ငါးရောဂါများ ကြိုတင်ကာကွယ်နည်းနှင့် ဖြစ်လာပြီဆို ကုသနည်း
ငါးမွေးတောင်သူများအနေဖြင့် မိမိတို့မွေးမြူထားသောငါးများ ကျန်းမာသန်စွမ်းပြီး ရောဂါကင်းစင်မှသာလျှင် ကုန်ထွက်ကောင်းပြီး အကျိုးအမြတ်ရရှိမည်ဖြစ်ပါသည်။ ဤဆောင်းပါးတွင် ငါးများ၏ ကျန်းမာရေးနှင့် ငါးရောဂါစီမံခန့်ခွဲခြင်းလုပ်ငန်းအား အသေးစားငါးမွေးတောင်သူများ နားလည်သဘောပေါက်ပြီး မိမိတို့ကိုယ်တိုင် လွယ်ကူစွာစီမံခန့်ခွဲနိုင်သော နည်းလမ်းများကိုသာ ဖော်ပြမည်ဖြစ်ပါသည်။
#ရောဂါဖြစ်ပွားရခြင်း အကြောင်းရင်းများ
ငါးမွေးကန်များနှင့် သဘာဝရေပြင်တွင် ရောဂါပိုးများရှိနေပြီး ပတ်ဝန်းကျင်ရေ၏ အရည်အသွေးမကောင်းသော အချိန်များတွင် ငါးများ၌ ရောဂါပိုးဝင်ရောက်ပါသည်။
#ရောဂါအလွယ်တကူ ဖြစ်နိုင်သောငါးများ
ကန်အောက်ခြေမြေပြင်တွင် နေထိုင်ပြီး အကြေးခွံမရှိသော ငါးများတွင် ရောဂါအဖြစ်များပါသည်။ ဥပမာ-ငါးကျည်း၊ ငါးခူ၊ ငါးရှဥ့် စသည်တို့ ဖြစ်ပါသည်။ ငါးရံ့၊ ငါးပြေမငါးတို့သည် ဒုတိယအဖြစ်များပြီး အကြေးခွံရှိသော ငါးကြင်း၊ ငါးသိုင်း၊ ငါးမြစ်ချင်း၊ တီလားပီးယား၊ ငါးခုံးမတို့သည် တတိယအဆင့် အဖြစ်များပါသည်။
#ငါးရောဂါဖြစ်ပေါ်နေကြောင်းကို ပြသနေသော လက္ခဏာများ
- ရေပေါ်သို့ပေါ်လာခြင်း၊
- ရေတွင်ကူးခတ်ပုံ နှေးကွေးလာခြင်း၊
- အစားအစာကောင်းစွာ မစားခြင်း၊
- အကြေးခွံရှိပြီး ရေပေါ်လွှာနှင့် ရေလယ်လွှာတွင်နေသောငါးများ (ငါးမြစ်ချင်း၊ ငါးကြင်း၊ တီလားပီးယားငါးများ)သည် ရေမျက်နှာပြင်အောက် တစ်ပေခန့်တွင် မကူးခတ်ဘဲ တန့်နေခြင်း၊
- ငါး၏ခန္ဓာကိုယ်ပေါ်တွင် အနီကွက်များဖြစ်ပေါ်ခြင်း၊ အမြီးဖျားတွင် မီးလောင်သကဲ့သို့ ဖြစ်နေခြင်း၊ ပါးဟက်များ မဲနေခြင်းစသည့် လက္ခဏာများပြသည်။

ကန်အခြေအနေပေါ်တွင် ဂရုစိုက်မှု၊ ရေအရည်အသွေး ထိန်းသိမ်းမှု၊ မွေးမြူသည့်နေရာ သန့်ရှင်းသပ်ရပ်မှုနှင့် အာဟာရပြည့်ဝသော အစာကျွေးမွေးခြင်းစသည့် မွေးမြူသူတစ်ဦးချင်း၏ မွေးမြူရေးဗဟုသုတနှင့် ဂရုစိုက်မှု ရှိ/မရှိစသော အချက်များအပေါ်မူတည်ပြီး ရောဂါဖြစ်ပွားခြင်း ဖြစ်သည်။
ငါးများတွင် ကျရောက်သော ရောဂါပိုးကို အကြမ်းဖျင်းအားဖြင့်
- (၁) ဗိုင်းရပ်စ်ရောဂါ (Virus diseases)
- (၂) ဘက်တီးရီးယားရောဂါ (Bacterial diseases)
- (၃) မှိုရောဂါ (Fungal diseases)
- (၄) ကပ်ပါးရောဂါ (Parasite diseases) ဟု ခွဲခြားနိုင်သည်။
#ငါးရောဂါအဖြစ်များသောကာလ
ပတ်ဝန်းကျင်အခြေအနေကြောင့်ဖြစ်သော ရောဂါများကို မြန်မာနိုင်ငံရှိ ငါးကန်များတွင် ကန်ရေခန်း၍ ရေလျော့နည်းလာသောနွေရာသီ (နွေရာသီအကုန်-မိုးဦးကျ-ကဆုန်/နယုန်လ)များတွင်လည်းကောင်း၊ ဆောင်းရာသီ(နတ်တော်၊ ပြာသို)ကန်ရေအပူချိန် အလွန်အေးချိန်များတွင် အောက်ဆီဂျင်နည်းပါးသဖြင့် ရောဂါကျရောက်ပြီး ငါးများအစုလိုက်အပြုံလိုက် သေကြေတတ်သည်။
