ရေချိူပုစွန်တုပ်ကြီး အသားတိုးမွေးမြူရာတွင် တွေ့ကြုံနိုင်သည့် အခက်ခဲပြသာနာများ
၁။ ရေချိူပုစွန်တုပ်ကြီး အသားတိုးမွေးမြူရာတွင် အဓိကပြသာနာမှာ ကြီးကြပ်ကွပ်ကဲမှု ညံ့ဖျင်းခြင်းဖြစ်သည်။အဆိုပါ ညံ့ဖျင်းခြင်း ကြောင့် စီးပွားရေးအရဆုံးရူံးမှုအထိ ဖြစ်နိုင်သည်။
၂။ ၀ါဆို၊ ၀ါခေါင် မိုးကြီးချိန်တွင် ပုစွန်ကန်များ အထူးသတိပြုရန် အချက်မှာ ကန်ရေလျှံခြင်းကိုကာကွယ်ရန်ဖြစ်သည်။ ရေမကျော်ရန်အတွက် ကြိုတင်ကာကွယ်မှု ပြုလုပ်ရမည်။ မွေးမြူရေးကန်များတွင် ရေထုတ်ပေါက် ပြုလုပ်ထားရမည်။ ရေထုတ်ပေါက်ကိုမွေးမြူရေးကန်၏အနက် ၅ ပေအကျော်လောက်တွင်PVC ပိုက်ဖြင့် ရေထုတ်ပေါက်ကို တပ်ဆင်ရမည်။ မိုးကြီးပြီးရေများပါက ကန်ရေများသည် ရေထုတ်ပေါက်မှအပြင်ကို ထွက်သွားနိုင်သည်။ ထွက်ပေါက်အတွက် အကာများ တပ်ဆင်ထားရမည်။
အခြားတနည်းမှာမွေးမြူရေးကန် တစ်ဧကဖြစ်စေ၊ နှစ်ဧကဖြစ်စေ ကန်ပတ်လည်အတွင်း ဇာကာအပြာစများကိုပတ်လည်ကာရံထားနိုင်သည်။

၃။ အစာလွန်ကဲ၍ ရေထုညစ်ညမ်းခြင်းဖြစ်နိုင်သည်။ အစာအလေးချိန်ကိုစိစစ်ပြီး လိုတိုးပိုလျော့ကျွေးရမည်။ ပုစွန်သေပါက ကန်ပြောင်းခြင်း၊ ရေလဲလှယ်ခြင်း အလျင်အမြန်ပြုလုပ်ရမည်။ ပုစွန်တစ်ကောင်သေသည်ကိုတွေ့ပါက ပုစွန်ကောင်ရေ ၁၀% ခန့်သေဆုံးနေပြီဖြစ်ကြောင်းခန်းမှန်းနိုင်သည်။
၄။ ရေသြဇာပြုပြင်မှု လွန်ကဲ၍ ရေ၏ ဓာတုဗေဒဖြစ်စဥ်ပြောင်းလဲကာ ပုစွန်များသေဆုံးနိုင်ကြောင်း သတိပြုရမည်။ ရေလဲပေးခြင်းဖြင့်ကုစားနိုင်သည်။
၅။ အသားစားငါးများ သတ္တ၀ါများ ကန်အတွင်းတွင်တွေ့ရှိခြင်းသည် အလွန်အရေးကြီးသည်။ ယင်းတို့ကိုတတ်နိုင်သလောက်ရှင်းလင်းနိုင်ရမည်။
အသားစားငါးအုပ်စု၀င်များမှာ ငါးရံ့၊ ငါးခူ၊ ငါးဖယ်၊ ငါးပြေမ၊ ကကတစ်၊ ကတ်သပိုး အစရှိသည့် ငါးများပါ၀င်သည်။ အသားစားများငှက်များဖြစ်သော ဗျိုင်း၊ ဗျိုင်းအောက်၊ ဒင်ကျီးနှင့် ရေဘဲအစရှိသည့် ငှက်များပါ၀င်ပါသည်။ အထက်ပါအန္တရာယ်များနှိမ်နင်းရန် လိုအပ်ပါသည်။ ခေတ်မီသော ငါးရိုင်းသတ်ဆေးတမျိူးဖြစ်သည့် Tea Seed Cake အမှုန့်များကိုလည်းဖယ်ရှား၍ ရေတွင်ဆွေးမြည့်နေမှုကိုဂရုစိုက်ကာပြုပြင်ပေးရမည်။ ရေသည်ကြည်လင်၍ သန့်ရှင်းနေရန် လိုအပ်သည်။
