ရေချိုပုစွန်တုပ်ကြီး အသားတိုးမွေးမြူရေး အောင်မြင်ရေးအတွက် လိုအပ်ချက်တစ်ရပ်..
ရေချိုပုစွန်တုပ်ကြီး အသားတိုးမွေးမြူရာတွင် အောင်မြင်မှုရရန်ဆိုပါက မွေးမြူရေးကန်များကို မပြတ်ကြည့်ရှုလေ့လာပြုစုစောင့်ရှောက်ခြင်းကလည်း အရေးပါသည့်အချက်ဖြစ်ပါသည်။ မည်ကဲ့သို့ ကြည့်ရှုလေ့လာရမည်၊ မည်သည့်အခြေအနေများကြုံပါက မည်ကဲ့သို့ ဖြေရှင်းသင့်သည်များကို ဖော်ပြပေးလိုက်ပါသည်။

၁။ ရေချိုပုစွန်ထုပ်ကြီး အသားတိုး မွေးမြူရေးကန်များကို နေ့စဉ် တိုင်းတာစစ်ဆေးရမည်။
၂။ နေ့စဉ်စစ်ဆေးမှုအရ မွေးမြူရေကန်ရေထု၏ဂုဏ်သတ္တိပါ၀င်မှု ပြောင်းလဲကျဆင်းနေကြောင်းတွေ့ရှိပါက ကန်အတွင်း ရေဖြည့်သွင်းပေးခြင်း (သို့မဟုတ်) အောက်ရေထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ရမည်။
၃။ ရေလှုပ်ကိရိယာ(Peddle Wheel) (သို့မဟုတ်) လေမှုတ်ကိရိယာများ လိုအပ်ပါက မောင်းနှင်ပေးရမည်။ ထိုသို့မောင်းနှင်ပေးခြင်းကြောင့် မွေးမြူရေးကန်အတွင်း ရေထုများသည် အထက်နှင့်အောက် အပြန်အလှန်ရောယှက်ကာ ပျံ့နှံ့သွားမည်ဖြစ်ပါသည်။ ရေလှုပ်ကိရိယာများကို မွန်းလွဲပိုင်းတွင် စတင်မောင်းနှင်နိုင်ပြီး တစ်ညလုံး မောင်းနှင်နိုင်ပါသည်။
၄။ ရေလှုပ်ကိရိယာ(Peddle Wheel) အသုံးပြုရန် အဆင်မပြေနိုင်ပါက ရေစုပ်စက်များကို အသုံးပြုပြီး ဆောင်ရွက်နိုင်သည်။ မွေးမြူရေးကန်အတွင်းမှ ရေများကိုစုပ်ယူပြီး တဖက်ရေပန်းများ(Showering) ချပေးခြင်းဖြင့် ရေထုအတွင်း ရေများသန့်စင်စေပြီး ရေအရည်သွေးပိုမိုမြင့်မားကာ ပုစွန်များကြီးထွားနှုန်းနှင့် အသားတိုးနှုန်း ပိုမိုမြင့်မားစေပါသည်။
၅။ ကြီးထွားမှုများကို စီမံခန့်ခွဲခြင်း
ရေချိုပုစွန်တုပ်ကြီးမွေးမြူရေးကန်အတွင်းရှိ ပုစွန်များ၏အခြေနေကို (၁၅)ရက်တကြိမ်(သို့) တစ်လတစ်ကြိမ်နှုန်းဖြင့် မဖြစ်မနေစစ်ဆေးဆောင်ရွက်ပေးရမည်။ စစ်ဆေးဆောင်ရွက်ရာတွင် ပထမဦးစွာ လက်ပစ်ကွန်(Cast net)ကို အသုံးပြု၍ နမူနာကောင်များ(Samples) ကို ဖမ်းဆီးရပါမည်။ ဖမ်းဆီးရမိသည့်အကောင်များကို အလျားတိုင်းခြင်း၊ အလေးချိန် ချိန်ခြင်းများကိုဆောင်ရွက်၍ မှတ်တမ်းတင်ထားရမည်။
