ရေငန်ပုစွန် (ပုစွန်ကျားဆိုတာ..)
မြန်မာနိုင်ငံသည်ရှည်လျားသော ကမ်းရိုးတန်းများရှိပြီး ၎င်းကမ်းရိုးတန်းတလျှောက်သို့ စီးဝင်နေသောမြစ်ငယ်၊ ချောင်းငယ်များများပြားသည့်အလျောက် သက်ရှိသဘာဝပစ္စည်းများလည်း အလွန်ပေါကြွယ်လှပါသည်။
၎င်းသဘာဝသယံဇာတပစ္စည်းများအနက် ရေငန်ပုစွန်သည်အရေးပါသော ကဏ္ဍတွင်ပါဝင်ပါသည်။
ကမ္ဘာပေါ်တွင်ရေငန်ပစ္စည်းမျိုးစိတ်ပေါင်းများစွာရှိသော်လည်း စီးပွားဖြစ်မွေးဖြူထုတ်လုပ် နိုင်သောရေငန်ပုစွန်မျိုးစိတ်အနည်းငယ်သာရှိပါသည်။
မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသ၌ စီးပွားဖြစ်မွေးမြူနိုင်သော ရေငံပုစွန် မျိုး စိတ်(၁၀)မျိုးသာရှိပါသည်။ ယင်းမျိုးစိတ်ငါးမျိုးမှာ-
၁။ Penaeus Monodon (ပုစွန်ကျား)
၂။ Penaeus Semisulcatus (ပုစွန်မြီးနီ)
၃။ Penaeus merguiensis (ပုစွန်ဖြူ)
၄။ Metapenaeus monoceros (ဘော့ချိတ်)
၅။ Metapenaeus brevicornis (စန္ဒား- ပုစွန်) တို့ဖြစ်ကြသည်။
အဆိုပါ(၅)မျိုးအနက်ပြည်တွင်း၌လူသိများပြီးပြည်တွင်းပြည်ပဈေးကွက်တွင်ဈေးကောင်း သော ပုစွန်မှာ ပုစွန်ကျားဖြစ်ပါသည်။
၎င်းကိုနေရာ ဒေသအလိုက်အမည်အမျိုးဖြင့် ခေါ်ဝေါ်ကြပါသည်။
ရခိုင်ကမ်းရိုးတန်းတွင် ကုလားပုစွန်ဟူ၍လည်းကောင်း တနင်္သာရီတွင် ပုစွန်ကျားဟူ၍လည်းကောင်း ခေါ်ဝေါ်ကြပါသည်။

Penaeus Monodon (ပုစွန်ကျား) အကြောင်း
ပုစွန်ကျားများ၏ မျိုးပွားကျက်စားရာဒေသများမှာ ရေချိုရေငံစပ်ချောင်းပြောင်းများတွင် တွေ့ရှိရသည်။ သက်ကြီးမျိုးပွားခါနီးအကောင်များကို ပင်လယ်ပြင်၌ အများအားဖြင့် တွေ့ရသည်။ သက်ကြီးအထီးအမများသည့် ပင်လယ်ပြင်ထဲတွင် မိတ်လိုက်ပြီးဥ ဥချတတ်သောအလေ့အထရှိသည်။ အမသည် အထီးထက်ကြီး၍ မျိုးပွားရန်ရင့်မှည့်နေသော ဥအိမ်များသည် အမ၏ကျောဘက်တွင် အတန်းလိုက်ရှိနေကြောင်းမြင်တွေ့နိုင်သည်။ အထီးများ၏ မျိုးပွားအင်္ဂါသည် အထီး၏ ပထမရေယက်နှစ်ခုအတွင်း၌တည်ရှိနေပြီး Petasma ဟုခေါ်သည်။ အမများ၏ သုတ်လက်ခံအိမ် မှာthelycum ဟုခေါ်၍ နောက်ဆုံး/ မြေနှစ်ခုကြားတွင်တည်ရှိသည်။
ပုစွန်ကျားအလေ့အထများ