၇။ ဆောင်းရာသီ (ဒီဇင်ဘာနှင့်ဇန်န၀ါရီ) လများတွင်မနက်စောစောနှင်းကျပြီး လေငြိမ်သောအခါ ကန်အတွင်းတွင်အောက်ဆီဂျင်ပျော်၀င်မှု နည်းလာသည့်အတွက် ပုစွန်များသည် ရေမျက်နှာပြင်သို့ တက်ရောက်လာပြီး အသက်ရူမ၀ဖြစ်ကာ သေဆုံးတတ်သည်။ ဒီလိုအချိန်မျိူးတွင် အထူးဂရုစိုက်စောင့်ကြည့်ပြီး ရေလှည့်လဲပေးနည်းမျိူးဖြင့် ဆောင်ရွက်ကာ ပျော်၀င်အောက်ဆီဂျင် ပြန်လည်ပြည့်၀လာအောင်ဆောင်ရွက်ပေးရမည်။
၈။ ရေချိူပုစွန်တုပ်ကြီးများတွင် အထူးတလည်ရောဂါဖြစ်နိုင်ခြေတော့ နည်းပါးသည်။ အသားစားသတ္တ၀ါများကြောင့်လည်းကောင်း၊ခိုးစားသူများကြောင့်လည်းကောင်း အကောင်ရေလျော့နည်းလာတာကိုတော့ ခန့်မှန်းရရှိနိုင်သည်။ ဒီလိုအချိန်မျိူးတွင်စျေးကွက်အတွက်လည်း ခန်းမှန်းနိုင်သည်။
ကိုမောင်မောင်(သု၀ဏ္ဏ)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
chaw chaw
9 months agoကန်ပြုလုက်ခြင်းအသေးစိတ်ပါသိခြင်ပါတယ်
Related questions
ငါးမွေးချင်လို့ပါ ဘယ်လိုငါးအမျိုးအစားမွေးရင်ကောင်းမလဲ အကြံပေးကြပါအုံး၏
yeaung • 1 answers
ဘာငါးမွေးသင့်လဲ ကန်က တူပြီးသားရှိတယ်
Tann Ta • 1 answers
ငါးအခုမှစမွေးမှာမို့လို့ စျေးကွက်ထဲရောင်းရဆူံး ငါးမျိုးစိတ်နဲ့ အစာကျွေးရလွယ်တဲ့ငါးမျိုး ဘယ်ငါးမျိုးမွေးရမလည်းဗျာ့ အကြံဉာဏ်ပေးကြပါအုံးဗျာ့
Nay Ye Thwin • 1 answers
ပုစွန်မွေးမြူနည်း
Than Htut Oo • 2 answers
ငါးကိုအသေနည်းပါးပီးကြီးထွားနှုန်းကောင်းအောင်ဘယ်လိုမွေးသင့်ပါသလဲ
MYO HLAING WIN • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ကိုမောင်မောင်(သုဝဏ္ဏ)
See all
မြန်မာနိုင်ငံတွင်းရှိ အင်းချောင်းလုပ်ငန်းများအကြောင်း
05/03/2026
ငါးစည်သွပ်ဘူးပြုလုပ်နည်း
23/04/2024
ငါးများ နိုင်ငံခြားသို့တင်ပို့ရောင်းချရန် ပြုပြင်ထုတ်လုပ်သည့် နည်းအဆင့်ဆင့်
15/02/2024
စက်ရုံများတွင် ပုစွန်ခြောက်ပြုပြင် ထုတ်လုပ်နည်း
15/01/2024
ရေငန်ပုစွန်ကျားသားပေါက် အသေအပျောက်နည်းစေရန် လုပ်ဆောင်ရမည့်အချက်များ
17/11/2023