#ကြိုတင်ကာကွယ်နည်း
ငါးရောဂါဖြစ်ပွားနိုင်သော ကာလမတိုင်မီ တစ်လကြိုတင်၍ ငါးကန်ပတ်ဝန်းကျင်ရှိ မြက်ပင်၊ ခြုံပင်များအား ရှင်းလင်းထားခြင်း၊ ငါးကန် အတွင်းရေစပ်တွင် ထုံးများဖြူးထားခြင်း၊ ကန်ရေ၏ ရေအရည်အသွေး ကောင်းမွန်အောင်ပြုလုပ်ထားခြင်းနှင့် ကန်ရေ၏အောက်ဆီဂျင်ပျော်ဝင်နှုန်းကောင်းမွန်အောင် ပြုလုပ်ပေးထားရပါမည်။
#ငါးရောဂါကုသနည်း
(၁) ငါးကန်ပတ်ဝန်းကျင်ရှိ မြက်ပင်၊ ခြုံပင်များအား ရှင်းလင်းခြင်း၊
(၂) ငါးကန်ရေစပ်တွင် ထုံးများဖြူးထားခြင်း၊
(၃) ကန်ရေ၏ အောက်ဆီဂျင်ပျော်ဝင်နှုန်းကောင်းမွန်အောင် ပြုလုပ်ပေးခြင်း၊
(၄) ငါးများအား ၄-၅ ရက်ခန့် အစာဖြတ်ခြင်း၊
(၅) ဖြစ်နိုင်လျှင် ရေအသစ်လဲလှယ်ပေးခြင်း၊
(၆) ၀.၂ ဧကရှိ ငါးကန်တွင် ဗန်ဒါရွက်အခြောက် ၂ဆနှင့် ဆေးရွက်ကြီး ၁ဆ ရော၍ တစ်တင်းခွဲဝင်ဆန်အိတ်တွင် သိပ်ထည့်ပြီး ကန်ရေထဲတွင် ၂ နေရာခွဲ၍ ၅ ရက်ခန့် စိမ်ထားရပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ငါးနှင့်ရောဂါ
Topic 2
ငါးရောဂါကာကွယ်နည်း
Applicable farm inputs (Ad)
တင်လှ
1 year agoငါးခူးငါးခေါင်း အပေါက်ဖြစ်နေတာ ဘာရောဂါလိမ့်ဗျာ
Related questions
ငါးခူသားပေါက် လေးတွေ မွေးထားတာပါ (ဆိုဒ် ၁လက်မကျော်ကျော်) ။ ဒီမနက် ကန်ထဲမှာ အမြှုပ်တွေ အများကြီးတွေ့လို့ပါ ။ ရေကို နောက်ဆုံးပုံပါအတိုင်း စစ်ပြီး ပြန် လှည့်ပတ်စေတဲ့ နည်းနဲ့ရေပေးထားပါတယ် ။ Airpump တေွနဲ့ အောက်ဆီဂျင်လဲ ပေးထားပါတယ် ။အမြှုပ်က ဘာကြောင့်ထရတာလဲ ဘယ်လိုလုပ်ရမလဲခဗျ
TayZar • 3 answers
ရေငံပုဇွန် ဧက 15ဧကရှိတယ် ပုဇွန်သားပေါက်ထည့်ထားပြီး 3လက်မခွဲ အရွယ်အစားရောက်မှ အကုန်သေကုန်လို့ဘာဖြစ်သလဲသိချင်ပါတယ်ဗျ သိသူများဖြေကြားပေးပါ
Arkarkyaw • 7 answers
ပုစွန် တကန်မှာ black gill ဘာလို့ ဖြစ်တာလဲဗျ ။ ဘယ်လို ကုသရမလဲ?
Ya Kauk • 2 answers
ပေ ၄၀ပတ်လည် ရေအနက် ၄ ပေခွဲငါးအကောင်ရေ ၅၀၀၀ငါးပြေမထည့်ထားတာတလပြည့်ပြီထည့်တုန်းကမသေဘူးအခုရက်ပိုင်းမှတနေ့ ၅ကောင်လောက်သေနေလိူ့ပါအစာစားနှုန်းကပုံမှန်ကုန်ပါတယ်ရေတော့ပုံမှန်လဲပေးတယ်ရေတိုင်းကြည့်တာပုံပါအတိုင်းပြနေတယ်ဘာလုပ်သင့်လဲဖြေပါအုံးနော်ကျေးဇူးတင်ပါတယ်
Sai SI Thu • 1 answers
ပေ ၅၀ ပတ်လည်ကန်ကိုငါးပြေမ၅၀၀၀ ၁.၁.၂၀၂၅ကထည့်ထားတာထည့်တုန်းကမသေဘူးဒီရက်ပိုင်းမှသေနေလို့ပါရေကတော့စိမ်းနေတယ်ဘာလုပ်ရမလဲတနေ့ကို၁၅ကောင်လောက်သေနေတယ်၃ရက်ရှိပြီ ရေတိုင်းစရာကတော့ mi testerတော့ရှိတယ်တိုင်းကြည့်တာ179 ရှိတယ်ရေအရည်အသွေးစစ်တဲ့ပစ္စည်းတွေဘယ်မှာဝယ်လို့ရမလဲမွေးမြူရေးကိုဝါသနာပါလို့တနိူင်တပိုင်မွေးမြူတာပါကျေးဇူးတင်ပါတယ်
Sai SI Thu • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးဇော်(dof)
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....