သန္ဓေအောင်ပြီးသော ပုစွန်သားလောင်းများသည် ပင်လယ်ရေထုနှင့်အတူ မျောပါလာပြီး လက်မဝက်ခန့်အရွယ်တွင် အင်္ဂါစုံသောသားလောင်းအဖြစ်ရောက်ရှိကာ ရေချိုရေငံစပ်ကြားချောင်း မြောင်းများတွင် ကူးခပ်သွားလာနေကြောင်းတွေ့ရှိရပါသည်။ ဒီလိုအချိန်မျိုးတွင် ပုစွန်ကျားသား ပေါက် များဖမ်းဆီး၍ရနိုင်ကြောင်းတွေ့ရှိရသည်။ ၎င်းနေရာမျိုးတွင် 6" ,7" အရွယ်ထိ ပုစွန်ကျား များရရှိကြောင်းတွေ့ရှိပါသည်။ ၎င်းမှတဆင့် ပိုမိုကြီးထွားပြီးသက်ကြီးကောင်များဖြစ်လာပါက ပင်လယ်ပြင်သို့ပြန်လည်ကူးခပ်သွားလာကြောင်းတွေ့ရှိရသည်။ ထို့ကြောင့် 7" ,8"အရွယ်သက်ကြီး ပုစွန်များများ ပင်လယ်ပြင်တွင် ကူးခပ်ကြီးထွားလာပြီး ငါးဖမ်းသင်္ဘောများမှ ပိုက်ဆွဲပါကရရှိ ကြောင်း တွေ့ရှိနိုင်သည်။ သဘာဝအားဖြင့်သက်ကြီးပုစွန်ကျားများနှင့် သက်လတ်ပုစွန်ကျားများကို ရေချိုရေငံခပ်နေရာများနှင့် ပင်လယ်ပြင်တွင်အထူးရရှိကြောင်းတွေ့ရှိပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကံကြီးမောင်
1 year agoပုစွန်မှာဖြစ်တတ်တဲ့ရောဂါအကြောင်းလေးဆွေးနွေးချင်လို့ပါ
မောင်အောင်ထွန်းလင်း
2 years agoအသေးစိတ်သိချင်တာလေးရှိလို့ ဘယ်လိုဆက်သွယ်မေးမြန်းရမလဲ ဗျ
Related questions
ငါးမွေးချင်လို့ပါ ဘယ်လိုငါးအမျိုးအစားမွေးရင်ကောင်းမလဲ အကြံပေးကြပါအုံး၏
yeaung • 1 answers
ဘာငါးမွေးသင့်လဲ ကန်က တူပြီးသားရှိတယ်
Tann Ta • 1 answers
ငါးအခုမှစမွေးမှာမို့လို့ စျေးကွက်ထဲရောင်းရဆူံး ငါးမျိုးစိတ်နဲ့ အစာကျွေးရလွယ်တဲ့ငါးမျိုး ဘယ်ငါးမျိုးမွေးရမလည်းဗျာ့ အကြံဉာဏ်ပေးကြပါအုံးဗျာ့
Nay Ye Thwin • 1 answers
ပုစွန်မွေးမြူနည်း
Than Htut Oo • 2 answers
ငါးကိုအသေနည်းပါးပီးကြီးထွားနှုန်းကောင်းအောင်ဘယ်လိုမွေးသင့်ပါသလဲ
MYO HLAING WIN • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ကိုမောင်မောင်(သုဝဏ္ဏ)
See all
မြန်မာနိုင်ငံတွင်းရှိ အင်းချောင်းလုပ်ငန်းများအကြောင်း
05/03/2026
ငါးစည်သွပ်ဘူးပြုလုပ်နည်း
23/04/2024
ငါးများ နိုင်ငံခြားသို့တင်ပို့ရောင်းချရန် ပြုပြင်ထုတ်လုပ်သည့် နည်းအဆင့်ဆင့်
15/02/2024
စက်ရုံများတွင် ပုစွန်ခြောက်ပြုပြင် ထုတ်လုပ်နည်း
15/01/2024
ရေငန်ပုစွန်ကျားသားပေါက် အသေအပျောက်နည်းစေရန် လုပ်ဆောင်ရမည့်အချက်များ
17/11/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....