၆။ နေ့စဉ်အစာကျွေးနှုန်းကို သိသာထင်ရှားရန်အတွက် ပုစွန်ကန်များတွင် အစာဗန်းကို အစာထည့်၍ ကမ်းစပ်မှ ၅ ပေအကွာလောက်တွင် အစာဗန်းကို ဝါးတစ်လုံးဖြင့် စိုက်ထူထားရမည်။ အစာဗန်းထဲသို့ အစာများကို တစ်ဆယ်သား၊ နှစ်ဆယ်သားခန့် ထည့်ထားရမည်။
မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် အစာဗန်းကိုစစ်ဆေးသောအခါ အစာဗန်းတွင် အစာနည်းနေပါက ပုစွန်များအစာစားကြောင်းသိရှိနိုင်ပြီး အစာဗန်းတွင် အစာမလျော့ဘဲ များနေသေးကြောင်း တွေ့ရှိပါက ပုစွန်များအစာမစားကြောင်းသိရှိခန့်မှန်းနိုင်ပါသည်။ အစာဗန်းထဲမှ အစာကုန်နှုန်းကိုကြည့်၍ ပုစွန်ကန်များတွင်အစာကျွေးသောအခါလိုတိုးပိုလျှော့ပြုလုပ်၍ ကျွေးမွေးနိုင်သည်။
ရေချိုပုစွန်တုပ်ကြီးမွေးမြူရေးကန်၏ ဖြစ်သင့်သောဓာတုဗေဒဖြစ်စဉ်များ
- ရေထုအပူချိန် - (၂၆) မှ(၃၀)°C အတွင်း
- ရေထု၏ချဉ်ငန်နှုန်း(PH) - ၇.၈ မှ ၈.၂
- အောက်စီဂျင်ပျော်၀င်မှု - (၃) ပီပီအမ်အထက်
- ရေထု၏အကြည်နှုန်း - (၁၄) မှ (၁၁)လက်မ
- အမိုးနီးယား - (၀.၀၁) ပီပီအမ်အောက် နည်းရန်
- ဟိုက်ဒရိုဂျင်ဆာဖိုက် - လုံး၀မပါရှိပါက ပိုကောင်းသည်။
ကိုမောင်မောင်(သု၀ဏ္ဏ)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
ငါးမွေးချင်လို့ပါ ဘယ်လိုငါးအမျိုးအစားမွေးရင်ကောင်းမလဲ အကြံပေးကြပါအုံး၏
yeaung • 1 answers
ဘာငါးမွေးသင့်လဲ ကန်က တူပြီးသားရှိတယ်
Tann Ta • 1 answers
ငါးအခုမှစမွေးမှာမို့လို့ စျေးကွက်ထဲရောင်းရဆူံး ငါးမျိုးစိတ်နဲ့ အစာကျွေးရလွယ်တဲ့ငါးမျိုး ဘယ်ငါးမျိုးမွေးရမလည်းဗျာ့ အကြံဉာဏ်ပေးကြပါအုံးဗျာ့
Nay Ye Thwin • 1 answers
ပုစွန်မွေးမြူနည်း
Than Htut Oo • 2 answers
ငါးကိုအသေနည်းပါးပီးကြီးထွားနှုန်းကောင်းအောင်ဘယ်လိုမွေးသင့်ပါသလဲ
MYO HLAING WIN • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ကိုမောင်မောင်(သုဝဏ္ဏ)
See all
မြန်မာနိုင်ငံတွင်းရှိ အင်းချောင်းလုပ်ငန်းများအကြောင်း
05/03/2026
ငါးစည်သွပ်ဘူးပြုလုပ်နည်း
23/04/2024
ငါးများ နိုင်ငံခြားသို့တင်ပို့ရောင်းချရန် ပြုပြင်ထုတ်လုပ်သည့် နည်းအဆင့်ဆင့်
15/02/2024
စက်ရုံများတွင် ပုစွန်ခြောက်ပြုပြင် ထုတ်လုပ်နည်း
15/01/2024
ရေငန်ပုစွန်ကျားသားပေါက် အသေအပျောက်နည်းစေရန် လုပ်ဆောင်ရမည့်အချက်များ
17/11/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....