ဝက်စာအရေးပါပုံ နှင့် အသားတိုးဝက်စာစပ်နည်း
ဝက်စာအရေးပါပုံ နှင့် အသားတိုးဝက်စာစပ်နည်းဝက်မွေးမြူရေးလုပ်ငန်းမှာ စီးပွားဖြစ်မွေးမြူသူတွေက ဝက်ကိုစနစ်တကျမွေးမြူကြပေမယ့် တစ်ပိုင်တစ်နိုင် ဝက်မွေးမြူရေးလုပ်သူတွေ အများစုကတော့ ဝက်မွေးတဲ့အခါ ဝက်စာကို သတ်သတ်မှတ်မှတ် ကျကျနန ကျွေးတာမျိုးမဟုတ်ဘဲ ပတ်ဝန်းကျင်ကရတဲ့ ထမင်းကျန်၊ ဟင်းကျန်၊ ထမင်းရည် စတာတွေကို တွင်တွင်ကြီး ကျွေးတတ်တာပါ။
အဲ့ဒါတွေ အပြင် ဝက်တွေကို သွားချင်ရာသွား၊ စားချင်ရာစားဆိုပြီး လွှတ်ထားတတ်ကြပါသေးတယ်။
ဝက်ဆိုတာမျိုးက လွယ်လွယ်နဲ့အစာကြေတတ်တဲ့ တိရစ္ဆာန်မဟုတ်ပါဘူး။ သူတို့ရဲ့ သဘာဝကိုက အစာချေဖျက်နှုန်း နည်းပါတယ်။ ဒါကြောင့် ဝက်တွေစားတဲ့အစာတွေက ကျေညက်လွယ်တဲ့ အစာမျိုးတွေပဲ ဖြစ်သင့်ပါတယ်။
ဖြစ်နိုင်ရင်တော့ သိပ္ပံနည်းကျထုတ်လုပ်ထားတဲ့ အစာမျိုးကို ကျွေးနိုင်ရင်အကောင်းဆုံးပေါ့။
ဒီလိုမဟုတ်ဘဲ ကိုယ်တိုင်အစာစပ်ချင်ရင်တော့ ဆန်ကွဲ၊ ငါးမှုန့်၊ မြေပဲဖတ် စတာတွေပါဝင်တဲ့ ဝက်စာမျိုးကို ကိုယ်တိုင်အစာစပ်ပြီး ကျွေးမွေးနိုင်ပါတယ်။
အစာစပ်တဲ့အခါမှာလည်း သင့်တင့်မျှတတဲ့ အချိုးအဆအတိုင်း ရောနှောကျွေးမွေးဖို့ လိုပါတယ်။ ဒီလိုကျွေးတဲ့အခါမှာ ဝက်ရဲ့ပမာဏနဲ့ အနေအထားကို လေ့လာပြီး ကျွေးမွေးဖို့လိုအပ်ကြောင်းကို ဝါရင့်မွေးမြူရေး ပညာရှင်တွေက အကြံပေးထားပါတယ်။
ဆိုကြပါစို့။ ဥပမာ - ဇီးဝက်မတစ်ကောင်ဟာ အလေးချိန် ပေါင် ၅၀ လောက်ရှိနေမယ်ဆိုရင် ဝက်စာအနေနဲ့ ပေါင်ဝက်လောက် ကျွေးသင့်ပါတယ။ အဲ့ဒီအချိုးအစားအတိုင်း အခြေအနေကိုလိုက်ပြီးတော့ ဇီးဝက်မတွေကို ချိန်ဆကျွေးမွေးနိုင်ပါတယ်။
အစာများများကျွေးတိုင်း အသားတိုးမယ်လို့ ယူဆချက်ကလည်း မမှန်ပါဘူး။

ဟိုးအရင်တုန်းကဆို ဝက်ကြီးတွေကို အသားမပေါ်ခင် အလေးချိန်တိုးအောင်လို့ အစာတွေဖိကျွေးပြီး အသားတိုးအောင် လုပ်ကြပါတယ်။ သိထားရမှာက ဝက်တွေကို အရွယ်ရောက်တော့မှ အစာဖိကျွေးနေလည်း အသားနဲ့ သတ္တုဓာတ်တွေတိုးလာမှာမဟုတ်ပါဘူး။ အဆီတွေပဲတိုးလာမှာပါ။
