ငါးမွေးချင်လို့ပါ ဘယ်လိုငါးအမျိုးအစားမွေးရင်ကောင်းမလဲ အကြံပေးကြပါအုံး၏
ဘယ်ဒေသကမှန်းမသိ၊ ဘာအတွေ့အကြုံမှမရှိ၊ ပုံထဲကတွေ့ရတဲ့အတိုင်း ငွေဝင်ချင်ရင်တော့ အကြမ်းခံငါး monosex tilapia ကိုမွေးပါ။ ဒါမှမဟုတ် ခက်ခဲနေရင် ရိုးရိုးတီလားပီးယားငါးမွေးပါး။ဈေးကွက်ရှိပါတယ်။
ပုံပါ သဘာဝမြေကန်သည် ရေနောက်ကျိမှုရှိပြီး ကန်ဘေးတွင် အပင်များ ပေါက်ရောက်နေသဖြင့် ပတ်ဝန်းကျင်ဒဏ် ခံနိုင်ရည်ရှိပြီး ရေအောက်ခြေတွင် နေထိုင်တတ်သော ငါးမြစ်ချင်း၊ ငါးတန်၊ နှင့် တီလားပီးယားငါးများကို ရောနှောမွေးမြူရန် အကောင်းဆုံး ဖြစ်သည်။ မွေးမြူခြင်း မပြုမီ ကန်ရေကို ထုံးဖြူး၍ အချဉ်အငန်ဓာတ် ထိန်းညှိခြင်းနှင့် နွားချေးသုံး၍ သဘာဝအစာများ မွေးထုတ်ခြင်းတို့ကို မဖြစ်မနေ လုပ်ဆောင်ရပါမည်။ ငါးများ ထွက်ပြေးခြင်းနှင့် ရန်သူများရန်မှ ကာကွယ်ရန် ကန်ပေါင်ကို စနစ်တကျ မြှင့်တင်ပြင်ဆင်ထားပါက ငါးမွေးမြူရေး လုပ်ငန်း အောင်မြင်နိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ဘာငါးမွေးသင့်လဲ ကန်က တူပြီးသားရှိတယ်
ဖြေကြားချက် 1 ခု
ငါးအခုမှစမွေးမှာမို့လို့ စျေးကွက်ထဲရောင်းရဆူံး ငါးမျိုးစိတ်နဲ့ အစာကျွေးရလွယ်တဲ့ငါးမျိုး ဘယ်ငါးမျိုးမွေးရမလည်း...
ဖြေကြားချက် 2 ခု
ပုစွန်မွေးမြူနည်း
ဖြေကြားချက် 3 ခု
တာပေါ်လစ်နဲ့ ငါးရှဥ့် အကောင်ရေ ၅ ရာ မွေးချင်လို့ပါ ငါရှဥ်ကန်လုပ်နည်းလေးပြေားပြပေးပါ သားပေါက်ရောင်းမဲ့သူရှိလဲ...
ဖြေကြားချက် 1 ခု
ဒီနေ့ ငါးဈေးနှုန်းတွေသိချင်ပါတယ်
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။