်ကျွမ်းကျင်သူကြောင့်မဟုတ်ဘဲ နွားမ၏ချို့ယွင်းချက်၊ မျိုးရည်ချောင်းနှင့် သားစပ်ချိန်မှားယွင်းခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ပါသည်။ အခြားမွေးမြူသူများသည် တူညီသောပြဿနာရှိပါက သားစပ်သူ (သို့မဟုတ်) မျိုရည်ခဲချောင်း၏ ချို့ယွင်းချက်ဖြစ်နိုင်ပါသည်။ အကြောင်းအရင်းများစွာ ကောင်းမွန်ပါက မေထုန်မဲ့သားစပ်ခြင်းသည် မျိုးနွားသိုးဖြင့်သားစပ်ခြင်းကဲ့သို့ သားအောင်နှုန်းရရှိနိုင်ပါသည်။ အဆင့်အတန်းမီ မျိုးနွားသိုးမှ ထုတ်လုပ်ထားသော ကောင်းမွန်သည့် မျိုရည်ခဲချောင်းကို အသုံးပြနိုင်လျှင် မေထုန်မဲ့သားစပ်ခြင်းကို ဆောင်ရွက်ရန် တိုက်တွန်းအပ်ပါသည်။ အကယ်၍ မေထုန်မဲ့သားစပ်ခြင်းဆောင်ရွက်ရန် မဖြစ်နိုင်ပါက နွားသိုးကောင်းတစ်ကောင်ကို နီးစပ်ရာမွေးမြူသူအချို့နှင့် စပ်တူဝယ်ယူပြီး မျှဝေ အသုံးပြုရန် စဉ်းစားသင့်ပါသည်။

သားစပ်ချိန်တွင် သတိထားဆောင်ရွက်ရမည့်အချက်များ

  • သားတင်/သားစပ်မည့် နွားသည် ပိန်လွန်းခြင်း၊ ဝလွန်းခြင်းမရှိစေပဲ ဖော်ပြပါပုံအတိုင်း ရှိရမည်။ 
  • ပိန်လွန်းသော နို့ပေးနွားမများကို စောလျင်စွာ နို့ဖြတ်ပြီး သားစပ်ချိန်တွင် သတ်မှတ်စံနှုန်း ခန္ဓာကိုယ်အနေအထားအတိုင်း ရောက်ရှိအောင် ကျွေးမွေးနိုင်မှသာ နို့ပေးချိန်တွင် နို့ထွက်နှုန်း ကောင်းမည်ဖြစ်ပါသည်။
  • သားမွေးပြီး နို့ပေးချိန် (၃) လ ခန့်တွင် နို့ထွက်နှုန်း အမြင့်ဆုံးအချိန်ဖြစ်သလို ခန္ဓာကိုယ်ပိန်လွန်းသောအချိန် ဖြစ်သောကြောင့် သားမစပ်မီ နွားမများကို ဖော်ပြပါပုံအတိုင်း ခန္ဓာကိုယ်ရှိဖို့ လိုအပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

5
Khine Myat Linn

Khine Myat Linn

1 year ago

ကျွန်တော် လဲ အဲတာ သိချင်နေတာ

U Si Thu Aung

U Si Thu Aung

2 years ago

မေထုန်မဲ့သားစပ်နည်းသင်တန်းပို့ချပေးလားဗျ

ငြိမ်းချမ်းအောင်

ငြိမ်းချမ်းအောင်

3 years ago

မဒန်းမကိုပိုက်တင်လို့ရလား

နေထက်

နေထက်

3 years ago

ဘာရာမန်မျိုးစပ်လို့ရလား

Anonymous

Anonymous

5 years ago

hi

You
MDEP

Content provider

MDEP

Myanmar Dairy Excellence Project (MDEP) စီမံကိန်းသည် နို့စားနွားမွေးမြူသူများ အကျိုးအမြတ် ပိုမိုရရှိရန်၊ ဘေးဥပါဒ်ကင်းရှင်းသည့် နို့နှင့်နို့ထွက်ပစ္စည်းများအားစားသုံးနိုင်ရန်၊ ရေရှည်တည်တံ့ပြီး ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် နို့နှင့်နို့ထွက်ပစ္စည်းစျေးကွက်ပေါ်ပေါက်လာ​စေရန် ရည်ရွယ်၍ နယူးဇီလန်နိုင်ငံ အစိုးရနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လုပ်ကိုင်ခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် စီမံကိန်းစတင်ပြီး မြက်(၈)မျိုး၊ ပဲ(၁၃)မျိုး၊ နို့စားနွားမျိုးရည်ခဲချောင်း(၃)မျိုးနှင့် ခြံအသုံးအဆောင်ပစ္စည်းများအားတင်သွင်းခဲ့ပြီး စားကျက်ဖွံ့ဖြိုး ရေး၊ မျိုးမြှင့်တင်ရေးနှင့် မွေးမြူရေးစနစ်မြှင့်တင်ရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည်။ စိုက်ပျိုးနည်း စနစ်များ၊ မြက်ချဉ်ဖက်ပြုလုပ်နည်းများ၊ နွားခြံစီမံခန့်ခွဲမှုနည်းပညာများ၊ နွားငယ်နှင့်မတမ်းပြုစုစောင့် ရှောက်ခြင်းနှင့် လိုအပ်သောအစာအာဟာရတွက်ချက်နည်းများ၊ မေထုန်မဲ့သားစပ်နည်းစနစ်များအား သင်တန်းပေးခြင်းနှင့် တောင်သူဆွေးနွေးပွဲများပြုလုပ်လျက်ရှိသည်။ စဉ့်ကိုင်မြို့တွင် နွားနို့ဓာတ်ခွဲခန်း တည်ထောင်ခဲ့ပြီး သန့်ရှင်းသောနွားနို့ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။ Green way နှင့်လည်း တွဲဖက်လုပ်ဆောင်လျက် ရှိသည်။

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....