ဒါကြောင့် ဝက်တွေကို ကြီးမှအစာဖိကျွေးတာမျိုးမလုပ်ဘဲ အသက်အရွယ်အလိုက် စနစ်တကျ အစာကျွေးဖို့လိုအပ်ပါတယ်။ ဝက်တွေကို အသားတိုးစေချင်ရင် ဗီတာမင်ဓာတ်၊ သတ္တုဓာတ်၊ အသားဓာတ်(ပရိုတိန်းဓာတ်တွေ) မျှမျှတတ ရရှိအောင် အစာကို စနစ်တကျ ရောစပ်ကျွေးမွေးရပါမယ်။
အမျိုးသားသုတေသနကောင်စီရဲ့ သတ်မှတ်ချက်အရ အလေးချိန် ၁၅ ပိဿာကနေ ပိဿာ ၅၀ အထိရှိတဲ့ ဝက်လတ်တွေအတွက် အသားတိုးအစာစပ်နည်းအချိုးကို ဒီလိုထုတ်ပြန်ပေးထားပါတယ်။ အောက်မှာကြည့်လိုက်ကြရအောင်။
ဖြည့်စွက်စာ - ၀.၅ %
ဖွဲနု - ၂၀ %
ဆား - ၀.၅ %
ဆန်ကွဲ - ၂၀ %
ခရုမှုန့် - ၁ %
ပဲဖတ်- ၂ %
ပြောင်း - ၂၀ %
ဖွဲကြမ်း - ၁၇.၅ %
နှမ်းဖတ် - ၅ %
ပုစွန်ဖွဲ - ၄ % ရောစပ်ကျွေးမွေးရပါမယ်။
အလေးချိန် ၁၅ ပိဿာကနေ ပိဿာ ၅၀ ရှိတဲ့ ဝက်လတ်တစ်ကောင်အတွက် အစာလိုအပ်ချက်က ၁၄ % ကနေ ၁၉ % အထိရှိပါတယ်။ ဒီတော့ အစာကိုလျှော့ပြီးကျွေးတာမျိုး တိုးပြီးကျွေးတာမျိုး မလုပ်ဘဲ သတ်မှတ်ထားတဲ့အတိုင်းသာ ကျွေးသင့်ပါကြောင်း လေ့လာရေးသားလိုက်ရပါတယ်။
Ref: မွေး/ကုဦးစီးဌာနမှဖြန့်ဝေသော လက်ကမ်းစာစောင်များ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ဝက်အစာစပ်နည်း
aung pyae
10 months agoဗီတာမင်ဓါတ်နဲ့သတ္တုဓာတ်အတွက်ဘာဆေးသုံးရမလဲ
ဒေါ်မိုးမိုးအေး
1 year agoကဇွန်းဥကိုဝက်များကျွေးသငင်ပါသလား
Kyaw Myo
3 years agoငါးခြောက် အပယ် အဟောင်းတွေကို ကြွေးမယ်ဆိုလျင် ဝက်တွေအတွက် ဘေးထွက်ဆိုးကျိုး ဖြစ်လာနိုင်လား ခင်ဗျာ မွေးမြူးရေး ပညာရှင်များ ကျေးဇူးပြုပြီး ဖြေကြားပေးပါအုံး ခင်ဗျ
ကိုဖိုးဇော်
3 years agoကျေးဇူးပါ
စိုးသူအောင်
3 years agoဝက်စာစပ်နည်း formula လေးကို ပေးပါလား
Related questions
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးဇော်(dof)
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....